Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, May 23, 2019

ဆံုးမစကားတစ္ခြႏ္း (ပုံျပင္)

ဧကရာဇ္မင္းတစ္ပါးဟာ သူ႔ထံမွာ ရွိရွိသမွ် ပညာရွိတို႔ကို ေခၚယူၿပီး ေမးတယ္ ။

“ ကိစၥတိုင္း ၊ အေျခအေနတိုင္း ၊ ေနရာတိုင္း ၊ အခ်ိန္တိုင္းမွာ ျဖစ္ႏိုင္တဲ့ ေပ်ာ္ရႊင္မႈတိုင္း ၊ ဝမ္းနည္းမႈတိုင္း ၊ က်ရႈံးမႈတိုင္း ၊ ေအာင္ျမင္မႈတိုင္း အတြက္ အသင့္ေတာ္ဆံုး တစ္ခြန္းထဲေသာ ဆံုးမစကား ရွိသလား ။ ”

ပညာရွိတို႔ အားလံုး အက်ပ္႐ိုက္သြားစဥ္မွာ ပညာရွိ တစ္ေယာက္ရဲ႕ အနားက ပညာေတာ္သင္ လူငယ္ တစ္ေယာက္က စာတစ္အိတ္ကို ဘုရင္ႀကီးကို ေထာင္ျပလို႔ ေျပာတယ္ ။

“ ဒီအၾကံျပဳစာက ကၽြန္ေတာ့္အေဖ မေသခင္ ေပးသြားခဲ့တဲ့ စာပါ ။ ကိစၥတိုင္း ၊ အေျခအေနတိုင္း ၊ ေနရာတိုင္း ၊ အခ်ိန္တိုင္းမွာ ေတြ႕ၾကံဳလာတဲ့ အခက္အခဲတိုင္းမွာ ဒီစာဟာ လမ္းၫႊန္မႈ ေပးႏိုင္ပါတယ္ ။ ဒါ့အျပင္ ေအာင္ျမင္မႈတိုင္းကိုလည္း ဒီစာဟာ သံုးသပ္တတ္ပါတယ္ ။ ေျပာရမယ္ဆိုရင္ မင္းႀကီး အတြက္ အသင့္ေတာ္ဆံုး အေျဖဟာ ဒီအထဲမွာ ေခါက္လ်က္သားကေလး ရွိေနပါတယ္ မင္းႀကီး ။ တစ္ခုပဲရွိပါတယ္ ။ မင္းႀကီး အခက္ခဲဆံုး အခ်ိန္ေရာက္မွသာ ထုတ္ဖတ္ရပါ့မယ္ ။ အေမာ္ႂကြားႏိုင္ဆံုး အခ်ိန္ေတြမွာ သံုးသပ္ခိုင္း ရပါ့မယ္ ။”

ဒါနဲ႔ ဧကရာဇ္မင္းႀကီးက ယူသိမ္း ထားလိုက္ၿပီးေတာ့ ေမ့ေမ့ေပ်ာက္ေပ်ာက္ ထားလိုက္တယ္ ။ မၾကာမီ ကာလ တစ္ခုမွာ အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕ က်ဴးေက်ာ္ တိုက္ခိုက္ျခင္းကို ခံရတယ္ ။ တိုင္းျပည္ ကိုစြန္႔ေျပး လို႔ နီးစပ္ရာ ေတာကို က်န္သေလာက္စစ္ အင္အား နဲ႔ ခိုဝင္ ပုန္းေန ရတဲ့အထိပဲ ။

တစ္ညမွာေတာ့ စိတ္ပ်က္ လက္ပ်က္နဲ႔ စမ္းေခ်ာင္းေလးေဘးမွာ ထိုင္ေနတဲ့ ဧကရာဇ္မင္းႀကီး ဟာ လူငယ္ေလး ေပးတဲ့ စာကို အမွတ္မထင္ သတိရ သြားခဲ့တယ္ ။ ဒါနဲ႔ ထုတ္ဖတ္ၾကည့္တဲ့ အခါမွာ ဘာေရးထားသလဲဆိုေတာ့

“သိပ္ႀကီးက်ယ္ခမ္းနားတဲ့ ကိစၥမဟုတ္ပါဘူး ။ ဒါလည္း တစ္ခ်ိန္မွာ ၿပီးသြားမွာပါပဲ ။”

ဧကရာဇ္မင္းႀကီးဟာ မရွင္းလို႔ ထပ္ဖတ္ရင္း ထပ္ဖတ္ရင္းနဲ႔ ႐ုတ္တရက္ အသိတစ္ခ်က္ လင္းကနဲ ဝင္လာခဲ့တယ္ ။

“ဟုတ္သားပဲ ! ငါ ငယ္စဥ္တုန္းက ဖခင္ရဲ႕ ျမႇားတံနဲ႔ ယူေဆာ့ ကစားမိလို႔ ႀကိမ္းေမာင္း ခံရမွာကို ေသေလာက္ေအာင္ ေၾကာက္လန္႔ အားငယ္ ခဲ့ဖူးတယ္ ။ တကယ္လဲ ဖခင္ သိတဲ့အခါ ႀကိမ္းေမာင္းခံ ရတယ္ ။ ႀကိမ္းေမာင္း ခံရၿပီး သြားတဲ့အခါ ငါ့မွာ ဘာအပူအပင္မွ မရွိေတာ့ ။ အခု ကိစၥဟာလည္း ဒီလို အားငယ္ ေၾကာက္လန္႔ေနခ်ိန္လိုပဲ ။ သိပ္ႀကီးက်ယ္ခမ္းနားတဲ့ ကိစၥ မဟုတ္။ တစ္ခ်ိန္မွာ ၿပီးသြား မွာပါပဲ ။”

ဒီလို စဥ္းစားမိလိုက္တဲ့ အခါမွာေတာ့ ဧကရာဇ္မင္းႀကီးဆီမွာ ဘာအပူအပင္မွ မရွိေတာ့ဘူး။ မ်က္ႏွာဟာ တည္ၿငိမ္လာတယ္ ။ စမ္းေခ်ာင္းေလးေဘးမွာ ႐ုတ္တရက္ ဝင္လာတဲ့ အားေတြနဲ႔ သူမတ္တပ္ ထရပ္လိုက္တယ္ ။

ၿပီးတာနဲ႔ ရွိသမွ် ေသနာပတိေတြကို ေခၚတယ္ ။ အေကာင္းဆံုး ဗ်ဴဟာေတြကို ဝိုင္းဖြဲ႕ ေဆြးေႏြး ၾကတယ္ ။ စိတ္ဓာတ္ က်ေနသူေတြကို ဧကရာဇ္မင္းႀကီး ကိုယ္တိုင္ အားေပးစကားဆိုတယ္ ။ တစ္ဖြဲ႕လံုး ဟာ စိတ္ဓာတ္ေတြ ျပန္လည္ တက္ႂကြ လာခဲ့တယ္ ။ ေနာက္ဆံုးမွာ ေသခ်ာ အကြက္ခ် စီမံလို႔ တိုင္းျပည္ ကို ျပန္လည္ ထိုးေဖာက္ဝင္ေရာက္ၿပီး ရန္သူေတြကို အႏိုင္ တိုက္ထုတ္လိုက္ ႏိုင္ခဲ့တယ္ ။

စစ္ပြဲ အႏိုင္ရတဲ့ ညမွာ ဧကရာဇ္ မင္းႀကီးဟာ တိုင္းသူ ျပည္သားေတြနဲ႔ ေပ်ာ္ပြဲရႊင္ပြဲႀကီး ခမ္းနားစြာ က်င္းပတယ္ ။ ပန္းေတြ အဆင္အယင္ေတြနဲ႔ လွပၿပီးေတာ့ စားပြဲေသာက္ပြဲေတြနဲ႔ တတိုင္းျပည္လံုး ေပ်ာ္ရႊင္ ျမဴးတူးေနခ်ိန္ ဧကရာဇ္ မင္းႀကီးဟာ ပညာေတာ္သင္ လူငယ္ရဲ႕ စကားသံကို ျပန္လည္ ၾကားေယာင္မိလာတယ္ ။

အာင္ျမင္မႈတိုင္းကိုလည္း ဒီစာဟာ သံုးသပ္တတ္ပါတယ္ မင္းႀကီး ။

ဒါနဲ႔ပဲ အခုလို ေအာင္ျမင္ရဆံုး အခ်ိန္မွာ ဖတ္သင့္တဲ့ စာလို႔ ယူဆၿပီး စာကို ေနာက္တစ္ခါ ထုတ္ဖတ္ ျပန္တယ္။

“သိပ္ႀကီးက်ယ္ ခမ္းနားတဲ့ ကိစၥမဟုတ္ပါဘူး ။ ဒါလည္း တစ္ခ်ိန္မွာ ၿပီးသြားမွာပါပဲ ။”

ဒုတိယအႀကိမ္ သူ႔ေခါင္းထဲ အသိတစ္ခ်က္ လင္းခနဲ လက္ခနဲ ထပ္ဝင္လာျပန္တယ္ ။

“ အင္း ဟုတ္သားပဲ ။ ရန္သူေတြ ဝင္ေရာက္ တိုက္ခိုက္ျခင္း မျပဳမီတုန္းက ဒီလိုမ်ိဳး ခမ္းနားမႈဟာ ငါ့ဆီမွာ ရွိေနခဲ့တာပဲ ။ ဒါေပမယ့္ ဝင္ေရာက္တိုက္ခိုက္ျခင္း ခံရတဲ့ အခါမွာ ဘာက်န္ေတာ့လို႔လဲ ။ ဒီစာေၾကာင့္ သာ မဟုတ္ရင္ အခုေလာက္ထိ ေတာထဲမွာ စိတ္ပ်က္လက္ပ်က္ ဆက္ ထိုင္ေနမိမွာ မဟုတ္လား ။ ေအာင္ႏိုင္ျခင္းေတြ စည္းစိမ္ေတြ အားလံုးဟာလည္း တကယ္ကို သိပ္ႀကီးက်ယ္ ခမ္းနားတဲ့ ကိစၥ မဟုတ္ဘူး ။ တစ္ခ်ိန္မွာ ၿပီးသြား မွာပါပဲ ။”

ဧကရာဇ္မင္းႀကီးဟာ ႐ုတ္တရက္ ေပ်ာ္ရႊင္ေနရာက တိတ္ဆိတ္သြားျပန္တယ္ ။ ေစာေစာေလးက တရိပ္ရိပ္ တက္ေနတဲ့ ငါကြ ဆိုတဲ့ မာန္ေလးဟာလဲ ဘာမွ အစရွာမရေအာင္ က်ိဳးေၾက ပ်က္ဆီး သြားခဲ့တယ္ ။

ပံုျပင္မွ ေပးလိုေသာ အသိတရား ။

ဘဝဆိုတာ စကားလံုး၂ လံုးထဲနဲ႔ ဖြဲ႕ထားတဲ့အတိုင္း တိုေတာင္းလြန္းလွပါတယ္ ။ ေပ်ာ္ရႊင္မႈေတြ ဟာလည္း တစ္ခ်ိန္မွာ ၿပီးသြား မွာပါပဲ ။ ဝမ္းနည္းမႈေတြ သည္လည္း တစ္ခ်ိန္မွာ ၿပီးသြား မွာပါပဲ ။ ဆံုးရႈံးမႈေတြဟာလည္း တစ္ခ်ိန္မွာ ၿပီးသြား မွာ ျဖစ္သလို ေအာင္ျမင္မႈေတြသည္လည္း တစ္ခ်ိန္မွာ ၿပီးသြားမွာပါပဲ ။

ကိုယ္ လုပ္စရာရွိတာကို လုပ္ ကိုယ္ ျဖစ္ခ်င္တာကို ရသေလာက္ လုပ္သြား မွသာ တန္ဖိုးရွိေသာ ဘဝ အျဖစ္ ကၽြႏု္ပ္တို႔ ေနထိုင္ သြားႏိုင္မွာ ျဖစ္ပါတယ္ ။
 ေမတၱမ်ားျဖင့္ ကာယဝါစီ အရွင္မာနိတ
# Unicode Version # ျဖင့္ ဖတ္ပါ #

“ တစ်ခွန်းတည်းသော ဆုံးမစကားလေး ” ပုံပြင်

ဧကရာဇ်မင်းတစ်ပါးဟာ သူ့ထံမှာ ရှိရှိသမျှ ပညာရှိတို့ကို ခေါ်ယူပြီး မေးတယ် ။

“ ကိစ္စတိုင်း ၊ အခြေအနေတိုင်း ၊ နေရာတိုင်း ၊ အချိန်တိုင်းမှာ ဖြစ်နိုင်တဲ့ ပျော်ရွှင်မှုတိုင်း ၊ ဝမ်းနည်းမှုတိုင်း ၊ ကျရှုံးမှုတိုင်း ၊ အောင်မြင်မှုတိုင်း အတွက် အသင့်တော်ဆုံး တစ်ခွန်းထဲသော ဆုံးမစကား ရှိသလား ။ ”

ပညာရှိတို့ အားလုံး အကျပ်ရိုက်သွားစဉ်မှာ ပညာရှိ တစ်ယောက်ရဲ့ အနားက ပညာတော်သင် လူငယ် တစ်ယောက်က စာတစ်အိတ်ကို ဘုရင်ကြီးကို ထောင်ပြလို့ ပြောတယ် ။

“ ဒီအကြံပြုစာက ကျွန်တော့်အဖေ မသေခင် ပေးသွားခဲ့တဲ့ စာပါ ။ ကိစ္စတိုင်း ၊ အခြေအနေတိုင်း ၊ နေရာတိုင်း ၊ အချိန်တိုင်းမှာ တွေ့ကြုံလာတဲ့ အခက်အခဲတိုင်းမှာ ဒီစာဟာ လမ်းညွှန်မှု ပေးနိုင်ပါတယ် ။ ဒါ့အပြင် အောင်မြင်မှုတိုင်းကိုလည်း ဒီစာဟာ သုံးသပ်တတ်ပါတယ် ။ ပြောရမယ်ဆိုရင် မင်းကြီး အတွက် အသင့်တော်ဆုံး အဖြေဟာ ဒီအထဲမှာ ခေါက်လျက်သားကလေး ရှိနေပါတယ် မင်းကြီး ။ တစ်ခုပဲရှိပါတယ် ။ မင်းကြီး အခက်ခဲဆုံး အချိန်ရောက်မှသာ ထုတ်ဖတ်ရပါ့မယ် ။ အမော်ကြွားနိုင်ဆုံး အချိန်တွေမှာ သုံးသပ်ခိုင်း ရပါ့မယ် ။”

ဒါနဲ့ ဧကရာဇ်မင်းကြီးက ယူသိမ်း ထားလိုက်ပြီးတော့ မေ့မေ့ပျောက်ပျောက် ထားလိုက်တယ် ။ မကြာမီ ကာလ တစ်ခုမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကျူးကျော် တိုက်ခိုက်ခြင်းကို ခံရတယ် ။ တိုင်းပြည် ကိုစွန့်ပြေး လို့ နီးစပ်ရာ တောကို ကျန်သလောက်စစ် အင်အား နဲ့ ခိုဝင် ပုန်းနေ ရတဲ့အထိပဲ ။

တစ်ညမှာတော့ စိတ်ပျက် လက်ပျက်နဲ့ စမ်းချောင်းလေးဘေးမှာ ထိုင်နေတဲ့ ဧကရာဇ်မင်းကြီး ဟာ လူငယ်လေး ပေးတဲ့ စာကို အမှတ်မထင် သတိရ သွားခဲ့တယ် ။ ဒါနဲ့ ထုတ်ဖတ်ကြည့်တဲ့ အခါမှာ ဘာရေးထားသလဲဆိုတော့

“သိပ်ကြီးကျယ်ခမ်းနားတဲ့ ကိစ္စမဟုတ်ပါဘူး ။ ဒါလည်း တစ်ချိန်မှာ ပြီးသွားမှာပါပဲ ။”

ဧကရာဇ်မင်းကြီးဟာ မရှင်းလို့ ထပ်ဖတ်ရင်း ထပ်ဖတ်ရင်းနဲ့ ရုတ်တရက် အသိတစ်ချက် လင်းကနဲ ဝင်လာခဲ့တယ် ။

“ဟုတ်သားပဲ ! ငါ ငယ်စဉ်တုန်းက ဖခင်ရဲ့ မြှားတံနဲ့ ယူဆော့ ကစားမိလို့ ကြိမ်းမောင်း ခံရမှာကို သေလောက်အောင် ကြောက်လန့် အားငယ် ခဲ့ဖူးတယ် ။ တကယ်လဲ ဖခင် သိတဲ့အခါ ကြိမ်းမောင်းခံ ရတယ် ။ ကြိမ်းမောင်း ခံရပြီး သွားတဲ့အခါ ငါ့မှာ ဘာအပူအပင်မှ မရှိတော့ ။ အခု ကိစ္စဟာလည်း ဒီလို အားငယ် ကြောက်လန့်နေချိန်လိုပဲ ။ သိပ်ကြီးကျယ်ခမ်းနားတဲ့ ကိစ္စ မဟုတ်။ တစ်ချိန်မှာ ပြီးသွား မှာပါပဲ ။”

ဒီလို စဉ်းစားမိလိုက်တဲ့ အခါမှာတော့ ဧကရာဇ်မင်းကြီးဆီမှာ ဘာအပူအပင်မှ မရှိတော့ဘူး။ မျက်နှာဟာ တည်ငြိမ်လာတယ် ။ စမ်းချောင်းလေးဘေးမှာ ရုတ်တရက် ဝင်လာတဲ့ အားတွေနဲ့ သူမတ်တပ် ထရပ်လိုက်တယ် ။

ပြီးတာနဲ့ ရှိသမျှ သေနာပတိတွေကို ခေါ်တယ် ။ အကောင်းဆုံး ဗျူဟာတွေကို ဝိုင်းဖွဲ့ ဆွေးနွေး ကြတယ် ။ စိတ်ဓာတ် ကျနေသူတွေကို ဧကရာဇ်မင်းကြီး ကိုယ်တိုင် အားပေးစကားဆိုတယ် ။ တစ်ဖွဲ့လုံး ဟာ စိတ်ဓာတ်တွေ ပြန်လည် တက်ကြွ လာခဲ့တယ် ။ နောက်ဆုံးမှာ သေချာ အကွက်ချ စီမံလို့ တိုင်းပြည် ကို ပြန်လည် ထိုးဖောက်ဝင်ရောက်ပြီး ရန်သူတွေကို အနိုင် တိုက်ထုတ်လိုက် နိုင်ခဲ့တယ် ။

စစ်ပွဲ အနိုင်ရတဲ့ ညမှာ ဧကရာဇ် မင်းကြီးဟာ တိုင်းသူ ပြည်သားတွေနဲ့ ပျော်ပွဲရွှင်ပွဲကြီး ခမ်းနားစွာ ကျင်းပတယ် ။ ပန်းတွေ အဆင်အယင်တွေနဲ့ လှပပြီးတော့ စားပွဲသောက်ပွဲတွေနဲ့ တတိုင်းပြည်လုံး ပျော်ရွှင် မြူးတူးနေချိန် ဧကရာဇ် မင်းကြီးဟာ ပညာတော်သင် လူငယ်ရဲ့ စကားသံကို ပြန်လည် ကြားယောင်မိလာတယ် ။

အာင်မြင်မှုတိုင်းကိုလည်း ဒီစာဟာ သုံးသပ်တတ်ပါတယ် မင်းကြီး ။

ဒါနဲ့ပဲ အခုလို အောင်မြင်ရဆုံး အချိန်မှာ ဖတ်သင့်တဲ့ စာလို့ ယူဆပြီး စာကို နောက်တစ်ခါ ထုတ်ဖတ် ပြန်တယ်။

“သိပ်ကြီးကျယ် ခမ်းနားတဲ့ ကိစ္စမဟုတ်ပါဘူး ။ ဒါလည်း တစ်ချိန်မှာ ပြီးသွားမှာပါပဲ ။”

ဒုတိယအကြိမ် သူ့ခေါင်းထဲ အသိတစ်ချက် လင်းခနဲ လက်ခနဲ ထပ်ဝင်လာပြန်တယ် ။

“ အင်း ဟုတ်သားပဲ ။ ရန်သူတွေ ဝင်ရောက် တိုက်ခိုက်ခြင်း မပြုမီတုန်းက ဒီလိုမျိုး ခမ်းနားမှုဟာ ငါ့ဆီမှာ ရှိနေခဲ့တာပဲ ။ ဒါပေမယ့် ဝင်ရောက်တိုက်ခိုက်ခြင်း ခံရတဲ့ အခါမှာ ဘာကျန်တော့လို့လဲ ။ ဒီစာကြောင့် သာ မဟုတ်ရင် အခုလောက်ထိ တောထဲမှာ စိတ်ပျက်လက်ပျက် ဆက် ထိုင်နေမိမှာ မဟုတ်လား ။ အောင်နိုင်ခြင်းတွေ စည်းစိမ်တွေ အားလုံးဟာလည်း တကယ်ကို သိပ်ကြီးကျယ် ခမ်းနားတဲ့ ကိစ္စ မဟုတ်ဘူး ။ တစ်ချိန်မှာ ပြီးသွား မှာပါပဲ ။”

ဧကရာဇ်မင်းကြီးဟာ ရုတ်တရက် ပျော်ရွှင်နေရာက တိတ်ဆိတ်သွားပြန်တယ် ။ စောစောလေးက တရိပ်ရိပ် တက်နေတဲ့ ငါကွ ဆိုတဲ့ မာန်လေးဟာလဲ ဘာမှ အစရှာမရအောင် ကျိုးကြေ ပျက်ဆီး သွားခဲ့တယ် ။

ပုံပြင်မှ ပေးလိုသော အသိတရား ။

ဘဝဆိုတာ စကားလုံး၂ လုံးထဲနဲ့ ဖွဲ့ထားတဲ့အတိုင်း တိုတောင်းလွန်းလှပါတယ် ။ ပျော်ရွှင်မှုတွေ ဟာလည်း တစ်ချိန်မှာ ပြီးသွား မှာပါပဲ ။ ဝမ်းနည်းမှုတွေ သည်လည်း တစ်ချိန်မှာ ပြီးသွား မှာပါပဲ ။ ဆုံးရှုံးမှုတွေဟာလည်း တစ်ချိန်မှာ ပြီးသွား မှာ ဖြစ်သလို အောင်မြင်မှုတွေသည်လည်း တစ်ချိန်မှာ ပြီးသွားမှာပါပဲ ။

ကိုယ် လုပ်စရာရှိတာကို လုပ် ကိုယ် ဖြစ်ချင်တာကို ရသလောက် လုပ်သွား မှသာ တန်ဖိုးရှိသော ဘဝ အဖြစ် ကျွနု်ပ်တို့ နေထိုင် သွားနိုင်မှာ ဖြစ်ပါတယ် ။
မေတ္တများဖြင့် ကာယဝါစီ အရှင်မာနိတ

No comments:

Post a Comment