Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 14, 2019

သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် အတွက်Medical Check up comprehensive voucher များကို Orchid ဟိုတယ် ပိုင်ရှင် ဦးဌေးအောင်မှ ပေးပို့


၂၀၁၉ ခုနှစ် မတ်လ အတွင်းက သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် အတွက်ဟု ဆိုကာ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အာယု ဆေးရုံတွင် ဆေးစစ်မှု ပြုလုပ်နိုင် သည့် Medical Check up comprehensive voucher များကို Orchid ဟိုတယ် ပိုင်ရှင် ဦးဌေးအောင်မှ ပေးပို့ခဲ့သည် ဟု သိရသည်။

ဦးဌေးအောင်သည် စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်၍ လစဉ်လည်း သိန်း ၃၀၀ ခန့် အလှူလုပ်နေသလို အစိုးရ အဆက်ဆက် လက်ထက်တွင် နိုင်ငံ အကြီးအကဲများ၊ အစိုးရ တာဝန်ရှိသူများကို အကြိမ်များစွာ နိုင်ငံခြားတွင် ဆေးစစ် ပေးခဲ့ ဖူးကြောင်း၊ ထိုသူများ၏ မိသားစုဝင်များ၊ ကျန်းမာရေး စရိတ် မတတ်နိုင်သူများစွာကိုလည်း ဆေးစစ်မှု၊ ကျန်းမာရေး စောင့်ရှောက်မှုများကို ယခင်ကလည်း ပေးခဲ့သလို ယခုလည်း ပေးနေဆဲဖြစ်ကြောင်း ပြောသည်။



No comments:

Post a Comment