Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 10, 2019

သူမ်ားေတြ သိကုန္ၿပီ ကိုယ္သိဖို႔ပဲ လိုေတာ့တယ္.. ေက်ာ္မသြားလိုက္ပါနဲ႔


သူမ်ားေတြ သိကုန္ျပီ ကိုယ္သိဖို႕ပဲ လိုေတာ့တယ္
ဒီေန ့ဘီဘီစီ သတင္း ဖတ္ရင္း က စိတ္ဝင္စား စရာ သတင္းေလးတစ္ပုဒ္ ဖတ္ျဖစ္ ပါတယ္။
အဂၤလန္ မွာ ဒုတိယ ကမာၻ စစ္ ေနာက္ပိုင္း ေခတ္ စား တဲ႕ ဘဏ္ေခ်းေငြနဲ႕ အိမ္ျကီးျကီး ကားေကာင္းေကာင္း ေတြဝယ္ျပီး ေန တဲ႕လူေနမႈပံု စံက ေန
ေတာ္သင့္ သေလာက္အိမ္ေလး ရယ္ မရိွမျဖစ္လို မွဝယ္ တဲ႕ ဂ်ပန္ ကားေလး ကုိစီး ျပီး အေျကြးမထူ လူမပူ ရဘဲ ခပ္ေအးေအး ေန တဲ႕ပံုစံ ကို ေျပာင္း လဲလာပါတယ္တဲ႕။
အဲ႕ဒီလို ျကြားဝါ ရမဲ႕ကိစၥ ေတြ မွာ ေငြမသံုးဘဲ မရိွမျဖစ္တာ ေလး ကိုစီစစ္ျပီး သံုး တာ ကို အဂၤလိပ္ လို Frugal Living လို ့ေခၚပါတယ္။
စားစရာဝတ္စရာ စတာ ေတြမွာ ေငြကုန္ ေျကးက် မ်ား တဲ႕ ဇိမ္ခံပစၥည္းေတြ မလို အပ္ပဲ ဝါသနာ အရ ဝယ္တာ ကို ေလ်ွာျ့ပီး သင့္တင့္ မ်ွတေအာင္ ေန တာပါ။
အရင္းရွင္ စနစ္ ရဲ႕ေက်ာရုိး ျဖစ္တဲ႕ ေလာဘ အေလ်ွာက္အလြန္အက်ႊံဝယ္ယူ သံုးစြဲ တဲ႕ အက်င့္ ကေန ရိွတာေလး နဲ႕ လွေအာင္ ဆင္ ျပီးရုိးရုိး ရွင္းရွင္း နဲ႕ ေန လာျကပါတယ္။
ဒီလို ေန ျကည့္ေတာ့ ဘာသြားေတြ႕ သလဲ ဆို ေတာ့ ဘဏ္ေတြက ေန အေျကြး ယူ ရတာ အတိုးေပးရတာ နည္း သြားျပီးသူ တို ့နိုင္ငံ ကလူေတြအတြက္ ဆို အသက္ ၄၀ ေလာက္မွာ ေငြေျကးစုမိေဆာင္း မိျဖစ္သြား ျပီးပင္စင္ယူ ကိုယ္ဝါသနာ ပါရာ လုပ္ ေန နိုင္သြား ပါတယ္။

ဒါ့အျပင္ အလုပ္ရဲ႕ေက်းက်ႊန္ ေလာဘ ရဲ႕သားေကာင္ မျဖစ္ေတာ့ ဘဲ မိသားစု အတြက္ အေရး ပါတဲ႕ တစ္ဦးေပၚတစ္ဦး အခ်ိန္ ပို ေပး လာ နိုင္ပါတယ္။

ဂ်ပန္ မွာဆို လည္း Frugal living ဟာ အလြန္ေခတ္ စား ျပီး အိ္မ္ေတြမွာ မလို တဲ႕ပစၥည္း ေတြ အမိႈက္သရုိက္ေတြကို ရွင္း ျပစ္ျပီး အိပ္ရာ ကို ေတာင္

ကုတင္ နဲ႕မအိပ္ ပဲ ေမႊ ့ရာေလးျကမ္းေပၚခင္း အိပ္ မနက္ တိုင္း နံရံကပ္ ဘီရုိထဲထည့္သိမ္း ျကပါတယ္။
မလိုအပ္တဲ႕အရာ ဆို သြားပြတ္ တံ ထား တဲ႕ခြက္ေတာင္ မထားပဲ ေရခ်ိဳးခန္း နံရံေစာင္း မွာစီထားတဲ႕ အထိပါ။
အဝတ္အစား ဆို လည္း ရိွတာ ကို သတ္သတ္ ရပ္ရပ္ဝတ္ျကျပီး စားပြဲတစ္လံံုးထဲရိွတဲ႕ျကမ္းျပင္မွာ စုျပီး စား ျကေသာက္ ျက စာဖတ္ျကပါတယ္။

အရင္ ကခ်မ္းသာ တာ ကို ေငြေျကး ဘယ္ေလာက္ရိွတယ္ ဆို တာ နဲ႕တိုင္းတာ ျကေပမယ့္ အခုေခတ္ မွာတာ့ ခ်မ္းသာ တာကို ဘယ္ေလာက္ တင္းတိမ္ေရာင့္ရဲ နိုင္သလဲဆို တာ နဲ႕ တိုင္းတာ ပါတယ္။
အလို နဲျခင္း ဟာ ခ်မ္းသာျခင္း အေျကာင္း ဆို တာ ကို သူ တို ့သိလာျကပါျပီ။
ခရက္ဒစ္။ Nay Myo Oo

Unicode version
သူများတွေ သိကုန်ပြီ ကိုယ်သိဖို့ပဲ လိုတော့တယ်

ဒီနေ့ဘီဘီစီ သတင်း ဖတ်ရင်း က စိတ်ဝင်စား စရာ သတင်းလေးတစ်ပုဒ် ဖတ်ဖြစ် ပါတယ်။

အင်္ဂလန် မှာ ဒုတိယ ကမ္ဘာ စစ် နောက်ပိုင်း ခေတ် စား တဲ့ ဘဏ်ချေးငွေနဲ့ အိမ်ကြီးကြီး ကားကောင်းကောင်း တွေဝယ်ပြီး နေ တဲ့လူနေမှုပုံ စံက နေ

တော်သင့် သလောက်အိမ်လေး ရယ် မရှိမဖြစ်လို မှဝယ် တဲ့ ဂျပန် ကားလေး ကိုစီး ပြီး အကြွေးမထူ လူမပူ ရဘဲ ခပ်အေးအေး နေ တဲ့ပုံစံ ကို ပြောင်း လဲလာပါတယ်တဲ့။

အဲ့ဒီလို ကြွားဝါ ရမဲ့ကိစ္စ တွေ မှာ ငွေမသုံးဘဲ မရှိမဖြစ်တာ လေး ကိုစီစစ်ပြီး သုံး တာ ကို အင်္ဂလိပ် လို Frugal Living လို့ခေါ်ပါတယ်။

စားစရာဝတ်စရာ စတာ တွေမှာ ငွေကုန် ကြေးကျ များ တဲ့ ဇိမ်ခံပစ္စည်းတွေ မလို အပ်ပဲ ဝါသနာ အရ ဝယ်တာ ကို လျှောြ့ပီး သင့်တင့် မျှတအောင် နေ တာပါ။

အရင်းရှင် စနစ် ရဲ့ကျောရိုး ဖြစ်တဲ့ လောဘ အလျှောက်အလွန်အကျွှံဝယ်ယူ သုံးစွဲ တဲ့ အကျင့် ကနေ ရှိတာလေး နဲ့ လှအောင် ဆင် ပြီးရိုးရိုး ရှင်းရှင်း နဲ့ နေ လာကြပါတယ်။

ဒီလို နေ ကြည့်တော့ ဘာသွားတွေ့ သလဲ ဆို တော့ ဘဏ်တွေက နေ အကြွေး ယူ ရတာ အတိုးပေးရတာ နည်း သွားပြီး

သူ တို့နိုင်ငံ ကလူတွေအတွက် ဆို အသက် ၄၀ လောက်မှာ ငွေကြေးစုမိဆောင်း မိဖြစ်သွား ပြီးပင်စင်ယူ ကိုယ်ဝါသနာ ပါရာ လုပ် နေ နိုင်သွား ပါတယ်။

ဒါ့အပြင် အလုပ်ရဲ့ကျေးကျွှန် လောဘ ရဲ့သားကောင် မဖြစ်တော့ ဘဲ မိသားစု အတွက် အရေး ပါတဲ့ တစ်ဦးပေါ်တစ်ဦး အချိန် ပို ပေး လာ နိုင်ပါတယ်။

ဂျပန် မှာဆို လည်း Frugal living ဟာ အလွန်ခေတ် စား ပြီး အိမ်တွေမှာ မလို တဲ့ပစ္စည်း တွေ အမှိုက်သရိုက်တွေကို ရှင်း ပြစ်ပြီး အိပ်ရာ ကို တောင်

ကုတင် နဲ့မအိပ် ပဲ မွှေ့ရာလေးကြမ်းပေါ်ခင်း အိပ် မနက် တိုင်း နံရံကပ် ဘီရိုထဲထည့်သိမ်း ကြပါတယ်။

မလိုအပ်တဲ့အရာ ဆို သွားပွတ် တံ ထား တဲ့ခွက်တောင် မထားပဲ ရေချိုးခန်း နံရံစောင်း မှာစီထားတဲ့ အထိပါ။

အဝတ်အစား ဆို လည်း ရှိတာ ကို သတ်သတ် ရပ်ရပ်ဝတ်ကြပြီး စားပွဲတစ်လံုံးထဲရှိတဲ့ကြမ်းပြင်မှာ စုပြီး စား ကြသောက် ကြ စာဖတ်ကြပါတယ်။

အရင် ကချမ်းသာ တာ ကို ငွေကြေး ဘယ်လောက်ရှိတယ် ဆို တာ နဲ့တိုင်းတာ ကြပေမယ့် အခုခေတ် မှာတာ့ ချမ်းသာ တာကို ဘယ်လောက် တင်းတိမ်ရောင့်ရဲ နိုင်သလဲဆို တာ နဲ့ တိုင်းတာ ပါတယ်။

အလို နဲခြင်း ဟာ ချမ်းသာခြင်း အကြောင်း ဆို တာ ကို သူ တို့သိလာကြပါပြီ။

ခရက်ဒစ်။ Nay Myo Oo

No comments:

Post a Comment