Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 15, 2019

ကို ရွှေထူးနဲ့ ရတဲ့အချိန်ကစပြီး ရွှေမှုံနဲ့ ပတ်သက်မှု မရှိတော့ဘူးဆိုတဲ့ ဇေရဲထက်…..








Credit: Can’t wait to say

Unicode

 ဇေရဲထက်ကတော့ သူငယ်ချင်းဖြစ်သူ ရွှေမှုန်ရတီနဲ့ သူကြား လူတစ်ချို့က မကောင်းမြင်တဲ့ အကြောင်းတွေအပေါ် အခုလိုပဲ ရှင်းပြသွားခဲ့ပါတယ်။

“ဒီနှစ် အကယ်ဒမီပေးမယ်ဆိုရင် ကျွန်တော့်ကို ပေးသင့်တယ် ဘာလို့လဲဆိုတော့ ကျွန်တော်က အမြဲတမ်းဝေဖန်ခံနေရပြီး အမြဲအပြောခံနေရတာဆိုတော့လေ တခြားဆုတော့ မဟုတ်ပါဘူး အပြောခံရဆုံး ဆုဆိုပြီး ပေးသင့်တယ်။ ကျွန်တော်က တစ်ခါတစ်လေကျရင် မဟုတ်မခံတဲ့စိတ်ရှိတော့ ပိုဆိုးတာပေါ့ ကျွန်တော်ကလည်း သူများကို ကောင်းတာလည်း မပြောဘူး ဆိုးတာလည်း မပြောဘူး ပြီးတော့ ကိုယ် ဘာလိုချင်တဲ့စိတ်နဲ့ ပြောတာလည်း မရှိဘူး ဘာဖြစ်ချင်တဲ့စိတ်နဲ့ လုပ်တာလည်း မရှိဘူး အဲ့တော့ တစ်ခါတစ်လေ ကိုယ့်ကိုပြောလာတဲ့အခါကျရင် ကျွန်တော်ကလည်း သာမန်လူတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့်မလို့ တစ်ခါတစ်လေကျရင် ပေါက်ကွဲတာတွေလည်းရှိတာပေါ့

ဒီကိစ္စဆိုတာ သူတို့ ပြောသင့်မပြောသင့် ရေးသင့်မရေးသင့်ဆိုတာ စဉ်းစားရမယ်လေ ဘာလို့လဲဆိုတော့ ရွှေမှုန်ရတီသည် အိမ်ထောင်ဘက်ရှိတယ် သူ့မှာ ကာမပိုင်ယောက်ျားရှိတဲ့အတွက် ဒါမျိုးရေးလိုက်ရင် သူတို့ အိမ်ထောင်ဘက်အတွက် ဘယ်လိုဖြစ်သွားမလဲ မဟုတ်ဘူးဆိုရင်တောင် စိတ်ထဲမှာ ကိုးလို့ကန့်လန့် ဖြစ်သွားနိုင်တယ် အဲ့ဒါမျိုးတွေ မလုပ်သင့်ဘူး ရေးလည်း မရေးသင့်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် သံယောဇဉ်လည်း ပြတ်တောက်သွားနိုင်တယ်။ ရွှေမှုံနဲ့တော့ ဒီကိစ္စကို မပြောဖြစ်ပါဘူး သူကလည်း သူမှန်တယ်ထင်ရင် ဂရုမစိုက်သလို ကျွန်တော်ကလည်း ကျွန်တော်မှန်တယ်ထင်ရင် ဖြေရှင်းပေးစရာလည်း မလိုဘူး ကာယကံရှင် နှစ်ယောက်လုံး မှန်တယ်ဆိုတာသိတဲ့အတွက် ချပြစရာမလိုဘူး ကျွန်တော် Share တာကလည်း ဒါမျိုးတွေ မရေးသင့်ဘူး မတင်သင့်ဘူးဆိုတာကို ချပြတာပါ။

ဒီလိုလုပ်တဲ့သူတွေကို ပြောချင်တာက ကိုယ်ချင်းစာကြပါ ကိုယ်လိုမျိုး တစ်ဖက်သား ဘယ်လို ခံစားသွားရမလဲဆိုတာ ဘယ်လိုဖြစ်သွားမလဲ ဆိုတာကို စဉ်းစားပေးကြပါ ဒီကိစ္စသည် လုံးဝမဟုတ်ပါဘူး ကျွန်တော်နဲ့ ရွှေမှုန်ရတီသည် ဖြူစင်စွာနဲ့ သူငယ်ချင်းသံယောဇဉ် မောင်နှမသံယောဇဉ်ပဲ ရှိပါတယ် အဲ့ထက်မပိုပါဘူး ကျွန်တော်တို့ နှစ်ယောက်လုံးသည် အခု ကိုရွှေထူးနဲ့ ရတဲ့အချိန်ကစပြီး ပတ်သက်မှုလည်း မရှိတော့ဘူး။
သူကလည်း သူ့အလုပ် သူ့ယောက်ျားနဲ့ တိုင်ပင်တာတွေရှိတာပေါ့ အရင်ကဆို ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်တိုင်ပင်တာလေးတွေရှိတယ် အခုသူ့မှာ ယောက်ျားရသွားတဲ့ အတွက် သူရဲ့ယောက်ျားကိုပဲ တိုင်ပင်ကောင်း တိုင်ပင်လိမ့်မယ် အဲ့တော့ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ပတ်သက်ဆက်နွယ်မှု မရှိတော့ပါဘူး ကာယကံရှင် နှစ်ယောက်လုံးသိသလို တခြားသူတွေလည်း ယုံကြည်ပေးပါလို့ ကျွန်တော် ပြောချင်ပါတယ်”လို့ ရွှေမှုန်နဲ့ အရင်လို အဆက်သွယ်မရှိတော့ကြောင်းနဲ့ Facebookမှာ တက်နေတဲ့ သတင်းအကြောင်းအရာက တကယ်မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ရှင်းပြသွားပါတယ်။

Credit: Can’t wait to say

No comments:

Post a Comment