Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 11, 2019

ျမန္မာႏိုင္ငံ ေလေၾကာင္းႏွင့္ အာကာသပညာ တကၠသိုလ္က ေက်ာင္းသားေက်ာင္းသူေတြနဲ႔ TU-Meikhtila မွ ေက်ာင္းသားေက်ာင္းသူေတြရဲ႕ အမိႈက္ရွင္းတဲ႔ Challenge


“က်ေနာ္တို႔ေတြ ပံုမွာျမင္ရတဲ့ အမိႈက္ပံုႀကီးကို ႐ွင္းခဲ့ပါတယ္။ ခက္လည္း ခက္ခဲခဲ့ပါတယ္။ လူ(၁၄)ေယာက္အားနဲ႔ (၂)နာရီခြဲေက်ာ္နီးပါး အခ်ိန္ၾကာခဲ့ပါတယ္။

ဒါႀကီး တကယ္ျဖစ္ေျမာက္သြားဖို႔အတြက္ကူညီေပးခဲ့တဲ့ လူေတြကို အခု ေက်းဇူးတင္ခ်င္ပါတယ္။

MAEU ရဲ႕ year အသီးသီးမွ ေက်ာင္းသားေက်ာင္းသူမ်ား(အထူးအားျဖင့္ ဂ်ဳနီယာအတန္းမ်ားမွ ညီငယ္ညီမငယ္မ်ား)TU-Meikhtila မွေရာ ေက်ာင္းျပင္ပ ကပါတကူးတက ပါဝင္ကူညီခဲ့တဲ့ သူငယ္ခ်င္းေတြေရာ
ဆက္လက္ၿပီး ထုတ္ပိုးၿပီးေသာ ဆာလာအိတ္ (၁၆) အိတ္ခန္႔ ရွိတဲ့ အမိႈက္ေတြကို အမိႈက္ပံုအထိ သယ္ပို႔ဖို႔ လိုအပ္တဲ့ အကူညီကိုနယ္ေျမ ဌာနအထိ အကူညီ လိုက္ေတာင္းေပးပါတဲ့ ဆရာဆရာမမ်ားသမဂၢမွ ဒုဥကၠဌဆရာ နန္းဦးကိုေရာ စိတ္ရွည္ရွည္နဲ႔ ကားအႀကိဳအပို႔ကူညီခဲ့တဲ့ နယ္ေျမဌာနမွ ကိုပိုင္သ တို႔ကိုေရာ
အားလံုးအားလံုး ကိုယ္စား က်ေနာ္တို ့ MAEU Language Club မွ အထူးေက်းဇူးတင္႐ွိပါတယ္။

P.S အမိႈက္ မီး႐ိႈ႕တာနဲ႔ ပတ္သက္ၿပီးနားလည္မႈ မလြဲရန္ ႀကိဳ႐ွင္းျပထားခ်င္ပါတယ္။က်ေနာ္တို႔ သစ္ရြက္ေျခာက္ အမိႈက္မ်ားသာရိႈ႕ခဲ့ၿပီး ပုပ္ပြ အနံထြက္ေနတဲ့ ေခြးေသအေလာင္းတခုကိုပါ တပါတည္း မီး႐ိႈ႕ေပးခဲ့ပါတယ္။
မိတၳီလာၿမိဳ ့အျပင္ တျခား ၿမိဳ႕နယ္ေတြ အထိပါဒီ awareness ေလးနဲ႔ impact ေလး ျပန္႔သြားဖို႔အတြက္ ဒီ ပိုစ့္ေလးကို Share ေပးျခင္းျဖင့္လည္း ကူညီႏိုင္ပါတယ္။

အားလံုးကို ေက်းဇူးပါ။”





Unicode version

 မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေနဲ့ TU-Meikhtila မှ ကျောင်းသားကျောင်းသူတွေရဲ့ အမှိုက်ရှင်းတဲ့ Challenge

“ကျနော်တို့တွေ ပုံမှာမြင်ရတဲ့ အမှိုက်ပုံကြီးကို ရှင်းခဲ့ပါတယ်။ ခက်လည်း ခက်ခဲခဲ့ပါတယ်။ လူ(၁၄)ယောက်အားနဲ့ (၂)နာရီခွဲကျော်နီးပါး အချိန်ကြာခဲ့ပါတယ်။

ဒါကြီး တကယ်ဖြစ်မြောက်သွားဖို့အတွက်ကူညီပေးခဲ့တဲ့ လူတွေကို အခု ကျေးဇူးတင်ချင်ပါတယ်။

MAEU ရဲ့ year အသီးသီးမှ ကျောင်းသားကျောင်းသူများ(အထူးအားဖြင့် ဂျုနီယာအတန်းများမှ ညီငယ်ညီမငယ်များ)TU-Meikhtila မှရော ကျောင်းပြင်ပ ကပါတကူးတက ပါဝင်ကူညီခဲ့တဲ့ သူငယ်ချင်းတွေရော



ဆက်လက်ပြီး ထုတ်ပိုးပြီးသော ဆာလာအိတ် (၁၆) အိတ်ခန့် ရှိတဲ့ အမှိုက်တွေကို အမှိုက်ပုံအထိ သယ်ပို့ဖို့ လိုအပ်တဲ့ အကူညီကိုနယ်မြေ ဌာနအထိ အကူညီ လိုက်တောင်းပေးပါတဲ့ ဆရာဆရာမများသမဂ္ဂမှ ဒုဥက္ကဌဆရာ နန်းဦးကိုရော စိတ်ရှည်ရှည်နဲ့ ကားအကြိုအပို့ကူညီခဲ့တဲ့ နယ်မြေဌာနမှ ကိုပိုင်သ တို့ကိုရော
အားလုံးအားလုံး ကိုယ်စား ကျနော်တို့ MAEU Language Club မှ အထူးကျေးဇူးတင်ရှိပါတယ်။

P.S အမှိုက် မီးရှို့တာနဲ့ ပတ်သက်ပြီးနားလည်မှု မလွဲရန် ကြိုရှင်းပြထားချင်ပါတယ်။ကျနော်တို့ သစ်ရွက်ခြောက် အမှိုက်များသာရှို့ခဲ့ပြီး ပုပ်ပွ အနံထွက်နေတဲ့ ခွေးသေအလောင်းတခုကိုပါ တပါတည်း မီးရှို့ပေးခဲ့ပါတယ်။
မိတ္ထီလာမြို့အပြင် တခြား မြို့နယ်တွေ အထိပါဒီ awareness လေးနဲ့ impact လေး ပြန့်သွားဖို့အတွက် ဒီ ပိုစ့်လေးကို Share ပေးခြင်းဖြင့်လည်း ကူညီနိုင်ပါတယ်။

အားလုံးကို ကျေးဇူးပါ။”

No comments:

Post a Comment