Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 3, 2019

ေဒြးရဲ႕ ေပြရႈပ္မႈေတြေၾကာင့္ အိပ္ေဆးအၾကိမ္ၾကိမ္ေသာက္ခဲ့ရတဲ့အျဖစ္ကုိေျပာျပတဲ့ မမိုးမိုး

မမိုးမိုးနဲ႔ ေဒြးနဲ႔ဟာ အခ်ိန္ေတြအၾကာၾကီး ေအးအတူပူအမွ်လက္တြဲလာခဲ့တဲ့ ေမာင္နွံေတြျဖစ္သလို မိုးမိုးဟာ ေဒြးကုိ မရွိရွိတာနဲ႔လုပ္ကုိင္ရွာေဖြေကြ်းေမြးျပီး ပညာသင္ေပးခဲ့သလုိ ပါရမီျဖည့္ေပးခဲ့သူပါ။ ေဒြးကလည္းမိုးမုိးကုိ မင္းသားျဖစ္သြားတဲ့အခ်ိန္မွာ ေကာင္းေကာင္းမြန္မြန္ထားျပီး ရွာေဖြေကြ်းေမြးခဲ့ပါတယ္။ ဒါေပမယ့္ မိုးမုိးဟာ လူသာေကာင္းေကာင္းေနရေပမယ့္ စိတ္မခ်မ္းသာခဲ့ရဘူးလို႔ဆိုပါတယ္။ ေဒြးရဲ႕ ေပြရႈပ္မႈေတြေၾကာင့္ စိတ္ဆင္းရဲခဲ့ရျပီး စိတ္ခ်မ္းသာေအာင္ကုိယ့္စိတ္ကုိယ္မနည္းျပင္ဆင္ေနထိုင္ခဲ့ရေၾကာင္းကုိ MRTV 4 ရဲ႕ Let’s Talk မွာ ေျပာသြားခဲ့ပါတယ္။

မိုးမိုးက ေဒြးေၾကာင့္ မ်က္ရည္နဲ႔မ်က္ခြက္ျဖစ္ခဲ့ရျပီး အိပ္ေဆးေသာက္ျပီးေတာ့ေတာင္ ကုိယ့္အသက္ကုိယ္ၾကံစည္ဖူးတယ္ဆိုတဲ့အေၾကာင္း “ပုိက္ဆံနဲ႔ေအာင္ျမင္မႈရဲ႕ေနာက္မွာ ဆိုးက်ိဳးတစ္ခုက ထပ္ျပီးပါလာတယ္။ အဲဒီပုိုက္ဆံရဲ႕ေနာက္မွာ အိမ္ေထာင္ေရး.. မ်ိဳးစံုပဲေလ။ မင္းသားတစ္ေယာက္ရဲ႕မိန္းမျဖစ္သြားျပီဟာ လာလုိက္တဲ့ျပႆနာေပ့ါေနာ္။ ခု Facebook ေပၚမွာ ေတြ႕ပါတယ္။ သမီးရည္းစားေလးေတြ ကြဲၾကတယ္။ အဲ့ဒါေလာက္က အစ္မအတြက္ အေသးအမႊားျဖစ္သြားတယ္။ ပထမတုန္းကေတာ့ အိမ္ေထာင္ေရးရဲ႕ဒဏ္ကုိေတာ္ေတာ္ခံရတယ္။ ကုိယ့္ေယာက္်ားက မင္းသားျဖစ္သြားတာကုိ ကုိယ္နားမလည္တာေပါ့ေနာ္။ နားမလည္ေတာ့ ေနာက္ကပါလာတဲ့ ျပႆနာေတာ္ေတာ္မ်ားမ်ားမွာ မ်က္ရည္နဲ႔မ်က္ခြက္ တစ္ေန႔တစ္ေန႔ အိပ္ေဆးသာက္ျပီးေတာ့ အၾကိမ္ၾကိမ္ေသတာ မေသနုိင္ဘူး။ အသက္ကလည္းရွည္တယ္”လို႔ ရင္နင့္စဖြယ္ေျပာျပထားပါတယ္။

ေဒြးရဲ႕ရႈပ္ခ်က္ေပြခ်က္ေတြဟာဆိုရင္ေတာ့ ရည္းစားေတြတစ္ေယာက္ျပီးတစ္ေယာက္ထားျပီး မမိုးမိုးနဲ႔ လာမိတ္ဆက္ေပးေသးတဲ့အေၾကာင္း “သမီးရည္းစားဘဝတုန္းကလည္း ေတာ္ေတာ္သည္းခံရတယ္။ ကုိသားၾကီးက အဲ့တုန္းက ဦးေက်ာ္ဟိန္းရဲ႕ တူကုိး။ ေကာင္မေလးေတြက အရမ္းၾကိဳက္ၾကတာ။ ရည္းစားတစ္ေယာက္ထားလိုက္ အစ္မနဲ႔ မိတ္ဆက္ေပးလိုက္၊ သူငယ္ခ်င္းျဖစ္သြားလိုက္၊ အဲ့ဒဏ္က အဲ့တုန္းကတည္းကခံရတာ။ အဲ့ေတာ့ သူငယ္ခ်င္းေတြျဖစ္ျပီး က်န္ခဲ့တယ္ေပ့ါေနာ္။ ေယာက္်ာေလးေတြကလည္း အိမ္ေထာင္ဘက္ကုိေရြးျပီဆိုရင္ ငါ့အေပၚဘယ္ေလာက္သည္းခံနုိ္င္မလဲလို႔ စဥ္းစားတယ္။ ေယာက္်ားေလးေတာ္ေတာ္မ်ားမ်ားက ရုပ္ေခ်ာတာ ပုိက္ဆံခ်မ္းသာတာနဲ႔ မဆံုးျဖတ္ဘူး။ အဲ့ခါက်ေတာ့ အစ္မက အရမ္းခံနုိင္ရည္ရွိတယ္”လို႔လည္း ရင္ဖြင့္ေျပာျပထားပါတယ္။

မိန္းကေလးေတြအေနနဲ႔ ကုိယ္ခ်စ္တဲ့သူက ကုိယ့္ကုိလိမ္တယ္ဆိုရင္ခ်စ္ေနေသးလို႔လိမ္တာမုိ႔လို႔ မသိခ်င္ေယာင္ေဆာင္ေပးသင့္တယ္လို႔လည္း မမိုးမိုးက “ေယာက္်ားေလးဆိုတာကေတာ့ အနည္းနဲ႔အမ်ားေတာ့ လက္တည့္စမ္းခ်င္တဲ့သူေတြခ်ည္းပဲ။ ခုေခတ္ပုိဆိုးပါတယ္။ မိန္းကေလးေတြလည္း ဒါေလးကုိ ကုိယ့္ေယာက္်ားကုိနားလည္ေပးရမယ္။ ကုိယ့္ေယာက္်ားမွားေနရင္ မသိခ်င္ေယာင္ေဆာင္ေနလိုက္။ ဝန္ခံေအာင္ဘယ္ေတာ့မွမလုပ္နဲ႔။ ဝန္ခံလိုက္တဲ့ေန႔က ကုိယ္ရံႈးတဲ့ေန႔ပဲ။ ေယာက္်ားက ဟုတ္တယ္လုပ္ေတာ့ဘာျဖစ္လဲ၊ ငါက နင့္ကုိရွာေကြ်းေနတာပဲလို႔ေျပာလိုက္တဲ့ေန႔က ကုိယ္ရံႈးတဲ့ေန႔လို႔အျမဲမွတ္ထား။ ဝန္မခံတာကုိယ့္ကုိခ်စ္ေနလို႔ပဲ။ ဝန္မခံတဲ့အတြက္ အစ္မကုိသူခ်စ္ေနတာေလ။ တန္ဖိုးထားေနတာေလ။ အစ္မသိမွာစိုးလို႔သူလိမ္တာေလ”လို႔ ကုိယ့္ဘက္က အေတြးအျမင္ေတြကုိေဝမွ်ထားပါတယ္။

႔ပရိသတ္ၾကီးေရာေဒြးရဲ႕ေပြရႈပ္မႈဒဏ္ကုိ ခါးေကာ့ေအာင္ခံလာရတဲ့ မမိုးမိုးကုိ သနားၾကလား။ ေဒြးမရွိေတာ့တာေတာင္ ဘဝကုိ ၾကံ့ၾကံ့ခံျဖတ္သန္းေနဆဲျဖစ္တဲ့ မမိုးမိုးကုိေရာ ေလးစားၾကလား။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ဂႏၱဝင္မင္းသားတစ္ဦးျဖစ္ခဲ့တဲ့ ေဒြးကုိလြမ္းေနၾကလား။ ေျပာခဲ့ၾကပါဦး။
Can’t Wait To Say
#Unicode Version#
မမိုးမိုးနဲ့ ဒွေးနဲ့ဟာ အချိန်တွေအကြာကြီး အေးအတူပူအမျှလက်တွဲလာခဲ့တဲ့ မောင်နှံတွေဖြစ်သလို မိုးမိုးဟာ ဒွေးကို မရှိရှိတာနဲ့လုပ်ကိုင်ရှာဖွေကျွေးမွေးပြီး ပညာသင်ပေးခဲ့သလို ပါရမီဖြည့်ပေးခဲ့သူပါ။ ဒွေးကလည်းမိုးမိုးကို မင်းသားဖြစ်သွားတဲ့အချိန်မှာ ကောင်းကောင်းမွန်မွန်ထားပြီး ရှာဖွေကျွေးမွေးခဲ့ပါတယ်။ ဒါပေမယ့် မိုးမိုးဟာ လူသာကောင်းကောင်းနေရပေမယ့် စိတ်မချမ်းသာခဲ့ရဘူးလို့ဆိုပါတယ်။ ဒွေးရဲ့ ပွေရှုပ်မှုတွေကြောင့် စိတ်ဆင်းရဲခဲ့ရပြီး စိတ်ချမ်းသာအောင်ကိုယ့်စိတ်ကိုယ်မနည်းပြင်ဆင်နေထိုင်ခဲ့ရကြောင်းကို MRTV 4 ရဲ့ Let’s Talk မှာ ပြောသွားခဲ့ပါတယ်။

မိုးမိုးက ဒွေးကြောင့် မျက်ရည်နဲ့မျက်ခွက်ဖြစ်ခဲ့ရပြီး အိပ်ဆေးသောက်ပြီးတော့တောင် ကိုယ့်အသက်ကိုယ်ကြံစည်ဖူးတယ်ဆိုတဲ့အကြောင်း “ပိုက်ဆံနဲ့အောင်မြင်မှုရဲ့နောက်မှာ ဆိုးကျိုးတစ်ခုက ထပ်ပြီးပါလာတယ်။ အဲဒီပိုက်ဆံရဲ့နောက်မှာ အိမ်ထောင်ရေး.. မျိုးစုံပဲလေ။ မင်းသားတစ်ယောက်ရဲ့မိန်းမဖြစ်သွားပြီဟာ လာလိုက်တဲ့ပြဿနာပေ့ါနော်။ ခု Facebook ပေါ်မှာ တွေ့ပါတယ်။ သမီးရည်းစားလေးတွေ ကွဲကြတယ်။ အဲ့ဒါလောက်က အစ်မအတွက် အသေးအမွှားဖြစ်သွားတယ်။ ပထမတုန်းကတော့ အိမ်ထောင်ရေးရဲ့ဒဏ်ကိုတော်တော်ခံရတယ်။ ကိုယ့်ယောက်ျားက မင်းသားဖြစ်သွားတာကို ကိုယ်နားမလည်တာပေါ့နော်။ နားမလည်တော့ နောက်ကပါလာတဲ့ ပြဿနာတော်တော်များများမှာ မျက်ရည်နဲ့မျက်ခွက် တစ်နေ့တစ်နေ့ အိပ်ဆေးသာက်ပြီးတော့ အကြိမ်ကြိမ်သေတာ မသေနိုင်ဘူး။ အသက်ကလည်းရှည်တယ်”လို့ ရင်နင့်စဖွယ်ပြောပြထားပါတယ်။

ဒွေးရဲ့ရှုပ်ချက်ပွေချက်တွေဟာဆိုရင်တော့ ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်ထားပြီး မမိုးမိုးနဲ့ လာမိတ်ဆက်ပေးသေးတဲ့အကြောင်း “သမီးရည်းစားဘဝတုန်းကလည်း တော်တော်သည်းခံရတယ်။ ကိုသားကြီးက အဲ့တုန်းက ဦးကျော်ဟိန်းရဲ့ တူကိုး။ ကောင်မလေးတွေက အရမ်းကြိုက်ကြတာ။ ရည်းစားတစ်ယောက်ထားလိုက် အစ်မနဲ့ မိတ်ဆက်ပေးလိုက်၊ သူငယ်ချင်းဖြစ်သွားလိုက်၊ အဲ့ဒဏ်က အဲ့တုန်းကတည်းကခံရတာ။ အဲ့တော့ သူငယ်ချင်းတွေဖြစ်ပြီး ကျန်ခဲ့တယ်ပေ့ါနော်။ ယောက်ျာလေးတွေကလည်း အိမ်ထောင်ဘက်ကိုရွေးပြီဆိုရင် ငါ့အပေါ်ဘယ်လောက်သည်းခံနိုင်မလဲလို့ စဉ်းစားတယ်။ ယောက်ျားလေးတော်တော်များများက ရုပ်ချောတာ ပိုက်ဆံချမ်းသာတာနဲ့ မဆုံးဖြတ်ဘူး။ အဲ့ခါကျတော့ အစ်မက အရမ်းခံနိုင်ရည်ရှိတယ်”လို့လည်း ရင်ဖွင့်ပြောပြထားပါတယ်။

မိန်းကလေးတွေအနေနဲ့ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုလိမ်တယ်ဆိုရင်ချစ်နေသေးလို့လိမ်တာမို့လို့ မသိချင်ယောင်ဆောင်ပေးသင့်တယ်လို့လည်း မမိုးမိုးက “ယောက်ျားလေးဆိုတာကတော့ အနည်းနဲ့အများတော့ လက်တည့်စမ်းချင်တဲ့သူတွေချည်းပဲ။ ခုခေတ်ပိုဆိုးပါတယ်။ မိန်းကလေးတွေလည်း ဒါလေးကို ကိုယ့်ယောက်ျားကိုနားလည်ပေးရမယ်။ ကိုယ့်ယောက်ျားမှားနေရင် မသိချင်ယောင်ဆောင်နေလိုက်။ ဝန်ခံအောင်ဘယ်တော့မှမလုပ်နဲ့။ ဝန်ခံလိုက်တဲ့နေ့က ကိုယ်ရှုံးတဲ့နေ့ပဲ။ ယောက်ျားက ဟုတ်တယ်လုပ်တော့ဘာဖြစ်လဲ၊ ငါက နင့်ကိုရှာကျွေးနေတာပဲလို့ပြောလိုက်တဲ့နေ့က ကိုယ်ရှုံးတဲ့နေ့လို့အမြဲမှတ်ထား။ ဝန်မခံတာကိုယ့်ကိုချစ်နေလို့ပဲ။ ဝန်မခံတဲ့အတွက် အစ်မကိုသူချစ်နေတာလေ။ တန်ဖိုးထားနေတာလေ။ အစ်မသိမှာစိုးလို့သူလိမ်တာလေ”လို့ ကိုယ့်ဘက်က အတွေးအမြင်တွေကိုဝေမျှထားပါတယ်။


့ပရိသတ်ကြီးရောဒွေးရဲ့ပွေရှုပ်မှုဒဏ်ကို ခါးကော့အောင်ခံလာရတဲ့ မမိုးမိုးကို သနားကြလား။ ဒွေးမရှိတော့တာတောင် ဘဝကို ကြံ့ကြံ့ခံဖြတ်သန်းနေဆဲဖြစ်တဲ့ မမိုးမိုးကိုရော လေးစားကြလား။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဂန္တဝင်မင်းသားတစ်ဦးဖြစ်ခဲ့တဲ့ ဒွေးကိုလွမ်းနေကြလား။ ပြောခဲ့ကြပါဦး။
Can’t Wait To Say

No comments:

Post a Comment