Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, April 18, 2019

လုပ္္ၾကံ…ခံလိုက္ရေသာ ျမန္္႔မာ့ဆန္္


ဆန္ သတင္းရဲ႕ ေနာက္ကြယ္မွာ

ျမန္မာ နွစ္သစ္မဂၤလာ နွစ္ဆန္း ၁ ရက္ေန႔မွာ အမဂၤလာသတင္းကို ဖတ္လိုက္ရတယယ္။ အာဖရိကသတင္္း အစီအစဥ္မွာ Ivory Coast destroys 18,000 tonnes of dangerous Myanmar rice ဆိုတဲ့ သတင္းတက္လာျခင္း ျဖစ္ပါတယ္။

အိုင္ဗရီကိုစ္ ႏိုင္ငံေရာက္ရွိလာေသာ

စားသံုးရန္မသင့္ေသာ ျမန္မာ့ဆန္္ ၁၈,၀၀၀ တန္ အားဖ်က္ဆီးပစ္တယ္ဆိုတဲ့ သတင္္းရဲ႕ ေနာက္ဆက္တြဲ ျမန္မာဆန္ကုန္သည္ေတြရဲ႕ ဆံုးရွံုးမႈ၊ ျမန္မာဆန္အတြက္ ပို႔ကုန္ေစ်းကြက္ ေပ်ာက္ဆံုးမႈ၊ ျမန္မာျပည္တြင္း ဆန္စပါးေစ်း က်ဆင္းမႈ၊ လယ္ယာလုပ္ငန္း လုပ္ကိုင္ရပ္တည္ရန္ ခက္ခဲလာတဲ့ ေတာင္သူလယ္သမားေတြ၊ လယ္ယာေတြ စြန္႔ပစ္ထားခဲ့မွာေတြ၊ :အလုပ္လက္မဲ့ တိုးပြားလာမွာေတြ၊ ၿမိဳ႕ႀကီးျပႀကီးေတြမွာ လူေတြ စုပံုလာမွာေတြ၊ စသည္စသည္ေပါ့။ ျမင္ကြင္းထဲမွာ ဇက္တိုက္ေပၚလာေနတယ္။

အိုင္ဗရီကိုစ့္ဆိုတာ အာဖရိကအေနာက္ပိုင္းက ပင္လယ္ဆိပ္ကမ္းေကာင္းေတြရိွတဲ့ ကုန္းတြင္းပိတ္နိုင္ငံေတြရဲ႕ ထြက္ေပါက္နိုင္ငံျဖစ္ပါတယ္။ ျပင္သစ္ကိုလိုနီျဖစ္ခဲ့တဲ့ နိုင္ငံျဖစ္ၿပီး ၁၉၆၀ ကမွ လြတ္လပ္ေရးရတဲ့ နိုင္ငံျဖစ္ပါတယ္။ လူဦးေရ ၂၄ သန္းနီးပါးရိွေနပါၿပီ။

GDP (Per capita) အေနျဖင့္ $4,155 ရိွေနတဲ့အတြက္ အေတာ္ဝင္ေငြျမင့္တဲ့ နိုင္ငံထဲမွာ ပါ ပါတယ္။ အဓိကဝင္ေငြကေတာ့ ဆိမ္ကမ္းခြန္နဲ႔ အာဖရိကကုန္းတြင္းပိတ္နိုင္ငံေတြကို ကုန္ပစၥည္းျဖန္႔ျဖဴးျခင္းကေန ရရိွေနတာျဖစ္ပါတယ္။

အိုင္ဗရီကိုစ့္ က်န္းမာေရးတာဝန္ရိွသူေတြက လူေတြ စားသံုးရန္မသင့္္ေလ်ာ္ေၾကာင္း ဗုဒၶဟူးေန႔ (17/4/2018) ေန႔မွာ ေၾကညာခဲ့ပါတယ္။ ဒီဆန္ေတြဟာ ျမန္မာနိုင္ငံက တင္ပို႔ခဲ့တာျဖစ္ပါတယ္။ အခုေတာ့ ဆန္ေတြကို ေခ်ာက္ထဲသြန္ခ်ၿပီး ေျမထိုးကားနဲ႔ ျဖန္႔ဖံုးေနတာ ေတြ႕ရေတာ့ ျမန္မာေတာင္သူလယ္သမားေတြရဲ႕ ဘဝေတြကို လမ္းႀကိတ္ကားနဲ႔ ႀကိတ္ေနတယ္လို႔ ခံစားရတယ္။

အခု ဆန္ေတြဟာ အေနာက္အာဖရိက ဆိပ္ကမ္္း အေတာ္မ်ားမ်ား ျငင္းပယ္ထားတယ္လို႔ ဆိုထားပါတယ္။ ဂါနာ၊ ဂြီနီယာနဲ႔ တြန္ဂိုတို႔က ျငင္းပယ္ထားေၾကာင္း သေဘၤာခရီးစဥ္မွတ္တမ္းမွာ ေတြ႕ရပါတယ္။ ေနာက္ဆံုး အိုက္ဗရီကိုစ့္က ကုန္လက္ခံခဲ့ၿပီး အဘစ္ဂ်န္ဆိမ္ကမ္းမွာ ကုန္ခ်ခဲ့ပါတယ္။ အဲဒီေနာက္ အရည္အေသြးစစ္ေဆးတဲ့အခါမွာ ကုန္ပစၥည္းအရည္အေသြး မျပည့္မီ (unfit nature of the goods) ဆိုတဲ့ အေျဖထြက္လာခဲ့တာျဖစ္ပါတယ္။

အာဖရိကမွာ ဆန္ဟာ အဓိကအစာျဖစ္လာတဲ့အတြက္္ ဆန္တင္ပို႔သူ နိုင္ငံေတြအေနနဲ႔ အာဖရိကေစ်းကြက္ကို အရခ်ိတ္ဆက္ဖို႔ လိုအပ္ေနပါတယ္။

ျမန္မာဆန္တင္ပို႔မႈမွာ အဝယ္ဖက္က ခ်ိတ္ဆက္မွသာ တင္ပို႔သူေတြက ဆန္နမူနာနွင့္္ အရည္အေသြးစစ္ခ်က္ေတြ ေပးပို႔ၾကတာျဖသ္ပါတယ္။ ေပးပို႔တဲ့ နမူနာကို ႀကိဳက္လို႔ အမွာစာပို႔မွ တင္ပို႔ေရး လုပ္ၾကရတာျဖစ္ပါတယ္။ အခုျဖစ္စဥ္ဟာ ေသြးရိုးသားရိုး မဟုတ္နိုင္ပါဘူး။ အၿပိဳင္အဆိုင္ေစ်းကြက္နယ္ခ်ဲ့ေရး လုပ္လာေနတဲ့ ဆန္တင္ပို႔သူနိုင္ငံေတြနဲ႔ ကုန္သြယ္ေရးလက္တံရွည္တဲ့ နိုင္ငံေတြ၊ ကုန္သည္မ်ားအသင္းေတြရဲ႕ လက္ခ်က္ျဖစ္္နိုင္ပါတယ္။

ဒီျဖစ္စဥ္ကို အစိုးရအေနနဲ႔၊ ကုန္သြယ္ေရးဝန္ႀကီးဌာနအေနနဲ႔ ရပ္ၾကည့္ေနဖိို႔ မသင့္ပါဘူး။ Unfit for Human Consumption ဆိုတာကို အေျဖအရယူဖို႔ လိုအပ္ပါတယ္။ ဓာတုဓာတ္ႂကြင္း (Chemicl Residues) ေၾကာင့္လား? မိႈဆိပ္ေၾကာင့္လား? ျမန္မာဖက္က ဆန္အရည္အေသြးစစ္ေဆးအာမခံတဲ့ ကုမၸဏီအေနနဲ႔လည္း Backup Control နဲ႔ တိုက္ဆိုင္စစ္ေဆးဖို႔ လိုအပ္ပါတယ္။ Backup Control နဲ႔ လြဲမွားေနရင္ တင္ပို႔သူမွာသာ တာဝန္ရိွပါတယ္။ တူညီေနရင္ အရည္အေသြးစစ္ေဆးတဲ့ ကုမၸဏီက တာဝန္ယူေပးရပါမယ္။ အခု တင္ပို႔ထားတဲ့ ဆန္တန္ခ်ိန္ ၁၈၀၀၀၀ အတြက္ ေငြမေခ်ရေသးပါက ျမန္မာျပည္ဆန္ေလာကကို အႀကီးအက်ယ္ရိုက္ခပ္ပါေတာ့မယ္။ ေငြေခ်ၿပီးျဖစ္ရင္လည္း အိုင္ဗရီကိုစ့္ဟာ စီးပြားေရးေတာင့္တင္းတဲ့နိုင္ငံ၊ က်န္းမာေရး ပညာေရး ျမင့္မားတဲ့နိုင္ငံ မဟုတ္ပါဘူး။

လူစားသံုးဖို႔ မသင့္ဘူးဆိုရင္ေတာင္ တိရစာၦန္အစာ အတြက္ အသံုးခ်လို႔ ရပါေသးတယ္။ ဒီေလာက္ ပမာဏႀကီးကို သြန္ခ်ၿပီး ေခ်ာက္ဖို႔ျပတာဟာ ဆန္အရည္အေသြးထက္ နိုင္ငံေရး၊ စီးပြားေရး အၾကပ္ကိုင္လိုမႈေတြအထိ ရိွေနနိုင္ပါတယ္။ ဒါကို အစိုးရက ဝင္ေရာက္ကိုင္တြယ္ ေျဖရွင္းမွသာလွ်င္ ျမန္မာလယ္သမားေတြ လယ္ယာေတြ ပစ္ၿပီး ၿမိဳ႕တက္ေျပးလာတဲ့ဒဏ္က လြတ္နိုင္ပါလိမ့္မယ္လို႔ သတိေပးလိုက္ရပါတယ္။

ေဒါက္တာေက်ာ္ေဆြြ
(NUP)

Unicode Version

ဆန် သတင်းရဲ့ နောက်ကွယ်မှာ

မြန်မာ နှစ်သစ်မင်္ဂလာ နှစ်ဆန်း ၁ ရက်နေ့မှာ အမင်္ဂလာသတင်းကို ဖတ်လိုက်ရတယယ်။ အာဖရိကသတင်း အစီအစဉ်မှာ Ivory Coast destroys 18,000 tonnes of dangerous Myanmar rice ဆိုတဲ့ သတင်းတက်လာခြင်း ဖြစ်ပါတယ်။

အိုင်ဗရီကိုစ် နိုင်ငံရောက်ရှိလာသော

စားသုံးရန်မသင့်သော မြန်မာ့ဆန် ၁၈,၀၀၀ တန် အားဖျက်ဆီးပစ်တယ်ဆိုတဲ့ သတင်းရဲ့ နောက်ဆက်တွဲ မြန်မာဆန်ကုန်သည်တွေရဲ့ ဆုံးရှုံးမှု၊ မြန်မာဆန်အတွက် ပို့ကုန်ဈေးကွက် ပျောက်ဆုံးမှု၊ မြန်မာပြည်တွင်း ဆန်စပါးဈေး ကျဆင်းမှု၊ လယ်ယာလုပ်ငန်း လုပ်ကိုင်ရပ်တည်ရန် ခက်ခဲလာတဲ့ တောင်သူလယ်သမားတွေ၊ လယ်ယာတွေ စွန့်ပစ်ထားခဲ့မှာတွေ၊ :အလုပ်လက်မဲ့ တိုးပွားလာမှာတွေ၊ မြို့ကြီးပြကြီးတွေမှာ လူတွေ စုပုံလာမှာတွေ၊ စသည်စသည်ပေါ့။ မြင်ကွင်းထဲမှာ ဇက်တိုက်ပေါ်လာနေတယ်။

အိုင်ဗရီကိုစ့်ဆိုတာ အာဖရိကအနောက်ပိုင်းက ပင်လယ်ဆိပ်ကမ်းကောင်းတွေရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံတွေရဲ့ ထွက်ပေါက်နိုင်ငံဖြစ်ပါတယ်။ ပြင်သစ်ကိုလိုနီဖြစ်ခဲ့တဲ့ နိုင်ငံဖြစ်ပြီး ၁၉၆၀ ကမှ လွတ်လပ်ရေးရတဲ့ နိုင်ငံဖြစ်ပါတယ်။ လူဦးရေ ၂၄ သန်းနီးပါးရှိနေပါပြီ။

GDP (Per capita) အနေဖြင့် $4,155 ရှိနေတဲ့အတွက် အတော်ဝင်ငွေမြင့်တဲ့ နိုင်ငံထဲမှာ ပါ ပါတယ်။ အဓိကဝင်ငွေကတော့ ဆိမ်ကမ်းခွန်နဲ့ အာဖရိကကုန်းတွင်းပိတ်နိုင်ငံတွေကို ကုန်ပစ္စည်းဖြန့်ဖြူးခြင်းကနေ ရရှိနေတာဖြစ်ပါတယ်။

အိုင်ဗရီကိုစ့် ကျန်းမာရေးတာဝန်ရှိသူတွေက လူတွေ စားသုံးရန်မသင့််လျော်ကြောင်း ဗုဒ္ဓဟူးနေ့ (17/4/2018) နေ့မှာ ကြေညာခဲ့ပါတယ်။ ဒီဆန်တွေဟာ မြန်မာနိုင်ငံက တင်ပို့ခဲ့တာဖြစ်ပါတယ်။ အခုတော့ ဆန်တွေကို ချောက်ထဲသွန်ချပြီး မြေထိုးကားနဲ့ ဖြန့်ဖုံးနေတာ တွေ့ရတော့ မြန်မာတောင်သူလယ်သမားတွေရဲ့ ဘဝတွေကို လမ်းကြိတ်ကားနဲ့ ကြိတ်နေတယ်လို့ ခံစားရတယ်။



အခု ဆန်တွေဟာ အနောက်အာဖရိက ဆိပ်ကမ်း အတော်များများ ငြင်းပယ်ထားတယ်လို့ ဆိုထားပါတယ်။ ဂါနာ၊ ဂွီနီယာနဲ့ တွန်ဂိုတို့က ငြင်းပယ်ထားကြောင်း သင်္ဘောခရီးစဉ်မှတ်တမ်းမှာ တွေ့ရပါတယ်။ နောက်ဆုံး အိုက်ဗရီကိုစ့်က ကုန်လက်ခံခဲ့ပြီး အဘစ်ဂျန်ဆိမ်ကမ်းမှာ ကုန်ချခဲ့ပါတယ်။ အဲဒီနောက် အရည်အသွေးစစ်ဆေးတဲ့အခါမှာ ကုန်ပစ္စည်းအရည်အသွေး မပြည့်မီ (unfit nature of the goods) ဆိုတဲ့ အဖြေထွက်လာခဲ့တာဖြစ်ပါတယ်။

အာဖရိကမှာ ဆန်ဟာ အဓိကအစာဖြစ်လာတဲ့အတွက် ဆန်တင်ပို့သူ နိုင်ငံတွေအနေနဲ့ အာဖရိကဈေးကွက်ကို အရချိတ်ဆက်ဖို့ လိုအပ်နေပါတယ်။

မြန်မာဆန်တင်ပို့မှုမှာ အဝယ်ဖက်က ချိတ်ဆက်မှသာ တင်ပို့သူတွေက ဆန်နမူနာနှင့်် အရည်အသွေးစစ်ချက်တွေ ပေးပို့ကြတာဖြသ်ပါတယ်။ ပေးပို့တဲ့ နမူနာကို ကြိုက်လို့ အမှာစာပို့မှ တင်ပို့ရေး လုပ်ကြရတာဖြစ်ပါတယ်။ အခုဖြစ်စဉ်ဟာ သွေးရိုးသားရိုး မဟုတ်နိုင်ပါဘူး။ အပြိုင်အဆိုင်ဈေးကွက်နယ်ချဲ့ရေး လုပ်လာနေတဲ့ ဆန်တင်ပို့သူနိုင်ငံတွေနဲ့ ကုန်သွယ်ရေးလက်တံရှည်တဲ့ နိုင်ငံတွေ၊ ကုန်သည်များအသင်းတွေရဲ့ လက်ချက်ဖြစ်နိုင်ပါတယ်။



ဒီဖြစ်စဉ်ကို အစိုးရအနေနဲ့၊ ကုန်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ရပ်ကြည့်နေဖို့ မသင့်ပါဘူး။ Unfit for Human Consumption ဆိုတာကို အဖြေအရယူဖို့ လိုအပ်ပါတယ်။ ဓာတုဓာတ်ကြွင်း (Chemicl Residues) ကြောင့်လား? မှိုဆိပ်ကြောင့်လား? မြန်မာဖက်က ဆန်အရည်အသွေးစစ်ဆေးအာမခံတဲ့ ကုမ္ပဏီအနေနဲ့လည်း Backup Control နဲ့ တိုက်ဆိုင်စစ်ဆေးဖို့ လိုအပ်ပါတယ်။ Backup Control နဲ့ လွဲမှားနေရင် တင်ပို့သူမှာသာ တာဝန်ရှိပါတယ်။ တူညီနေရင် အရည်အသွေးစစ်ဆေးတဲ့ ကုမ္ပဏီက တာဝန်ယူပေးရပါမယ်။ အခု တင်ပို့ထားတဲ့ ဆန်တန်ချိန် ၁၈၀၀၀၀ အတွက် ငွေမချေရသေးပါက မြန်မာပြည်ဆန်လောကကို အကြီးအကျယ်ရိုက်ခပ်ပါတော့မယ်။ ငွေချေပြီးဖြစ်ရင်လည်း အိုင်ဗရီကိုစ့်ဟာ စီးပွားရေးတောင့်တင်းတဲ့နိုင်ငံ၊ ကျန်းမာရေး ပညာရေး မြင့်မားတဲ့နိုင်ငံ မဟုတ်ပါဘူး။

လူစားသုံးဖို့ မသင့်ဘူးဆိုရင်တောင် တိရစ္ဆာန်အစာ အတွက် အသုံးချလို့ ရပါသေးတယ်။ ဒီလောက် ပမာဏကြီးကို သွန်ချပြီး ချောက်ဖို့ပြတာဟာ ဆန်အရည်အသွေးထက် နိုင်ငံရေး၊ စီးပွားရေး အကြပ်ကိုင်လိုမှုတွေအထိ ရှိနေနိုင်ပါတယ်။ ဒါကို အစိုးရက ဝင်ရောက်ကိုင်တွယ် ဖြေရှင်းမှသာလျှင် မြန်မာလယ်သမားတွေ လယ်ယာတွေ ပစ်ပြီး မြို့တက်ပြေးလာတဲ့ဒဏ်က လွတ်နိုင်ပါလိမ့်မယ်လို့ သတိပေးလိုက်ရပါတယ်။

ဒေါက်တာကျော်ဆွေ
(NUP)

No comments:

Post a Comment