Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, April 19, 2019

ကိုယ္ဝန္ေဆာင္ႏွင့္ နဂါးေမာက္သီး

ကိုယ္၀န္ေဆာင္နဲ့နဂါးေမာက္သီး

ကိုယ္ဝန္ေဆာင္ေနတဲ့ ကာလမွာ သစ္သီးေတြ စားတာဟာ မိခင္က်န္းမာေရး အတြက္သာမက ကေလးဖြံ႕ၿဖိဳးမႈကိုပါ အကူအညီ ေပးပါတယ္။ အေရာင္စံုတဲ့ အသီးေတြစားရင္ အမ်ိဳးစံုတဲ့ အာဟာရ ဓာတ္ေတြ ရရွိႏိုင္ပါတယ္။ ဒါေၾကာင့္ အေရာင္အေသြးလည္းစံုၿပီး အာဟာရ ျဖစ္ေစတဲ့ နဂါးေမာက္သီးနဲ႔ ကိုယ္ဝန္ ေဆာင္မိခင္ေတြရဲ႕ က်န္းမာေရးက ဘယ္လို ဆက္စပ္ေနလဲဆိုတာ ေလ့လာၾကည့္ ရေအာင္။

နဂါးေမာက္သီးဟာ မြတ္ညက္ေနတဲ့ အသားနဲ႔ အစက္အေျပာက္ေလးေတြ ပါတဲ့ အသီးျဖစ္ၿပီး အရသာက ကီဝီသီး နဲ႔ ဆင္ပါတယ္။ အနီေရာင္ေဖ်ာ့ေဖ်ာ့ သို႔မဟုတ္ ပန္းေရာင္အျပင္ အျခား အေရာင္ေတြကလည္း တစ္မ်ိဳးစီ အာဟာရ ဓာတ္ေတြ ၾကြယ္ဝေနတဲ့အတြက္ ကိုယ္ဝန္ေဆာင္ မိခင္ေတြကို အမွ်င္ဓာတ္ေတြ အျပည့္အဝ ေပးစြမ္းႏိုင္ပါတယ္။

၁။ ဗီတာမင္ဓာတ္

နဂါးေမာက္သီးမွာ အဓိကဗီတာမင္ အေနနဲ႔ ဗီတာမင္စီ နဲ႔ ဗီတာမင္ဘီအုပ္စု ပါဝင္ပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္ေရာ ကေလးမွာပါ က်န္းမာတဲ့ ကိုယ္ခံစြမ္း အား ရရွိဖို႔အတြက္ ဗီတာမင္စီဟာ အေရးပါ႐ံုသာမက သံဓာတ္ စုပ္ယူတဲ့ ေနရာမွာလည္း ကူညီေပးပါတယ္။

    ဗီတာမင္ဘီကေတာ့ ကေလးႀကီးထြား ဖို႕အတြက္ လိုအပ္တဲ့ ပ႐ိုတင္းဓာတ္ကို စုပ္ယူေပးၿပီး ကာဗိုဟိုက္ဒရိတ္ေတြကို ေလာင္ကြ်မ္းေစကာ စြမ္းအင္အျဖစ္ထုတ္ ေပးေလ့ရွိပါတယ္။ ဒါေၾကာင့္ ကေလးရဲ႕ အေရျပားနဲ႕ မ်က္လံုး စတင္ျဖစ္ေပၚလာ ဖို႕သာမက အစာေျခစနစ္ကိုလည္း အ ေထာက္အပံ့ ေပးပါတယ္။
    ဗီတာမင္ေအလည္း အနည္းငယ္ပါဝင္ တာေၾကာင့္ သေႏၶသားရဲ႕ အ႐ိုးနဲ႔ သြား ေတြကို သန္မာေအာင္ျပဳလုပ္ေပးႏိုင္ပါ တယ္။

၂။ သတၲဳဓာတ္မ်ား

နဂါးေမာက္သီးဟာ သံဓာတ္ရရွိဖို႔ အတြက္အဓိက အရင္းအျမစ္ျဖစ္တာနဲ႔ အညီ အသီးရဲ႕၁၀ဝ ဂရမ္မွာ သံဓာတ္ ၁ မီလီဂရမ္နီးပါး ပါဝင္ပါတယ္။ သံဓာတ္ ဟာ ကိုယ္ဝန္ေဆာင္ေနတဲ့ ကာလအ တြင္းမွာ ေသြးပမာဏကို မ်ားေစတဲ့ အျပင္ ေသြးနီဥအတြက္ လိုအပ္တဲ့ ေဟမို ဂလိုဘင္ ျဖစ္ေပၚမႈကို အားေပးတာ ေၾကာင့္ လမေစ့ဘဲကေလးေမြးဖြားတာ၊ ေပါင္မျပည့္တဲ့ကေလး ေမြးတာေတြမွ ကာကြယ္ေပးပါတယ္။

    သေႏၶသားရဲ႕ ဆဲလ္ေတြ ျဖစ္ေပၚရာမွာ အေရးႀကီးတဲ့ ေဖာလိတ္ကာဗိုဟိုက္ဒ ရိတ္ ( Folate Carbohydrate ) လည္း ပါဝင္ပါတယ္။ ဒါ႔အျပင္ ကိုယ္ဝန္ေဆာင္ မိခင္ေတြ ကေလးမေမြးခင္ စားေပး တာဟာ ေမြးလာတဲ့ကေလးရဲ႕အာ႐ံုေၾကာ ဆိုပါတယ္။
    ေနာက္ၿပီး ကယ္လ္စီယမ္ပါဝင္တာဟာ ကေလးရဲ႕သြားေတြ၊ အ႐ိုးေတြကို ႀကီး ထြားဖို႔ အေရးပါၿပီး မဂၢနီဆီယမ္၊ ပို တက္စီယမ္နဲ႔ ဖိုက္တိုကယ္မီကယ္ ပါ ဝင္တာေၾကာင့္ ခႏၶာကိုယ္ခုခံအားစနစ္ ကို တက္ေစၿပီး ဖ်ားနာတာ မျဖစ္ေအာင္ ကူညီေပးပါတယ္။

အႀကံျပဳခ်က္

နဂါးေမာက္သီးဟာ ကိုယ္ဝန္ ေဆာင္မိခင္အတြက္သာမက ကေလး အတြက္ပါ မ်ားစြာေသာ အာဟာရဓာတ္ ေတြပါဝင္တာေၾကာင့္ အေလ့အက်င့္ လုပ္ၿပီး စားသင့္ပါတယ္။ ဒီအတိုင္း အသီးကို ဇြန္းနဲ႕ခပ္ထုတ္ၿပီး စားရတာ ခံတြင္းမေတြ႕လွဘူးဆိုရင္ေတာ့ တျခား အက်ိဳးျပဳအသီးေတြျဖစ္တဲ့ နာနတ္သီး၊ သရက္သီး၊ သေဘၤာသီး၊ ကီဝီသီး စတာ ေတြနဲ႔ အခ်ိဳရည္အနည္းငယ္ေရာကာ အသီးအသုပ္စံု ပံုစံမ်ိဳး စားေပးသင့္တယ္ လို႔ အႀကံျပဳလိုက္ရပါတယ္။
အိျဖဴ(ေဆးဝါးတကၠသိုလ္)

#Unicode Version#
ကိုယ်ဝန်ဆောင်နေတဲ့ ကာလမှာ သစ်သီးတွေ စားတာဟာ မိခင်ကျန်းမာရေး အတွက်သာမက ကလေးဖွံ့ဖြိုးမှုကိုပါ အကူအညီ ပေးပါတယ်။ အရောင်စုံတဲ့ အသီးတွေစားရင် အမျိုးစုံတဲ့ အာဟာရ ဓာတ်တွေ ရရှိနိုင်ပါတယ်။ ဒါကြောင့် အရောင်အသွေးလည်းစုံပြီး အာဟာရ ဖြစ်စေတဲ့ နဂါးမောက်သီးနဲ့ ကိုယ်ဝန် ဆောင်မိခင်တွေရဲ့ ကျန်းမာရေးက ဘယ်လို ဆက်စပ်နေလဲဆိုတာ လေ့လာကြည့် ရအောင်။

နဂါးမောက်သီးဟာ မွတ်ညက်နေတဲ့ အသားနဲ့ အစက်အပြောက်လေးတွေ ပါတဲ့ အသီးဖြစ်ပြီး အရသာက ကီဝီသီး နဲ့ ဆင်ပါတယ်။ အနီရောင်ဖျော့ဖျော့ သို့မဟုတ် ပန်းရောင်အပြင် အခြား အရောင်တွေကလည်း တစ်မျိုးစီ အာဟာရ ဓာတ်တွေ ကြွယ်ဝနေတဲ့အတွက် ကိုယ်ဝန်ဆောင် မိခင်တွေကို အမျှင်ဓာတ်တွေ အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

၁။ ဗီတာမင်ဓာတ်

နဂါးမောက်သီးမှာ အဓိကဗီတာမင် အနေနဲ့ ဗီတာမင်စီ နဲ့ ဗီတာမင်ဘီအုပ်စု ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရော ကလေးမှာပါ ကျန်းမာတဲ့ ကိုယ်ခံစွမ်း အား ရရှိဖို့အတွက် ဗီတာမင်စီဟာ အရေးပါရုံသာမက သံဓာတ် စုပ်ယူတဲ့ နေရာမှာလည်း ကူညီပေးပါတယ်။

    ဗီတာမင်ဘီကတော့ ကလေးကြီးထွား ဖို့အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို စုပ်ယူပေးပြီး ကာဗိုဟိုက်ဒရိတ်တွေကို လောင်ကျွမ်းစေကာ စွမ်းအင်အဖြစ်ထုတ် ပေးလေ့ရှိပါတယ်။ ဒါကြောင့် ကလေးရဲ့ အရေပြားနဲ့ မျက်လုံး စတင်ဖြစ်ပေါ်လာ ဖို့သာမက အစာခြေစနစ်ကိုလည်း အ ထောက်အပံ့ ပေးပါတယ်။
    ဗီတာမင်အေလည်း အနည်းငယ်ပါဝင် တာကြောင့် သန္ဓေသားရဲ့ အရိုးနဲ့ သွား တွေကို သန်မာအောင်ပြုလုပ်ပေးနိုင်ပါ တယ်။

၂။ သတ္တုဓာတ်များ

နဂါးမောက်သီးဟာ သံဓာတ်ရရှိဖို့ အတွက်အဓိက အရင်းအမြစ်ဖြစ်တာနဲ့ အညီ အသီးရဲ့၁၀ဝ ဂရမ်မှာ သံဓာတ် ၁ မီလီဂရမ်နီးပါး ပါဝင်ပါတယ်။ သံဓာတ် ဟာ ကိုယ်ဝန်ဆောင်နေတဲ့ ကာလအ တွင်းမှာ သွေးပမာဏကို များစေတဲ့ အပြင် သွေးနီဥအတွက် လိုအပ်တဲ့ ဟေမို ဂလိုဘင် ဖြစ်ပေါ်မှုကို အားပေးတာ ကြောင့် လမစေ့ဘဲကလေးမွေးဖွားတာ၊ ပေါင်မပြည့်တဲ့ကလေး မွေးတာတွေမှ ကာကွယ်ပေးပါတယ်။

    သန္ဓေသားရဲ့ ဆဲလ်တွေ ဖြစ်ပေါ်ရာမှာ အရေးကြီးတဲ့ ဖောလိတ်ကာဗိုဟိုက်ဒ ရိတ် ( Folate Carbohydrate ) လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင် မိခင်တွေ ကလေးမမွေးခင် စားပေး တာဟာ မွေးလာတဲ့ကလေးရဲ့အာရုံကြော ဆိုပါတယ်။
    နောက်ပြီး ကယ်လ်စီယမ်ပါဝင်တာဟာ ကလေးရဲ့သွားတွေ၊ အရိုးတွေကို ကြီး ထွားဖို့ အရေးပါပြီး မဂ္ဂနီဆီယမ်၊ ပို တက်စီယမ်နဲ့ ဖိုက်တိုကယ်မီကယ် ပါ ဝင်တာကြောင့် ခန္ဓာကိုယ်ခုခံအားစနစ် ကို တက်စေပြီး ဖျားနာတာ မဖြစ်အောင် ကူညီပေးပါတယ်။

အကြံပြုချက်

နဂါးမောက်သီးဟာ ကိုယ်ဝန် ဆောင်မိခင်အတွက်သာမက ကလေး အတွက်ပါ များစွာသော အာဟာရဓာတ် တွေပါဝင်တာကြောင့် အလေ့အကျင့် လုပ်ပြီး စားသင့်ပါတယ်။ ဒီအတိုင်း အသီးကို ဇွန်းနဲ့ခပ်ထုတ်ပြီး စားရတာ ခံတွင်းမတွေ့လှဘူးဆိုရင်တော့ တခြား အကျိုးပြုအသီးတွေဖြစ်တဲ့ နာနတ်သီး၊ သရက်သီး၊ သင်္ဘောသီး၊ ကီဝီသီး စတာ တွေနဲ့ အချိုရည်အနည်းငယ်ရောကာ အသီးအသုပ်စုံ ပုံစံမျိုး စားပေးသင့်တယ် လို့ အကြံပြုလိုက်ရပါတယ်။
အိဖြူ(ဆေးဝါးတက္ကသိုလ်)

No comments:

Post a Comment