Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 26, 2019

ကက်သွန်နီ စားရင် ရရှိနိုင်မယ့် အကျိုးကျေးဇူး ၁၃ ချက်







(၁) ခံတွင်း_ကျန်းမာရေး



(၂) ကိုယ်ခံအား_ကောင်းစေ









(၅) အင်းဆက်_တားဆီးနိုင်



ကြက်သွန်နီအနံ့ကြောင့်လည်း အင်းဆက် တွေကို ပြေးစေတာကြောင့် အသုံးဝင်ပါ တယ်။

(၆) ကင်ဆာ_ကာကွယ်



(၇) နားကိုက်_သက်သာစေ



(၈) အသားအရေ_ဝင်းလက်စေ


















Kumudra
#Unicode Version#
ကြက်သွန်နီတွေက ကုသရေးမှာ အသုံးဝင်တယ် ဆိုတာ ဟိုးအရင်ကတည်းက သိကြပြီးဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတောင် ကြက်သွန်နီဟာ အစာစားချင်စိတ်နည်းနေသူတွေ၊ သွေးကြောကျဉ်းသူတွေအတွက် ကောင်းတယ်လို့ အသိအမှတ်ပြုထားတာဖြစ်ပါတယ်။

ကြက်သွန်နီက နာတာရှည် ပန်းနာ ဝေဒနာသည်တွေ၊ ဓာတ်မတည့်မှု ကြောင့် လေပြွန်ရောင်သူတွေ၊ အအေးမိ ချောင်းဆိုး ဝေဒနာတွေကို သက်သာစေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောကြပါတယ်။

ခန္ဓာကိုယ်ထဲက free radicals တွေကို ဓာတ်ပြယ်စေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်မှု များတဲ့ ကြက်သွန်နီဟာ မှိုပိုးကို သေစေတဲ့ အာနိသင်လည်းရှိတာကြောင့် အချက်အပြုတ်တွေထဲ မပါမဖြစ် ပါဝင်လျက်ရှိပါတယ်။

ကြက်သွန်နီရဲ့_ကျန်းမာရေး အကျိုးကျေးဇူးတွေ ကတော့

(၁) ခံတွင်း_ကျန်းမာရေး

ကြက်သွန်နီက သွားပျက်စီးခြင်းနဲ့ ခံတွင်းပိုးဝင်ခြင်း တို့ကို ကာကွယ်ပေးပါတယ်။

ကြက်သွန်နီကို အစိမ်းလိုက် နှစ်မိနစ်၊ သုံးမိနစ်လောက် ဝါးစားရုံနဲ့ ခံတွင်းထဲတင်မကဘဲ လည်ချောင်းနဲ့ နှုတ်ခမ်းတို့မှာပါ ရောဂါပိုးမွှားတွေကို သေစေနိုင်ပါ တယ်။
ကြက်သွန်နီက သွေးကျဲဆေးအာနိသင်လည်း ရှိပါတယ်

(၂) ကိုယ်ခံအား_ကောင်းစေ

ခန္ဓာကိုယ်အတွင်းမှာ ဗီတာမင်စီအတွက် နှိုးဆွပေးတဲ့ဓာတ်အဖြစ် လုပ်ဆောင်တဲ့ phytochemicals တွေက ကြက်သွန်နီမှာ ပါရှိပါတယ်။

ဗီတာမင်စီကြောင့်ပဲ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေတဲ့ အပြင် ရောဂါပိုးမွှားတွေကိုကာကွယ်နိုင်ပါ တယ်။

(၃) နှလုံးနဲ့ဆိုင်တဲ့_ရောဂါတွေကို_သက်သာ စေ

ကြက်သွန်နီက သွေးကျဲဆေးအာနိသင်လည်း ရှိပါတယ်။

နှလုံးရောဂါနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါတို့ ဖြစ်စေနိုင်တဲ့ သွေးခဲခြင်း၊ ပိတ်ဆို့ခြင်း တို့ကို ကာကွယ် တားဆီးပေး နိုင်ပါတယ်။

(၄) ဆီးချို_ထိန်းပေးနိုင်

အစားအစာထဲမှာ သဘာဝအလျောက်တွေ့ ရှိနိုင်တဲ့ သတ္ထုဓာတ်တစ်မျိုးဖြစ်တဲ့ ခရိုမီယမ်လည်း ပါဝင်ပါတယ်။

ခရိုမီယမ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာမှာ အထောက်အကူပေးပြီး ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ဆဲလ်တွေဆီ ဂလူးကို့စ်ပို့လွှတ်မှု နှေးစေနိုင်ပါတယ်။
ကြက်သွန်နီတွေက ကင်ဆာဖြစ်ပွားမှု ၊ ပျံ့နှံ့မှု တို့ကို ဟန့်တားနိုင်

(၅) အင်းဆက်_တားဆီးနိုင်

ကြက်သွန်နီအရည်ကို ပျားတုပ်ခံရတဲ့ နေရာမှာ လိမ်းပေးရင် အနာသက်သာ စေနိုင်ပါတယ်။

လတ်ဆတ်တဲ့ကြက်သွန်နီအရည် သို့မဟုတ် အနှစ်ကို အင်းဆက် အကိုက်ခံ ရတဲ့နေရာ၊ ပင်းကူ လျှပ်ခံရတဲ့ နေရာမှာ လိမ်းပေးနိုင်ပါတယ်။

ကြက်သွန်နီအနံ့ကြောင့်လည်း အင်းဆက် တွေကို ပြေးစေတာေကြောင့် အသုံးဝင်ပါ တယ်။

(၆) ကင်ဆာ_ကာကွယ်

ကြက်သွန်နီတွေက ကင်ဆာဖြစ်ပွားမှု ၊ ပျံ့နှံ့မှု တို့ကို ဟန့်တားနိုင်တဲ့ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

Quercetin ဟာ ကင်ဆာပြန့်ပွားမှု ကို ကာကွယ်၊ လျှော့ချပေးနိုင်တဲ့ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ဖြစ်ပါတယ်။

(၇) နားကိုက်_သက်သာစေ

ကြက်သွန်နီအရည် တစ်စက်နှစ်စက် ချပေးရင် ပြင်းထန်တဲ့ နားကိုက်ဝေဒနာ ခံစားနေရသူတွေအတွက် အကျိုးကျေးဇူးကြီး ပါတယ်။

နားထဲ တဝီဝီမြည်နေတာ ခံစားနေရရင် ကြက်သွန်နီအရည်ကို နားကျပ်တဲ့ဂွမ်းမှာ ဆွတ်ပြီး တို့ပေးနိုင်ပါတယ်။

(၈) အသားအရေ_ဝင်းလက်စေ

ကြက်သွန်နီအရည်ကို ပျားရည် သို့မဟုတ် သံလွင်ဆီနဲ့ ရောလိုက်ရင် ဝက်ခြံအတွက် အကောင်းဆုံး ဆေးတစ်လက်လို့ ဆိုကြ ပါတယ်။

ရောင်ရမ်းမှုလျော့ကျစေတဲ့ ဆေးဖက်ဝင် ပစ္စည်းတွေထဲ ပါဝင်တဲ့ ကြက်သွန်နီဟာ အရေပြားနီရဲရောင်ရမ်းမှု ကို သက်သာစေ နိုင်ပါတယ်။

ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါတို့လိုမျိုး နာကျင်ကိုက်ခဲမှု နဲ့ ရောင်ရမ်းမှု တွေ ကိုလည်း သက်သာစေနိုင်ပါတယ်။

(၉) ချောင်းဆိုး_ပျောက်စေနိုင်

ကြက်သွန်နီအရည်နဲ့ ပျားရည်ကို ဆတူရောပြီး စားသုံးရင် လည်ချောင်းနာ ခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။
ကြက်သွန်နီအရည် လက်ဖက်ရည် တစ်ဇွန်းကို ဂျင်းအရည်တစ်ဇွန်းနဲ့ ရောပြီး တစ်နေ့သုံးကြိမ် သောက်ရင် လိင်စိတ် နိုးကြွစေပါတယ်

(၁၀) အိမ်ထောင်ရေးသုခ_ရစေနိုင်

ကြက်သွန်နီက အိမ်ထောင်ရေးသုခကို လည်း ပေးစွမ်းနိုင်တယ်လို့ ဆိုကြပါတယ်။

ကြက်သွန်နီအရည် လက်ဖက်ရည် တစ်ဇွန်းကို ဂျင်းအရည်တစ်ဇွန်းနဲ့ ရောပြီး တစ်နေ့သုံးကြိမ် သောက်ရင် လိင်စိတ် နိုးကြွစေပါတယ်။

(၁၁) သွေးအားနည်းခြင်းအတွက်_ဆေးဝါး

သွေးအားနည်းခြင်း ခံစားနေရသူတွေမှာ ကြက်သွန်နီကို ကြံသကာနဲ့တွဲစားပြီး ရေသောက် ပေးရင် ခန္ဓာကိုယ်မှာ သွေးနီဥ ဆဲလ်တွေ ဖြစ်ပေါ်မှု ကို အားပေးတဲ့ သတ္ထုဓာတ်၊ အထူးသဖြင့် သံဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။

ကြက်သွန်နီကို နေ့စဉ် အစားအသောက ်ထဲ ထိုက်သင့်သလောက် ထည့်သွင်း စားသုံးရုံနဲ့ သွေးအားနည်းရောဂါကို ကာကွယ်နိုင်ပါတယ်။

(၁၂) ဗိုက်အောင့်_ပျောက်စေနိုင်

အရောင်ကျစေခြင်း၊ ဘက်တီးရီးယား သေစေနိုင်ခြင်း အာနိသင်တွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေနိုင် ပါတယ်။

အစာအိမ်ကို ဒုက္ခပေးမယ့် အရာတွေကို တားဆီးပေးပြီး အူလမ်းကြောင်း မှာ ရှင်းလင်းစေတဲ့ sap-onins ဓာတ်ကြောင့် ပါ။
ဆီးသွားရင်း ပူလောင်တဲ့ ခံစားမှု မျိုး ဖြစ်နေရသူတွေမှာ ကြက်သွန်နီကသက် သာမှု ပေးစွမ်းနိုင်

(၁၃) ဆီးနဲ့ပတ်သက်တဲ့_ရောဂါ

ဆီးသွားရင်း ပူလောင်တဲ့ ခံစားမှု မျိုး ဖြစ်နေရသူတွေမှာ ကြက်သွန်နီကသက် သာမှု ပေးစွမ်းနိုင်ပါတယ်။

သည်လိုခံစားနေရတဲ့သူတွေ အနေနဲ့ ကြက်သွန်နီ ခြောက်ဂရမ်မှ ခုနစ်ဂရမ် အထိ ရေနဲ့ဆူအောင်တည်ပြီး သောက်ပေး သင့်ပါတယ်။

ကြက်သွန်နီကို အကျိတ်အလုံး၊ တာရှည် နေတဲ့ ချောင်းဆိုးဝေဒနာတွေလို ရောဂါအမျိုးမျိုးအတွက် ကုသရာမှာ အသုံးပြုခဲ့တာဖြစ်တယ်လို့ Peace Health ကျန်းမာရေးအဖွဲ့အစည်းက ပြော ပါတယ်။
Kumudra

No comments:

Post a Comment