Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, March 6, 2019
တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသော ကျောင်းသူတစ်ဦး အရေးပေါ် ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ရ
Kyaikmayaw Ambulance
၎။ အိပ်ရေးဝအောင်အိပ်ပါ။
Aung Win Hlaing
Unicode
ကျိုက်မရောမြို့အထကကျောင်း၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသော ကျောင်းသူတစ်ဦး မူးမေ့သွားသဖြင့် အရေးပေါ် ကျိုက်မရောဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ရ။
အမြန်နေပြန်ကောင်းပါစေ..။ စိတ်လှုပ်ရှားလွန်းလို့လည်း ဖြစ်နိုင်ပါတယ်..။ Kyaikmayaw Ambulance
နောက်ထပ် ကျောင်းသား ကျောင်းသူများ အခုလို မဖြစ်ကြရလေအောင် အောက်က စာလေးကို ထည့်သွင်း မျှဝေပေးလိုက်ပါတယ်…
စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ အတွက် စိတ်ဖိစီးမှုလျော့နည်းစေမည့် နည်းလမ်းများ
စာမေးပွဲဖြေဆိုသူများစိတ်ဖိစီးမှုလျော့နည်း
လူအများစုမှာ စာမေးပွဲကြောင့် စိတ်ဖိစီးမှုအနည်းအများတော့ ခံစားကြရမှာပါ။ စာမေးပွဲဖြေဆိုတဲ့နေ့ မတိုင်မှီ မှာ စိတ်ဖိစီးနည်းနည်းရှိတာဟာကောင်းကျိုးရစေပါတယ်။
စိတ်ဖိစီးမှုမရှိရင်သင်ထားတဲ့သင်ခန်းစာများကိုပြန်လည်ကျက်မှတ်လေ့လာဖိုတွန်းအားနည်းနေတတ်လိုပါ။စာမေးပွဲနဲမကင်းနိုင်တဲ့သူတွေအတွက် စာမေးပွဲရက်တွေဟာပျော်ရွင်ဖွယ်မကောင်းတဲ့နေ့တွေပါဘဲ။ဒီလိုရက်တွေမှာစိတ်ဖိစီးမှုကိုကောင်းကောင်းထိန်းချုပ်ပြီး သင်ခန်းစာတွေကိုလေ့လာမှတ်သားနိုင်ရင်တော့အောင်စာရင်းမှာ ကောင်းတဲ့ရလဒ်ကိုရှိမှာပါ။
စာမေးပွဲတွင်း စိတ်ဖိစီးမှု ပူပန်းမှု ခံစားရတဲ့အခါ စာကျက်မှတ်ရခက်ခဲခြင်း|နံနက်ခင်းအိပ်ယာကမထနိုင်ခြင်း|ကျက်ပြီးသားသင်ခန်းစာများမေ့လွယ်ခြင်း|နာကျင်ကိုက်ခဲခြင်း|အစာစားလိုခြင်းမရှိခြင်း|
အားကစားလှုပ်ရှားမှုစိတ်ဝင်စားမှုနည်းပါးခြင်း|ဂနာမငြိမ်ခြင်း|နှလုံးခုန်နှုန်းမြန်ခြင်း|ခေါင်းကိုက်ခြင်းနှင့် မှူးဝေးအားနည်းခြင်း စသော လက္ခဏာများဖြစ်ပေါ်လာတတ်ပါတယ်။ဒီလက္ခဏာတွေထဲက (၃)မျိုးနှင့်အထက်ခံစားရင်တော့ စိတ်ဖိစီးမှုကို ဂရုတစ်စိုက်ထိန်းချုပ်ဖို့လိုနေပါပြီ။
စာမေးပွဲတွင်စိတ်ဖိစီးမှုလျော့နည်းအောင်အောက်ပါနည်းလမ်းများကိုအသုံးပြုပါ။
၁။ ကောင်းမွန်စွာစားသောက်ပါ။
စာမေးပွဲတွင်း စွမ်းအင်ပိုမိုလိုအပ်ပါတယ်။လတ်ဆတ်သောအသီးအနှံနှင့်ဟင်းသီးဟင်းရွက်များများစားပေးပါ။ကောင်းမွန်ပြည့်ဝတဲ့နံနက်စားဟာ စာကျက်မှတ်နေရသူတွေကိုအပြည်လန်းဆန်းစေပါတယ်။စာကျက်မှတ်ရလွန်းလိုငြီးငွေ့သလိုခံစားရင်သစ်သီးဖျော်ရည်အေးအေး ( သို့ )နွားနို့ပူပူတစ်ခွက်သောက်ပေးပါ။
၂။ စိတ်ဖိစီးမှုခံစားရတာကိုသတိပြုမိပါစေ။
စိတ်ဖိစီးမှုခံစားရတဲ့အခါ မခံစားရသလိုလျှစ်လျှူရှူမထားဘဲ ခံစားနေရတဲ့စိတ်ဖိစီးပူပန်မှုတွေ ပြေပျောက်သွားအောင် အားပေးဖေးမပေးပါ။အားပေးတတ်သောမိဘဒါမှမဟုတ် မိတ်ဆွေတစ်ဦးဦးနှင့် စကားစမြည်းပြောဆိုလိုက်ပါ။
၃။ သူငယ်ချင်းနဲ့သွားမယှဉ်ပါနှင့်။
တစ်ကယ်လို့သင်သူငယ်ချင်းကသင်ခန်းစာတစ်ခုကိုလေးကြိမ်ဘဲကြည့်ရသေးတယ်လိုသင်ရှေ့မှာညည်းထွားနေရင်နှစ်ကြိမ်လောက်ဘဲလေ့လာခဲရတဲ့သင်ကိုအကြီးအကျယ်ထိတ်လန့်သွားစေနိုင်ပါတယ်။လူတစ်ဦးနှင့်တစ်ဦး သင့်ခန်းစာလေ့လာပုံချင်းမတူပါဘူး။တစ်ချိုကဖြည်းဖြည်းမှန်မှန်လေ့လာပြီး အားလုံးကိုမှတ်မိနေတတ်ပါတယ်။မြန်မြန်နဲအကြိမ်ရေများများလေ့လာပေ့မယ်ကျက်မှတ်ပြီးသား မေ့သွားတတ်တဲ့သူများလည်ရှိပါတယ်။ဒါကြောင့် သင့်ရွေးချယ်ထားတဲ့စာကျက်မှတ်တဲ့နည်းလမ်းဟာသင့်အတွက်ကောင်းဆုံးပါဘဲ။
၄။ အိပ်ရေးဝအောင်အိပ်ပါ။
အိပ်ယာမဝင်ခင် ခန္ဓာကိုယ်ကို အကြောလျော့ပြီးအနားယူပါ။အိပ်ယာထဲရောက်တဲ့အခါစာမကျက်ပါနဲတော့။အိပ်ချိန် (၈)နာရီရှိမှသာ မှတ်သားဉာဏ်စွမ်းအားကောင်းမွန်ပြည့်ဝတတ်ပါတယ်။
၅။ မကောင်းတဲ့အလေ့အထတွေရှောင်ပါ။
အရက်|စီးကရက်နှင့်စိတ်ကြွဆေးများ မှီဝဲရင် ပို့ပြီးစိတ်ဖိစီးမှုကိုခံစားရတာ ဦးနှောက်ကိုထိုင်းမှိုင်းလေးလံစေပါတယ်။
၆။ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပါ။
ကိုယ်လက်လှုပ်ရှားအားကစားလုပ်တာဟာစိတ်ဖိစီးမှုကိုအကောင်းဆုံးကုသနည်းတစ်မျိုးဖြစ်ပါတယ်။သင့်အချိန်ဇယားထဲမှာအားကစားအစိစဉ်ကိုထည့်သွင်းပြီးပြုလုပ်အောင်ကြိုးစားပေးပါ။
၇။ အသက်ပြင်းပြင်းမရှူပါနဲ့။
အသက်ပြင်းပြင်းရှူတာဟာစိတ်ပူပန်ထိတ်လန့်မှုကို ပိုဆိုးစေပါတယ်။စာမေးပွဲဖြေဆိုချိန်မှာ အာရုံစူးစိုက်လိုမရအောင်စိတ်ဖိစီးနေရင်တော့ နာခေါင်းကနေ အသက်ရှူသွင်း/ရှူထုတ်တာကို ခဏတာအာရုံပြုပြီတစ်ကနေ ငါးထိရေရွတ်လိုက်ပြီ စိတ်ငြိမ်မှုကိုရယူပါ။
၈။ စာမေးပွဲဖြေဆိုချိန်မှာစိတ်မညှစ်ပါစေနဲ့။
စာမေးပွဲဖြေဆိုပြီလို တစ်ပုဒ်တစ်လေပုစ္ဆာမှားတွက်မိခဲ့တာမျိုး|မေးခွန်းနဲအဖြေမကိုက်ညီတာမျိုးကြုံခဲ့ရင်စိတ်မညှစ်ပါနဲတော့|နောက်တစ်နေ့ဖြေရမယ့်ဘာသာရပ်အတွက် အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။စာမေးပွဲမဖြေဆိုနိုင်ဘူးဆိုရင်တောင့်စိတ်ဖိစီးမှုပူပန်မှုတွေနဲ့ စိတ်မညှစ်ပါနှင့် စာမေးပွဲဆိုတာဘဝရဲအစိတ်အပိုင်းတစ်ရပ်ပါ။နောက်ထပ်ကြုံရမယ် စာမေးပွဲပေါင်းများစွာဖြေဆိုနိုင်ဖို့ကိုသာအားမွေးပြင်ဆင်ထားသင့်ပါသည်။
Aung Win Hlaing
No comments:
Post a Comment