Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 30, 2019

ဘုရား ဂုဏ္ေတာ္ ရြတ္ဖတ္ ပူေဇာ္ျခင္းအက်ိဳး …


၁။ အရဟံ ဂုဏ္ေတာ္ ပြားလွ်င္၊ ေဘးရန္ကင္းက်န္းမာ၏၊ လာဘ္လာေပါမ်ား၏၊ ေနရာထိုင္ခင္းေကာင္းေကာင္း ေနထိုင္ရ၏။
၂။ သမၼာသမၺဳေဒၶါဂုဏ္ေတာ္ကို ပြားမ်ားလွ်င္၊ စိတ္ရႊင္လန္း၏၊ ဉာဏ္ပြင့္လင္း၏၊ စာေမးပြဲေတြ လြယ္လြယ္ကူကူေအာင္ျမင္၏။
၃။ ဝိဇၨာစရဏသမၸႏၷာဂုဏ္ေတာ္ ပြားလွ်င္၊ ဝိဇၨာပညာျဖင့္ အသက္ေမြးရ၏၊ ၿပိဳင္ဘက္မရွိ တတ္ေျမာက္ကၽြမ္းက်င္ရ၏။
၄။ သုဂေတာဂုဏ္ေတာ္ ပြားလွ်င္၊ စကားစစ္ထိုးႏိုင္၏၊ အမႈအခင္းႏိုင္၏၊ အေရာင္းအဝယ္ေကာင္း၏၊ အေရးႀကီးကိစၥေျပာဆိုေအာင္ျမင္၏။
၅။ ေလာကဝိဒူဂုဏ္ေတာ္ကို ပြားလွ်င္၊ ေလာကေရး၊ လူမႈေရးအျဖာျဖာတို႔ကို ရွင္းရွင္းလင္းလင္း ပိုင္ပိုင္ႏိုင္ႏိုင္သိ၏။
၆။ အႏုတၱေရာဂုဏ္ေတာ္ကို ပြားလွ်င္၊ လူ၊ နတ္တို႔၏ အလယ္တြင္ေက်ာ္ေဇာ၏၊ လူတစ္ကာ ခ်စ္ခင္ျခင္း ေလးစားျခင္းကိုခံရ၏။
၇။ သတၱာေဒဝမႏုႆနံဂုဏ္ေတာ္ကို ပြားလွ်င္၊ ႏႈတ္စ၊ လွ်ာစထက္ျမက္ရ၏၊ ဆိုတိုင္းရ၏၊ ေျပာတိုင္းေအာင္၏၊ ႀကံတိုင္းၿပီးေျမာက္ရ၏။
(စိတၱဇ၊ ေဝဒနာရွင္မ်ားကို ဤဂုဏ္ေတာ္ကိုရႊတ္ၿပီး ေရမန္းထုတ္လွ်င္ ေပ်ာက္ကင္းရ၏။)
၈။ ဗုဒၶါဂုဏ္ေတာ္ကို ပြားလွ်င္၊ ေဘးဆိုး၊ ရန္ဆိုး၊ ၾကမၼာဆိုး၊ အမ်ိဳးမ်ိဳးမွလြတ္ကင္း၍၊ ခ်မ္းသာျခင္း အမ်ိဳးမ်ိဳးႏွင့္ျပည့္စံုရ၏။
၉။ ဘဂဝါဂုဏ္ေတာကို ပြားလွ်င္၊ ဘုန္းတန္ခိုးႀကီး၏၊ ေတေဇာ္အႏုေဘာ္ႀကီး၏၊ မိမိေျပာသမွ်၊ ေဟာသမွ်၊ ေအာင္ျမင္ရ၏။
ဂုဏ္ေတာ္ပြားရျခင္း အက်ိဳးေက်းဇူးမ်ားက မ်ားျပားလွ၏။ အက်ိဳး (၁၇)မ်ိဳးကို ပြားမ်ားသူတိုင္း ရရွိပါ၏။
၁။ မိမိခႏၶာကိုယ္ အတြင္းသႏၱာန္သည္၊ ေစတီအိမ္ႏွင့္ တူသည္ျဖစ္၍ သူတစ္ပါးတို႔၏ ပူေဇာ္မႈ ေလးစားမႈကို ခံယူရ၏။
၂။ စိတ္ဓာတ္ ရဲရင့္တည္ၾကည္၏။
၃။ ေသခါနီး မေတြေဝဘဲ ေသရ၏။ ေသၿပီးေနာက္ ေကာင္းရာသုဂတိဘံုသို႔ ေရာက္ရ၏။
၄ ေနာင္အခါ ဘုရားႏွင့္ေတြ႕လွ်င္ သစၥာေလးပါးတရားေတာ္ႀကီးကို သိလြယ္၏။
၅။ အမ်ိဳး ျမတ္၏။
၆။ သူတစ္ပါး အရုိအေသျပဳျခင္းကို အၿမဲခံရ၏။
၇။ ခ်ီးမႊမ္းထိုက္ေသာ ကိုယ္အဂၤါႏွင့္ ျပည့္စံု၏။
၈။ အဆင္းလွ၏ အရြယ္ႏုပ်ိဳရ၏။
၉။ ကိုယ္အနံ႔ ႀကိဳင္သင္းရ၏။
၁၀။ ခံတြင္းရနံ႔ ေမြးႀကိဳင္ရ၏။
၁၁။ ႀကီးက်ယ္ေသာ ဉာဏ္ပညာႏွင့္ ျပည့္စံု၏။
၁၂။ နက္နဲေသာ ဉာဏ္ပညာႏွင့္ ျပည့္စံု၏။
၁၃။ ထက္ျမက္ေသာ ဉာဏ္ပညာႏွင့္ ျပည့္စံု၏။
၁၄။ လ်င္ျမန္ေသာ ဉာဏ္ပညာႏွင့္ ျပည့္စံု၏။
၁၅။ ရႊင္ေသာ ဉာဏ္ပညာႏွင့္ ျပည့္စံု၏။
၁၆။ ဆန္းၾကယ္ေသာ ဉာဏ္ပညာႏွင့္ ျပည့္စံု၏။
၁၇။ စကားေကာင္းကို ဆိုႏိုင္၏။
xyznews
#Unicode Version#
၁။ အရဟံ ဂုဏ်တော် ပွားလျှင်၊ ဘေးရန်ကင်းကျန်းမာ၏၊ လာဘ်လာပေါများ၏၊ နေရာထိုင်ခင်းကောင်းကောင်း နေထိုင်ရ၏။

၂။ သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော်ကို ပွားများလျှင်၊ စိတ်ရွှင်လန်း၏၊ ဉာဏ်ပွင့်လင်း၏၊ စာမေးပွဲတွေ လွယ်လွယ်ကူကူအောင်မြင်၏။

၃။ ဝိဇ္ဇာစရဏသမ္ပန္နာဂုဏ်တော် ပွားလျှင်၊ ဝိဇ္ဇာပညာဖြင့် အသက်မွေးရ၏၊ ပြိုင်ဘက်မရှိ တတ်မြောက်ကျွမ်းကျင်ရ၏။

၄။ သုဂတောဂုဏ်တော် ပွားလျှင်၊ စကားစစ်ထိုးနိုင်၏၊ အမှုအခင်းနိုင်၏၊ အရောင်းအဝယ်ကောင်း၏၊ အရေးကြီးကိစ္စပြောဆိုအောင်မြင်၏။

၅။ လောကဝိဒူဂုဏ်တော်ကို ပွားလျှင်၊ လောကရေး၊ လူမှုရေးအဖြာဖြာတို့ကို ရှင်းရှင်းလင်းလင်း ပိုင်ပိုင်နိုင်နိုင်သိ၏။

၆။ အနုတ္တရောဂုဏ်တော်ကို ပွားလျှင်၊ လူ၊ နတ်တို့၏ အလယ်တွင်ကျော်ဇော၏၊ လူတစ်ကာ ချစ်ခင်ခြင်း လေးစားခြင်းကိုခံရ၏။

၇။ သတ္တာဒေဝမနုဿနံဂုဏ်တော်ကို ပွားလျှင်၊ နှုတ်စ၊ လျှာစထက်မြက်ရ၏၊ ဆိုတိုင်းရ၏၊ ပြောတိုင်းအောင်၏၊ ကြံတိုင်းပြီးမြောက်ရ၏။

(စိတ္တဇ၊ ဝေဒနာရှင်များကို ဤဂုဏ်တော်ကိုရွှတ်ပြီး ရေမန်းထုတ်လျှင် ပျောက်ကင်းရ၏။)

၈။ ဗုဒ္ဓါဂုဏ်တော်ကို ပွားလျှင်၊ ဘေးဆိုး၊ ရန်ဆိုး၊ ကြမ္မာဆိုး၊ အမျိုးမျိုးမှလွတ်ကင်း၍၊ ချမ်းသာခြင်း အမျိုးမျိုးနှင့်ပြည့်စုံရ၏။

၉။ ဘဂဝါဂုဏ်တောကို ပွားလျှင်၊ ဘုန်းတန်ခိုးကြီး၏၊ တေဇော်အနုဘော်ကြီး၏၊ မိမိပြောသမျှ၊ ဟောသမျှ၊ အောင်မြင်ရ၏။

ဂုဏ်တော်ပွားရခြင်း အကျိုးကျေးဇူးများက များပြားလှ၏။ အကျိုး (၁၇)မျိုးကို ပွားများသူတိုင်း ရရှိပါ၏။

၁။ မိမိခန္ဓာကိုယ် အတွင်းသန္တာန်သည်၊ စေတီအိမ်နှင့် တူသည်ဖြစ်၍ သူတစ်ပါးတို့၏ ပူဇော်မှု လေးစားမှုကို ခံယူရ၏။

၂။ စိတ်ဓာတ် ရဲရင့်တည်ကြည်၏။

၃။ သေခါနီး မတွေဝေဘဲ သေရ၏။ သေပြီးနောက် ကောင်းရာသုဂတိဘုံသို့ ရောက်ရ၏။

၄။ နောင်အခါ ဘုရားနှင့်တွေ့လျှင် သစ္စာလေးပါးတရားတော်ကြီးကို သိလွယ်၏။

၅။ အမျိုး မြတ်၏။

၆။ သူတစ်ပါး အရိုအသေပြုခြင်းကို အမြဲခံရ၏။

၇။ ချီးမွှမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံ၏။

၈။ အဆင်းလှ၏ အရွယ်နုပျိုရ၏။

၉။ ကိုယ်အနံ့ ကြိုင်သင်းရ၏။

၁၀။ ခံတွင်းရနံ့ မွေးကြိုင်ရ၏။

၁၁။ ကြီးကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၂။ နက်နဲသော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၃။ ထက်မြက်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၄။ လျင်မြန်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၅။ ရွှင်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၆။ ဆန်းကြယ်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။

၁၇။ စကားကောင်းကို ဆိုနိုင်၏။
xyznews

No comments:

Post a Comment