Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 20, 2019

ရုပ်ရှင်သရုပ်ဆောင် စည်သူတင်စိုး (Tackle King) တို့ ငါးမျှားသူတွေ ချိန်းရိုက်ကြတဲ့ အကြောင်းရင်အမှန်


ပြသနာအစက မိုးယွန်းကြီးမှာ စည်သူတင်စိုးတို့ ငါးသွားမျှားရာကစတယ်။
စည်သူတင်စိုးပြန်လာတော့ အဲ့မိုးယွန်းကြီးကို အခြားငါးမျှားသူတွေ ထပ်သွားကြတယ်။
အဲ့ဒါကို စည်သူတင်စိုးက မကျေနပ်ဘူး။ သူ့အကွက်တွေကို ၀င်မျှားတယ်ဆိုပြီး ကျန်တဲ့လူတွေကို ပြသနာရှာတယ်။

ဒုတိယသွားမျှားတဲ့အဖွဲ့မှာ ရောင်ကြီးဗွေတို့လည်း ပါတယ်။
အဲ့ကတည်းက ငြိကြတယ်ပေါ့။

ဟိုနေ့ကတော့ ရောင်ကြီးဗွေရဲ့ သူငယ်ချင်းတွေက ငါးရံ့အကောင် ၆၀ ကျော်မိတယ်။
အဲ့ဒါကို ပုံတင်တယ်။
ဒါကို စည်သူတင်စိုးတို့က သူ့ကို လိုက်ပြိုင်တယ်လို့ထင်တယ်။

ပြသနာက အဲ့မှာတင် မပြီးဘူး။
စည်သူတင်စိုးရဲ့ တပဲ့ အငယ်ဆိုတဲ့ လူက ပို့စ်တင်ပြီး ဆဲတယ်။
အဲ့ဒါကို အခု ဆေးရုံရောက်နေတဲ့ ဖြိုးဝေ ဆိုသူက ဒီမအေလိုးတွေလားဆိုပြီး ငရံ့အကောင် ၆၀ ကျော်တင်ထားသူတွေရဲ့ ပုံနဲ့ မန့်လိုက်တယ်။

အဲ့မှာပဲ ပြသနာဖြစ်ကြတယ်။
ဖြိုးဝေဆိုတာကလည်း စည်သူတင်စိုးတပဲ့ပဲ။

အဲ့အခါမှာ ရောင်ကြီးဗွေတို့ကလည်း ၀င်ဆဲတယ်။
ဟိုလူဆဲ ဒီလူဆဲနဲ့ပေါ့။
ဒီကောင်တွေကို ငပိကြော်ကျွေးမယ်ဆိုပြီး ပြောတယ်။

နောက်တော့ စည်သူတင်စိုးတို့က အပြင်မှာ ရှင်းကြမယ်ဆိုပြီး ချိန်းတယ်။
ချိန်းတဲ့နေရာက စည်သူတင်စိုးတို့အပိုင်နေရာ။
၈ မိုင်က ငါးမျှားကန်မှာပေါ့။ ၁၈၊ ၂၊ ၂၀၁၉ ၁၁ နာရီမှာ ချိန်းတာ။

အပြင်မှာတွေ့တော့ စည်သူတင်စိုးက ဗီဒီယိုရိုက်ထားတယ်။
ဖြိုးဝေက ဆဲတယ်။
အဲ့တော့ ထိုးကြရော.....။

အဲ့နေရာမှာ စည်သူတင်စိုးတို့က ဒုတ်၊ ဓားတွေဖွက်ထားတယ်။

စည်သူတင်စိုးက သူ့လူတွေ ဒုတ်တွေဓားတွေ ကောက်တဲ့အချိန်နဲ့
ရောင်ကြီးတို့ကို ရိုက်တဲ့ အချိန်မှာ ကင်မရာကို သူ့ဘက်လှည့်လိုက်တယ်။
စည်သူတင်စိုးဟာ သူ့မျက်နှာကို ဘယ်တုန်းကမှ မဖော်ခဲ့ဘူး။
ငါးမျှားပုံတွေတင်ရင်လည်း မျက်နှာကို စတေကာ အုပ်ပြီး တင်နေကြ။
ငါးမျှားဘော်ဒါတိုင်းသိတယ်။

အခု သူ့လူတွေ ဒုတ်တွေ၊ ဓားတွေယူပြီး ခုတ်ချိန်မှ သူမျက်နှာကို ကင်မရာပြောင်းလိုက်တာ သိသာလွန်းတယ်။

အဲ့လို ချကြတော့ ရောင်ကြီးတို့က ခြောက်ယောက်၊ စည်သူတင်စိုးတို့ဘက်က ကိုးယောက်။
ဒါပေမဲ့ ရောင်ကြီးတို့က သတ္တိရှိရှိနဲ့ ဒုတ်တွေလုပြီး ပြန်ရိုက်တော့ ဟိုကောင်တွေ ထွက်ပြေးတယ်။
ဖြိုးဝေက ကျန်ခဲ့တယ်။
ကျန်ခဲ့တော့ အဲ့ကောင်နာသွားတယ်။
ရောင်ကြီးဗွေလည်း အစပိုင်းမှာ ၀ိုင်းရိုက်တာ တော်တော်ခံလိုက်ရတယ်။
အဲ့တော့ ရောင်ကြီးလည်း ဆေးရုံရောက်သွားတယ်။

ပြသနာဖြစ်ဖြစ်ပြီးချင်းမှာ နှစ်ဖက်စလုံးက ရဲစခန်းမှာ အေးဆေးဖြေရှင်းကြမယ်။
အမှုမဖွင့်ကြဘူး။ ဆိုပြီး လုပ်ကြတယ်။
ဒါပေမဲ့.....။
စည်သူတင်စိုးတို့က ည ၁၂ နာရီကျော်တဲ့အချိန်ကြမှ အမှုထဖွင့်တယ်။
အဲ့တော့ ဒါဏ်ရာကြီးနဲ့ ရောင်ကြီးဗွေဟာလည်း အချုပ်ထဲရောက်သွားတယ်။
အခုကတော့ ဒီလောက်ပဲ။ ထပ်သိရရင် ထပ်တင်ပေးမယ်။
စခရင်ရှော့တွေကတော့ စည်သူတင်စိုးတို့ နဲ့ ရောင်ကြီးဗွေတို့ စကားများတဲ့ စခရင်ရှော့တွေပါ။





No comments:

Post a Comment