Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 1, 2019

ဘဲလိပ် ခေါ် Manta Ray/Mobula Ray


မနေ့ညက ဒေသအခေါ် ဘဲလိပ်...
ကျွန်တော်တို့အခေါ် (Manta Ray/Mobula Ray) တွေကို ခုတ်ထစ်ပိုင်းဖြတ်နေတဲ့ ပုံတွေ တင်လိုက်တယ်...
မျက်မြင်ကိုယ်တွေ့ ဓာတ်ပုံရိုက်လာတဲ့ မိတ်ဆွေရဲ့ ပြောကြားချက်အရ...
ဒီပုံတွေကို သူကိုယ်တိုင် ငပလီအနီးက ဂျိတ္တောရပ်ကွက်မှာ ရိုက်ယူခဲ့တာလို့ သိရတယ်...
မကြာပါဘူး နောက်ထပ် မိတ်ဆွေတစ်ယောက်က Post တစ်ခု ထပ်ပြတယ်...
တော်တော်ကြီးတဲ့ ဘဲလိပ် (Manta Ray) ကို အလယ်ကနေ ၂ ခြမ်း ခြမ်းထားတဲ့ပုံတွေ တွေ့လိုက်ရပါတယ်...ထက် ခြမ်းခြမ်းထားတာတောင်...
တစ်ခြမ်းစီဟာ အရှည် လူတစ်ရပ်ကျော်ရှိပြီး... ဗျက်ဟာ လူ ၃ ယောက်စာလောက်ရှိတယ်...
ဘယ်လောက်တောင်ကြီးမလဲ စဉ်းစားကြည့်နိုင်ပါတယ်...
ပိုဆိုးတာက Video File ပါ တွဲပါလာတယ်...
မြင်ရတာ ရင်ထဲတော်တော်စို့နင့်စေခဲ့တယ်...
အဲ့ဒီ့ Post ကို မြင်ပြီးတဲ့နောက်မှာ ဒီ Awarness တွေဟာ ငါ (တို့) ဆက်လုပ်လည်း အပိုပဲ ဘာမှဆက်ထူးလာမှာမဟုတ်...
ပြောတဲ့သူတွေသာ အဆဲခံရ အလှောင်ခံရ အခြိမ်းခြောက်ခံရနဲ့...
လူမုန်းများတာပဲ ရှိမယ်...
ဖမ်းတဲ့သူကလည်း ဆက်ဖမ်းတုန်း၊ သတ်တဲ့သူကလည်း ဆက်သတ်တုန်း၊ အရေးယူမှကလည်း ဘာမှ မရှိ...မတင်ဘူးကွာဆိုပြီး ပြန်ဖျက်ချလိုက်တယ်...
Post ကို ပြန်ဖျက်ချပြီးနောက်ပိုင်းမှာ မိတ်ဆွေအချို့ရဲ့ တန်ဖိုးရှိတဲ့  အားပေးထောက်ပြမှုတွေကို ရလိုက်လို့ ဒီ Post ကို ပြန်တင်ခြင်း ဖြစ်ပါတယ်...

ကျွန်တော် တစ်ခုလောက် မေတ္တာရပ်ခံပါရစေ...
ဒီ ဘဲလိပ် ခေါ် Manta Ray/Mobula Ray တွေကို...
ဒေသတွေမှာ စားသောက်ကုန်တစ်ခုအနေနဲ့ နှစ်ပေါင်းများစွာကတည်းက ရောင်းချ စားသောက်လာကြတယ်ဆိုတာ ကျွန်တော် လေ့လာမိပါတယ်...
ထို့အတူ တစ်ပိဿကို တော်တော်ကောင်းတဲ့ဈေး (ခန့်မှန်း ၅၀၀၀၀ လောက်) ရတယ်ဆိုတာလည်း ကျွန်တော် လေ့လာမိပါတယ်...
ဒီလိုဈေးကောင်းရတဲ့ ငါးတွေကို မိရင် ရေလုပ်ငန်းရှင်တွေရော၊ ရေလုပ်သားတွေရော ပျော်တယ်ဆိုတာလည်း ကျွန်တော်သိပါတယ်...
ထို့အတူ ဒီ Manta Ray/Mobula Ray တွေနဲ့ ပါတ်သတ်ပြီး တိတိကျကျ တားဆီးထားတဲ့ အမိန့်၊ ဥပဒေ မရှိမှန်းလည်း ကျွန်တော် သိပါတယ်...
စားဝတ်နေရေးတွေ ကြပ်တည်းကြတာလည်း မြင်နိုင်ပါတယ်...
ဘယ်သူမှတော့ ဖြစ်နိုင်ရင် ဒီလိုအလုပ်မျိုး မလုပ်ချင်ပဲ အခြားသော အလုပ်ကိုသာ လုပ်ချင်ကြမှာဖြစ်ပြီး...
ရွေးချယ်ခွင့်မရှိလို့သာ မိသားစု စားဝတ်နေရေးဖြေရှင်းဖို့အတွက် ဒီအလုပ်တွေ လုပ်နေရတယ်ဆိုတာလည်း ကျွန်တော် နားလည်နိုင်ပါတယ်...
ဒါဆို မင်းကိုယ်တိုင်ရော အသားမစားလို့လားဆို...
သိပ်စားပါတယ်... သိပ်ကြိုက်ပါတယ်...
ဒါပေမယ့် အသားဆိုတဲ့နေရာ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီကတည်းကရှိခဲ့တဲ့...
Live Stock ဆိုတဲ့ မွေးမြူရေးလုပ်ငန်းနဲ့...
မျိုးတုန်းပျောက်ကွယ်မှု အန္တာရာယ်နဲ့ ကြုံတွေ့နေရတဲ့ Endangered Species ဆိုတဲ့ အမျိုးအစားတွေကိုတော့ ခွဲခြားနားလည်နိုင်ဖို့ လိုပါလိမ့်မယ်...
Manta Ray/Mobula Ray တွေဟာ အနီရောင်အဆင့် သတ်မှတ်ထားတဲ့ မျိုးသုန်းပျောက်ကွယ်မှု အန္တာရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရေနေသတ္တဝါတွေဖြစ်ပါတယ်...
၅ နှစ်လောက်နေမှ သားတစ်ခါပေါက်ပါတယ်...
တစ်ခါပေါက်တဲ့အချိန်မှာလည်း အများဆုံး ၂ ကောင်သာ ပေါက်လေ့ရှိတဲ့အတွက်...
ဖမ်းဆီးသတ်ဖြတ်ခံရမှုနှုန်းနဲ့ မျိုးပွားနှုန်း နှိုင်းယှဉ်လိုက်ရင် ဘယ်လိုမှ Recover (ပြန်ကာမိ) ဖြစ်ဖို့ မလွယ်ပါဘူး...
တစ်ပိဿ ၅၀၀၀၀ ဟာ မက်လောက်စရာ ငွေပမာဏဖြစ်ပါတယ်...
ဒါပေမယ့် ဒီငွေဟာ တစ်ခါပဲ ရမှာ ဖြစ်ပါတယ်...
ဒီလိုဖမ်းဆီးသတ်ဖြတ်ပြီး ရောင်းချပြစ်မယ့်အစား...
ဒီရှားပါးရေနေသတ္တဝါကြီးတွေကို ကိုယ့်အရပ်ဒေသအသီးသီးမှာ ပျော်အောင်ထားမယ်...
သူတို့ကိုတွေ့ချင်မြင်ချင်၊သူတို့နဲ့ ရေအတူကူးချင်လို့ လာရောက် လည်ပတ်ကျမယ့် ပြည်တွင်း ပြည်ပက ခရီးသည်တွေကို ဖိတ်ခေါ်ပြသမယ်ဆိုရင်...
တစ်ပိဿ ၅၀၀၀၀ ထက် မကသော ငွေကြေးကို ရရှိပါလိမ့်မယ်...
ခင်ဗျားကလည်း လုပ်ငန်းရှင်တွေပဲ ရတာ ကျုပ်တို့ရေလုပ်သားတွေ ရတာမဟုတ်ဖူးလို့ မတွေးစေလိုပါ...လုပ်ငန်းရှင်တွေက Resort တွေ၊ Trip တွေဆွဲမယ်ဆိုရင်...
အခြေခံလုပ်သားတွေအနေနဲ့လည်း လှေလိုက်တာတွေ၊ ခရီးသည်တွေကို Guide လုပ်တာတွေ၊ အမှတ်တရ ပစ္စည်းလေးတွေရောင်းချတာတွေ၊ ရေငုပ်ပစ္စည်းလေးတွေရောင်းတာတွေ... လာရောက်လည်ပတ်တဲ့သူတွေအတွက် စားသောက်ဆိုင်ဖွင့်တာလေးတွေ...
စသဖြင့် စသဖြင့် လုပ်ကိုင်စရာ လုပ်ငန်းအခွင့်အရေးတွေ အများကြီးပေါ်လာမှာ ဖြစ်ပါတယ်...
အဲ့ဒီ့လုပ်ငန်းတွေက ရတဲ့ငွေတွေဟာ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ ရရှိရမယ့် ငွေကြေးတွေ ဖြစ်ပါတယ်...
ကမ္ဘာပေါ်မှာ ဒီ Manta Ray တွေကို မြင်ချင်လွန်းလို့ ရှာဖွေပြီး လိုက်နေကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ၊ Diver တွေဟာ မနည်းမနောဖြစ်ပါတယ်...
Maldives ကို ရောက်ဖူးတဲ့သူတွေ၊ Philipines မှာရှိတဲ့ Cebu ကို ရောက်ဖူးတဲ့သူတွေဆို အသိဆုံးဖြစ်ပါလိမ့်မယ်...
တစ်ရက်တစ်ရက်ကို နိုင်ငံခြားငွေ သိန်း ချီပြီး ရနေတဲ့နေရာတွေ ဖြစ်ပါတယ်...
တစ်ချို့နိုင်ငံတွေဆို သူတို့ဆီမှာ မရှိလို့... သူများနိုင်ငံက တရားမဝင်သော နည်းလမ်းတွေနဲ့ ခိုးဝယ်ပြီး...သူတို့နိုင်ငံမှာ ဒီလိုစီးပွားရေးကို သေသေချာချာ လုပ်နေတဲ့အချိန်မှာ...
ကျွန်တော်တို့ နိုင်ငံကတော့ အတားမရှိ အဆီးမရှိ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်...
နိဂုံးချုပ်အားဖြင့်
ကျွန်တော်အပေါ်မှာ ပြောခဲ့သလိုပဲ အခြေအနေအရပ်ရပ်ကို ကျွန်တော် သုံးသပ်လို့ရပါတယ်...
ထို့အတူ (ကျွန်တော်လေ့လာမိသလောက်) ဒီ ငါးတွေနဲ့ ပါတ်သတ်လာရင် တိကျတဲ့ အမိန့် ဥပဒေလည်း မရှိသေးတဲ့အတွက် ဖမ်းတဲ့သူတွေကိုလည်း အဆိုးဆိုလို့ရမှာ မဟုတ်ပါ...
သတ်ဟာ ဖြတ်ဟာ ဖမ်းဟာ ဆီးဟာ ဆိုတာမျိုး မဖြစ်စေလိုပါ...
ဒီလိုဖြစ်ခဲ့ရင်လည်း အဓိကတာဝန်ရှိသူတွေထက် ၊ အောက်ခြေ အလုပ်သမားတွေသာ ထိုးကျွေးခံရမှာ ဖြစ်ပါတယ်...ဖြစ်စရာလည်းမလိုပါ...
မိမိအသိစိတ်ဓာတ်ရှိရှိနဲ့ ကာကွယ်စောင့်ရှောက်ရင် လုံလောက်ပြီ ဖြစ်ပါတယ်...
ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ ဖြိုးဆဲနိုင်ငံလေးဖြစ်ပါတယ်...
နိုင်ငံဟာ ဖွံ့ ဖြိုးဆဲနိုင်ငံ ဖြစ်သည်နှင့်အညီ ဒါတွေကို တားဆီးဖို့ အစိုးရအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေမှာ ငွေအင်အား၊နည်းပညာအင်အား၊ လူအင်အား မလုံလောက်ပါ...
ကျွန်တော်တို့ နိုင်ငံသားတိုင်းက တာဝန်သိသိ ပါဝင်ကူညီဆောင်ရွက်ကြမှသာလျှင် နိုင်ငံသားကောင်းတစ်ယောက် တာဝန်ကို ကျေပွန်မည် ဖြစ်ပါသည်။
ငါတို့က ရွေးဖမ်းတာမဟုတ်ဖူး သူ့ဟာသူ ပါလာတာတော့ မတတ်နိုင်ဘူးဆိုရင်လည်း...
ပါလာခဲ့တဲ့အခါ တတ်နိုင်သမျှ ပြန်လွှတ်ပေးကြပါ...
လက်ငင်းအကျိုးကျေးဇူးဖြစ်တဲ့ ငွေရမယ့်အရေးကို ဆုံးရှုံးလိုက်ရမှာ ဖြစ်ပေမယ့်...
နောင်တစ်ချိန်မှာ မွေးဖွားကြီးပြင်းလာကြမယ့် အနာဂတ် မျိုးဆက်သစ်များနဲ့ သဘာဝတရားကြီး ကတော့ ကျေးဇူးတင် ဂုဏ်ပြုကြမှာ ဖြစ်ပါတယ်...
သူတို့ ပြန်လည်ဂုဏ်ပြုမယ့် ဆုလဒ်တွေဟာ တစ်ပိဿာ ၅၀၀၀၀ ထက် ပိုတန်ဖိုးရှိမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်...
ဒီလိုမှ မဟုတ်လို့ ဒီလုပ်ရပ်တွေ၊ ဖြစ်ရပ်တွေဟာ ဆက်လက်ရှိနေဦးမယ်ဆိုရင်တော့...
ကျွန်တော်တို့ဟာ တစ်ချိန်မှာ နောင်လာနောင်သားတွေရဲ့ လက်ညှိုးထိုးကဲ့ရဲ့ ရှုတ်ချခြင်းကို ခံရမှာဖြစ်တဲ့အပြင်...သဘာဝတရားကြီးရဲ့ တန်ပြန် ဒဏ်ခတ်မှုကိုလည်း အနှေးနဲ့ အမြန် သေချာပေါက် ခံရတော့မှာ ဖြစ်ပါတယ်...

ဒါ့ကြောင့်...
ဒီ Post လေးကို Share ပေးပါ... မျှဝေပေးပါ...
ထို့အတူ ကာကွယ်ပေးကြပါ၊ စောင့်ရှောက်ပေးကြပါ...။
တိုင်းသိ ပြည်သိ လူသိများတဲ့ အနုပညာရှင်တွေ၊ Cele တွေလည်း ဝိုင်းဝန်းပါဝင်ကြပါ...
သတင်း Media များ၊ Page များကလည်း ပါဝင်ကြပါ...
မိတ်ဆွေတို့နောက်က မြောက်များလှစွာသော ပရိတ်သတ်တွေဟာ ဒီနိုင်ငံရဲ့ အင်အားတွေ ဖြစ်ပါတယ်...
အဲ့ဒီ့ အင်အားတွေကို တန်ဖိုးရှိအောင် တိုက်တွန်းပေးပါ...
ဒါဟာ နိုင်ငံတော်အဆင့် ကာကွယ်ထိန်းသိမ်းရမယ့် အနေအထားတစ်ခုရောက်နေပြီ ဖြစ်ပါကြောင်း
လေးစားစွာဖြင့်

Pyiet Oo Aung










No comments:

Post a Comment