Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 28, 2019

သဘာဝအတိုင္း အစာေျခစနစ္ကို ျပန္ေကာင္းလာေအာင္ ဘယ္လို လုပ္ေဆာင္မလဲ

အလုပ္ေတြလည္းမ်ား၊ စိတ္ေတြရႈပ္၊ စိတ္ဖိစီးမႈမ်ားတာနဲ႔ အစားအစားခ်ိန္ေတြေက်ာ္လြန္ကာ အစာအိမ္ေတြ ျဖစ္ၾကတာမ်ားပါတယ္။

ေဆးခန္းျပ ျပန္ေကာင္းလာေပမယ့္ နည္းနည္းေလးစားတာနဲ႔ျပန္အန္တာမ်ိဳးေတြလည္း ႀကံဳေတြ႔ေနၾကရပါတယ္။

ဒီလို အေျခအေနမ်ိဳးမွာ ကိုယ့္ရဲ႕ အစာေျခစနစ္ကို ျပန္ေကာင္းလာေအာင္ သဘာဝ နည္းနဲ႔ ဘယ္လို လုပ္ေဆာင္ၾကမလဲ။

၁။ တကယ့္ အစားအစာေတြ စားပါ

ဝက္သားကင္နဲ႔ အသီးအရြက္ေႀကာ္

အသင့္စား အစားအစာေတြအစား တကယ့္ အသီးအရြက္၊ အသား၊ ငါးတို႔ကို ခ်က္ျပဳတ္ထားတဲ့ အစားအစာေတြကို စားပါ။

၂။ အမွ်င္ဓာတ္မ်ားတဲ့ အစားအစာ

အမွ်င္ဓာတ္က အစာေျခစနစ္အတြက္ အေရးႀကီးပါတယ္။ Soluble Fibre ေပ်ာ္ဝင္ႏိုင္တဲ့  အမွ်င္ဓာတ္မ်ားက ေရကို စုပ္ယူၿပီး အစာအိမ္ေဟာင္းလႈပ္ရွားမႈကို ေထာက္ပံ့ေပးကာဝမ္းခ်ဳပ္တာကိုလည္း ေပ်ာက္ကင္းေစပါတယ္။

ပဲအမ်ိဳးမ်ိဳး၊ အခြံမာအသီး၊ အေစ့အဆန္မ်ား၊ ဟင္းသီးဟင္းရြက္၊ ဂ်ံဳ စသည့္ အစားအစာမ်ားတြင္ ေပ်ာ္ဝင္ႏိုင္သည့္ အမွ်င္ဓာတ္ Soluble Fiber မ်ား ၾကြယ္ဝစြာ ပါဝင္ေနပါတယ္။

အဲ့ဒီအျပင္ Prebiotics Fiber ဓာတ္မ်ားလည္း ပါဝင္တာေၾကာင့္ အစာေျခစနစ္ကို အားေကာင္းေစပါတယ္။

၃။ က်န္းမာေရးနဲ႔ကိုက္ညီသည့္ အဆီဓာတ္မ်ားကို စားသံုးပါ

Omega 3 and 6

က်န္းမာေရး ႏွင့္ ကိုက္ညီသည့္ အဆီဓာတ္မ်ားျဖစ္တဲ့ Omega-3 Fatty အက္ဆစ္ဓာတ္မ်ားသည္လည္း အစာေျခစနစ္ကို အားေကာင္းေစပါတယ္။

Omega-3 Fatty အက္ဆစ္ဓာတ္မ်ားကို ငါးအမ်ိဳးမ်ိဳး၊ အေစ့အမ်ိဳးမ်ိဳး ႏွင့္ အခြံမာအသီးတို႔တြင္ ပါဝင္ေနပါတယ္။

၄။ ေရဓာတ္ျပည့္ဝေအာင္ ဂရုစိုုက္ပါ

ေရဓာတ္နည္းပါက ဝမ္းခ်ဳပ္တတ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ေန႔ကို ေရ ၂ လီတာေလာက္ေသာက္သံုးေပးလွ်င္ အစာေျခစနစ္ကို ေကာင္းမြန္ေစၿပီး ဝမ္းခ်ဳပ္တာကို ကာကြယ္ေပးပါတယ္။
myfoodmyanmar

#Unicode Version# ျဖင့္ဖတ္ပါ ။

အလုပ်တွေလည်းများ၊ စိတ်တွေရှုပ်၊ စိတ်ဖိစီးမှုများတာနဲ့ အစားအစားချိန်တွေကျော်လွန်ကာ အစာအိမ်တွေ ဖြစ်ကြတာများပါတယ်။

ဆေးခန်းပြ ပြန်ကောင်းလာပေမယ့် နည်းနည်းလေးစားတာနဲ့ပြန်အန်တာမျိုးတွေလည်း ကြုံတွေ့နေကြရပါတယ်။

ဒီလို အခြေအနေမျိုးမှာ ကိုယ့်ရဲ့ အစာခြေစနစ်ကို ပြန်ကောင်းလာအောင် သဘာဝ နည်းနဲ့ ဘယ်လို လုပ်ဆောင်ကြမလဲ။

၁။ တကယ့် အစားအစာတွေ စားပါ

ဝက်သားကင်နဲ့ အသီးအရွက်ကြော်

အသင့်စား အစားအစာတွေအစား တကယ့် အသီးအရွက်၊ အသား၊ ငါးတို့ကို ချက်ပြုတ်ထားတဲ့ အစားအစာတွေကို စားပါ။

၂။ အမျှင်ဓာတ်များတဲ့ အစားအစာ

အမျှင်ဓာတ်က အစာခြေစနစ်အတွက် အရေးကြီးပါတယ်။ Soluble Fibre ပျော်ဝင်နိုင်တဲ့  အမျှင်ဓာတ်များက ရေကို စုပ်ယူပြီး အစာအိမ်ဟောင်းလှုပ်ရှားမှုကို ထောက်ပံ့ပေးကာဝမ်းချုပ်တာကိုလည်း ပျောက်ကင်းစေပါတယ်။

ပဲအမျိုးမျိုး၊ အခွံမာအသီး၊ အစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်၊ ဂျုံ စသည့် အစားအစာများတွင် ပျော်ဝင်နိုင်သည့် အမျှင်ဓာတ် Soluble Fiber များ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

အဲ့ဒီအပြင် Prebiotics Fiber ဓာတ်များလည်း ပါဝင်တာကြောင့် အစာခြေစနစ်ကို အားကောင်းစေပါတယ်။

၃။ ကျန်းမာရေးနဲ့ကိုက်ညီသည့် အဆီဓာတ်များကို စားသုံးပါ

Omega 3 and 6

ကျန်းမာရေး နှင့် ကိုက်ညီသည့် အဆီဓာတ်များဖြစ်တဲ့ Omega-3 Fatty အက်ဆစ်ဓာတ်များသည်လည်း အစာခြေစနစ်ကို အားကောင်းစေပါတယ်။

Omega-3 Fatty အက်ဆစ်ဓာတ်များကို ငါးအမျိုးမျိုး၊ အစေ့အမျိုးမျိုး နှင့် အခွံမာအသီးတို့တွင် ပါဝင်နေပါတယ်။

၄။ ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပါ

ရေဓာတ်နည်းပါက ဝမ်းချုပ်တတ်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို ရေ ၂ လီတာလောက်သောက်သုံးပေးလျှင် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။
myfoodmyanmar

No comments:

Post a Comment