Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, May 9, 2019
အစိုးရကျောင်းတွေ ဒီလောက်တောင် ဖြစ်နေပြီလား..ဆရာမတွေကိုယ်တိုင် မူးယစ်ဆေးဝါးကင်း စောင့်ရသတဲ့..
****************************************************************
*******
Hydrogen အမှုန့် တရာပဲပေးရတယ် ကျောင်းမှာဖျော်ရည်ထုပ်အနေနဲ့ရောင်းပေမဲ့ကလေးတွေကို သင်ပေးလိုက်တဲ့တစုံတယောက်က အထုပ်ဖောက် အငွေ့မှုန်ထွက် ချက်ချင်းရှု ဘိန်းမိန်းသွားတာ ကျောင်းတိုင်းကူးစက်သွားတယ်
တသောင်းတန်ပဲခိုးတယ် အပြာကားကြည့်ချင်ရင် ယူလာပါဆိုတော့ ခိုးရတယ် handset ပြဿ နာ တကယ်ကြီးမားနေပြီ ဆရာတွေသိပ်ကြောက်တာ မတားရဲဘူး cb group ဖွဲ့ကျတယ် ခ်ျန်းကြတယ် xxxxxxxx xxxxxx (ကျောင်းအနီး ခေတ်မီဈေးဝယ်ကုန်တိုက်ကြီးအမည်) ချိန်းတယ် AGD bank နဲ့ xxxxxx xxxxxx (အနီးလမ်းဆုံက ကုန်တိုက်အသစ်တခု) ကြားလမ်းထဲ ခ်ျန်းချတယ် ဖိုက်ကြတယ် လမ်းကလူရှင်းတော့ အဲ့လမ်းကြားမှာ game shop ရှိတယ် ကျောင်းလစ်တယ် ကျောင်းပေါင်းစုံကလေးတွေလာဆော့ကြ ချိန်းကြ ရိုက်ကြ ပြေးကြ မူးယစ်တွေပါတယ်
Vape E စီးကရက်အများကြီးပါလာတဲ့ကလေးရှိတယ် ဆရာတွေမြင်တယ် ခဏသိမ်းတယ် မတင်းကြပ်ရဲဘူး မိဘဥာဏ်နည်းရင် တိုင်စာပစ်တာလေ တိုင်စာပစ်ရင်အထက်က ကိုယ့်ဆရာဘက်ကိုမငဲ့ဘူး မိဘတိုင်တာပဲ action ယူတော့ စေတနာဆရာမရှိတော့ဘူး အထက်ကမကောင်းတာအဓိက
xxx (ကျောင်း) 6 တန်းတွေထဲ ဆရာမရောက်ခင် မူးယစ်ချို ချဉ်တွေ ကလေးတွေခေါင်းကို တချက်စီပုတ်ပြီး ယူ ယူ စားစား ယောကျာ်းတွေလာဝေတယ် ကိုယ်နဲ့ခင်တဲ့ကလေးက ပြေးပြီး ကာယဆရာတွေ့လို့လူစိမ်းလူစိမ်းပြောတော့ ပျောက်ရော လမ်းကြောင်းရှာပြီးသားကောင်တွေ ကလေးတွေပစ်မှတ်ထားတာ အဲ့ပြန်ပြောတဲ့ကလေးကိုက္ခပေးမှာစိုးတာရယ် ဆရာတွေက action ကြောက်တာရယ် ကျောင်းနာမည်ရယ် ထောက်ပြီး မနှစ်က ဖြစ်ခဲ့တာ ဖုံးလိုက်တယ်
Unicode Version
ရန် ကုန်ြ မို့မှ အစိုးရ အထက်တန်းကျောင်းများ
ဒီေ အာက် က ပို့စ် ထဲမှာ ဖတ်ရသမျှ အကုန်လုံး အမှန်တရားတွေဆိုတာ ကျောင်းသားမိဘတွေ သိကြစေချင်တာပါပဲ။
ကျောင်းသူ ကျောင်းသားတွေကတော့ မိဘတွေ မိသားစုဝင်တွေကို တခါတရံမှာ ပွင့်ပွင့်လင်းလင်း ပြောပြတတ်ပါတယ်။
ဆရာ ဆရာမတွေ အပိုင်းကကျတော့ သူတို့အပေါ်ကျလာမယ့် ပရက်ရှာပေါင်းစုံကို ထိတ်လန့်ပြီး ကျီးလန့်စာ စားကြရပါတယ်။ ကျောင်းသားဘက်က ဒုက္ခတွေ ဆရာဆရာမတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေ နှစ်ဘက်စလုံး အခက်အခဲတွေ ရှိနေတာတော့ သေချာပါတယ်။
ကိုယ် နဲ့ သိပ် ရင်းနှီးတဲ့ ဆရာမလေးတစ်ယောက်က လှိုင်သာယာဘက်က ကျောင်းတကျောင်းမှာ တာဝန်ကျနေသူတစ်ယောက်ပါ။ အစိုးရကျောင်းဆရာမဆိုပေမယ့် အင်မတန် ရဲရင့် ထက်မြက်သူတစ်ယောက်ပါ။ ကျောင်းသားတွေအပေါ် စေတနာထားသူပါ။
သူပြောပြတာကတော့ သူတို့ကျောင်းမှာ မူးယစ်ဆေးဝါး စောင့်ရတဲ့ ကင်းချတာမျိုး တခါတရံရှိပါတယ်။ သူ့ကျောင်းမှာ မိဘတွေက ရောင်းခိုင်းလို့ ကျောင်းသားက မူးယစ်ေဆေးဝါးကို ကျောင်းကို သယ်လာရတယ်။ ဆရာဆရာမတွေက ကျောင်းသားကို သိပါတယ်။ ဘိန်းစောင့်တဲ့ ကင်းကျတဲ့ ဆရာ ဆရာမတွေလည်း သိပါတယ်။ကျောင်းသား အချင်းချင်းလည်းသိပါတယ်။
အဲ ဒီကျောင်း သားတွေရဲ့ အဝင်အထွက်ကို စောင့်ကြည့်နေရတာမျိုးပါပဲ။
သို့ပေမယ့် အားလုံးက သူ့ဘောင်ထဲကသူ လှုပ်ရှားနေတော့ ဘယ်ဆရာ ဆရာမမှ ကလေးကို မဖမ်းရဲပါဘူး။ ဌာနေ လူမိုက်တွေနဲ့ မူးယစ်ဆေးဖြန့်နေသူတွေ က ဆရာ ဆရာမတွေ ကျောင်းသွားကျောင်းပြန် လမ်းမှာ ဒုက္ခပေးမှာစိုးလို့ပါ။ ဆုပ်လည်းဆူး စားလည်းရူးမို့ မူးယစ်ကင်းကျရင် ကျမြဲအတိုင်း ဂျူတီစောင့်ပေးရတုန်းပါပဲ။ ဘယ်သူကမှ ဘယ်သူ့ကိုမှ မတိုင်တောရဲကြပါဘူး။ ဆိုးကျိုးတွေက နှစ်ဘက်လုံးမှာ ရှိပါတယ်။
ကျောင်း သားေ တွအနေနဲ့ မူးယစ်ဆေးဝါးတမျိုးတည်းမဟုတ်ပဲ အရက်သေစာကိုပါ စာသင်ခန်းထဲမှာ အချိုရည်ဗူးတွေထဲကို ထည့်ပြီး သောက်နေကြတာပါ။ ဒါကို ဆရာဆရာမတွေလည်း သိကြပါတယ်တဲ့။ (၇) တန်း (၈) တန်းလောက်ကျောင်းသားတွေ စပြီး သောက်ကြစားကြပါတယ်။ မူးယစ်ဆေးကတော့ ရန်ကုန်မြို့ထဲက ကျောင်းတိုင်းမှာ အလွယ်တကူရနေပါတယ်။
ဆဲ တာ ကလည်း အဆဲ မာစတာ အဆဲ ပီအိပ်ချ်ဒီတွေတောင် အလယ်တန်းကျောင်းသား အထက်တန်းကျောင်းသားတွေကို မီအောင် မဆဲနိုင်ကြပါဘူး။ သူတို့ဆဲနည်းတွေလည်း စုံပါတယ်။ ဒါပေမယ့် သူတို့မှာ စည်းရှိပါတယ်။ အချင်းချင်းပဲ မိုးမွှန်အောင်ဆဲတာမျိုးပါ။ ဒီအဆဲကို မိသားစုတွေရှေ့တော့ ချမပြကြပါဘူး။
၁၈ + ရုပ်ရှင်ေ တွကတော့ မိန်းကလေးရော ယောက်ျားလေးရော သိပ်မဆန်းတဲ့ ကိစ္စပါပဲ။ ကျောင်းမှာ အားလုံးကြည့်နေကြတာမျိုးပါပဲ။ ကျောင်းကို ဖုန်းတွေ ယူသွားပြီး မျှဝေနေကြတာ ကြာပါပီ။ RS ချိတ်တာလည်း သူတို့ကြားမှာ မဆန်းပါဘူး။ ကိုးတန်းဆယ်တန်း ဆယ်လီကျောင်းသူတစ်ယောက်ဆို ဖေ့ဘုတ်မှာ ဖရန့် သုံးထောင်အထက်ကို ရှိနေတတ်ပါတယ်။ သူတို့လောကရဲ့ ဆယ်လီလေးတွေပါပဲ။ သူတို့ရဲ့ စကားလုံး အသုံးအနှုန်းတွေကို လူကြီးတွေ လိုက်မမီပါဘူး။ ဘာသာမပြန်နိုင်ကြပါဘူး။ ကိုယ်ပိုင်ဖုန်းမသုံးရပဲ မိဘဖုန်းကို သုံးရသူဆိုရင် စစ်ထောက်လှမ်းရေးကတောင် မဖော်နိုင်တဲ့ လျို့ဝှက်ကုဒ်တွေနဲ့ ဆက်သွယ်ကြတာမျိုးပါ။
ရန်ဖြစ် တာလည်း ဖြစ်ကြပါတယ်။ ချိန်းပြီးတော့ ရိုက်ကြပါတယ်။ ကျောင်းသားကြီးတွေ ဖြစ်လာရင် ရန်ဖြစ်တတ်မှ ပါဝါတက်တာမျိုးပါ။
ဂိမ်းဆော့တာကတော့ အတန်းစုံက ကျောင်းသားတွေပါပါတယ်။ အိမ်မှာဆော့လို့ရရင်အိမ်မှာဆော့ မရရင် ဆိုင်မှာ ချိန်းပြီးဆော့ကြတာပါပဲ။ ကျောင်းမှာ ကျောင်းစာပြိုင်တာထက် ဂိမ်းဆော့ပြိုင်တာက ပိုပြီး ပေါ်ပြူလာဖြစ်ပါတယ်။
ကိုယ့် အိမ် မှာ အိမ်မှာ အလယ်တန်း အထက်တန်း ကျောင်းသူကျောင်းသားတွေရှိရင် မေးကြည့်ကြပါ ဒီအချက်တွေ တခုမဟုတ် တခုငြိကြမှာပါ။
မျက်မှောက်ကာလ အစိုးရကျောင်းတွေမှာ ဆရာဆရာမတွေဟာ ကျောင်းသားတွေကို အလုံးစုံ မဆုံးမနိုင်တော့ပါဘူး မျက်ကွယ်ပြုထားရတဲ့ အခြေအနေတွေအတော်များပါတယ်။ ကျောင်းဆရာ ဆရာမတွေဟာ ရတဲ့ လစာနဲ့ သူတို့ယူနေရတဲ့ တာဝန်နဲ့ စိတ်ဖိစီးမှုတွေက ပိုပါတယ်။ ကျောင်းအလုပ်အပြင် နိုင်ငံတော်က လိုအပ်တိုင်းလည်း အလုံးစုံ လိုက်လုပ်နေရတဲ့ဝန်ထမ်းတွေမို့ သင်ကြားရေးအပြင်က လူဆိုးထိန်းအလုပ်တွေကို စွန့်စားပြီး ဘယ်သူမှ မလုပ်ချင်ကြပါဘူး။
ဆ ရာ ဆ ရာ မတွေဟာ တာဝန်ကျတဲ့ နယ်မြေကိုလိုက်ပီး မူးယစ်ဆေးဝါးကင်းစောင့်ရပါတယ်။ လုံခြုံရေးကင်းစောင့်ရပါတယ်။ ဘာမှန်းမသိတဲ့ ကင်းတွေ စောင့်ရပါတယ်။ ဒါတွေက သင်ကြားရေးအပြင်က တာဝန်တချို့ပါ။
ကျောင်းသားတွေ ပျက်စီးခြင်းပေါင်းစုံနဲ့ ပျက်စီးကြပါတယ်။ မိဘက မှန်မှန်ကန်ကန် ထိန်းကျောင်းပေးနိုင်ရင်တော့ ကလေးတွေက သူတို့ကျောင်းက အဖြစ်အပျက်တွေကို အကုန်လုံးပြန်ပြောပြကြပါတယ်။ ကျောင်းမှာ ဆရာဆရာမတွေ ကြပ်မတ်ဖို့ ခက်ခဲတဲ့ အခြေအနေမျိုးတွေ ရှိနေရင် မိဘတွေကပဲ မျက်ခြေမပြတ်စောင့်ကြည့်ပြီး တည့်မတ်ပေးရမှာပါပဲ။ အလုံးစုံကို ဆရာဆရာမတွေခေါင်းပေါ် လွှဲချလို့တော့ မဖြစ်နိုင်ပါဘူး။
နာ မည်ကြီးကျောင်းရော မကြီးတဲ့ ကျောင်းရော အဖြစ်အပျက်တွေ အကုန်တူပါတယ်။ ထပ်တူကျပါတယ်။ ဘယ်သူ့ကျောင်းရယ်လို့ လိပ်စာတပ်စရာမလိုအောင်ကို ကျောင်းတိုင်းမှာ ဖြစ်ပျက်နေတာမျိုးပါပဲ
မူရင်းပို့စ့်က ဒီမှာပါ………
****************************************************************
နာမည်ကြီးကျောင်းကြီးတခုအကြောင်း
ဤပြဿနာသည် သင့်ပြဿနာလည်း ဖြစ်ပါသည်။ သတင်းသမားတို့ကဲ့သို့ မတည်းဖြတ် မပြင်ဆင်လိုက်ပဲ တိုက်ရိုက်တဆင့်ပြန်တင်ပြလျက် ကြားစေလိုက်ပါသည်။
ဖတ်ရှုလျက် မိမိသာဆိုလျှင် မ
ည်သို့ဆောင်ရွက်ပြီး မည်သို့ဖြေရှင်းမည်ကို စဉ်းစားကြည့်စေလိုပါသည်။
*******
ဆရာ တကယ့်အဖြစ်တွေ ဘယ်သူ့ဆီမှ မပြောပြရဲတဲ့ တိုင်းပြည်ပါ ကိုယ့်ကလေးဖြစ်လို့ တိုင်စာတင်မယ်ဆို ကလေးအငယ်ကျောင်းမှာကျန်ခဲ့တော့ ဆရာတွေငြှိုးမှာကြောက်ရတယ် ကလေးဆိုးကမထွက်ဘဲ ကိုယ့်ကလေးဘဲ ရှောင်ရင်းထွက်ခဲ့တော့ ကလေးဆ်ုးကကျောင်းထဲကျန်ခဲ့တယ်
အခြားကလေးတွေထပ်အနိုင်ကျင့်မှာစိုးပေမဲ့ ကျောင်းထဲကျန်ခဲ့တဲ့ကိုယ့်ကလေးအတွက် ကာကွယ်ပေးမဲ့ဆရာမရှိဘူးလေ သူတို့သိသိရက်နဲ့ ကျောင်းနာမည်ပျက်မယ် တိုင်သူရှိရင်ထုချေလွှာတင်ရတာကြောင့် ဆရာတွေလဲ ကာကွယ်မဲ့ပါတယ် ကလေး
လဲကာကွယ်မဲ့ပါတယ် တခုခုအသံထွက်လိုက်တာနဲ့ အထက်ကလာပီ အဆင့်ဆင့်ကွပ်ကဲမှုညံ့တယ် ဖြေရှင်းပါပဲ လာတာလေ
Hydrogen အမှုန့် တရာပဲပေးရတယ် ကျောင်းမှာဖျော်ရည်ထုပ်အနေနဲ့ရောင်းပေမဲ့ကလေးတွေကို သင်ပေးလိုက်တဲ့တစုံတယောက်က အထုပ်ဖောက် အငွေ့မှုန်ထွက် ချက်ချင်းရှှု ဘိန်းမိန်းသွားတာ ကျောင်းတိုင်းကူးစက်သွားတယ်
ရှူ ဆေးဆို ကားမူးလို့ပဲ ဆောင်တတ်တာ ကျောင်းသားတွေက အရည်ပုလင်း တစ်ရှူး သုတ်ထားတဲ့ရှူ ဆေး ၁၈၀၀ ပေးရတယ် ၅၀၀ တန်ရှိတယ် အမှုန့်တခုနဲ့ပွတ်ရှူ လောကမေ့ရောတဲ့
ဒါတွေကို မိဘတယောက်အနေနဲ့ ရေးတင်ရင် ကာကွယ်မဲ့သူမရှိဘူး ကျန်သူဒုက္ခရောက်စတမ်းပဲပြေးရင်လွတ်မယ်
မိဘက မသင်ဖူးလားမေးတော့လဲ ဘုရားစာလဲသင်တာပဲ ကျောင်းမှာ ကလေးဆိုးတွေရှိတယ် သူများသားသမီးထုတ်ခံရင် ရွာပိုနာမလားစဉ်းစားတယ် ကျောင်းပိုနာမလားစဉ်းစားတယ် ကိုယ့်ကို ဂိုဏ်းက သိမလားစဉ်းစားတယ် မတိုင်တော့ပါဘူးလေ ကံပဲ
အခု နယ်မြေသတ်မှတ်လိုက်တော့ လာဘ်စားမှုနည်းသွားပြီ xxx(ကျောင်းအမည်) သူငယ်တန်း။ ထ၂ သူငယ်တန်း ဦးရေနည်းသွားပြီ လာဘ်စားမှုနည်းတယ် စားလို့ရတာကို အကြီးကြီးအဆီအအိမ့်စားလို့ရသွားတယ် အဆက်သွယ်ကောင်းမှ တော်ရုံလာဘ်နဲ့မရတော့ဘူး။
ယာဉ်ကြောပိတ်မှုနည်းအောင် မိဘကလေး ရင်အုပ်မကွာ အိမ်နီးနီးအပ်ခိုင်းတာက မုဒိမ်းမှုနည်းပါးစေအောင်လို့တဲ့
စာသင်ခန်းထဲမှာလေးတန်းကစပြီး Rs ချိတ်မှ လူရာဝင်တယ် မချိတ်ချင်လဲချိတ်ခိုင်းတယ် xxx(ကျောင်း) ကလေး ၆ ၇ ၈ ဆက်တိုက်
တသောင်းတန်ပဲခိုးတယ် အပြာကားကြည့်ချင်ရင် ယူလာပါဆိုတော့ ခိုးရတယ် handset ပြဿ နာ တကယ်ကြီးမားနေပြီ ဆရာတွေသိပ်ကြောက်တာ မတားရဲဘူး cb group ဖွဲ့ကျတယ် ချ်န်းကြတယ် xxxxxxxx xxxxxx (ကျောင်းအနီး ခေတ်မီဈေးဝယ်ကုန်တိုက်ကြီးအမည်) ချိန်းတယ် AGD bank နဲ့ xxxxxx xxxxxx (အနီးလမ်းဆုံက ကုန်တိုက်အသစ်တခု) ကြားလမ်းထဲ ချ်န်းချတယ် ဖိုက်ကြတယ် လမ်းကလူရှင်းတော့ အဲ့လမ်းကြားမှာ game shop ရှိတယ် ကျောင်းလစ်တယ် ကျောင်းပေါင်းစုံကလေးတွေလာဆော့ကြ ချိန်းကြ ရိုက်ကြ ပြေးကြ မူးယစ်တွေပါတယ်
၆ တန်းကောင်လေးတယောက်ကတော့ အဘွားနဲ့နေတာ မူးယစ်ကယ်ရီပို့ သုံးလဲသုံးတယ် ညဆိုမအိပ်ဘူး ကျောင်းမှာအိပ်တယ် အခြားကလေးတွေစပ်စပ်စုစုကလေးလို့ထင်ရင် ကယ်ရီလုပ်မလား ကလေးဆို မရိပ်မိဘူး သုံးနိုင်တယ် ဆွဲဆောင်တယ် အပြောခံရတဲ့ကလေးကမိဘပြန်ပြောတယ် ဆရာမတိုင်နဲ့နော်အမေ သားမလုပ်ရင်ပြီးရောတဲ့။
မိဘ ဆရာ ကျောင်းသား ဟန်ချက်ကဘယ်တော့မှမညီပါဘူး ပြဿ နာပေါ်ရင် အထက်ကဖိထောင်းနေသမျှကာလပတ်လုံးပေါ့ အထက်က သတင်းအတိအကျဆို ကာကွယ်မယ် ဆရာကိုလဲ အသုံးမကျလို့action မယူဘူး လူမသိအောင် သေချာဖြေရှင်းမယ်မရှိပါဘူး
ဟိုနေ့က လမ်းဆုံကစင်တာမှာ world vision ကလာတယ် ကလေးများကာကွယ်ရေးတဲ့ နင်တို့အထက်လူကြီးကို အမတွေ့မယ်ဆိုတော့ တွေ့ပြီးပြောတဲ့အခါ အစပထမမှာပဲ ဒါဆို ရုံးမှာ သက်သေအထောက်အထားနဲ့ သတင်းစာရှင်းလင်းပွဲလိုလုပ်ပေပါလားတဲ့ aww ဂိုဏ်းတွေရပ်ကွက်ထဲမှာရှိတယ် ကိုယ့်ဘဝမလုံခြုံဘူးလေ ကိုယ့်ကလေးမလုံခြုံဘူး သတင်းတခုအနေနဲ့သုံးသပ်ပေးမလား တခုခုအကာအကွယ်အဟန့်အတားဖြစ်မလား ဆွေးနွေးချင်တာ မရခဲ့ပါဘူး NGO တဲ့ အလကားပဲ
Vape E စီးကရက်အများကြီးပါလာတဲ့ကလေးရှိတယ် ဆရာတွေမြင်တယ် ခဏသိမ်းတယ် မတင်းကြပ်ရဲဘူး မိဘဉာဏ်နည်းရင ် တိုင်စာပစ်တာလေ တိုင်စာပစ်ရင်အထက်က ကိုယ့်ဆရာဘက်ကိုမငဲ့ဘူး မိဘတိုင်တာပဲ action ယူတော့ စေတနာဆရာမရှိတော့ဘူး အထက်ကမကောင်းတာအဓိက
xxx (ကျောင်း) 6 တန်းတွေထဲ ဆရာမရောက်ခင် မူးယစ်ချိူ ချဉ်တွေ ကလေးတွေခေါင်းကို တချက်စီပုတ်ပြီး ယူ ယူ စားစား ယောကျာ်းတွေလာဝေတယ် ကိုယ်နဲ့ခင်တဲ့ကလေးက ပြေးပြီး ကာယဆရာတွေ့လို့လူစိမ်းလူစိမ်းပြောတော့ ပျောက်ရော လမ်းကြောင်းရှာပြီးသားကောင်တွေ ကလေးတွေပစ်မှတ်ထားတာ အဲ့ပြန်ပြောတဲ့ကလေးကို ုက္ခပေးမှာစိုးတာရယ် ဆရာတွေက action ကြောက်တာရယ် ကျောင်းနာမည်ရယ် ထောက်ပြီး မနှစ်က ဖြစ်ခဲ့တာ ဖုံးလိုက်တယ်
xxx ကျောင်းသားမှန်ရင်ပိုးစိုးပက်စက်ဆဲတတ်ရတယ် Rs ချိတ်ဖူးရတယ် အဆဲဘုရင်တွေကိုဖြစ်လို့ ဆရာတွေအကုန်သိတယ် မြားဦးလှည့်လာရင် ဖြေရှင်းရမှာကြောက်တာ အထက်က ဆရာကိုအကာကွယ်မပေးတာများပြီလေ
ကျောင်းသားဦးရေ က ၈၀ ဆရာက တယောက်လာသင်တယ် မကြားရ မမြင်ရဘူး မကြားတော့ handset ထုတ်ရဲတဲ့ကလေးထုတ်တယ် game ဆော့တယ် cb တယ် အပြာကား on တယ် ဆရာက ကလေးတွေအပြစ်ပုံချတယ်မသင်ချင်တော့ဘူး သင်ချင်တဲ့ကလေးတယောက်ရှိသေးပေမဲ့အများကလေးတွေက မနာခံတော့ဘူးလေ အိမ်မှာ guide ခေါ်ထားတယ်လေ အိမ်ကျ မခုတ်တတ်တဲ့ကြောင် ပညာရေးများဆို ကလေးဆိုးကောင်က A grade ဝင်နေတာအမြဲတမ်းပဲ သူက ကလေးတွေကိုသင်ပေးတာနော် ဆရာတွေမိဘတွေက A grade ပြနိုင်ရင် ဘာလုပ်လုပ်မကြည့်ဘူးမစစ်ဆေးဘူး A ရဖို့အဓိကလုပ်ရမယ် ကူးသင့်ကူးပါ စာကျက်ပါတဲ့နော်
ဒုစရိုက်သမားကျောင်းသားလေးက သိပ်ပီရိတယ် ဆေးလိပ်သောက်တာမကောင်းဘူးဟောပြောပွဲလာတယ် အခြားကလေးတွေကို ငါအိမ်သာမှာ အမြဲသောက်တယ် သောက်ပြီး ငုံဆေးငုံတယ် ဘယ်သူမှမသိတော့ဘူး ရောဂါလဲမဖြစ်ဘူးတဲ့
အမက ၂ မှာ ၅ နှစ်တက်လာတဲ့ကလေးသည် နယ်မြေသတ်မှတ်သန်းခေါင်စာရင်းမပါလို့ ဘယ်ကျောင်းမှာ ၅ တန်းတက်ရမလဲမသိဘူးခုထိ
xxx အုပ်ကိုမိဘတွေသွားတွေ့တော့ သန်းခေါင်စာရင်းပါရင်ရတယ် x ရပ်ကွက် (ရပ်ကွက်အမည်) စာရင်းပူပူနွေးနွေးလဲရတယ်တဲ့အာ့မှာလဝကစားပေါက် ကိုယ့်ကလေး ၅ တန်းနေဖို့ သူများသန်းခေါင်စာရင်းထဲ ထိုးထည့်တာ ၅ သိန်း ၁၀ သိန်း ၄ သိန်း ပွဲစားသဘောကောင်းတဲ့ပေါ်မူတည်ပြီးလုပ်နေတယ် တကယ်ဆို နယ်မြေသတ်မှတ်တာသည် အသစ်အတွက် မူလ ၄ တန်းတွေ အော်တို ၅ တန်းလက်ခံရမယ်လေ ခုထိမရေမရာဘူး ဘယိအဖေခေါ်ရမလဲ
ပေါ်လစီနဲ့မကိုက်ရင် ကျမတို့ထောင်းလိမ့်မယ် တဲ့အုပ်ကြီးက ပြောပြန်ရော အုပ်ကြီးရယ် မ၂ လေးတန်းအောင်တာ လက်ခံရမယ်လို့ပြန်မပြောပေးဘူး။
မူရင်းပို့စ်ပိုင်ရှင် Zaw Min-Oo
No comments:
Post a Comment