Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 19, 2019

ဆန်ကိစ္စနဲ့ပတ်သက်လို့စီးပွားကူးသန်းဒုတိယဝန်ကြီးဦးအောင်ထူး၏ရှင်းပြချက်။သိရှိနိုင်ကြပါရန်။



အိုင်ဗရီကို့စ်မှာ အဖျက်ခံရတဲ့ မြန်မာဆန်တွေနဲ့ ပတ်သက်တဲ့ fact sheet က

၁။ ဒီဆန်တွေကို မြန်မာနိုင်ငံက ကုမပဏီ(၃)ခု ရွှေဝါရောင် (မက်ထရစ် တန် ၁၃၅၀၀) ၊ MEC (မက်ထရစ်တန် ၈၀၀၀) နဲ့ ဧရာဟင်းသာ (မက်ထရစ်တန် ၅၀၀)က ရောင်းပြီး ရန်ကုန်အခြေစိုက် စင်ကာပူကုမပဏီ ဖြစ်တဲ့ Olam International Co. Ltd. က ဝယ်ခဲ့တာ ဖြစ်ပါတယ်။ အာဖရိကတိုက်က Guineaမှာ ရောင်းဘို့ပါ။

၂။ ဒီဆန်များကို MV Ocean Prince နဲ့ တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီသင်း ဘောဟာ ရန်ကုန်ဆိပ်ကမ်းကို ၂၀၁၈ခုနှစ်၊ သြဂုတ်လအကုန်က ရောက်လာခဲ့ ပါတယ်၊ မိုးရွှာနေတော့ ဆန်တင်တာလဲ(၂)လခွဲလောက်ကြာ ခဲ့ပါတယ်။ ဒီသင်း ဘောဟာ မြန်မာနိုင်ငံက ဆန်တန်ချိန် ၂၂၀၀၀ ကို တင်ဆောင်ခဲ့ပြီး ရန်ကုန်မြို့က ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာမှ ထွက်ခွှာနိုင်ခဲ့ပါတယ်။ ဒီကြားထဲမှာ အိန်ဒိယမှာ တန်ချိန်(၁၄၀၀၀) ဝင်တင်တော့ ၂၀၁၈ခုနှစ် နိုဝင်ဘာလမှာ အိန်ဒိယ ဆိပ်ကမ်းကခွာနိုင်ပြီး ဂီနီနိုင်ငံက Conakry ဆိပ်ကမ်းကို ၂၀၁၈ခုနှစ် ဒီဇင်ဘာ လ အကုန်မှာ ရောက်ပါတယ်။

၃။ ဆန်တွေ သင်းဘောကချတော့ တန်ချိန် (၄၀၀၀) ချအပြီးမှာ ဆန်အလေး ချိန်မပြည့် တဲ့ပြဿနာပေါ်တယ်လို့ သိရပါတယ်။ အရည် အသွေှးစစ်တဲ့ ကုမ်ပဏီက ဆက်လက်လက်မခံခဲ့ဘူးလို့သိရပါတယ်၊ ဒါနဲ့ ကျန်အာဖရိကနိုင်ငံတွေကို ဆက် ရောင်း တော့ တိုဂိုနိုင်ငံကို ရောက်ပါတယ်။ အရည်အသွေးပြည့်ပေမဲ့ ဂီနီမှာ ဖြစ်ခဲ့တာတွေကို မီဒီယာက ဖွတော့ ဒီနိုင်ငံကလဲ လက်မခံခဲ့ပါဘူး၊ တစ်ခါ ကုတ်ဒီဗွား နိုင်ငံ အဘီဂျန် မှာ ချဘို့ လုပ်ခဲ့ပေမဲ့ လက်မခံခဲ့ပါဘူး၊

၎။ ဒါ့ကြောင့် မရောင်းရတဲ့ဆန်တွေကို မြန်မာနိုင်ငံပြန်သယ်ဘို့ အိုလန်း ကုမ်ပဏီက ကိုယ်စားလှယ်များက ၂၀၁၉ခုနစ်၊ေ ဖဖော်ဝါရီလ(၁၉) ရက်နေ့မှာ စီးပွား ကူးသန်းကို လာတွေ့ခဲ့ပါတယ်။ ဆန်တွေ ကီလိုမပြည့်လို့ တစ်ဖက်နိုင်ငံက ငြင်းပယ်ခံရပြီး မြန်မာနိုင်ငံကို ပြန်သယ်ပြီး ပြန်လည်တင်ပို့လိုတယ်လို့ ဆိုပါတယ်။ ဆန်အိတ်တွေဟာ ကီလို(၅၀) ရှိရမှာ ဖြစ်ပေမဲ့ (၄၅) ကီလိုဘဲ ရှိတဲ့ အတွက် တစ်ဖက်နိုင်ငံက လက်မခံတာဖြစ်ပြီး ဒီလိုငြင်းပယ်ရာမှာ လူစားသုံးရန် မသင့် လို့မှတ်ချက်ချတဲ့အတွက် များစွာ ထိခိုက်နစ်နာတယ်လို့ ဆိုပါ တယ်။ ဒါနဲ့ စီးပွား ကူးသန်းက repair and return စနစ်ဖြင့် သွင်းကုန်ပါမစ်များကို ချပေးခဲ့ပါတယ်။ ဒီဆန်များ ပြန်ရောက်လာရင် စစ်ဆေရေးအဖွဲ့နဲ့ စီစစ်ဘို့ကိုလဲ အဖွဲ့ ဖွဲ့စည်းဘို့ စီစဉ်ခဲ့ပါတယ်။

၅။ ဒါပေမဲ့ သင်းဘောကပြန်မလာခဲ့ပါဘူး၊ မကြာသေး မီ ကမှ သိရတာက ဆန်ရောင်းခဲ့တဲ့ ကုမ်ပဏီက ဒီဆန်တွေကို အာဖရိကမှာ လှည့်ရောင်းခဲ့လို့ ပြဿ နာ ပြေလည်သွားပြီလို့ဆိုပါတယ်။

၆။ ဒီလိုနေနေရာကနေ ဗြုန်းကနဲ့ မြန်မာဆန်တွေ စားသုံးရန်မသင့်လို့ အိုင်ဗရီ ကိုစ့်မှာ ဖျက်ဆီခံရ တယ် လို့ ဗီအိုအေသတင်းက သိရတယ်။ စီးပွား ရေး ကုမ်ပဏီတွေက သူ့အကျိုးစီးပွားအတွက် စီးပွားရေးလုပ်ကြပေမဲ့၊ မြန်မာဆန်ကို နာမည်ပျက်စေခဲ့ပါတယ်။

၇။ သင်းဘောက မြန်မာပြည်ပြန်လာဘို့ ဒေါက်တင် ပြင်ဆင်မှ ဖြစ်မယ်ဆိုပြီး အိုင်ဗရီကို့စ် ဆိပ်ကမ်းကို ကပ်ခဲ့တယ်လို့ဆိုပါတယ်။ သင်းဘောမှာ ဆန်တွေပါ တော့၊ ဆိပ်ကမ်းက ဆန်တွေ ကို ချခွင့်ပြုခဲ့ပါတယ်။ ဆန်တွေက မြန် မာနိုင်ငံမှာ သင်းဘော တင်ချိန်နဲ့ သင်းဘောပေါ်မှာ ရေငွေ့ဝင်ခဲ့ပုံရပါတယ်။ သင်း‌ဘောပေါ် မှာ (၈) လကျော်ကြာသွား တယ်။ ဒီတော့ သင်းဘောပေါ် က ချချိနှ် မှာ ဆန်ပျက် တွေ ဖြစ်နေပုံရတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်တွေက ဖျက်ဆီးခဲ့ပုံဘဲ။

၈။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်(MRF)၊ ဆန်တင်ပို့ သူတွေ၊ inspection agency တွေ သက်ဆိုင်သူတွေပါတဲ့ အစည်းအဝေးတစ်ခုကို မကြာမီပြုလုပ် သွား ဘို့ရှိတယ်။ ဖြစ်ရပ်အမှန်ကို ဆန်းစစ်မယ်၊ ဘယ်သူရဲ့ အားနည်း ချက်လဲ၊ သက်ဆိုင်ရာတင်ပို့တဲ့ ကုမ်ပဏီတွေလား၊ ပွဲစားလုပ်တဲ့ ကုမ်ပဏီလား၊ inspection agency တွေလား၊ စီးပွားကူးသန်းအနေနဲ့က ဘာလုပ်ပေးနိုင်မလဲ။ ဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံဆန်တင်ပို့သူများအတွက် Wake-up Call ဘဲ ဖြစ်ပါတယ်။ ဆန်တင်ပို့မှူု တစ်ခုလုံးကို ပြန်လည်ဆန်းစစ်ရမဲ့အချိန်ကျ လို့နေပေပြီ။

၉။ မြန်မာနိုင်ငံဟာ ကမ်ဘာ့ဆန်ဈေးကွက်မှာ မနှစ်ကမှ ပဥစမ အများဆုံး ဆန်တင်ပို့သူ အဖြစ်နေရာရ လာတာပါ။ ဒီလိုနေရာရချိန်မှာ အီးယူက မြန်မာနိုင်ငံက ဆန်လုံး ရှည်များကို သူ့အ ဖွဲ့ဝင်နိုင်ငံတွေကို အကာအကွယ်ပေးဘို့ safeguards duty ကောက်လာခဲ့တယ်။ ဈေးကွက်ကို ဝင်စနိုင်ငံတွေရဲ့ ကြုံတွေရတဲ့ ပြဿနာတွေ အတိုင်း ပြိုင်ဆိုင်မှုက လဲ ပြင်းထန်ခဲ့တယ်။ ဒါပေမဲ့ ဒီ ပြိုင်ဆိုင်မှုဟာ တရားသော ပြိုင်ဆိုင်မှုဘဲ ဖြစ်သင့်ပါတယ်။ inspection agency တွေနဲ့ ပေါင်းပြီး မတရားသော ပြိုင်ဆိုင်မှုလုပ်ခဲ့မယ်၊ သတ်မှတ်ထားတဲ့အစိုဓါတ်မရောက်ဘဲ တင်ပို့ခဲ့မယ်။ အလေး ချိန်မပြည့်ဘဲ တင်ပို့ခဲ့မယ် ဆိုရင် ဒီလိုပြဿနာမျိုးတွေ့နိုင်ပါတယ်။

၁၀။ မြန်မာနိုင်ငံ ဟာ ကမ်ဘာ့အလယ်မှာ တစ်ချိန်က ဆန်အများဆုံး ဆုံးတင်ပို့တဲ့ နိုင်ငံဖြစ်ခဲ့ပြီး ဒီလိုနေရာမျိုးကို ပြန်ရအောင် စိုကိပျိုးသူတွေရော၊ သိုလှောင်ကြိတ်ခွဲ သူများရော၊ ကုန်သည်ကြီးများရော၊ မြန်မာနိုင်ငံဆန်စပါး အသင်း ချုပ်ရော၊ ပြည်ပတင်ပို့တဲ့ ကုမ်ပဏီများရော၊ တစ်ဆင့်ခံရောင်း ဝယ်သူများရော၊ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု အသင်းချုပ်ရော၊ သက်ဆိုင်ရာဝန်ကြီး ဌာနများရော အားလုံး က တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်သွားကြ ရန်လိုအပ်မယ်လို့ ထင်ပါတယ်။ မြန်မာ နှစ်သစ်မှာ အားလုံး ရွင်လန်းချမ်း မြေ့ကြပါစေ။
Aun Htoo

No comments:

Post a Comment