Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 10, 2019

တနင်္သာရီတိုင်းက ရှင်ဂွမ်းဂွိတော့ ထားဝယ်ကြိမ်စာ မိသွားရှာပြီ (အိပန်ဆယ်လို)


တလောက ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်းကို သွားတယ်။ ပလိန်းကြီး အလည်အပတ်ထွက်တာ မဟုတ်ဘူးဆိုတာတော့ အားလုံးသိကြပြီးသား။ လူထုတွေ့ဆုံပွဲ လုပ်တယ်။ တနင်္သာရီသားတွေ ကြမ်းတယ်၊ လန်းတယ်။ လူထုတွေ့ဆုံပွဲမှာ သာမန်ပြည်သူတွေက တိုင်းဝန်ကြီးချုပ်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး "အမေ... သူလိမ်နေတာ... သူလိမ်နေတာ" လို့ ပြောလို့ရတာ အမေ့ခေတ်မှာပဲ မြင်ဖူးတော့တာ။

ဒီမိုကရေစီဆိုတာ ဒါပါပဲ။ အရင်ခေတ်ကဆို ဒီလူ အရိုးအသားတောင် ရှာလို့ရမယ်မထင်ဘူး။ အမေ့ခေတ်မှာတော့ ခြေမမကောင်း ခြေမ၊ လက်မ မကောင်း လက်မပဲဆိုတာ မနေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရဲ့ အစီရင်ခံစာက သက်သေပဲ။ အမေစု ပြောခဲ့တဲ့ "ထောင်ဝင်စာ လာတွေ့မယ်" ဆိုတဲ့စကားဟာ မသွေဖီခဲ့ဘူး။

တနင်္သာရီက ပြန်လာလာချင်း မပြုတ်တော့ ပြောလိုက်ကြတာ ဒင်းကြမ်း။ ဆုံးမရုံနဲ့ ပြီးသွားမလား။ ကိုယ့်လူကိုယ် ကာကွယ်တာမဟုတ်လား။ ဗလာဗလာတွေ...
မသိဘူး.... စခန်းရောက်မှ ရှင်းဆိုတာ ဗမာကားတွေထဲမှာပဲ ရတော့တယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ကိုင်တယ်။ စစ်ဆေးတွေ့ရှိချက်တွေအရ ဖမ်းဆီးလိုက်တယ်။ ဒုဝန်ကြီးအထက် ဖြစ်တဲ့အတွက် ထောင်(၁၅)နှစ်ကတော့ ပြေးမလွတ်ဘူး။

အခု အရေးယူလိုက်တယ်ဆိုတာတောင် ပြောသေးတယ်။ ဘာတဲ့... မင်းတို့ NLDလည်း ခိုးတာပဲတဲ့။
အိမ်း... ပြောရဦးမယ်။
NLDက ခန့်ထားတဲ့လူတွေဟာ လူတွေနော်။ အာသဝေါကုန်ခန်းနေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်။ သောတပန်တွေ မဟုတ်။ လောဘရှိမယ်။ မောဟရှိမယ်။ ရထားတဲ့ရာထူးအရ မလိုချင်မှတစ်ဆုံး အိတ်ထဲရောက်လာတဲ့ ဂွင်တွေရှိမယ်။ တောင့်ခံနိုင်သူရှိမယ်။ မတောင့်ခံနိုင်သူ ရှိမယ်။ မခိုးတဲ့လူတွေ ရှိမယ်။ ခိုးတဲ့လူတွေ ရှိမယ်။

ခိုးရင် ကိုယ့်လူမို့လို့ဆိုတာ မရှိဘူး။ သမတာပဲ။ အဲ့ဒါ ဒေါ်အောင်ဆန်းစုကြည်ပဲ။ အချို့တွေလို ကိုယ်တိုင်ခိုးရုံမက ကိုယ့်အောက်ကလူတွေခိုးတာအတွက်ပါ နောက်ကြောင်းပြန်အရေးမယူရဆိုပြီး မျက်နှာပြောင်ပြောင် အကာအကွယ် ယူသွားတာ မဟုတ်ဘူး။ အဲ့တော့ လာမယှဉ်နဲ့။ ယှဉ်လို့မရဘူး။

အခုတိုင် အခုဖြုတ်ရအောင် ဝန်ကြီးချုပ်ရာထူးကို ဆယ်အိမ်ခေါင်းများ မှတ်နေသလားပဲ။ တစ်ယောက်ယောက်က မကျေနပ်တိုင်းသာ ဖြုတ်ပေးရရင် တိုင်းနဲ့ပြည်နယ် ဆယ့်လေးခုမှာ တစ်ယောက်မှ ကျန်မှာ မဟုတ်ဘူး။ အဲ့တော့ ဒေါ်အောင်ဆန်းစုကြည်က ဆယ့်လေးကိုယ်ခွဲ အုပ်ချုပ်ပေးရမှာလား။ စဉ်းစားပေါ့။ နိုင်ငံအုပ်ချုပ်နေတာ အိုးပုတ်ဂျိုးရုပ်နဲ့ ဆော့နေတာ မဟုတ်ဘူး။

အခြားလူတွေ ဝေဖန်တာ ခံနိုင်သေးတယ်။ ကိုယ့်အလှည့်တုန်းက ရရာနေရာက ဘုန်းခဲ့ ဘတ်ခဲ့သူတွေက ဒီဘက်က ခိုးတဲ့လူကို ခိုးတဲ့လူလို အရေးယူတာတောင် မင်းတို့လည်း ခိုးတယ်ကွ။ ငါတို့က မခိုးဘူး... မမိလို့ ဆိုတဲ့အထာတွေနဲ့။ အမလေးဟယ်... နောက်ကြောင်းပြန် အရေးမယူရဆိုတဲ့ဟာကြီး ဖယ်ကြည့်လိုက်။ တစ်ဖွဲ့လုံး တစ်ယောက် အပြင်မှာ ကျန်ရင် ကြိုက်သလိုပြော။ ရှက်ကြောပြတ်ချက်က ကန်းကုန်တယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အသေအချာဖတ်ကြည့်။ ဟုတ်တယ်... ရှင်ဂွမ်းဂွိ ခိုးတယ်။ ဒါပေမယ့် အဲ့ပမာဏက အရင်ရွှေလက်သံတွေရဲ့ အစွန်းထွက်တောင် မရှိဘူး။ ဒါပေမယ့် တစ်ကျပ်တစ်ပြားပဲ ဖြစ်ဖြစ် ခိုးတာက ခိုးတာပဲ။ အခု သမလိုက်ပြီ။ ပြည်သူတစ်ယောက်အနေနဲ့ တစ်ခါမမြင်ဖူးတဲ့ အပြောင်းအလဲဖြစ်တဲ့အတွက် ဘယ်လို ကျေနပ်မှန်းကို မသိဘူး။ ၂၀၂၀ကျ လက်သန်းလေး မှင်စွန်းရတာ အားမရလို့ လက်ဆယ်ချောင်းလုံးကို မှင်လောင်းလာခဲ့ဦးမှာ....

ပြည်သူတွေမှာ ရွေးချယ်ခွင့် ရှိတယ်။ အုပ်ချုပ်နေစဉ်ကာလမှာ မကြိုက်တာ ရှိရင် ပြောမယ်။ ကလော်မယ်။ ခိုးရင် ခိုးတဲ့လူကို ပြတ်ပြတ်သားသား အရေးယူမယ့် အစိုးရမျိုးကို ရွေးမလား... ခိုးရင် ခိုးတဲ့လူကို အရေးမယူဘဲ နောက်ကြောင်းမပြန်ရဆိုတဲ့ အစိုးရမျိုးကို ရွေးမလား။ လူတွေက ထမင်းစားနေကြတာ။ အဲ့လောက်တော့ သိတယ်။

အစိုးရကို အစိုးရမို့ မကြိုက်တာရှိရင် ဝေဖန်တိုင်း ငါတို့ကို မဲပေးလိမ့်မယ် ထင်မနေနဲ့။ ဒန်ပေါက်ထုတ်ယူ၊ နေ့စားငါးထောင်ယူ၊ ပေးတာယူ ကျွေးတာစားပြီး NLDကို မဲထည့်ခဲ့လို့ ၁၅တုန်းက ခွေးကျကျတာလည်း မမေ့နဲ့။

NLD ကို လူတိုင်း ကြိုက်ချင်မှ ကြိုက်မယ်။ ရည်းစားနဲ့ ရန်ဖြစ်လို့ ပြည့်တန်ဆာ ကောက်ယူမယ် မထင်လိုက်နဲ့။ အမေ့ကို မကျေနပ်လို့ ပထွေးလက်အပ်မယ်တော့ မထင်လိုက်နဲ့။

NLD ဘာလုပ်လုပ် မျက်စိမှိတ် ထောက်ခံနေကြသူချည်းပဲ မဟုတ်ဘူး။ တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် မဟုတ်တာလုပ်လို့ "အမေ.. သူလိမ်နေတာ"ဆိုပြီး ပြေးတိုင်လို့ရတာ၊ အရေးယူပေးတာမျိုးက အမေ့ခေတ်မှာပဲ ရလိမ့်မယ်ဆိုတာ သိတယ်။

ထဘီရုတ်တဲ့ သူခိုးကို ညာသံပေးလိုက်လို့ သူခိုးမိကာမှ ခိုးရုံတင်မက လူသတ်ဓါးပြတိုက်အဆင့်တွေက သူခိုး သူခိုးဆိုပြီး မခိုးကြောင်း ဝင်ဖြူစင်ပြနေတာ နားကလောလိုက်ထှာဆိုတာ...

ဆုတောင်းလေ...
အိပန်ဆယ်လို

No comments:

Post a Comment