Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, April 9, 2019

မန္းေလးေဘာလုံးအကယ္ဒမီမွ နဝမတန္းေက်ာင္းသားေလးကိတ္စ ဦးေဇာ္ေဇာ္တာဝန္ယူေပးျပီ


မႏၲေလးေဘာလုံးအကယ္ဒမီမွ နာမက်န္းျဖစ္ေနေသာ နဝမတန္းေက်ာင္းသားေမာင္မိုးစက္ေမာင္ေမာင္အား ယေန႔တြင္ ေလယာဥ္ျဖင့္
ေခၚေဆာင္လာၿပီး ရန္ကုန္ ဝိတိုရိယေဆးရုံ၌ ေဆးကုသမႈမ်ားကိုျပဳလုပ္ေပးေနၿပီ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္မီဒီယာဒါရိုက္တာ ဦးေဇာ္မင္းထိုက္က ေျပာသည္။

အဆိုပါ ေက်ာင္းသားငယ္သည္ စာေမးပြဲကာလအတြင္းကတည္းကနာမက်န္းျဖစ္ေနခဲ့ျခင္းျဖစ္ၿပီး ေႏြေက်ာင္းပိတ္ရက္မ်ားအတြင္း၌
မိဘမ်ားက၄င္းတို႔၏အစီအစဥ္ျဖင့္ မႏၲေလးေဆးရုံ၌ ေဆးကုသမႈမ်ားကိုျပဳလုပ္ေနခဲ့ျခင္းျဖစ္သည္။ ၿပီးခဲ့သည့္ရက္ပိုင္းကမွ မႏၲေလးအကယ္ဒမီတာဝန္ရွိသူမ်ားႏွင့္

ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္တို႔က ေႏြေက်ာင္းပိတ္ရက္ကတည္းက လက္ရွိခ်ိန္ထိ ကာလရွည္ ေဆးကုသမႈခံယူ ေနရသည့္ ကေလးငယ္၏ အေျခအေနကိုသိရွိခဲ့ရကာ ေဆးကုသမႈမ်ားကိုအေကာင္းဆုံးျပဳလုပ္ႏိုင္ရန္အတြက္ ရန္ကုန္သို႔ေခၚေဆာင္လာျခင္းျဖစ္သည္။

“ဒီေန႔မွာပဲ ေလယာဥ္နဲ႔လာၿပီးေတာ့ အခုရန္ကုန္ဝိတိုရိယ ေဆးရုံးႀကီးမွာ သူ႔အတြက္တကယ္လိုအပ္တဲ့ ေဆးစစ္မႈေတြလုပ္ႏိုင္ေအာင္စီစဥ္ထားတယ္။ ဥကၠ႒ကိုယ္တိုင္လည္းေဆးရုံကိုလာၿပီးေတာ့ အားေပးစကားေတြ ေျပာၿပီး အေကာင္းဆုံးကုသမႈေတြလုပ္ႏိုင္ေအာင္လည္း အစစအရာရာ ကူညီပ့ံပိုးေပးသြားမယ္လို႔ ေျပာပါတယ္´´ဟု ဦးေဇာ္မင္းထိုက္က ေျပာသည္။

လက္ရွိတြင္ ထိုကေလးငယ္၏ ေရာဂါကို အတိအက်မသိရေသးဘဲလိုအပ္မႈမ်ားရွိလာပါက ႏိုင္ငံျခားအထိသြားေရာက္ကုသေပးရန္စီစဥ္ထားေၾကာင္း ႏွင့္ ေဆးကုသမႈအားလုံးကို ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ဦးေဇာ္ေဇာ္က တာဝန္ယူေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

မိုင္းေစာလြင္

Unicode Version
မန္တလေးဘောလုံးအကယ်ဒမီမှ နာမကျန်းဖြစ်နေသော နဝမတန်းကျောင်းသားမောင်မိုးစက်မောင်မောင်အား ယနေ့တွင် လေယာဉ်ဖြင့်
ခေါ်ဆောင်လာပြီး ရန်ကုန် ဝိတိုရိယဆေးရုံ၌ ဆေးကုသမှုများကိုပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောသည်။

အဆိုပါ ကျောင်းသားငယ်သည် စာမေးပွဲကာလအတွင်းကတည်းကနာမကျန်းဖြစ်နေခဲ့ခြင်းဖြစ်ပြီး နွေကျောင်းပိတ်ရက်များအတွင်း၌
မိဘများက၎င်းတို့၏အစီအစဉ်ဖြင့် မန္တလေးဆေးရုံ၌ ဆေးကုသမှုများကိုပြုလုပ်နေခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းကမှ မန္တလေးအကယ်ဒမီတာဝန်ရှိသူများနှင့်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က နွေကျောင်းပိတ်ရက်ကတည်းက လက်ရှိချိန်ထိ ကာလရှည် ဆေးကုသမှုခံယူ နေရသည့် ကလေးငယ်၏ အခြေအနေကိုသိရှိခဲ့ရကာ ဆေးကုသမှုများကိုအကောင်းဆုံးပြုလုပ်နိုင်ရန်အတွက် ရန်ကုန်သို့ခေါ်ဆောင်လာခြင်းဖြစ်သည်။

“ဒီနေ့မှာပဲ လေယာဉ်နဲ့လာပြီးတော့ အခုရန်ကုန်ဝိတိုရိယ ဆေးရုံးကြီးမှာ သူ့အတွက်တကယ်လိုအပ်တဲ့ ဆေးစစ်မှုတွေလုပ်နိုင်အောင်စီစဉ်ထားတယ်။ ဥက္ကဋ္ဌကိုယ်တိုင်လည်းဆေးရုံကိုလာပြီးတော့ အားပေးစကားတွေ ပြောပြီး အကောင်းဆုံးကုသမှုတွေလုပ်နိုင်အောင်လည်း အစစအရာရာ ကူညီပံ့ပိုးပေးသွားမယ်လို့ ပြောပါတယ်´´ဟု ဦးဇော်မင်းထိုက်က ပြောသည်။

လက်ရှိတွင် ထိုကလေးငယ်၏ ရောဂါကို အတိအကျမသိရသေးဘဲလိုအပ်မှုများရှိလာပါက နိုင်ငံခြားအထိသွားရောက်ကုသပေးရန်စီစဉ်ထားကြောင်း နှင့် ဆေးကုသမှုအားလုံးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်က တာဝန်ယူပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မိုင်းစောလွင်

No comments:

Post a Comment