Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 17, 2019

၃ ႏွစ္အရြယ္ေလးကို အိမ္သာထဲေခၚ၍ အဓမၼျပဳက်င့္မႈျဖစ္ပြား


မေကြးတိုင္းေဒသၾကီး၊ မင္းလွျမိဳ႕နယ္၊ ႐ုံးရပ္ေျမာက္ပိုင္းရပ္ကြက္တြင္ (၃)ႏွစ္ကေလးငယ္တဦးအား အသက္ (၃၅)ႏွစ္အရြယ္အမ်ိဳးသားတဦးမွ အိမ္သာထဲေခၚ၍ အဓမၼျပဳက်င့္မႈတခု ေမ ၁၇ ရက္က ျဖစ္ပြားခဲ့ေၾကာင္း သတင္းသည္။

 ျဖစ္စဥ္မွာ မေအးသူခိုင္(၂၇)ႏွစ္ ႐ုံးရပ္ေျမာက္ပိုင္းရပ္ကြက္ မင္းလွျမိဳ႕ေနသူသည္ အဆိုပါေန႔ ေန႔လယ္ (၂)နာရီအခ်ိန္ခန္႔က မိမိေနအိမ္၌ရွိေနစဥ္ သမီးျဖစ္သူ မဆုျမတ္သဇင္(၃)ႏွစ္ေရာက္ရွိလာကာ တရပ္ကြက္ထဲေနဦး—၏ေနအိမ္တိုက္တြင္ ပန္းရံလုပ္ငန္းလာေရာက္လုပ္ကိုင္ေနေသာ ေယာင္းမ မသန္းသန္းမိုး(၃၂)ႏွစ္၊ က်ပန္းလုပ္ကိုင္သူႏွင့္ သမီး မဆုျမတ္သဇင္တို႔ အိပ္ေနစဥ္ ၎ေနအိမ္တိုက္တြင္  ပန္းရံလုပ္ငန္းလုပ္ကိုင္ရန္ေရာက္ရွိေနသည့္ မေအးသူခိုင္၏ဦးေလးေတာ္စပ္သူ တင္ေထြး(၃၅)ႏွစ္ က်ပန္း၊ ပက္ပယ္ေက်းရြာ၊ ေရငံေက်းရြာအုပ္စု၊ မင္းဘူးျမိဳ႕ေနသူက မဆုျမတ္သဇင္အား အိမ္သာထဲေခၚေဆာင္သြားျပီး သားမယားအျဖစ္အဓမၼျပဳက်င့္ေၾကာင္း ေျပာျပခ်က္အရ အရြယ္မေရာက္ေသးေသာသမီးျဖစ္သူအား သားမယားအျဖစ္ အဓမၼျပဳက်င့္သူတင္ေထြးအား ဥပေဒအရအေရးယူေပးရန္ အဆိုပါေန႔ ည ၇ နာရီအခ်ိန္ မင္းလွျမိဳ႕မစခန္းမွဴး ဒုရဲမွဴးသန္းလိႈင္တာဝန္ထမ္းေဆာင္ေနစဥ္ တိုင္တန္းထားခဲ့သျဖင့္ တင္ေထြး(၃၅)ႏွစ္အား မင္းလွျမိဳ႕မစခန္းမွ ရာဇသတ္ၾကီးပုဒ္မ ၃၇၆ (ပ) ၁၉၆/၂၀၁၉ ျဖင့္ အမႈဖြင့္ ဖမ္းဆီးအေရးယူထားေၾကာင္း သိရွိရသည္။
ဒီလိႈင္း(ေခ်ာက္)

#Unicode Version#
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရုံးရပ်မြောက်ပိုင်းရပ်ကွက်တွင် (၃)နှစ်ကလေးငယ်တဦးအား အသက် (၃၅)နှစ်အရွယ်အမျိုးသားတဦးမှ အိမ်သာထဲခေါ်၍ အဓမ္မပြုကျင့်မှုတခု မေ ၁၇ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းသည်။

 ဖြစ်စဉ်မှာ မအေးသူခိုင်(၂၇)နှစ် ရုံးရပ်မြောက်ပိုင်းရပ်ကွက် မင်းလှမြို့နေသူသည် အဆိုပါနေ့ နေ့လယ် (၂)နာရီအချိန်ခန့်က မိမိနေအိမ်၌ရှိနေစဉ် သမီးဖြစ်သူ မဆုမြတ်သဇင်(၃)နှစ်ရောက်ရှိလာကာ တရပ်ကွက်ထဲနေဦး—၏နေအိမ်တိုက်တွင် ပန်းရံလုပ်ငန်းလာရောက်လုပ်ကိုင်နေသော ယောင်းမ မသန်းသန်းမိုး(၃၂)နှစ်၊ ကျပန်းလုပ်ကိုင်သူနှင့် သမီး မဆုမြတ်သဇင်တို့ အိပ်နေစဉ် ၎င်းနေအိမ်တိုက်တွင်  ပန်းရံလုပ်ငန်းလုပ်ကိုင်ရန်ရောက်ရှိနေသည့် မအေးသူခိုင်၏ဦးလေးတော်စပ်သူ တင်ထွေး(၃၅)နှစ် ကျပန်း၊ ပက်ပယ်ကျေးရွာ၊ ရေငံကျေးရွာအုပ်စု၊ မင်းဘူးမြို့နေသူက မဆုမြတ်သဇင်အား အိမ်သာထဲခေါ်ဆောင်သွားပြီး သားမယားအဖြစ်အဓမ္မပြုကျင့်ကြောင်း ပြောပြချက်အရ အရွယ်မရောက်သေးသောသမီးဖြစ်သူအား သားမယားအဖြစ် အဓမ္မပြုကျင့်သူတင်ထွေးအား ဥပဒေအရအရေးယူပေးရန် အဆိုပါနေ့ ည ၇ နာရီအချိန် မင်းလှမြို့မစခန်းမှူး ဒုရဲမှူးသန်းလှိုင်တာဝန်ထမ်းဆောင်နေစဉ် တိုင်တန်းထားခဲ့သဖြင့် တင်ထွေး(၃၅)နှစ်အား မင်းလှမြို့မစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (ပ) ၁၉၆/၂၀၁၉ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။ 
ဒီလှိုင်း(ချောက်)

No comments:

Post a Comment