Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 26, 2019

လူေျပာအရမ္းမ်ားေနတ့ဲ သီလရွင္ဆရာေလးမ်ားကိစၥ သတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီ


ဗီဒီယိုဖိုင္ ေအာက္တြင္ေဖာ္ျပထားပါသည္
လူမွုေရးရွဳ႕ေထါင့္ ဘာသာေရးရွဳ႕ေထါင့္ကနာမလည္ လက္မခံႏိုင္သည့္ သီလရွင္ဆရာေလးမ်ားကိစၥ သတင္းစာရွင္းလင္းပြဲ စစ္ကိုင္းျမိဳ႕ပါရမီရပ္ကြက္ ဧျမေဇယ်ာေခ်ာင္ ဝိမလာရာမတိုက္ ႏွင့္ပါတ္သတ္၍လက္ေထာက္သီလရွင္ ေဒၚေကသာဝတီ မွ သတင္းစာရွင္လင္းပြဲကို ေအာက္တိုဘာ ၂၈ ရက္ေန႔ နံနက္ ၁၀နာရီက ပါရမီရပ္ကြက္အဆိုပါေက်ာင္းတိုက္အနီးေနအိမ္တြင္က်င္းပခဲ႔သည္။

သီတင္းကြ်တ္လျပည့္ေက်ာ္ ၁ရက္ ေအာက္တိုဘာ ၂၅ ရက္ေန႔ ေန ၃ နာရီ ခန္႔ကစစ္ကိုင္းျမိဳ႕ပါရမီရပ္ကြက္ ဧျမေဇယ်ာေခ်ာင္ ဝိမလာရာမတိုက္ တြင္အသက္ ၁၈ႏွစ္ မွ စတင္ျပီး သီလရွင္ ဝတ္ခဲ႔သည့္အသက္ ၅၆ ႏွစ္ ဝါေတာ္ ၃၈ ဝါ သီလရွင္ ဆရာေလးေဒၚေကသာဝတီႏွင့္ အသက္ ၉၀ ေက်ာ္ ဖခင္ျဖစ္သူတို႕ ၄င္းတို႔ေနထိုင္သည့္ေက်ာင္းအေဆာက္အဦးမိုးမလံု၍ မိုးကာျဖင့္ကာရာမွ ေက်ာင္းစည္းကမ္းေဖါက္ဖ်က္သည္ဟု အေၾကာင္းျပကာ သီလရွင္ ဆရာေလး အပါး ၃၀ေက်ာ္တို႕က ခါဝတ္က်ြတ္ေအာင္ဆြဲထုတ္ျခင္း သီတင္သံုးေနေသာေခ်ာင္အေဆာက္အဦအား သစ္သားတန္းမ်ားျဖင့္ သံရိုတ္ပိတ္ထားျခင္း အသံုးအေဆာင္ပစၥည္မ်ားကိုလမ္းေဘးဆြဲထုတ္ျခင္းျဖစ္ပြားခဲ့ပါတယ္။

ယခုတြင္လည္း အမိုးအကာမရွိကုတင္တစ္လံုးေပၚတြင္သီတင္သံုေနရျခင္း ဆရာေလး၏ ဦးေလးေတာ္စပ္သူ ဦးေမာ္က သတင္းစာရွင္းလင္ပြဲျပဳလုပ္ျပီး သက္ဆိုင္ရာ အာဏာပိုင္ အဖြဲ႕အစည္းမ်ားသို႕တိုင္ၾကားထားေၾကာင္းသိရသည္။

ယခုအခ်ိန္ထိ ဆရာေလးေဒၚေကသာဝတီမွာ အမိုးအကာမပါ ကုတင္တစ္လံုးျဖင့္ေနရျခင္း ေခ်ာင္ျပင္ပသို႕ထြက္ခြါမရရွိျခင္း ေရခ်ိဳးအေပါ့အပါးကိစၥမ်ားပါပိတ္ပင္ထားရွိျခင္း အနီးပတ္ဝန္းက်င္ေနအိမ္မ်ားမွ အျမင္မေတာ္၍ ဆြမ္းကြမ္းမ်ားပို႔သျဖင့္ ေခ်ာင္အုတ္တံတိုင္းမ်ားကို သံဆူးႀကိဳးမ်ားႏွင့္ သြတ္ျပာမ်ားျဖင့္ကာရံျခင္းတို မွာ ဘာသာေရးရွဳ႕ေထါင့္ လူမွဳေရးရွဳ႕ေထါင့္မွ နာမလည္နိုင္ ျခင္း သာသန သကၤန္း ဝတ္ဆင္ထားျပီး တရားက်င့္ႀကံေနကို ဘုရားသားေတာ္ သမီးေတာ္မ်ားမွာ မျပဳလုပ္သင့္သည့္ သာသနာညိုႏြမ္း ေစျခင္း ကိစၥတို႔ကိုျမင္ေတြ႕ရ၍ ဓါတ္ပံုမွတ္တမ္းမ်ားျဖင့္တင္ျပအပ္ပါသည္။ ေက်ာ္ထူး(စစ္ကိုင္း)

Vidoe ၾကည့္ရန္
Unicode
ဗီဒီယိုဖိုင် အောက်တွင်ဖော်ပြထားပါသည်
လူမှုရေးရှု့ထေါင့် ဘာသာရေးရှု့ထေါင့်ကနာမလည် လက်မခံနိုင်သည့် သီလရှင်ဆရာလေးများကိစ္စ သတင်းစာရှင်းလင်းပွဲ စစ်ကိုင်းမြို့ပါရမီရပ်ကွက် ဧမြဇေယျာချောင် ဝိမလာရာမတိုက် နှင့်ပါတ်သတ်၍လက်ထောက်သီလရှင် ဒေါ်ကေသာဝတီ မှ သတင်းစာရှင်လင်းပွဲကို အောက်တိုဘာ ၂၈ ရက်နေ့ နံနက် ၁၀နာရီက ပါရမီရပ်ကွက်အဆိုပါကျောင်းတိုက်အနီးနေအိမ်တွင်ကျင်းပခဲ့သည်။

သီတင်းကျွတ်လပြည့်ကျော် ၁ရက် အောက်တိုဘာ ၂၅ ရက်နေ့ နေ ၃ နာရီ ခန့်ကစစ်ကိုင်းမြို့ပါရမီရပ်ကွက် ဧမြဇေယျာချောင် ဝိမလာရာမတိုက် တွင်အသက် ၁၈နှစ် မှ စတင်ပြီး သီလရှင် ဝတ်ခဲ့သည့်အသက် ၅၆ နှစ် ဝါတော် ၃၈ ဝါ သီလရှင် ဆရာလေးဒေါ်ကေသာဝတီနှင့် အသက် ၉၀ ကျော် ဖခင်ဖြစ်သူတို့ ၄င်းတို့နေထိုင်သည့်ကျောင်းအဆောက်အဦးမိုးမလုံ၍ မိုးကာဖြင့်ကာရာမှ ကျောင်းစည်းကမ်းဖေါက်ဖျက်သည်ဟု အကြောင်းပြကာ သီလရှင် ဆရာလေး အပါး ၃၀ကျော်တို့က ခါဝတ်ကျွတ်အောင်ဆွဲထုတ်ခြင်း သီတင်သုံးနေသောချောင်အဆောက်အဦအား သစ်သားတန်းများဖြင့် သံရိုတ်ပိတ်ထားခြင်း အသုံးအဆောင်ပစ္စည်များကိုလမ်းဘေးဆွဲထုတ်ခြင်းဖြစ်ပွားခဲ့ပါတယ်။

ယခုတွင်လည်း အမိုးအကာမရှိကုတင်တစ်လုံးပေါ်တွင်သီတင်သုံနေရခြင်း ဆရာလေး၏ ဦးလေးတော်စပ်သူ ဦးမော်က သတင်းစာရှင်းလင်ပွဲပြုလုပ်ပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများသို့တိုင်ကြားထားကြောင်းသိရသည်။
ယခုအချိန်ထိ ဆရာလေးဒေါ်ကေသာဝတီမှာ အမိုးအကာမပါ ကုတင်တစ်လုံးဖြင့်နေရခြင်း ချောင်ပြင်ပသို့ထွက်ခွါမရရှိခြင်း ရေချိုးအပေါ့အပါးကိစ္စများပါပိတ်ပင်ထားရှိခြင်း အနီးပတ်ဝန်းကျင်နေအိမ်များမှ အမြင်မတော်၍ ဆွမ်းကွမ်းများပို့သဖြင့် ချောင်အုတ်တံတိုင်းများကို သံဆူးကြိုးများနှင့် သွတ်ပြာများဖြင့်ကာရံခြင်းတို မှာ ဘာသာရေးရှု့ထေါင့် လူမှုရေးရှု့ထေါင့်မှ နာမလည်နိုင် ခြင်း သာသန သင်္ကန်း ဝတ်ဆင်ထားပြီး တရားကျင့်ကြံနေကို ဘုရားသားတော် သမီးတော်များမှာ မပြုလုပ်သင့်သည့် သာသနာညိုနွမ်း စေခြင်း ကိစ္စတို့ကိုမြင်တွေ့ရ၍ ဓါတ်ပုံမှတ်တမ်းများဖြင့်တင်ပြအပ်ပါသည်။ ကျော်ထူး(စစ်ကိုင်း)
Vidoe ကြည့်ရန်

No comments:

Post a Comment