Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 15, 2019

ေနအိမ္ဘုရားစင္ေရွ႕မွာ ခ်ီး ထိုင္ယိုထားခဲ့ၿပီး ေသတၱာႏွစ္လံုးနဲ႔ ေရႊထည္ သိန္း(၂၀၀) ဖိုးခိုးယူသြားတဲ့ ျဖစ္ရပ္


တႏိုင္းျမိဳ့ ဆင္မ္ဆာ့ရပ္ကြက္ ေခ်ာင္းတဖက္ကမ္းရွိ ဒိုးေလး ဆီဆုိင္ ဦးေအာင္တိုး၏ေနအိမ္အား ၂၀၁၉ခု ေမ (၁၄ )ရက္ နံနက္ (၃း၃၀)ခ်ိန္ခန့္က ေနအိမ္တံခါးအား ကလန့္ဖြင့္၍ ဦးေအာင္တိုး အိပ္ေနသည့္အခန္းအတြင္းမွေသတၱာ (၂)လုံးေပ်ာက္ဆုံးသြားေျကာင္းသိရွိရပါသည္။

ပိုင္ရွင္း ဦးေအာင္တိုးမွ နံနက္ (၄)နာရီခန့္ အိပ္ရာမွႏိုးလာစဥ္ ေပ်ာက္ဆုံးေသတၱာမ်ားအား အိမ္းသားမ်ားႏွင့္အတူလိုက္လံရွာေဖြေနစဥ္ အနီးရွိ တံတားလုံျခဳံေရး ရဲတပ္ဖဲြ ့ဝင္မ်ားသို့ သြားေရာက္အေျကာင္းျကားခဲ့ျပီးေနာက္ အနီးနားပတ္ဝန္းက်င္းမ်ားသို့ လိုက္ရွာေဖြရာ ေဇယ်ာသီရိဘုန္းျကီးေက်ာင္းအနီးရွိ သစ္ပင္၌တဲထိုးသည့္ေနရာမွ ေသတၱာ (၁)လုံးႏွင့္သံဘုတ္ေလအတြင္းမွေသတၱာ(၁)လုံးတို့အား၎တို့အိမ္သားအဖဲြ ့ျပန္လည္ေတြ ့ရွိခဲ့ပါသည္။

၎ေပ်ာက္ဆုံးေသတၱာထဲမ်ားတြင္ ေရႊ(၁၀)က်ပ္သားခန့္ စိန္လက္စြပ္(၁)ကြင္း ေငြသား သိန္း (၃၀)က်ပ္ႏွင့္ဖုံး(၂)လုံးေငြသားႏွင့္ကာလတန္ဘိုးသိန္း(၂၀၀)ခန့္ရွိေျကာင္း အိမ္ပိုင္ရွင္ ဦးေအာင္တိုးမွေျပာသည္ ခိုးယူသြားသည့္ အခန္း ဘုရားစဥ္ေရွ့တြင္ သူခိုးမ်ား ခ်ီးယိုသည့္ ပုံကိုေတြ ့ရွိေျကာင္း ဒါထူးဆန္းတယ္ဗ်ာလို့ ဆိုပါတယ္။

ျဖစ္စဥ္အား တႏိုင္းရဲတပ္ဖဲြ့သို့အေျကာင္းျကားျပီးျဖစ္ေျကာင္း ေလာေလာဆယ္ ရဲတပ္ဖဲြ ့ကေတာ့ အပူတျပင္းလိုက္လံရွာေဖြလ်က္ရွိျပီး သံသယရွိသူမ်ားႏွင့္ျပစ္မွဳက်ဴးလြန္သူဟုယူဆသူမ်ား စုံစမ္းမွဳမ်ားျပဳလုပ္ေနပါတယ္ အမွဳဖြင့္ကိုလည္း ရဲစခန္းမွာလုပ္ေနတယ္လို့ ေျပာပါတယ္။

တႏိုင္းျမိဳ့မွာေတာ့ မျကာခဏ ခိုးမွဳျဖစ္ေနရာကေန အခုေဖာက္ထြန္းမွဳျဖစ္လာျခင္းအေပၚ ျပည္သူမ်ား ပူးေပါင္းပါဝင္ လုပ္ျကမွေလ်ာ့ျကမယ္ တႏိုင္းမွာအနယ္နယ္အရပ္ကလာေရာက္ေနထိုင္သူမ်ားေနျခင္းေျကာင့္ တာဝန္ရွိသူမ်ားႏွင့္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား ျမိဳ့မိ/ဖမ်ား ေဒသခံျပည္သူ ဟန္ခ်က္ညီညာ စီမံခ်က္တစ္ခုေရးဆဲြျခင္း့ျဖင့္ ေဆာင္ရြက္ျကမွ တႏိုင္းေဒသ တရားဥပေဒစိုးမိုးမည္ျဖစ္ပါသည္။

ပိုင္ရွင္ ဦးေအာင္တိုး ကေတာ့ တႏိုင္းမွာ ခိုးမွဳေတြမ်ားလာရာကေန အခု ေဖာက္ထြန္းမွဳျဖစ္လာတာေျကာင့္ မလုံျခဳံေတာ့ဘူးလို့ခံစားလာရတယ္ဗ်ာ ဒါေျကာင့္္ သက္ဆိုင္တာဝန္ရွိသူမ်ားမွ ျပည္သူမ်ားအား တရားဥေဒစိုးမိုးေရးအတြက္ ဝိုင္းဝန္းေဆာင္ရြက္ေပးျကဖို့ေမွ်ာ္လင့္ပါတယ္လို့ ေျပာျကားပါသည္။
Aung Kyaing

#Unicode Version#
တနိုင်းမြို့ ဆင်မ်ဆာ့ရပ်ကွက် ချောင်းတဖက်ကမ်းရှိ ဒိုးလေး ဆီဆိုင် ဦးအောင်တိုး၏နေအိမ်အား ၂၀၁၉ခု မေ (၁၄ )ရက် နံနက် (၃း၃၀)ချိန်ခန့်က နေအိမ်တံခါးအား ကလန့်ဖွင့်၍ ဦးအောင်တိုး အိပ်နေသည့်အခန်းအတွင်းမှသေတ္တာ (၂)လုံးပျောက်ဆုံးသွားကြောင်းသိရှိရပါသည်။

ပိုင်ရှင်း ဦးအောင်တိုးမှ နံနက် (၄)နာရီခန့် အိပ်ရာမှနိုးလာစဉ် ပျောက်ဆုံးသေတ္တာများအား အိမ်းသားများနှင့်အတူလိုက်လံရှာဖွေနေစဉ် အနီးရှိ တံတားလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသို့ သွားရောက်အကြောင်းကြားခဲ့ပြီးနောက် အနီးနားပတ်ဝန်းကျင်းများသို့ လိုက်ရှာဖွေရာ ဇေယျာသီရိဘုန်းကြီးကျောင်းအနီးရှိ သစ်ပင်၌တဲထိုးသည့်နေရာမှ သေတ္တာ (၁)လုံးနှင့်သံဘုတ်လေအတွင်းမှသေတ္တာ(၁)လုံးတို့အား၎င်းတို့အိမ်သားအဖွဲ့ပြန်လည်တွေ့ရှိခဲ့ပါသည်။

၎င်းပျောက်ဆုံးသေတ္တာထဲများတွင် ရွှေ(၁၀)ကျပ်သားခန့် စိန်လက်စွပ်(၁)ကွင်း ငွေသား သိန်း (၃၀)ကျပ်နှင့်ဖုံး(၂)လုံးငွေသားနှင့်ကာလတန်ဘိုးသိန်း(၂၀၀)ခန့်ရှိကြောင်း အိမ်ပိုင်ရှင် ဦးအောင်တိုးမှပြောသည် ခိုးယူသွားသည့် အခန်း ဘုရားစဉ်ရှေ့တွင် သူခိုးများ ချီးယိုသည့် ပုံကိုတွေ့ရှိကြောင်း ဒါထူးဆန်းတယ်ဗျာလို့ ဆိုပါတယ်။

ဖြစ်စဉ်အား တနိုင်းရဲတပ်ဖွဲ့သို့အကြောင်းကြားပြီးဖြစ်ကြောင်း လောလောဆယ် ရဲတပ်ဖွဲ့ကတော့ အပူတပြင်းလိုက်လံရှာဖွေလျက်ရှိပြီး သံသယရှိသူများနှင့်ပြစ်မှုကျူးလွန်သူဟုယူဆသူများ စုံစမ်းမှုများပြုလုပ်နေပါတယ် အမှုဖွင့်ကိုလည်း ရဲစခန်းမှာလုပ်နေတယ်လို့ ပြောပါတယ်။

တနိုင်းမြို့မှာတော့ မကြာခဏ ခိုးမှုဖြစ်နေရာကနေ အခုဖောက်ထွန်းမှုဖြစ်လာခြင်းအပေါ် ပြည်သူများ ပူးပေါင်းပါဝင် လုပ်ကြမှလျော့ကြမယ် တနိုင်းမှာအနယ်နယ်အရပ်ကလာရောက်နေထိုင်သူများနေခြင်းကြောင့် တာဝန်ရှိသူများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့မိ/ဖများ ဒေသခံပြည်သူ ဟန်ချက်ညီညာ စီမံချက်တစ်ခုရေးဆွဲခြင်း့ဖြင့် ဆောင်ရွက်ကြမှ တနိုင်းဒေသ တရားဥပဒေစိုးမိုးမည်ဖြစ်ပါသည်။

ပိုင်ရှင် ဦးအောင်တိုး ကတော့ တနိုင်းမှာ ခိုးမှုတွေများလာရာကနေ အခု ဖောက်ထွန်းမှုဖြစ်လာတာကြောင့် မလုံခြုံတော့ဘူးလို့ခံစားလာရတယ်ဗျာ ဒါကြောင့်် သက်ဆိုင်တာဝန်ရှိသူများမှ ပြည်သူများအား တရားဥဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့မျှော်လင့်ပါတယ်လို့ ပြောကြားပါသည်။
Aung Kyaing

No comments:

Post a Comment