(၆)ႏွစ္အရြယ္မိန္းခေလးတစ္ဦးကို အကိုဝမ္းကြဲေတာ္စပ္သူမွသားမယားျပဳက်င္႔ျပီးရိုက္ႏွက္စြန္႔ပစ္မႈ ေျမာင္းျမၿမိဳ႕နယ္ ပ်ဥ္ပုံအုပ္စုအပိုင္တြင္သက္ငယ္မုဒိန္းမႈျဖစ္ပြား ။ ေျမာင္းျမ.မတ္.၁ ။ ဧရာဝတီတိုင္းေဒသႀကီးေျမာင္းျမၿမိဳ႕နယ္ ပ်ဥ္ပုံအုပ္စုအပိုင္တြင္အသက္(၆)ႏွစ္အရြယ္မိန္းခေလးငယ္တစ္ဦးကို(၁၈)ႏွစ္သားအရြယ္အကိုဝမ္းကြဲေတာ္စပ္သူမွမတရားျပဳက်င့္၍လည္ပင္းညႇစ္မ်က္ႏွာဦးေခါင္းတို႔အား႐ိုက္ႏွက္၍ေတာထဲတြင္ပစ္ထားခဲ့ေၾကာင္းသတင္းရ႐ွိပါသည္. ျဖစ္စဥ္မွာသိလႅာဂတ္စုရဲကင္းအပိုင္ပ်ဥ္ပုံေက်းရြာအုပ္စု.ယခင္(၉၃)စစ္တပ္ေကာ္ဖီစိုက္ခင္းတြင္တဲထိုး၍အလုပ္.လုပ္ကိုင္စားေသာက္ၾကေသာအဖ.ဦးခ်စ္ထူး.အမိေဒၚယဥ္ယဥ္ဝင္းတို႔မွေမြးဖြားေသာသမီးငယ္ေလး.မစုပုံခ်စ္(ခ)မၾကယ္စင္လင္းအသက္(၆)ႏွစ္KGတန္းသည္ ၁.၃.၂၀၁၉ဒီမနက္ပိုင္းေပ်ာက္ေနေသာေၾကာင့္… ခေလးအားေတာထဲသို္ဝင္႐ွာေဖြၾကရာ “တရားခံ.ေအာင္ဝင္းေအး.(၁၈)ႏွစ္
အဖ.ဦးဝင္းထြန္း.အမိေဒၚသန္းေအး (႐ွစ္အိမ္တန္းသား)အားထင္းစီးထမ္းျပီးျပန္လာသည္ကိုေတြ႔သျဖင့္ခေလးေတြ႔ခဲ့ေသးလားဟုေမးျမန္းရာမေတြ႕ခဲ့ေၾကာင္း…. ေျပာဆိုပုံမူမမွန္သည္ကိုမသကၤာသျဖင့္မိခင္ျဖစ္သူႏွင့္အကိုျဖစ္သူခ်စ္မ်ိဳးႏိုင္.တကြီး.ပုတ္ပုတ္တို႔ကေတာထဲတြင္ဆက္လက္႐ွာေဖြရာခေလးငယ္ညီးသံၾကားသျဖင့္သြားေရာက္ၾကည့္ရာခေလးငယ္မွာဝတ္လစ္စလစ္ျဖင့္ခ်ံဳပုတ္အတြင္းလည္းပင္းညိဳမဲ.ပါးစပ္ေသြးထြက္.ေအာက္ပိုင္းေသြးထြက္ဒါဏ္ရာမ်ားျဖင့္ေတြ႔႐ွိခဲ့ေၾကာင္း…. ခေလးငယ္အားအေရးေပၚေျမာင္းျမေဆး႐ုံသို႔ပိုေဆာင္ကုသလ်ွက္႐ွိေၾကာင္းခေလးမိခင္ျဖစ္သူေဒၚယဥ္ယဥ္ဝင္းကေျပာသည္.”တိုင္တန္းခ်က္အရတရားခံေအာင္ဝင္းေအး.အား.သိလႅာဂတ္စုရဲကင္းရဲစခန္းမွစခမ္းမႉး.ရဲအုပ္ဇင္မင္းဦးႏွင့္အဖြဲ႔တို႔ကအပူတျပင္းလိုက္လံဖမ္းစီးရာ... နာရီပိုင္းအတြင္းဖမ္းမိခဲ့ေၾကာင္းတရားခံ.ေအာင္ဝင္းေအး(၁၈)ႏစ္..အား(ပ)၁၃၄/၂၀၁၉ရာဇသတ္ႀကီးပုဒ္မ၃၇၆/၃၂၅အရေျမာင္းျမၿမိဳ႕မရဲစခန္းမွထိေရာက္ေသာျပစ္ဒါဏ္ခ်မွတ္ႏိုင္ရန္ေဆာင္ရြက္လ်ွက္႐ွိေၾကာင္းသတင္းရ႐ွိပါသည္ ။
ရေဝေမာင္(ေျမာင္းျမ)
#Unicode Version# ျဖင့္ဖတ္ပါ ။
(၆)နှစ်အရွယ်မိန်းခလေးတစ်ဦးကို အကိုဝမ်းကွဲတော်စပ်သူမှသားမယားပြုကျင့်ပြီးရိုက်နှက်စွန့်ပစ်မှု မြောင်းမြမြို့နယ် ပျဉ်ပုံအုပ်စုအပိုင်တွင်သက်ငယ်မုဒိန်းမှုဖြစ်ပွား ။ မြောင်းမြ.မတ်.၁ ။ ဧရာဝတီတိုင်းဒေသကြီးမြောင်းမြမြို့နယ် ပျဉ်ပုံအုပ်စုအပိုင်တွင်အသက်(၆)နှစ်အရွယ်မိန်းခလေးငယ်တစ်ဦးကို(၁၈)နှစ်သားအရွယ်အကိုဝမ်းကွဲတော်စပ်သူမှမတရားပြုကျင့်၍လည်ပင်းညှစ်မျက်နှာဦးခေါင်းတို့အားရိုက်နှက်၍တောထဲတွင်ပစ်ထားခဲ့ကြောင်းသတင်းရရှိပါသည်. ဖြစ်စဉ်မှာသိလ္လာဂတ်စုရဲကင်းအပိုင်ပျဉ်ပုံကျေးရွာအုပ်စု.ယခင်(၉၃)စစ်တပ်ကော်ဖီစိုက်ခင်းတွင်တဲထိုး၍အလုပ်.လုပ်ကိုင်စားသောက်ကြသောအဖ.ဦးချစ်ထူး.အမိဒေါ်ယဉ်ယဉ်ဝင်းတို့မှမွေးဖွားသောသမီးငယ်လေး.မစုပုံချစ်(ခ)မကြယ်စင်လင်းအသက်(၆)နှစ်KGတန်းသည် ၁.၃.၂၀၁၉ဒီမနက်ပိုင်းပျောက်နေသောကြောင့်… ခလေးအားတောထဲသိုဝင်ရှာဖွေကြရာ “တရားခံ.အောင်ဝင်းအေး.(၁၈)နှစ်အဖ.ဦးဝင်းထွန်း.အမိဒေါ်သန်းအေး (ရှစ်အိမ်တန်းသား)အားထင်းစီးထမ်းပြီးပြန်လာသည်ကိုတွေ့သဖြင့်ခလေးတွေ့ခဲ့သေးလားဟုမေးမြန်းရာမတွေ့ခဲ့ကြောင်း…. ပြောဆိုပုံမူမမှန်သည်ကိုမသင်္ကာသဖြင့်မိခင်ဖြစ်သူနှင့်အကိုဖြစ်သူချစ်မျိုးနိုင်.တကွီး.ပုတ်ပုတ်တို့ကတောထဲတွင်ဆက်လက်ရှာဖွေရာခလေးငယ်ညီးသံကြားသဖြင့်သွားရောက်ကြည့်ရာခလေးငယ်မှာဝတ်လစ်စလစ်ဖြင့်ချုံပုတ်အတွင်းလည်းပင်းညိုမဲ.ပါးစပ်သွေးထွက်.အောက်ပိုင်းသွေးထွက်ဒါဏ်ရာများဖြင့်တွေ့ရှိခဲ့ကြောင်း…. ခလေးငယ်အားအရေးပေါ်မြောင်းမြဆေးရုံသို့ပိုဆောင်ကုသလျှက်ရှိကြောင်းခလေးမိခင်ဖြစ်သူဒေါ်ယဉ်ယဉ်ဝင်းကပြောသည်.”တိုင်တန်းချက်အရတရားခံအောင်ဝင်းအေး.အား.သိလ္လာဂတ်စုရဲကင်းရဲစခန်းမှစခမ်းမှူး.ရဲအုပ်ဇင်မင်းဦးနှင့်အဖွဲ့တို့ကအပူတပြင်းလိုက်လံဖမ်းစီးရာ... နာရီပိုင်းအတွင်းဖမ်းမိခဲ့ကြောင်းတရားခံ.အောင်ဝင်းအေး(၁၈)နစ်..အား(ပ)၁၃၄/၂၀၁၉ရာဇသတ်ကြီးပုဒ်မ၃၇၆/၃၂၅အရမြောင်းမြမြို့မရဲစခန်းမှထိရောက်သောပြစ်ဒါဏ်ချမှတ်နိုင်ရန်ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည် ။
ရဝေမောင်(မြောင်းမြ)
No comments:
Post a Comment