Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 16, 2019

ပင္စင္ယူရမယ့္ အသက္ထက္ (၃) ႏွစ္ေက်ာ္ပိုျပီး တာ၀န္ထမ္းေဆာင္သည့္ ဆရာမတစ္ဦးကို လစာ ၇၈ သိန္းေက်ာ္ ျပန္သြင္းခိုင္း

မႏၱေလးျမိဳ႔ ခ်မ္းေအးသာစံ ျမိဳ႕နယ္ အမွတ္(၁၂) အေျခခံပညာ အထက္တန္းေက်ာင္းက ဆရာမ ေဒၚမာမာျမင့္ဟာ ဆယ္တန္းေအာင္လက္မွတ္က ေမြးသကၠရာဇ္ႏွင့္ အမႈထမ္းစာအုပ္က ေမြးသကၠရာဇ္ မတူတာေၾကာင့္ ပင္စင္ယူရမယ့္ အသက္ထက္ ၃ ႏွစ္ ႏွင့္ ၇ လ ပိုျပီး တာ၀န္ထမ္းေဆာင္ခဲမိပါတယ္

ဒီျဖစ္ရပ္မွာဆိုရင္ ေဒၚမာမာျမင့္ရဲ႕ အသက္ဟာ ဆယ္တန္းေအာင္လက္မွတ္မွာရွိတဲ႔ ေမြးသကၠရာဇ္ နဲ႔ တြက္ရင္ ယခုအခ်ိန္မွာ ၆၃ ႏွစ္ နဲ႔ ၇ လ ျဖစ္ေနတာျဖစ္ပါတယ္

ပညာေရးမွဴးရံုးက ျဖည့္သြင္းထားတဲ႔ အမႈထမ္းစာအုပ္က ေမြးသကၠရာဇ္နဲ႔ တြက္ရင္ေတာ့ ပင္စင္ယူရမယ့္အခ်ိန္ဟာ အသက္ ၆၀ ျပည့္ပဲျဖစ္ပါတယ္. . .

ခုလိုေမြးသကၠရာဇ္ လြဲမွားေနတဲ႔ အတြက္ ဆရာမေဒၚမာမာျမင့္ဟာ ပင္စင္ယူရမယ့္ အခ်ိန္မွာ မယူဘဲ ဆက္လက္တာ၀န္ထမ္းေဆာင္ေနတဲ႔အတြက္ ပင္စင္ယူရမယ့္အသက္ထက္ပိုေနတဲ႔ ၃ ႏွစ္ ႏွင့္ ၇ လစာ ေငြ ၇၈ သိန္းေက်ာ္ကို ျပန္လည္ေပးသြင္းရေတာ့မွာ ျဖစ္ပါတယ္

ဒီကိစၥနဲ႔ ပတ္သတ္ျပီး ဆရာတစ္ေယာက္က ခုလို ရင္ဖြင့္ ထားပါတယ္

“အမႈထမ္​းစာအုပ္​ လိုင္​းကိုင္​စာ​ေရး ဘယ္​သူလဲ။အမႈထမ္​းစာအုပ္​ထဲမွာ တကၠသိုလ္​ဝင္​​ေအာင္​လက္​မွတ္​၊ဘြဲ႔လက္​မွတ္​၊ရာထူးတိုး/​ေျပာင္​း အမိန္​႔စာ အကုန္​တြဲထည္​့ထားရတာပဲ မဟုတ္​လား။အဲဒါကို လိုင္​းကိုင္​က စိစစ္​ၿပီး ​ေက်ာင္​းအုပ္​က လက္​မွတ္​ ထိုး​ေပးရတာပါ။

အမႈထမ္​းသက္​လြန္​ကိစၥမွာ တာဝန္​႐ွိတာ စာ​ေရး၊​ေက်ာင္​းအုပ္​၊ကာယကံ႐ွင္​ အားလံုးျဖစ္​ပါတယ္​။ေနာက္​ၿပီး အဲ့ဒီ့​ေက်ာင္​းကို ႏွစ္​စဥ္ ​ေက်ာင္​းစစ္​​ေဆးရတဲ့TEO ၊ DTEO ​ေတြမွာလည္​း တာဝန္​႐ွိတယ္​။

ပင္​စင္​ယူမွ ဒီကိစၥကို သိတယ္​ဆို​ေတာ့ ​ေတာ္​​ေတာ္​ႀကီး မ်ားသြားၿပီ။ သူလိမ္​ထားတယ္​ဆိုရင္​​ေတာင္​ အကုန္​ျပန္​သြင္​းခိုင္​းဖို႔မသင္​့ဘူး။

သူ႔ကို ၂၀၁၅ နဲ႔ ပင္​စင္​တြက္​မယ္​။အဲ့ဒီ့အတြက္​ရမယ္​့ပင္​စင္​လစာရယ္​၊ၿပီးရင္​ သူအလုပ္​လုပ္​ ​ေပး​ေနတာအတြက္​ ​ေထာက္​ပံ့​ေငြပမာဏတစ္​ခုကို သတ္​မွတ္​ၿပီး​ေတာ့ရယ္​၊ အဲ့ဒီ့ႏွစ္​ခုကို​ေပါင္​းၿပီး သူျပန္​သြင္​းရမယ္​့ေငြ​ေၾကးထဲကႏႈတ္​၊လိုတာ​ေလာက္​ကိုပဲ ျပန္​သြင္​းခိုင္​းသင္​့ပါတယ္​။

TEO အမ်ားစုက စစ္​​ေဆးခ်က္​ပံုစံ ကဆ ​ေတြကို ရံုးစားပြဲ​ေပၚထိုင္​ျဖည္​့ၿပီး ​ေက်ာင္​းအုပ္​ကို လက္​မွတ္​​ေခၚထိုးခိုင္​း၊ၿပီးရင္​ TA ဆြဲတင္​​ေနၾကတာလည္​းအမ်ားသား မဟုတ္​​ေပလားဟ႐ို႔ …”

ၿဖိဳး​ေဝ​ေအာင္​(ပညာ​ေရး)
#Unicode Version#


မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်းက ဆရာမ ဒေါ်မာမာမြင့်ဟာ ဆယ်တန်းအောင်လက်မှတ်က မွေးသက္ကရာဇ်နှင့် အမှုထမ်းစာအုပ်က မွေးသက္ကရာဇ် မတူတာကြောင့် ပင်စင်ယူရမယ့် အသက်ထက် ၃ နှစ် နှင့် ၇ လ ပိုပြီး တာဝန်ထမ်းဆောင်ခဲမိပါတယ်

ဒီဖြစ်ရပ်မှာဆိုရင် ဒေါ်မာမာမြင့်ရဲ့ အသက်ဟာ ဆယ်တန်းအောင်လက်မှတ်မှာရှိတဲ့ မွေးသက္ကရာဇ် နဲ့ တွက်ရင် ယခုအချိန်မှာ ၆၃ နှစ် နဲ့ ၇ လ ဖြစ်နေတာဖြစ်ပါတယ်

ပညာရေးမှူးရုံးက ဖြည့်သွင်းထားတဲ့ အမှုထမ်းစာအုပ်က မွေးသက္ကရာဇ်နဲ့ တွက်ရင်တော့ ပင်စင်ယူရမယ့်အချိန်ဟာ အသက် ၆၀ ပြည့်ပဲဖြစ်ပါတယ်. . .

ခုလိုမွေးသက္ကရာဇ် လွဲမှားနေတဲ့ အတွက် ဆရာမဒေါ်မာမာမြင့်ဟာ ပင်စင်ယူရမယ့် အချိန်မှာ မယူဘဲ ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့အတွက် ပင်စင်ယူရမယ့်အသက်ထက်ပိုနေတဲ့ ၃ နှစ် နှင့် ၇ လစာ ငွေ ၇၈ သိန်းကျော်ကို ပြန်လည်ပေးသွင်းရတော့မှာ ဖြစ်ပါတယ်

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆရာတစ်ယောက်က ခုလို ရင်ဖွင့် ထားပါတယ်

“အမှုထမ်းစာအုပ် လိုင်းကိုင်စာရေး ဘယ်သူလဲ။အမှုထမ်းစာအုပ်ထဲမှာ တက္ကသိုလ်ဝင်အောင်လက်မှတ်၊ဘွဲ့လက်မှတ်၊ရာထူးတိုး/ပြောင်း အမိန့်စာ အကုန်တွဲထည့်ထားရတာပဲ မဟုတ်လား။အဲဒါကို လိုင်းကိုင်က စိစစ်ပြီး ကျောင်းအုပ်က လက်မှတ် ထိုးပေးရတာပါ။

အမှုထမ်းသက်လွန်ကိစ္စမှာ တာဝန်ရှိတာ စာရေး၊ကျောင်းအုပ်၊ကာယကံရှင် အားလုံးဖြစ်ပါတယ်။နောက်ပြီး အဲ့ဒီ့ကျောင်းကို နှစ်စဉ် ကျောင်းစစ်ဆေးရတဲ့TEO ၊ DTEO တွေမှာလည်း တာဝန်ရှိတယ်။

ပင်စင်ယူမှ ဒီကိစ္စကို သိတယ်ဆိုတော့ တော်တော်ကြီး များသွားပြီ။ သူလိမ်ထားတယ်ဆိုရင်တောင် အကုန်ပြန်သွင်းခိုင်းဖို့မသင့်ဘူး။

သူ့ကို ၂၀၁၅ နဲ့ ပင်စင်တွက်မယ်။အဲ့ဒီ့အတွက်ရမယ့်ပင်စင်လစာရယ်၊ပြီးရင် သူအလုပ်လုပ် ပေးနေတာအတွက် ထောက်ပံ့ငွေပမာဏတစ်ခုကို သတ်မှတ်ပြီးတော့ရယ်၊ အဲ့ဒီ့နှစ်ခုကိုပေါင်းပြီး သူပြန်သွင်းရမယ့်ငွေကြေးထဲကနှုတ်၊လိုတာလောက်ကိုပဲ ပြန်သွင်းခိုင်းသင့်ပါတယ်။

TEO အများစုက စစ်ဆေးချက်ပုံစံ ကဆ တွေကို ရုံးစားပွဲပေါ်ထိုင်ဖြည့်ပြီး ကျောင်းအုပ်ကို လက်မှတ်ခေါ်ထိုးခိုင်း၊ပြီးရင် TA ဆွဲတင်နေကြတာလည်းအများသား မဟုတ်ပေလားဟရို့ …”

:ဖြိုးဝေအောင်(ပညာရေး)

No comments:

Post a Comment