Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 11, 2019

ဒေါက်တာလဲ့လဲ့မော် ထားဝယ် ထောင်အချုပ်ရောက်ပြီ






ဒေါက်တာလဲ့လဲ့မော် ထားဝယ်
 ထောင်အချုပ်ရောက်ပြီ

ဒေါက်တာလဲ့လဲ့မော်အား ချုပ်မိန့်ရမန်ကို ထားဝယ်မြို့နယ် တရားသူကြီးရှေ့မှောက်တွင် ပေးလိုက်ကြောင်း ထားဝယ်မြို့နယ်တရားသူကြီး ဦးကျော်မြင့် မတ်လ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပြောသည်။

ချုပ်မိန့်ရမန်ကို မည်သည့်နေရာတွင် ပေးသည်ဆိုသည့် မေးခွန်းကိုမူ မြို့နယ်တရားသူကြီး ဦးကျော်မြင့်က ဖြေဆိုရန်ငြင်းဆန်ခဲ့သည်။





ပထမအကြိမ် ချုပ်မိန့်ရမန်ကို မတ်လ ၁၁ ရက်မှ ၂၄ ရက်နေ့အထိ ပေးထားပြီး ထားဝယ်မြို့ အကျဉ်းထောင်ရှိ ထောင်အချုပ်တွင် ချုပ်ထားကြောင်း ထားဝယ်မြို့နယ်တရားရုံးထံမှ သိရသည်။

ဒေါက်တာလဲ့လဲ့မော်သည် ယနေ့ ညနေ ၃ နာရီဝန်းကျင်တွင် ကော့သောင်းမြို့မှ ထားဝယ်လေဆိပ်သို့ရောက်ရှိလာခဲ့သည်။ 

ယင်းနောက် ဝန်ကြီးချုပ်စီးနင်သည့်ကားကို ရဲကားလေးစီဖြင့် စီတန်းကာ တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။

ပုံ - ဒေါက်တာလဲ့လဲ့မော်အားထားဝယ်လေဆိပ်မှ တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ဆောင်သွားခဲ့စဉ်။ 
ဓာတ်ပုံ - ဝေယံစိုး/Dawei Watch
Dawei Watch
#ဒေါက်တာလဲ့လဲ့မော် #DaweiWatch

No comments:

Post a Comment