Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 19, 2019

ၾကာပင္ခူးရင္ ရႊံ႕ေအာက္ကရရွိခဲ့တဲ့ အရာတစ္ခုေၾကာင့္ မထင္မွတ္ဘဲ ကံေကာင္းခဲ့တဲ့မိသားစု

ၾကာပင္ရဲ႕ အစိတ္အပိုင္းေတြအားလုံးဟာ အသုံးဝင္ၿပီး ရႊံ႕ေအာက္မွာ အသက္ရွင္တဲ့ မ်ိဳးစိတ္တစ္မ်ိဳးပဲျဖစ္ပါတယ္။ ၾကာပန္းကို အလွဆင္တဲ့ေနရာေတြမွာ အသုံးျပဳၾကသလို၊ ၾကာဖက္ကို အစားအေသာက္ ထုပ္ပိုးတဲ့အခါ၊ ၾကာျမစ္ကိုဟင္းခ်က္စားတဲ့အခါ စတဲ့ေနရာမ်ိဳးစုံမွာ အသုံးဝင္ပါတယ္။ ၾကာေစ့ကလည္း အဟာရျဖစ္သလို အဆုိပါ ၾကာကို အေရွ႕တိုင္းရင္းေဆးဝါးအေနအျဖစ္လည္းအသုံးျပဳၾကပါတယ္။ အခ်ိဳ႕ေက်းလက္ေဒသေတြမွာဆို အဆိုပါၾကာကို စီးပြားအျဖစ္ စိုက္ပ်ိဳးၾကၿပီး အပိုဝင္ေငြအျဖစ္လည္း စိုက္ပ်ိဳးၾကပါတယ္။

တ႐ုတ္ႏိုင္ငံ ေက်းလက္ေဒသတစ္ခုမွာေနထိုင္တဲ့ မိသားစုတစ္စုဟာ ၾကာပင္ခူးေရာင္းရင္း အသက္ေမြးဝမ္းေက်ာင္းျပဳၿပီး တေန႔မွာ ၾကားပန္းခူးေနစဥ္အတြင္း အနက္ေရာင္ရွိတဲ့ အရာတစ္ခုကို ရြံ႕ႏြံေတြေအာက္ကေနရရွိခဲ့ပါတယ္။ ဗဟုသုတနည္းပါတဲ့ ေက်းလက္သူေတြဆိုေတာ့ အဆိုပါအရာဟာ ၾကာပန္းခူးရင္ ရြံ႕ေအာက္က ရရွိတာဆိုေတာ့ ၾကာပင္ရဲ႕ အျမစ္ႀကီးပဲလို႔ ထင္ေနမိၿပီး ဒီေန႔အတြက္ေတာ့ အပိုေငြ နည္းနည္းမ်ားမ်ားရမွာပဲလို႔ ေတြးမိလိုက္ပါတယ္။

ဒါေပမဲ့ တကယ့္တကယ္ တူးယူလိုက္တဲ့အခါမွာေတာ့ အနက္ေရာင္ သစ္သားတုံးႀကီးတစ္တုံးပဲျဖစ္ ေနပါတယ္။ အဆုိပါ မိသားစုဟာ သစ္သားတုံးႀကီးကို ေသခ်ာေဆးေၾကာၿပီး ၾကည့္ၾကည့္တဲ့အခါမွာေတာ့ အျခားသစ္သားေတြနဲ႔ မတူဘဲ ထူးျခားေနတယ္လို႔ စဥ္းစားမိပါတယ္။

အဆိုပါ သစ္သားတုံးႀကီးကို ရြာက လူေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေမးၾကည့္ၿပီး ဘာမွ ထူးျခားမႈမရွိတာေၾကာင့္ ဒီအတိုင္းဘဲ ထားထားျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ဆုံးေတာ့ သစ္အေၾကာင္းကို နားလည္တတ္ကၽြမ္းတဲ့ သူတစ္ဦးနဲ႔ စကားစပ္မိၿပီး ျပၾကည့္ရာမွာေတာ့ အဆိုပါ သစ္ဟာ မည္းနက္မာေက်ာတဲ့သစ္သား /ရင္းတိုက္ပင္ (ebony) အမ်ိဳးအစားပဲ ျဖစ္တယ္လို႔ဆိုပါတယ္။ အဆိုပါသစ္ဟာ ရွားပါးတန္ဖိုးရွိတဲ့ ကာဗြန္သစ္တစ္မ်ိဳးျဖစ္ၿပီး အခ်ိဳ႕သူေတြဆို သူ႔ရဲ႕ မာေက်ာမႈကို တိုက္ေတနီယမ္နဲ႔ေတာင္ တင္စားၾကတယ္လို႔ ဆိုပါတယ္။

အဆိုပါသစ္သားကို ေစ်းႀကီးၿပီးတန္ဖိုးရွိဇိမ္ခံပစၥည္းေတြျပဳလုပ္ျခင္း ၊ဗုဒၶဆင္းတုေတာ္ ထုဆစ္ျခင္း၊ အေဆာင္လက္ဖြဲ႕ေတြျပဳလုပ္ျခင္း စတဲ့ေနရာေတြမွာ အသုံးျပဳတဲ့အျပင္ ယခုဆိုရင္ သိန္းေထာင္ေပါင္တန္တဲ့ ဇိမ္ခံကားေတြမွာေတာင္အဆိုပါသစ္ျဖင့္ အလွဆင္ဖန္တီးထားၾကပါတယ္။ အဆိုပါသစ္ ၁မီတာပတ္လည္ ကုဗတုံးတစ္တုံးကို ေဒၚလာ ၃ေသာင္းဝန္းက်င္ေလာက္အထိ တန္ဖိုးရွိတယ္လို႔လည္းသိရပါတယ္။
(www.nalonetardiary.com)
Source: Thar Nage

#Unicode Version#
 ကြာပင်ရဲ့ အစိတ်အပိုင်းတွေအားလုံးဟာ အသုံးဝင်ပြီး ရွှံ့အောက်မှာ အသက်ရှင်တဲ့ မျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ ကြာပန်းကို အလှဆင်တဲ့နေရာတွေမှာ အသုံးပြုကြသလို၊ ကြာဖက်ကို အစားအသောက် ထုပ်ပိုးတဲ့အခါ၊ ကြာမြစ်ကိုဟင်းချက်စားတဲ့အခါ စတဲ့နေရာမျိုးစုံမှာ အသုံးဝင်ပါတယ်။ ကြာစေ့ကလည်း အဟာရဖြစ်သလို အဆိုပါ ကြာကို အရှေ့တိုင်းရင်းဆေးဝါးအနေအဖြစ်လည်းအသုံးပြုကြပါတယ်။ အချို့ကျေးလက်ဒေသတွေမှာဆို အဆိုပါကြာကို စီးပွားအဖြစ် စိုက်ပျိုးကြပြီး အပိုဝင်ငွေအဖြစ်လည်း စိုက်ပျိုးကြပါတယ်။

တရုတ်နိုင်ငံ ကျေးလက်ဒေသတစ်ခုမှာနေထိုင်တဲ့ မိသားစုတစ်စုဟာ ကြာပင်ခူးရောင်းရင်း အသက်မွေးဝမ်းကျောင်းပြုပြီး တနေ့မှာ ကြားပန်းခူးနေစဉ်အတွင်း အနက်ရောင်ရှိတဲ့ အရာတစ်ခုကို ရွံ့နွံတွေအောက်ကနေရရှိခဲ့ပါတယ်။ ဗဟုသုတနည်းပါတဲ့ ကျေးလက်သူတွေဆိုတော့ အဆိုပါအရာဟာ ကြာပန်းခူးရင် ရွံ့အောက်က ရရှိတာဆိုတော့ ကြာပင်ရဲ့ အမြစ်ကြီးပဲလို့ ထင်နေမိပြီး ဒီနေ့အတွက်တော့ အပိုငွေ နည်းနည်းများများရမှာပဲလို့ တွေးမိလိုက်ပါတယ်။

ဒါပေမဲ့ တကယ့်တကယ် တူးယူလိုက်တဲ့အခါမှာတော့ အနက်ရောင် သစ်သားတုံးကြီးတစ်တုံးပဲဖြစ် နေပါတယ်။ အဆိုပါ မိသားစုဟာ သစ်သားတုံးကြီးကို သေချာဆေးကြောပြီး ကြည့်ကြည့်တဲ့အခါမှာတော့ အခြားသစ်သားတွေနဲ့ မတူဘဲ ထူးခြားနေတယ်လို့ စဉ်းစားမိပါတယ်။

အဆိုပါ သစ်သားတုံးကြီးကို ရွာက လူတွေ တစ်ယောက်ပြီးတစ်ယောက် မေးကြည့်ပြီး ဘာမှ ထူးခြားမှုမရှိတာကြောင့် ဒီအတိုင်းဘဲ ထားထားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ သစ်အကြောင်းကို နားလည်တတ်ကျွမ်းတဲ့ သူတစ်ဦးနဲ့ စကားစပ်မိပြီး ပြကြည့်ရာမှာတော့ အဆိုပါ သစ်ဟာ မည်းနက်မာကျောတဲ့သစ်သား /ရင်းတိုက်ပင် (ebony) အမျိုးအစားပဲ ဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါသစ်ဟာ ရှားပါးတန်ဖိုးရှိတဲ့ ကာဗွန်သစ်တစ်မျိုးဖြစ်ပြီး အချို့သူတွေဆို သူ့ရဲ့ မာကျောမှုကို တိုက်တေနီယမ်နဲ့တောင် တင်စားကြတယ်လို့ ဆိုပါတယ်။

အဆိုပါသစ်သားကို ဈေးကြီးပြီးတန်ဖိုးရှိဇိမ်ခံပစ္စည်းတွေပြုလုပ်ခြင်း ၊ဗုဒ္ဓဆင်းတုတော် ထုဆစ်ခြင်း၊ အဆောင်လက်ဖွဲ့တွေပြုလုပ်ခြင်း စတဲ့နေရာတွေမှာ အသုံးပြုတဲ့အပြင် ယခုဆိုရင် သိန်းထောင်ပေါင်တန်တဲ့ ဇိမ်ခံကားတွေမှာတောင်အဆိုပါသစ်ဖြင့် အလှဆင်ဖန်တီးထားကြပါတယ်။ အဆိုပါသစ် ၁မီတာပတ်လည် ကုဗတုံးတစ်တုံးကို ဒေါ်လာ ၃သောင်းဝန်းကျင်လောက်အထိ တန်ဖိုးရှိတယ်လို့လည်းသိရပါတယ်။
(www.nalonetardiary.com)
Thar Nage

No comments:

Post a Comment