Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 8, 2019

(.တိုက်ပွဲပျော် )တေးရေးနန္ဒအောင်- ဆို တသသ


လောကဓံလှိုင်းတံပိုးများရယ်
ရိုက်ပုတ်နှိပ်စက်မညှာမတာညှင်းလေတယ်
ရေနစ်သူဝါးကူထိုးတဲ့ ဒီလောကကြီးထဲ
ကိုယ့်ကိုကိုယ်သာအားထားရာ ကိုယ်ပဲအဖော်မွန်ကောင်းဖြစ်တယ်
အားတင်းထားပါ ညီမလေးရယ် အားတင်းထားပါညီမလေးရယ်
တစ်နေ့ တစ်လံပုဂံဘယ်မရွေ့ တဲ့ဆိုရိုးစကားရှိ့ တယ်
ကိုယ့်ဘဝမှာရီရွယ်ရာဖြစ်ရစေမယ်.....

ဆို စိုးစန္ဒာ

မမပြောတဲ့စကားတွေ ကြားရတာ နှလုံးသားမှာနွေးလှပါတယ်
လောကဓံကြုံ မဖြုံပါဘူး အားရှိ့ ပါတယ်
တက်ကျိုးရင်လက်ထိုးလှော်ပါမယ်

ဆို တသသ စိုးစန္ဒာ

နင်လားဟဲ့လောကဓံ လောကဓံနင်လားဟဲ့
ခေါင်းမော့ရင်ကော့လို့ ရယ် တို့ ရင်ဆိုင်ကြမယ်
ဘဝတိုက်ပွဲကို အတူနွဲမယ် တိုက်ပွဲပျော်တွေကွယ်...

ဆို တသသ

ဗေဒါပင်လိုကျင့်ရမယ် ပစ်တိုင်းတောင်လိုနေရမယ်
ရုပ်သေးရုပ်လိုဘဝမျိုးမရောက်အောင်ကြိုးစားနေရမယ်
အားတင်းထားပါ ညီမလေးရယ် အားတင်းထားပါညီမလေးရယ်
တောင်ကြီးရင်ဖဝါးအောက်ပါကွယ်
လှိုင်းကြီးရင်လှေအောက်ပါပဲကွယ်

အဲသီချင်းလေး ကို ညီမလေး စိုးစန္ဒာနဲ့  ဆိုမှာပါရှင့်
ပရိတ်သတ်ကြီးအားလုံးအတွက့်လည်းခွန့် အားဖြစ်စေမယ့်
သီချင်းကောင်းလေးဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်
ဒီသီချင်းလေးကိုလည်း ကျွန်မဘဝအဖြစ်မှန်နဲ့ 
ညီမလေး စိုးစန္စာ ဘဝရဲ့အဖြစ်မှန်ကိုပုံဖော်ပြီး
ရိုက်ကူးသွားမှာပါရှင့်

ညီမရေ အမ တသသ ဘဝကလည်း ညီမလို ကိုယ့်ကိုကိုယ်
ဓာက်ဆီလောင်းမီမရှို့ ခဲပေမယ့်
အပူတွေနဲ့ ပါပဲ( ဒီနေ့ လည်း ထောင်ချောက်မိတော့မလို့ )

ဒါပေမယ့် လာစမ်းပါလောကဓံရယ်
ကျွန်မတို့ ရဲဒုက္ခတွေကိုဒီသီချင်းလေးနဲ့ စိန်ခေါ်လိုက်ပါတယ်

(ညီမလေး သီဆိုဘို့သီချင်း ရပြီး)
တသသ







No comments:

Post a Comment