Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 5, 2019

မြန်မာ့ ယဉ်ကျေးမှုကို တစ်သက်စာ ထိန်းသိမ်းခဲ့တဲ့ ဆံရစ်ဝိုင်းလေးနဲ့ ရွှေဘိုသူလေး ကြောငြာရိုက်နေပါပြီ


မြန်​မာ့ သနပ်​ခါး​နေ့အထိမ်းအမှတ်​ကြော်​ညာ ဓာတ်​ပုံ ရိုက်​ကူးနေတဲ့ ဆံရစ်ဝိုင်းလေးနဲ့ ရွှေဘိုသူလေး
သူမရဲ့ နာမည်ကတော့ မခင်​မျိုးဦး ဖြစ်ပါတယ်. . . .ဆံရစ်ဝိုင်းလေးနဲ့ ချစ်စရာကောင်းပြီး ရိုးသားလှတဲ့ ရွှေဘိုသူလေးပါ
သူမကတော့ မြန့်ယဉ်ကျေးမှုကို ထိန်းသိမ်းပြီး ရိုးးရိုးယဉ်ယဉ်ဝတ်ဆင်ကာ တက္ကသိုလ်တက်တဲ့အထိ ဆံရစ်ဝိုင်းလေးနဲ့ ကျောင်းတက်ခဲ့လို့ နာမည်ကြီးနေသူလေးပါ. . .ခုခေတ်မှာ ဒီလိုပုံစံမျိုးနဲ့ တက္ကသိုလ်တက်တယ်ဆိုတာ မရှိသလောက်ရှားပါတယ်

သူမဟာ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ သူတို့ရွာလေးရဲ့ ဓလေ့ထုံးစံတွေအတိုင်း တစ်သက်လုံး မြန်မာဝတ်စုံကိုပဲဝတ်ပြီး ဆံရစ်ဝိုင်းလေးနဲ့ နေထိုင်ခဲ့တာဖြစ်ပါတယ်
တက္ကသိုလ်ရောက်ချိန်မှာ တခြားမိန်းကလေးတွေက ခေတ်မီဝတ်စုံတွေနဲ့ ဆံပင်ပုံစံအမျိုးမျိုးနဲ့ လန်းနေချိန်မှာ သူမကတော့ ရင်ဖုံးအင်္ကျီ နဲ့ ထမီကိုသာ ၀တ်ဆင်ကာ မြန်မာ့ရိုးရာ သနပ်ခါးလေးလိမ်းပြီး တက္ကသိုလ်တက်နေခဲ့တာဖြစ်ပါတယ်. . .သူ့ရဲ့ ယဉ်ကျေးလှတဲ့ ၀တ်စားဆင်ယင်မှုနဲ့ဆံရစ်ဝိုင်းလေးကြောင့် မီဒီယာတွေက သတိထားမိလာပြီး သူ့အကြောင်းတွေ ဖော်ပြပေးခဲ့ကြတာဖြစ်ပါတယ်
ခုဆိုရင် ရွှေဘို တက္ကသိုလ်မှာ ဓာတု​ဗေဒ မဟာတန်း(ပထမနှစ်​) ကို တက်ရောက်နေတာဖြစ်ပါတယ်. .ခုဖော်ပြပေးလိုက်တဲ့ ပုံတွေကတော့ မြန်​မာ့သနပ်​ခါး​နေ့အထိမ်းအမှတ်​ကြော်​ညာ ဓာတ်​ပုံ ရိုက်​ကူးနေတဲ့ သူမရဲ့ ဓာတ်ပုံလေးတွေဖြစ်ပါတယ်နော်. .

မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးတယ်. . . ယဉ်ကျေးမှုကို ထိန်းသိမ်းနေတဲ့ ဒီချစ်စရာ ရွှေဘိုသူလေးကို အားပေးတယ် ဆိုရင် အများသိအောင် Share သွားပါနော်

မေိာဒယ်​ ခင်​မျိုးဦး ​ရွှေဘိုတက္ကသိုလ်​ ဓာတု​ဗေဒ မဟာတန်း(ပထမနှစ်​)

(3.2.2019)
မဟာခေတ်သစ်မီဒီယာ
Photo credit: လမင်း.ဓာတိပုံဗီဒီယိုရိုက်​ကူး​ရေး ​ရွှေဘိုမြို့။

No comments:

Post a Comment