Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 26, 2019

တောင်ကြီးမြို့ဗိုလ်ချုပ်လမ်းမရှိမြင်းစီးကြေးရုပ်ရိုက်ချိုးဖျက်စီးခံရ


တောင်ကြီး ၊ မတ် ၂၆

တောင်ကြီးမြို့ဗိုလ်ချုပ်လမ်းမ၊မဂ်လာဦးရပ်ရှိမြင်းစီးရုပ်ကိုလူအချို့မှရိုက်ချိုးဖျက် စီးခဲမှုဖြစ်ပေါ်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။

မြင်းစီးရုပ်ရဲ့ညာဘက်လက်နဲ့အမြီးတို့ ကိုရိုက်ဖျက်ထားတာဖြစ်ပြီးမြင်းစီးရုပ်ပျက်စီးနေတာကိုစည်ပင်သာယာရေးဌာ န၀န်ထမ်းကစတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့တောင်ကြီးနယ်မြေရဲစခန်းမှသိရပါတယ်။

မြင်းစီးရုပ်ရဲ့အချို့အစိတ်အပိုင်းတေရိုက်ချိုးဖျက်စီးခံထားရတာကိုတောင်ကြီးနယ်မြေရဲစခန်းမှသွားရောက်စစ်ဆေးခဲ့ပြီးမြင်းစီးရေုပ်အနီးတပ်ဆင်ထားတဲ့စီစီတီဗီမှတ်တမ်းတွေကြည့်ရှုစစ်ဆေးရာ လူအချို့ကညပိုင်းအချိန်မှာလာရောက်ရိုက်ချိုးဖျက်စီးခဲ့တာဖြစ်တယ်လို့လည်း တောင်ကြီးနယ်မြေရဲစခန်းမှသိရပါတယ်။

"ဒီလိုဖျက်စီးတာကိုလက်မခံပါဘူး၊ဒါက ထိန်းသိမ်းစောင့်ရှောက်ရမယ့်အရာတွေပါ၊အခုလိုသောက်စားမူးယစ်ပြီးဖျက် စီးတာတွေထပ်မဖြစ်ပေါ်စေဖို့အချိန် ကာလတစ်ခုသတ်မှတ်ပြီးတော့မြင်းရုပ်လိုအများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေကို 144 ပုဒ်မထုတ်ပြန်သင့်တယ်"လို့တရားဥပဒေစိုးမိုးရေးကွန်ယက် အဖွဲ့ဥက္ကဌဦးဝင်းနိုင်စိုးကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့တောင်ကြီးနယ်မြေရဲစခန်းကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့်ပြန်လည်ဖြေကြားတာမရှိပါဘူး။

လွန်ခဲ့တဲ့လကလည်းတောင်ကြီးမြို့ကန်ရှေ့ရပ်၊ဗိုလ်ချုပ်လမ်းပေါ်က ဆိုင်းဘုတ်အချို့ကိုညပိုင်းအချိန်လူငယ်တွေမူးယစ်ရမ်းကားဖျက်စီးခဲ့တာတွေလည်း ဖြစ်ပေါ်ထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီးတော့မြင်းစီးရုပ် အရေးယူပေးဖို့တောင်ကြီးမြို့နဖျက်စီးခဲ့သူတွေကိုယ်စည်ပင်သာယာရေးဌာန မှစည်းကမ်းထိန်းတာဝန်ခံဦးစိုင်းအေးမင်းကတရားလိုပြုလုပ်ပြီးတော့ပြည်သူပိုင်ပစ္စည်းဖျက်စီးမှုနဲ့အမှုဖွင့်ထားပါတယ်။.....
 ခွန်ဆာ (ရွှေတြိဂံ)

No comments:

Post a Comment