Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 16, 2019

သုံး ပန္လွ မင္းသမီး ရာဇဝင္”- စိတ္ဝင္စား ဖြယ္ရာ ျပည္ျမဳိ႕ရဲ႕ သမိုင္း


သေရ ေခတၱရာ ပ်ဴၿမိဳ႕ေဟာင္းရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တဲ႔ သံုးပန္လွ မင္းသမီးေလးရဲ႕ ဇာတ္လမ္းက ေၾကကြဲစရာပါ။ရာဇဝင္ စကားမ်ားအရ သံုးပန္လွမင္းသမီးေလးကို ရွင္ေစာျဖဴ ထိပ္ထားလို႔လည္း ေခၚပါတယ္.။ဘာလို႔လဲဆိုေတာ့ ဒီမင္းသမီးေလးဟာ ေနထြက္စမွာ ေရႊအဆင္းလို ဝင္းဝင္းပပအလွ… မြန္းတည္႔ခ်ိန္မွာ ပြင္႔လန္းေနတဲ႔ ပန္းကေလးရဲ႕အလွ…ဆည္းဆာခ်ိန္မွာေတာ႔ ကိုယ္ေယာင္ကိုယ္ဝါထြန္းလင္းေနသေယာင္ ထင္မွတ္မွားရတဲ႔အလွဆိုျပီး ပံုစံသံုးမ်ိဳးနဲ႔ လွတာမို႔ပါတဲ႔။

သူ က သေရေခတၱရာအနီး တိုင္းျပည္ငယ္ျဖစ္ခဲ႔တဲ႔ ေတာင္ညိဳဘုရင္ရဲ႕ ႏွမေတာ္ပါ။သေရေခတၱရာနဲ႔ ႏွစ္ျပည္ေထာင္ ခ်စ္ၾကည္ေရးအတြက္ ေတာင္ညိဳဘုရင္ဟာ သူ႕ရဲ႕ႏွမေတာ္ ရွင္ေစာျဖဴထိပ္ထားေလးကို ဒြတၱေပါင္မင္းႀကီးထံ ဆက္သခဲ႔ပါသတဲ႔။(ေနာက္တစ္မ်ိဳးရွိပါေသးတယ္။သေရေခတၱရာျပည့္ရွင္နဲ႔ ေတာင္ညိဳဘုရင္တို႔က အခြင့္သင့္ရင္ ႀကက္တိုက္ေနက်တဲ႔။တစ္ေန႔မွာေတာ့ ေလာင္းကစားတစ္ခု ျပဳလုပ္တယ္။ျပည္ဘုရင္ ဒြတၱေဘာင္က သူရံႈးရင္ ျပည့္စည္းစိမ္ တစ္ဝက္ေပးမယ္ေပါ့။ေတာင္ညိဳမင္းကလည္း သူရံႈးရင္ အလြန္လွပတဲ႔ သူ႔ႏွမေတာ္ကို ေပးမယ္ဆိုျပီး ေလာင္းႀကတာ ေတာင္ညိဳမင္းႀကက္ရံႈးသြားပါေတာ့တယ္။ကတိအတိုင္း မင္းသမီးကို အေဆာင္အေယာင္ေတြနဲ႔ သေရေခတၱရာ( ျပည္)ကို ပို႔လႊတ္ဆက္သတယ္လို႔ ဆိုျပန္ပါတယ္။ဒါသာ အမွန္ဆိုရင္ေတာ့ ေတာင္ညိဳဘုရင္ အေတာ္ဆိုးတာပဲ။ကိုယ့္ႏွမေလးကိုရင္းၿပီးမ်ား ေလာင္းကစား လုပ္ရတယ္လို႔။)️ မင္းသမီးေလးကလည္း ဒြတၱေပါင္မင္းကို နာမည္ၾကားစဥ္ကတည္းက တိတ္တခိုးျမတ္ႏိုးေနျပီးသားဆိုေတာ႔ အကိုေတာ္ ေတာင္ညိဳဘုရင္ စကားစလိုက္တာနဲ႔ သေရေခတၱရာကို သတို႔သမီး မိဖုရားေလာင္း အေဆာင္အေယာင္နဲ႔ လွမ္းၾကြခဲ႔သတဲ႔။

ဒြတၱေပါင္ မင္းဆီ မင္းသမီးေလးလာေနၿပီဆိုကတည္းက သေရေခတၲရာ နန္းေတာ္တြင္းမွာလည္း ဂယက္ေတြထေနေတာ့တာေပါ့။သံုးပန္လွမင္းသမီးေလးရဲ႕ အလွကို ၾကိဳတင္ၾကားထားျပီးျဖစ္တာေၾကာင္႔ မနာလိုမရႈစိမ့္္ျဖစ္ၾကတဲ႔ မိဖုရားေတြက မင္းမႈထမ္းေတြကို လာဘ္ထိုးၿပီး မင္းႀကီးဆီ မဟုတ္မမွန္တာေတြ ေလ်ွာက္တင္ခိုင္းသတဲ႔။လာဘ္စားထားတဲ႔ မင္းမႈထမ္းေတြကလည္း သံုးပန္လွမင္းသမီးဟာ စုန္းအတတ္နဲ႔ လွပေအာင္ ဖန္ဆင္းစီရင္ထားတာျဖစ္ျပီး ေၾကာက္စရာ ရုပ္သ႑ာန္ဟာ တစ္ေန႔ ၃ ၾကိမ္ေပၚလာတတ္ေၾကာင္း မမွန္မကန္ ေလၽွာက္တင္ၾကသတဲ႔။(လာဘ္ေပးလာဘ္ယူက ပ်ဴေခတ္ကတည္းကပါလား။)

မင္းသမီးေလး နန္းေတာ္ကို ေရာက္ခ်ိန္…သူစီးလာတဲ႔ ဆင္ေတာ္ကို အလယ္မွာညွပ္…ေဘးႏွစ္ဘက္က ဆင္တစ္စီးစီ ကာၿပီး ဆင္သံုးစီးျပဴးႀကီး တၿပိဳင္နက္ဝင္ခိုင္းပါသတဲ႔။ၿပီးလည္းၿပီးေရာ…ဒြတၲေပါင္မင္းႀကီးကို မွဴးမတ္ေတြက ” သံုးပန္လွဟာ တံခါးႏွင့္မဆန္႔ေသာ ကိုယ္လုံးႏွင့္ အမ်ဳိးသမီးပါ”လို႔ လိမ္လည္ေလွ်ာက္ထားေတာ့တယ္။ဒီလိုနဲ႔ မင္းသမီးေလးဟာ မိဖုရား ျဖစ္ခြင့္ ဆုံးရႈံးခဲ႔ရပါေတာ့သတဲ႔။(ဘုရင္ကလည္းေနာ္…တကယ္ဆို ကိုယ္တိုင္ၾကည့္ ၾကည့္ပါဦးလား…သူမ်ားေျပာတိုင္း ယံုရတယ္လို႔)ဘုရင္က နန္းတြင္းကိုေတာင္ အဝင္မခံဘဲ ေမာင္းထုတ္ခဲ႔တဲ႔အတြက္ မင္းသမီးေလးဟာ ထိတ္လန္႔ တုန္လႈပ္ ရွက္ရြံ႕ဝမ္းနည္းစြာနဲ႔ ျပန္လာခဲ႔ရပါေတာ့တယ္။ျမိဳ႕နဲ႔ ေဝးကြာလွတဲ႔ ေမွာ္ဇာၿမိဳ႕အနားမွာ ေမွ်ာ္လင့္ခ်က္ေတြမဲ႔ အင္အားေတြ ဆုတ္ယုတ္လာၿပီး ရင္ကြဲနာက် ဆံုးသြားရွာေတာ့သတဲ႔။မင္းသမီးေလးကို ျမွဳပ္ႏွံခဲ႔တဲ႔ ကိုယ္ႀကီးျမွဳပ္ရြာဟာ ဆင္ျမီးဆြဲကေန တစ္မိုင္ အကြာမွာ ရွိေနပါတယ္။
မင္းသမီးကို ျမွဳပ္ႏွံခဲ႔တဲ႔ ကိုယ္ၾကီးျမွဳပ္ရြာက ရြာသူရြာသားေတြဟာ သံုးပန္လွမင္းသမီးအေၾကာင္းကို လက္လြတ္စပယ္မေျပာမဆုိရဲၾကပါဘူးတဲ႔။မင္းသမီးကို အမွားျပဳမိရင္ ႏူတတ္တယ္လို႔ အယံုအၾကည္ရွိၾကပါတယ္။သံုးပန္လွမင္းသမီးဟာ သူနဲ႔ ဒြတၱေပါင္မင္းၾကီးနဲ႔ ကြဲကြာၾကရတာက ကုန္းေခ်ာ ကုန္းတိုက္တဲ႔ စကားေတြေၾကာင္႔လို႔ ယံုၾကည္တဲ႔အတြက္ ကုန္းေခ်ာေျပာဆိုျခင္းကို အင္မတန္မုန္းတီးပါတယ္တဲ႔။အဲဒီအရပ္က လူေတြဟာ ကုန္းေခ်ာစကားေျပာရင္ ေဘးဥပါဒ္ေရာက္တယ္လို႔ လက္ခံထားၾကပါတယ္တဲ႔။

ႏွစ္စဥ္ႏွစ္တုိင္း ဝါဆိုလျပည္႔ေန႔မတိုင္ခင္မွာလည္း သံုးပန္လွမင္းသမီးကို ရည္စူးကာ သခင္မပြဲဆိုျပီး တင္ေျမွာက္ပူေဇာ္ပသၾကတဲ႔ ရိုးရာယံုၾကည္မႈဓေလ႔လည္း ယေန႔တုိင္ရွိေနေသးတယ္လို႔ မွတ္သားရပါတယ္။မင္းသမီးက နယ္ခံေတြအတြက္ မိုးေလဝသေကာင္းေအာင္ သီးႏွံအထြက္ေကာင္းေအာင္ မစေပးတယ္လို႔ အယူရွိႀကပါတယ္။

သူ မကြယ္လြန္ခင္မွာ ဒြတၱေပါင္ မင္းႀကီးကို စိတ္နာ စိတ္ဆုိးလို႔ ေျပးလာရင္း လဲက်တဲ႔ေနရာမွာ လက္သည္းနဲ႔ ကုတ္ျခစ္ခဲ႔ရာက လက္သည္းကန္ျဖစ္လာတယ္လို႔ ဆိုၾကပါတယ္။(ေနာက္တစ္မ်ိဳးေျပာၾကတာက မင္းသမီးေလးဟာ နန္းေတာ္အျပင္ကေန ရွက္ရွက္နဲ႔ ျပန္ေျပးလာရင္း သူ႔ရုပ္ရည္ကို တကယ္ရုပ္ဆိုးေနျပီလား လို႔ မသကၤာစိတ္နဲ႔ ေျမႀကီးကို လက္နဲ႔တူးျပီး ေရထြက္ေအာင္ျပဳလုပ္လို႔ သူ႔ရုပ္သြင္ကို ျပန္ႀကည့္ခဲ႔တာမို႔ လက္သည္းကန္ျဖစ္လာတယ္တဲ႔)။(ကြ်န္မတို႔သြားတဲ႔အခ်ိန္ လက္သည္းကန္အနီးေက်ာင္းတိုက္က ဘုန္းဘုန္းမိန္႔တာေတာ့ လက္သည္းနဲ႔ျခစ္ရံုနဲ႔ ကန္ျဖစ္လာတာမဟုတ္ဘဲ မင္းသမီးက လက္သည္းနဲ႔ကုတ္ျခစ္ အမွတ္အသားျပဳတဲ႔ေနရာေတြမွာ ဒြတၲေပါင္မင္းက ကန္တူးေပးခဲ႔တာတဲ႔။)ဇာတ္လမ္းကေတာ့ ျမန္မာဗီဒီယိုကားလိုပါပဲ။သူ ေသၿပီးမွ မင္းႀကီးက အေၾကာင္းစုံသိ…စိတ္မေကာင္းျဖစ္…လိုက္လာေပါ့ေလ။

ဒြတၲေပါင္မင္းႀကီးဟာ သံုးပန္လွ မင္းသမီးရဲ႕ကိုယ္အတိုင္းယူၿပီး အေလးခ်ိန္နဲ႔ညီမွ်တဲ႔ ေရႊရုပ္ထု ထုလုပ္ကာ ေရႊတလားနဲ႔ ထည့္ျမွဳပ္ႏွံခဲ႔တယ္လို႔လည္း ဆိုၾကျပန္ပါတယ္။ၿပီးေတာ့ သက္ဦးဆံပိုင္ဘုရင္တို႔ ထံုးစံအတိုင္း ကုန္းေခ်ာတဲ႔ အမတ္ႀကီး ေလးဦးကိုပါ က်ိန္စာတုိက္ တစ္ခါတည္းစေတးျမွဳပ္ႏွံခဲ႔တယ္တဲ႔။မင္းသမီး ကြယ္လြန္ျပီး ႏွစ္ေထာင္ေက်ာ္ ၾကာမွ တူးေဖာ္တဲ႔အခါ ထန္းလံုးေလာက္ေရေတြ ထြက္လာတယ္ဆိုပဲ။ခုခ်ိန္ထိ အဲ႔ဒီေနရာ တူးေဖာ္ရင္ ေႏြေခါင္ေခါင္မွာ မိုးႀကီးရြာ မိုးႀကိဳးမ်ား ပစ္သတဲ႔ေလ။မတူးရဲၾကေတာ့ဘူးတဲ႔။

သုံးပန္လွ နတ္နန္းမွာ စံျမန္းေနတဲ႔ မင္းသမီးေလးဟာ သူ႕ကို မယ္ေတာ္လို႔ ေခၚရင္ မႀကိဳက္ဘဲ အစ္မေတာ္လို႔ ေခၚမွ ႏွစ္သက္ပါသတဲ႔။သံုးပန္လွ မင္းသမီးထက္ လက္သည္းကန္အနီးက ေဟာင္းႏြမ္း ယိုယြင္းေနေပမဲ႔ လွပေနဆဲ ေရွးေဟာင္း သံုးပန္လွေက်ာင္းတိုက္ႀကီးက ပိုၿပီး စိတ္ဝင္စာစရာပါ။

ဟိုးတစ္ခ်ိန္က ေငးယူရေလာက္ေအာင္ ခန္႔ျငားထည္ဝါခဲ႔မွာ ေသခ်ာလွတဲ႔ ေက်ာင္းေတာ္ႀကီးဟာ ခုေတာ့ သခၤါရရဲ႕ ဝါးၿမိဳျခင္းကုိ ခံေနရရွာပါၿပီ။ေရေမွာ္ေရညိွေတြနဲ႔ ႏြယ္ေတြလိမ္ယွက္ေနတဲ႔ အျပင္ဘက္ ႐ုပ္လုံး ဟန္ပန္ေလးေတြသာ က်န္ခဲ႔ၿပီး အတြင္းပိုင္းေတြကေတာ့ ၿပိဳက် ပ်က္စီးေနခဲ႔ပါၿပီ။တခ်ိဳ႕က ေျပာတာေတာ့ သံုးပန္လွ မင္းသမီးနဲ႔ အခု လူေတြစိတ္ဝင္တစားသြားႀကည့္ႀကတဲ႔ ေက်ာင္းတိုက္ အေဟာင္းႀကီးနဲ႔သက္ဆိုင္မႈ မရွိပါဘူးတဲ႔။ဘုန္းႀကီးေက်ာင္းနဲ႔ နတ္ကြန္းနဲ႔ မအပ္စပ္လွေပမဲ႔မင္းသမီးေလးရဲ႕ ဝိညာဥ္ ခိုေအာင္းတဲ႔ ေနရာမွာ အိပ္မက္အရ တည္ေပးခဲ႔ရတဲ႔နတ္ကြန္းေလးပါတဲ႔။မင္းသမီးရဲ႕ လက္သည္းေရကန္ကို အစြဲျပဳလို႔ လက္သည္းေရကန္ေက်ာင္းတိုက္ဆရာေတာ္ကဘုန္းႀကီးေက်ာင္းတည္ သာသနာျပဳေတာ့ အဲဒီေက်ာင္းတိုက္အေဟာင္းႀကီးကို သံုးပန္လွ မင္းသမီးအုတ္ေက်ာင္းလို႔ ထင္ခဲ႔ၾကတာပါတဲ႔။ အမွန္ကအဲဒီေက်ာင္းတိုက္အိုႀကီးက ရွင္မဟာရဌသာရသီတင္းသံုးခဲ႔တဲ႔ ေက်ာင္းပါတဲ႔။(ဒါေပမဲ႔ လူေတြရဲ႕စိတ္မွာ မင္းသမီးရဲ႕ ဝမ္းနည္းဖြယ္ဒ႑ာရီက အရွိန္ႀကီးေနတာေၾကာင့္ ရွင္မဟာရ႒သာရ သီတင္းသံုးခဲ႔တဲ႔ေက်ာင္းဆိုတာ ေမွးမွိန္ေနပါတယ္။)
ခ်စ္မိတ္ေဆြတို႔အေနနဲ႔ သေရေခတၱရာဆိုတဲ႔ ပ်ဴၿမိဳ႕ေဟာင္းကို ေရာက္ခဲ႔ရင္ ကမ႓ာ့ယဥ္ေက်းမႈ အေမြအႏွစ္ စာရင္းဝင္ ေမွာ္ဇာရြာအနီးက ေရွးေဟာင္းဘုန္းႀကီးေက်ာင္းတိုက္ အေဟာင္းႀကီးနဲ႔ သံုးပန္လွမင္းသမီးေလးရဲ႕ လက္သည္းေရကန္ ၊ မင္းသမီးေလးရဲ႕ ဝိညာဥ္ရွိေနတယ္လို႔ ယံုၾကည္ယူဆဆဲ နတ္ကြန္းဗိမာန္တို႔ကို သြားေရာက္ေလ့လာႏိုင္ ၾကပါေၾကာင္း သတင္းစကားပါးလိုက္ပါရေစ……။

ေရးသားသူ – ​ေအးျမတ္ျမတ္ၿဖိဳး(ကံမ)
Photo credit – Ma Wint Wah







Unicode

သရေ ခေတ္တရာ ပျူမြို့ဟောင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ သုံးပန်လှ မင်းသမီးလေးရဲ့ ဇာတ်လမ်းက ကြေကွဲစရာပါ။ရာဇဝင် စကားများအရ သုံးပန်လှမင်းသမီးလေးကို ရှင်စောဖြူ ထိပ်ထားလို့လည်း ခေါ်ပါတယ်.။ဘာလို့လဲဆိုတော့ ဒီမင်းသမီးလေးဟာ နေထွက်စမှာ ရွှေအဆင်းလို ဝင်းဝင်းပပအလှ… မွန်းတည့်ချိန်မှာ ပွင့်လန်းနေတဲ့ ပန်းကလေးရဲ့အလှ…ဆည်းဆာချိန်မှာတော့ ကိုယ်ယောင်ကိုယ်ဝါထွန်းလင်းနေသယောင် ထင်မှတ်မှားရတဲ့အလှဆိုပြီး ပုံစံသုံးမျိုးနဲ့ လှတာမို့ပါတဲ့။



သူ က သရေခေတ္တရာအနီး တိုင်းပြည်ငယ်ဖြစ်ခဲ့တဲ့ တောင်ညိုဘုရင်ရဲ့ နှမတော်ပါ။သရေခေတ္တရာနဲ့ နှစ်ပြည်ထောင် ချစ်ကြည်ရေးအတွက် တောင်ညိုဘုရင်ဟာ သူ့ရဲ့နှမတော် ရှင်စောဖြူထိပ်ထားလေးကို ဒွတ္တပေါင်မင်းကြီးထံ ဆက်သခဲ့ပါသတဲ့။(နောက်တစ်မျိုးရှိပါသေးတယ်။သရေခေတ္တရာပြည့်ရှင်နဲ့ တောင်ညိုဘုရင်တို့က အခွင့်သင့်ရင် ကြက်တိုက်နေကျတဲ့။တစ်နေ့မှာတော့ လောင်းကစားတစ်ခု ပြုလုပ်တယ်။ပြည်ဘုရင် ဒွတ္တဘောင်က သူရှုံးရင် ပြည့်စည်းစိမ် တစ်ဝက်ပေးမယ်ပေါ့။တောင်ညိုမင်းကလည်း သူရှုံးရင် အလွန်လှပတဲ့ သူ့နှမတော်ကို ပေးမယ်ဆိုပြီး လောင်းကြတာ တောင်ညိုမင်းကြက်ရှုံးသွားပါတော့တယ်။ကတိအတိုင်း မင်းသမီးကို အဆောင်အယောင်တွေနဲ့ သရေခေတ္တရာ( ပြည်)ကို ပို့လွှတ်ဆက်သတယ်လို့ ဆိုပြန်ပါတယ်။ဒါသာ အမှန်ဆိုရင်တော့ တောင်ညိုဘုရင် အတော်ဆိုးတာပဲ။ကိုယ့်နှမလေးကိုရင်းပြီးများ လောင်းကစား လုပ်ရတယ်လို့။)️ မင်းသမီးလေးကလည်း ဒွတ္တပေါင်မင်းကို နာမည်ကြားစဉ်ကတည်းက တိတ်တခိုးမြတ်နိုးနေပြီးသားဆိုတော့ အကိုတော် တောင်ညိုဘုရင် စကားစလိုက်တာနဲ့ သရေခေတ္တရာကို သတို့သမီး မိဖုရားလောင်း အဆောင်အယောင်နဲ့ လှမ်းကြွခဲ့သတဲ့။



ဒွတ္တပေါင် မင်းဆီ မင်းသမီးလေးလာနေပြီဆိုကတည်းက သရေခေတ္တရာ နန်းတော်တွင်းမှာလည်း ဂယက်တွေထနေတော့တာပေါ့။သုံးပန်လှမင်းသမီးလေးရဲ့ အလှကို ကြိုတင်ကြားထားပြီးဖြစ်တာကြောင့် မနာလိုမရှုစိမ့်ဖြစ်ကြတဲ့ မိဖုရားတွေက မင်းမှုထမ်းတွေကို လာဘ်ထိုးပြီး မင်းကြီးဆီ မဟုတ်မမှန်တာတွေ လျှောက်တင်ခိုင်းသတဲ့။လာဘ်စားထားတဲ့ မင်းမှုထမ်းတွေကလည်း သုံးပန်လှမင်းသမီးဟာ စုန်းအတတ်နဲ့ လှပအောင် ဖန်ဆင်းစီရင်ထားတာဖြစ်ပြီး ကြောက်စရာ ရုပ်သဏ္ဍာန်ဟာ တစ်နေ့ ၃ ကြိမ်ပေါ်လာတတ်ကြောင်း မမှန်မကန် လျှောက်တင်ကြသတဲ့။(လာဘ်ပေးလာဘ်ယူက ပျူခေတ်ကတည်းကပါလား။)

မင်းသမီးလေး နန်းတော်ကို ရောက်ချိန်…သူစီးလာတဲ့ ဆင်တော်ကို အလယ်မှာညှပ်…ဘေးနှစ်ဘက်က ဆင်တစ်စီးစီ ကာပြီး ဆင်သုံးစီးပြူးကြီး တပြိုင်နက်ဝင်ခိုင်းပါသတဲ့။ပြီးလည်းပြီးရော…ဒွတ္တပေါင်မင်းကြီးကို မှူးမတ်တွေက ” သုံးပန်လှဟာ တံခါးနှင့်မဆန့်သော ကိုယ်လုံးနှင့် အမျိုးသမီးပါ”လို့ လိမ်လည်လျှောက်ထားတော့တယ်။ဒီလိုနဲ့ မင်းသမီးလေးဟာ မိဖုရား ဖြစ်ခွင့် ဆုံးရှုံးခဲ့ရပါတော့သတဲ့။(ဘုရင်ကလည်းနော်…တကယ်ဆို ကိုယ်တိုင်ကြည့် ကြည့်ပါဦးလား…သူများပြောတိုင်း ယုံရတယ်လို့)ဘုရင်က နန်းတွင်းကိုတောင် အဝင်မခံဘဲ မောင်းထုတ်ခဲ့တဲ့အတွက် မင်းသမီးလေးဟာ ထိတ်လန့် တုန်လှုပ် ရှက်ရွံ့ဝမ်းနည်းစွာနဲ့ ပြန်လာခဲ့ရပါတော့တယ်။မြို့နဲ့ ဝေးကွာလှတဲ့ မှော်ဇာမြို့အနားမှာ မျှော်လင့်ချက်တွေမဲ့ အင်အားတွေ ဆုတ်ယုတ်လာပြီး ရင်ကွဲနာကျ ဆုံးသွားရှာတော့သတဲ့။မင်းသမီးလေးကို မြှုပ်နှံခဲ့တဲ့ ကိုယ်ကြီးမြှုပ်ရွာဟာ ဆင်မြီးဆွဲကနေ တစ်မိုင် အကွာမှာ ရှိနေပါတယ်။



မင်းသမီးကို မြှုပ်နှံခဲ့တဲ့ ကိုယ်ကြီးမြှုပ်ရွာက ရွာသူရွာသားတွေဟာ သုံးပန်လှမင်းသမီးအကြောင်းကို လက်လွတ်စပယ်မပြောမဆိုရဲကြပါဘူးတဲ့။မင်းသမီးကို အမှားပြုမိရင် နူတတ်တယ်လို့ အယုံအကြည်ရှိကြပါတယ်။သုံးပန်လှမင်းသမီးဟာ သူနဲ့ ဒွတ္တပေါင်မင်းကြီးနဲ့ ကွဲကွာကြရတာက ကုန်းချော ကုန်းတိုက်တဲ့ စကားတွေကြောင့်လို့ ယုံကြည်တဲ့အတွက် ကုန်းချောပြောဆိုခြင်းကို အင်မတန်မုန်းတီးပါတယ်တဲ့။အဲဒီအရပ်က လူတွေဟာ ကုန်းချောစကားပြောရင် ဘေးဥပါဒ်ရောက်တယ်လို့ လက်ခံထားကြပါတယ်တဲ့။

နှစ်စဉ်နှစ်တိုင်း ဝါဆိုလပြည့်နေ့မတိုင်ခင်မှာလည်း သုံးပန်လှမင်းသမီးကို ရည်စူးကာ သခင်မပွဲဆိုပြီး တင်မြှောက်ပူဇော်ပသကြတဲ့ ရိုးရာယုံကြည်မှုဓလေ့လည်း ယနေ့တိုင်ရှိနေသေးတယ်လို့ မှတ်သားရပါတယ်။မင်းသမီးက နယ်ခံတွေအတွက် မိုးလေဝသကောင်းအောင် သီးနှံအထွက်ကောင်းအောင် မစပေးတယ်လို့ အယူရှိကြပါတယ်။

သူ မကွယ်လွန်ခင်မှာ ဒွတ္တပေါင် မင်းကြီးကို စိတ်နာ စိတ်ဆိုးလို့ ပြေးလာရင်း လဲကျတဲ့နေရာမှာ လက်သည်းနဲ့ ကုတ်ခြစ်ခဲ့ရာက လက်သည်းကန်ဖြစ်လာတယ်လို့ ဆိုကြပါတယ်။(နောက်တစ်မျိုးပြောကြတာက မင်းသမီးလေးဟာ နန်းတော်အပြင်ကနေ ရှက်ရှက်နဲ့ ပြန်ပြေးလာရင်း သူ့ရုပ်ရည်ကို တကယ်ရုပ်ဆိုးနေပြီလား လို့ မသင်္ကာစိတ်နဲ့ မြေကြီးကို လက်နဲ့တူးပြီး ရေထွက်အောင်ပြုလုပ်လို့ သူ့ရုပ်သွင်ကို ပြန်ကြည့်ခဲ့တာမို့ လက်သည်းကန်ဖြစ်လာတယ်တဲ့)။(ကျွန်မတို့သွားတဲ့အချိန် လက်သည်းကန်အနီးကျောင်းတိုက်က ဘုန်းဘုန်းမိန့်တာတော့ လက်သည်းနဲ့ခြစ်ရုံနဲ့ ကန်ဖြစ်လာတာမဟုတ်ဘဲ မင်းသမီးက လက်သည်းနဲ့ကုတ်ခြစ် အမှတ်အသားပြုတဲ့နေရာတွေမှာ ဒွတ္တပေါင်မင်းက ကန်တူးပေးခဲ့တာတဲ့။)ဇာတ်လမ်းကတော့ မြန်မာဗီဒီယိုကားလိုပါပဲ။သူ သေပြီးမှ မင်းကြီးက အကြောင်းစုံသိ…စိတ်မကောင်းဖြစ်…လိုက်လာပေါ့လေ။

ဒွတ္တပေါင်မင်းကြီးဟာ သုံးပန်လှ မင်းသမီးရဲ့ကိုယ်အတိုင်းယူပြီး အလေးချိန်နဲ့ညီမျှတဲ့ ရွှေရုပ်ထု ထုလုပ်ကာ ရွှေတလားနဲ့ ထည့်မြှုပ်နှံခဲ့တယ်လို့လည်း ဆိုကြပြန်ပါတယ်။ပြီးတော့ သက်ဦးဆံပိုင်ဘုရင်တို့ ထုံးစံအတိုင်း ကုန်းချောတဲ့ အမတ်ကြီး လေးဦးကိုပါ ကျိန်စာတိုက် တစ်ခါတည်းစတေးမြှုပ်နှံခဲ့တယ်တဲ့။မင်းသမီး ကွယ်လွန်ပြီး နှစ်ထောင်ကျော် ကြာမှ တူးဖော်တဲ့အခါ ထန်းလုံးလောက်ရေတွေ ထွက်လာတယ်ဆိုပဲ။ခုချိန်ထိ အဲ့ဒီနေရာ တူးဖော်ရင် နွေခေါင်ခေါင်မှာ မိုးကြီးရွာ မိုးကြိုးများ ပစ်သတဲ့လေ။မတူးရဲကြတော့ဘူးတဲ့။

သုံးပန်လှ နတ်နန်းမှာ စံမြန်းနေတဲ့ မင်းသမီးလေးဟာ သူ့ကို မယ်တော်လို့ ခေါ်ရင် မကြိုက်ဘဲ အစ်မတော်လို့ ခေါ်မှ နှစ်သက်ပါသတဲ့။သုံးပန်လှ မင်းသမီးထက် လက်သည်းကန်အနီးက ဟောင်းနွမ်း ယိုယွင်းနေပေမဲ့ လှပနေဆဲ ရှေးဟောင်း သုံးပန်လှကျောင်းတိုက်ကြီးက ပိုပြီး စိတ်ဝင်စာစရာပါ။



ဟိုးတစ်ချိန်က ငေးယူရလောက်အောင် ခန့်ငြားထည်ဝါခဲ့မှာ သေချာလှတဲ့ ကျောင်းတော်ကြီးဟာ ခုတော့ သင်္ခါရရဲ့ ဝါးမြိုခြင်းကို ခံနေရရှာပါပြီ။ရေမှော်ရေညှိတွေနဲ့ နွယ်တွေလိမ်ယှက်နေတဲ့ အပြင်ဘက် ရုပ်လုံး ဟန်ပန်လေးတွေသာ ကျန်ခဲ့ပြီး အတွင်းပိုင်းတွေကတော့ ပြိုကျ ပျက်စီးနေခဲ့ပါပြီ။တချို့က ပြောတာတော့ သုံးပန်လှ မင်းသမီးနဲ့ အခု လူတွေစိတ်ဝင်တစားသွားကြည့်ကြတဲ့ ကျောင်းတိုက် အဟောင်းကြီးနဲ့သက်ဆိုင်မှု မရှိပါဘူးတဲ့။ဘုန်းကြီးကျောင်းနဲ့ နတ်ကွန်းနဲ့ မအပ်စပ်လှပေမဲ့မင်းသမီးလေးရဲ့ ဝိညာဉ် ခိုအောင်းတဲ့ နေရာမှာ အိပ်မက်အရ တည်ပေးခဲ့ရတဲ့နတ်ကွန်းလေးပါတဲ့။မင်းသမီးရဲ့ လက်သည်းရေကန်ကို အစွဲပြုလို့ လက်သည်းရေကန်ကျောင်းတိုက်ဆရာတော်ကဘုန်းကြီးကျောင်းတည် သာသနာပြုတော့ အဲဒီကျောင်းတိုက်အဟောင်းကြီးကို သုံးပန်လှ မင်းသမီးအုတ်ကျောင်းလို့ ထင်ခဲ့ကြတာပါတဲ့။ အမှန်ကအဲဒီကျောင်းတိုက်အိုကြီးက ရှင်မဟာရဌသာရသီတင်းသုံးခဲ့တဲ့ ကျောင်းပါတဲ့။(ဒါပေမဲ့ လူတွေရဲ့စိတ်မှာ မင်းသမီးရဲ့ ဝမ်းနည်းဖွယ်ဒဏ္ဍာရီက အရှိန်ကြီးနေတာကြောင့် ရှင်မဟာရဋ္ဌသာရ သီတင်းသုံးခဲ့တဲ့ကျောင်းဆိုတာ မှေးမှိန်နေပါတယ်။)


ချစ်မိတ်ဆွေတို့အနေနဲ့ သရေခေတ္တရာဆိုတဲ့ ပျူမြို့ဟောင်းကို ရောက်ခဲ့ရင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် မှော်ဇာရွာအနီးက ရှေးဟောင်းဘုန်းကြီးကျောင်းတိုက် အဟောင်းကြီးနဲ့ သုံးပန်လှမင်းသမီးလေးရဲ့ လက်သည်းရေကန် ၊ မင်းသမီးလေးရဲ့ ဝိညာဉ်ရှိနေတယ်လို့ ယုံကြည်ယူဆဆဲ နတ်ကွန်းဗိမာန်တို့ကို သွားရောက်လေ့လာနိုင် ကြပါကြောင်း သတင်းစကားပါးလိုက်ပါရစေ……။

ရေးသားသူ – အေးမြတ်မြတ်ဖြိုး(ကံမ)
Photo credit – Ma Wint Wah

No comments:

Post a Comment