Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 15, 2019

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတXi Jinping ကို မြစ်ဆုံရေကာတာကြီးမဆောက်လုပ်ဖို့ အောင်လအန်န်ဆန်း တောင်းဆို


မြစ်ဆုံဟာ ကျွန်တော်တို့နိုင်ငံအတွက် သဘာဝတရား ကပေးတဲ့လက်ဆောင်ကောင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒါဟာ ရှည်လျားလှတဲ့သမိုင်းနောက်ခံအမွေအနှစ်တွေနဲ့ ရိုးရာယဉ်ကျေးမှုအနှစ်သာတွေကို ဖော်ကျူးထားတဲ့ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။
အဲဒီပြယုဂ်ကပဲ တိုင်းရင်းသားမျိုးနွယ်စုအများကြီးထဲကမှ ကချင်လူမျိုးတွေကို အများကသိအောင် ပြောပြနေပြီး ဆန်းကြယ်လှပတဲ့ဒီနေရာကို တစ်သက်မှာတစ်ခေါက်လာရောက်လည်ပတ်ဖြစ်အောင် ဆွဲဆောင်နေတာပဲဖြစ်ပါတယ်။
ကျွန်တော်ကလေးဘဝတုန်းက မိသားစုနဲ့အတူ အရမ်းအေးတဲ့ မလိခမြစ်နားမှာ ပျော်ပွဲစားထွက်ခဲ့တဲ့အမှတ်တရလေးတွေကို မှတ်မိနေပါသေးတယ်။ မြစ်ဆုံနားက N-Mai Hka ကိုဖြတ်ပြီး လှေစီးခဲ့ကြတာတွေရောပေါ့။
ဒီနေရာတွေဟာ မြစ်ကြီးနားနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ပျော်ရွှင်စရာကောင်းတဲ့ကလေးဘဝအမှတ်တရတွေပါပဲ။ အဲဒါကြောင့်လည်း Katie နဲ့ Ah De တို့ကို ကျွန်တော့်ရဲ့မွေးရပ်မြေဟာ ဘယ်လောက်လှပတယ်ဆိုတာကို မျက်မြင်သက်သေပြချင်လို့ ဒီကိုရောက်တုန်းမှာ ဒီနေရာတွေကိုပထမဆုံးခေါ်လာဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဖြစ်တည်မှုအတွက် ဒီသဘာဝရတနာကြီးဟာ အရမ်းကိုတန်ဖိုးကြီးမားလွန်းလို့ လျှပ်စစ်စွမ်းအားဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ခေါင်းစဉ်လောက်လေးနဲ့ ကတိကဝတ်တွေမပြုလုပ်ပါနဲ့ဗျာ။
နိုင်ငံတိုင်းဟာ သူတို့ကိုပေးထားတဲ့ သဘာဝတရားကြီးရဲ့လက်ဆောင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်သလို ကျွန်တော့်သား Ah De အသက်တွေကြီးလာပြီး သူ့ကလေးတွေရလာတဲ့အချိန်အထိ သူ့ကလေးတွေကို ဒီလိုအလှတရားတွေပြနိုင်ဖို့ ဒီမြစ်ဆုံနေရာလေးဟာ အခုလိုမျိုးအမြဲလှပနေစေပါလို့ ဆုတောင်းပါတယ်။
မြန်မာ့သမိုင်းတစ်လျှောက်မှာ တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍဟာ အမြဲလိုလိုပါဝင်နေပါတယ်။ နောက်ပြီး လေးစားရပါတဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတကြီး Xi Jinping ကိုလည်း မြစ်ဆုံရေကာတာကြီးမဆောက်လုပ်ဖို့ ကျွန်တော့အနေနဲ့တောင်းဆိုချင်တယ်ဆိုတာပါပဲ။
ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဖြစ်တည်မှုအတွက် ဒီသဘာဝရတနာကြီးဟာ အရမ်းကိုတန်ဖိုးကြီးမားလွန်းလို့ လျှပ်စစ်စွမ်းအားဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ခေါင်းစဉ်လောက်လေးနဲ့ ကတိကဝတ်တွေမပြုလုပ်ပါနဲ့ဗျာ။ကျွန်တော့်သား Ah De လေးနဲ့ နောင်မွေးဖွားလာမယ့်သူ့ရဲ့ကလေးလေးတွေ ကြီးပြင်းလာတဲ့အထိ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ဒီသဘာဝအလှတရားကြီးတွေကို မြင်တွေ့စေချင်ပါသေးတယ်
Aung La Nsang(Burmese Python)
Myitsone is one of the greatest nature’s blessing to our country. It’s long heritage and cultural significance draw Kachins from all walks of life to visit at least once in a lifetime. As a little kid, I had fond memories of family picnics near ice-cold Mali Hka and boating through N-Mai Hka at the confluence. They formed cherished memories of childhood in Myitkyina, and it was first place I wanted Katie and Ah De to witness when I brought them to our homeland. As every country preserve it’s own natural gifts, my wish is Myitsone will remain in current beauty for Ah De to show to his children. China has always played integral role in Myanmar history, and I request HE President Xi Jinping to not construct Myitsone Dam. This natural treasure is too great of a cost to our nation’s identity to be compromised by electric power or development. I would love to see Ah De and our children’s children to grow up and see the natural beauty our country have to offer.

No comments:

Post a Comment