Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 15, 2019

ကောက်ရတဲ့သိန်း(၂၀၀)ကျော် ပြန်ပေးလိုက်တာကို ကျေးဇူးတင်မခံရပဲ ခြံရှေ့က မောင်းထုတ်ခံလိုက်ရခဲ့တဲ့ လူရွှင်တော်စီးဖိန်ရဲ့ အဖြစ်


သိန်း(၂၀၀)ပါငွေထုပ် ကောက်ရ၍..
ရိုးသားစွာပိုင်ရှင်ထံပြန်ပေးအပ်ခဲ့သော်လည်း..တုန့်ပြန်မှုက....

သူနာမည် " စီဖိန်း" တဲ့..
အသက်မွေးဝမ်းကြောင်းပြုတာက ..မြတရာ အငြိမ့်ရဲ့ လူရွှင်တော် တစ်ယောက်ပေါ့။

နာမည်အရင်းက..စိုးမင်းအောင် တဲ့လေ။
ဒီလိုဗျ..

စီးဖိန် ဟာ (၁၁.၂.၂၀၁၉ )ရက်နေ့ က
မန္တလေးမြို့၁၆လမ်း ၈၁လမ်းနှင့်၈၂လမ်းကြားမှာ ပွဲကရန်အလာ ..
ည(၇) နာရီခန့်မှာ ပွဲခင်းအနီးကနေ ငွေကျပ် သိန်း(၂၀၀)ပါသောအထုပ်အား ကောက်ရခဲ့တယ်။
ကောက်ရတဲ့ ပိုက်ဆံသိန်း(၂၀၀)ကို ပိုင်ရှင်အား စုံစမ်းပြီး ရိုးသားစွာ ပြန်လည်ပေးအပ်ခဲ့တယ်။

လူ (၁၀၀)မှာ (၁)ယောက်မလုပ်နိုင်သော ရိုးသားမွန်မြတ်သော အလုပ်အား စံနမူနာပြပြုမှုလုပ်ဆောင်ခဲ့ခြင်းကြောင့် အသိအမှတ်ပြုပါကြောင်းနှင့် သဘင်ဂုဏ်ဆောင် လူရွင်တော် စီးဖိန်(ခေါ်)စိုးမင်းအောင်အတွက် အထူးပင် ဂုဏ်ယူ ဝမ်းမြောက် မိပါကြောင်း။

ဒါက ကိုစီးဖိန်း ကို ဂုဏ်ပြုသော စာပါ။

အောက်ပါ ဖြစ်စဉ်ကတော့ ..
ကျေးဇူး ကို ကျေးဇူး လို မသိတက်သော ငွေပိုင်ရှင်များ အကြောင်းပါ... ဖြစ်ကြောင်း ကုန်စဉ်ကတော့.,,

မန္တလေးက စာရေးဆရာ ဒါရိုက်တာ လူရွှင်တော် ဦးချစ်စရာရဲ့သား "စီးဖိန်"ဆိုတဲ့ တက်သစ်စ
လူရွှင်တော်လေးတယောက် သိန်း(၂၀၀)ကောက်ရတာကို ရိုးသားစွာ ပြန်ပေးလိုက်တဲ့သတင်းကို Face Bookပေါ်မှာ ဖတ်ရသည်...

လူတွေတော်တော်များများလဲ ချီးကျူးဂုဏ်ပြုစွာ ပြန်Shareနေကြတာ တွေ့ရသည်..

မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)ကလည်း ချီးကျူးဂုဏ်ပြုလွှာပို့တာ တွေ့ရသည်..
 
ကိုယ်ကိုတိုင်လည်း ချီးကျူးမိသည်..

“စီးဖိန်"အဖေ ဦးချစ်စရာဆိုတာက ကိုယ်နဲ့အရင်းနှီးဆုံးမိတ်ဆွေဖြစ်သလို..
ကချင်ခုန်ချင် စာရေးချင်တဲ့ မောင်သော်ကြီးအတွက် ဆရာဆိုလျှင်လည်း မမှားပေ..

ဟိုတလောကကို သူတို့သားအဖတွေ အငြိမ့်လာကကြရင်း အိမ်မှာ (၂)ည ဝင်အိပ်သွားကြသေးသည်.. စကားတွေက ပြောမကုန်ကြ..
အဖေချစ်စရာကို ချစ်တော့ သားစီးဖိန်ကိုလဲ ဆက်ချစ်နေရသည်..
စီးဖိန်ကောင်းသတင်းကြားရတော့ဝမ်းသာသည်..
ဒါပေသည့် သတင်းက သိန်း(၂၀၀)ကောက်ရတာကို ပြန်ပေးသည်ဆိုတာလောက်ပဲ ဖတ်ရသည်..
ဘယ်လိုကောက်ရတာလဲ..
ဘာကြောင့်ပြန်ပေးဖြစ်တာလဲ..
ပြန်မပေးခင်မှာ စီးဖိန်ဘယ်လိုတွေ တွေးလဲ.. စသည် စသည် စုံပလုံစီ သိချင်မိတော့ ဖုန်းဆက်မေးရသည်..

  ``ဟလို.. အရှင်ဖယား.. အခု ဘယ်မှာလဲ.."

 ``တပည့်တော် မန်းလေးမှာဖယား.. အိမ်မှာရှိတယ်.."

 ``ပွဲနားတာလားဖယား.."

 ``မနားဘူးဖယား.. မြို့ပေါ်မှာပဲ ကနေရတာ.."

 ဆရာချစ်နှင့်ကျွန်တော်က စကားပြောလျှင် အရှင်ဖယားတို့ တပည့်တော်တို့ဆိုတဲ့ နာမ်စားတွေသုံးပြီး ပြောနေကြဖြစ်သည်..

 ``စီးဖိန်အကြောင်း သေချာသိချင်လို့ဖယား.. ဖေ့ဘုတ်ပေါ်တော့ အတော်ပြန့်နေတာပဲ.. ဒါပေမဲ့ ပိုက်ဆံသိန်း(၂၀၀)ကောက်ရတာကို ပြန်ပေးလိုက်တယ်ဆိုတာလောက်ပဲ သိရတယ်..
ဘယ်လိုကောက်ရတာလဲ..
ဘယ်လိုပြန်ပေးဖြစ်တာလဲ.. အဲဒါတွေ သေသေချာချာသိချင်လို့ဖယား.."

 ``အဲဒါက ဒီလိုဖယား.. တပည့်တော်တို့ မြို့ပေါ်မှာကကြရင်း စီးဖိန်က အငြိမ့်ခုံဘေးမှာ တယောက်ထဲ ဆေးလိပ်ထွက်သောက်နေတုန်း.. အငြိမ့်ခုံနားက အိမ်တအိမ်ထဲကို အပြင်က ပြန်လာတဲ့ကားက ဝင်ဖို့လုပ်နေတာ..
အဲဒီမှာ ခြံတခါးဖွင့်ပေးတော့ ကလေးတယောက်က ထွက်လာပြီးတော့ ကားပေါ်တက်တာ.. ကလေးက အဖေကိုအပြင်ထွက်ကြိုတာနဲ့တူပါရဲ့..
ကလေးတက်ဖို့ ကားတံခါးဖွင်းပေးရင်းကနေ ကားပေါ်ကနေ အထုပ်တထုပ်က ထွက်ကျကျန်ခဲ့တာ..
အဲဒါကို စီးဖိန်က လှမ်းမြင်လိုက်တာ..
ဘေးလူတွေကလဲ မမြင်ဘူး..
ကားပေါ်က လူတွေကလဲ အထုပ်ထွက်ကျတာ သိပုံမရဖူး..
ကားလဲခြံထဲဝင်ရော ခြံတံခါးကြီးတန်းပိတ်လိုက်တော့တာပဲ..

အတော်ကြာတော့မှ အဲသည် အထုပ်ကို စီးဖိန်က သွားကောက်ပြီးတော့ ပြန်ပေးလိုက်တာ..
အဲဒါပဲဖယား.."

  ``ဒါမျိုးက လူတော်တော်များများ လုပ်ဖို့ခက်တဲ့အလုပ်ပဲ... ဖေ့ဘုတ်ပေါ် ရေးထားတာဖတ်ရတော့ မပြည့်စုံသလိုဖြစ်နေလို့ ဆက်လိုက်တာဖယား.."

 ``အဲဒါဆိုရင်.. အရှင်ဖယားနှမ မိခိုင်က သူ့ရင်တွင်းဖြစ်တွေ အစုံအစေ့ပြောပြပါလိမ့်မယ်ဖယား..
သောတနှစ်ဆူသာ ပန်ဆင်တော်မူပေတော့ဖယား.."

  မိခိုင်ဆိုတာက ဆရာချစ်ရဲ့ အရေးပိုင်ဖြစ်သည်.. ဆရာချစ်က ပိုင်တာလား.. မိခိုင်က ပိုင်တာလား.. တယောက်တလှည့် ပိုင်နေတာလားကတော့ သူတို့လင်မယားချင်းသာ သိပေလိမ့်မည်..

 ``ပြော.. မခိုင်ရေ.."

 ``ဒီလို ဦးသော်ရေ.. စီးဖိန်ကလေ အဲဒီကျကျန်ခဲ့တဲ့အထုပ်ကို အတော်ကြာတဲ့အထိ ခြံထဲက လူတွေက ပြန်ထွက်လာမကောက်တော့ မုန့်ထုပ်ကြီးလားဘာလားမသိဖူးဆိုပြီးတော့ သွားကောက်တာဦးသော်ရဲ့..
လက်ထဲရောက်လို့ ဖွင့်ကြည့်လိုက်တော့မှ
ပိုက်ဆံတွေက တသောင်းတန်တွေရော သိန်း(၂၀၀)ကျော်တယ်..
အဲဒီပိုက်ဆံစီးတွေအောက်မှာ တရုတ်ပိုက်ဆံတွေလဲ ပါသေးတယ်..
အဲဒါတွေပါပေါင်းရင် (၂၀၀)ဘယ်ကမှာလဲ..
အဲဒါကြီးရတော့ စီးဖိန်က စဉ်းစားတယ်..
ဘယ်သူမှလဲ သိတာမဟုတ်ဖူး..
အမေ့ကို ပေးမယ်ပေါ့.. အိမ်မှာကလဲ ကြွေးပူလေးတွေက ရှိနေတယ်လေ.. "

 ``အကြွေးတောင်းသမားတွေအကြောင်း ဆရာချစ်ပြောပြဖူးတယ်.."

 ``ဟုတ်တယ်ဦးသော်ရေ.. မိဘတွေစိတ်ညစ်နေတာသိတော့..
ဒါတွေကို ငါ့မိဘတွေပေးလိုက်မယ်လို့  သူလဲတွေးမိတာပေါ့..
မိန်းမကို ရွှေလုပ်ပေးမယ် ကားဝယ်စီးမယ်လို့တောင် တွေးလိုက်မိသေးတယ်တဲ့..
နောက်တော့ သူကဆက်စဉ်းစားတယ်..
 ငါတို့အိမ်မှာ ပေးစရာအကြွေးရှိလို့ အပူတွေဖြစ်နေတာ..
သူတို့တွေလဲ ဒီငွေတွေပျောက်သွားတယ်ဆိုရင် ပူကြရမှာ..
ငါတို့ပူသလို သူတို့ကို မပူစေချင်ဖူး..
ပိုက်ဆံ သိန်းတရာ နှစ်ရာဆိုတာလဲ ကိုယ့်ဟာသည်ကို ရှာရင်လဲ အချိန်တန်ရင်ရမှာပဲလို့..

အဲလိုတွေးပြီးတော့ ပြန်ပေးလိုက်တာ..

သူ့ဟာသူ ခြံတခါး သွားလှုပ်ခေါ်ပြီးတော့ ဦးလေးတို့ပိုက်ဆံထုပ် ကားပေါ်က ကျကျန်ခဲ့တာ.. အဲဒါ ကျွန်တော် ပြန်လာပေးတာဆိုပြီးတော့ ပေးလိုက်တာ.."

  ``ကောင်းလိုက်တာဗျာ.."

ကောင်းတယ်ဆိုပေမဲ့ ဦးသော်ရေ..
စီးဖိန်က အဲဒီပိုက်ဆံတွေ သွားပြန်ပေးဖို့ ခြံတခါးလှုပ်ခေါ်တော့ လူတယောက်ထွက်လာတယ်..

အဲဒါ ကျေးဇူးမတင်တဲ့အပြင် ..
အထုပ်ကိုယူထားပြီးတော့ မင်းပြန်တော့ဆိုပြီးတော့ စီးဖိန်ရင်ဘတ်တွန်းလွှတ်ပြီးတော့ ခြံတံခါးကြီးပိတ်ပြစ်တယ်တဲ့ ဦးသော်ရယ်..

 "ဟာ.. ဆိုးလှချည့်လားဗျာ.. ဘယ်လိုလူတန်းစားတွေပါလိမ့်.. သူပြုတာ သူ့ကံပဲထားလိုက်ပါဗျာ.. ကိုယ်က ကောင်းတာပြုတာပဲလေ.."

အဲဒါနဲ့ စီးဖိန်က အငြိမ့်ခုံ ပြန်လာပြီးတော့ လူကြီးတွေပြောပြတာပေါ့..
လူကြီးတွေက အဲဒီခြံသွားတော့မှ ပိုင်ရှင်က ထွက် တောင်းပန်တာ..
အလုပ်သမားမို့ မသိလို့လုပ်မိတာပါ ဘာညာပေါ့..

စီးဖိန်အတွက်ဆို မုန့်ဖိုး ငါးသောင်းပေးလွှတ်လိုက်တယ်..
စီးဖိန်က လိုက်မသွားတော့ဘူး..
အငြိမ့်ခုံမှာပဲ နေကျန်ခဲ့တာလေ..

 ``ကောင်းတယ်ဗျာ.. ကောင်းတယ်.. အရမ်းကောင်းတယ်.. မရိုးသားလို့ မရလို့ ရိုးသားနေရတာထက် မရိုသားလဲရပါလျက်နဲ့ ရိုးသားတယ်ဆိုတာကမှ ပိုအဖိုးတန်တာ.."

စီးဖိန်..
မင်းကိုငါ တကယ်လေးစားတယ် ငါ့ကောင်ရာ..
မင်းအဖေကတော့ ငါ့ကိုပြောတယ်..
တပည့်တော်လဲ စိန်နားကပ်ရောင်ကြောင့် ပါးပြောင်ရတာပေါ့ဖယား..တဲ့

ကြည့်စမ်း.. မင်းလုပ်ရပ်ရဲ့ ကောင်းမှုအရောင်ဟာ မင်းမိဘအထိ အရောင်တွေဟပ်သွားပြီ..

လူရွှင်တော်ဦးတက်စိန်က စာဖတ်ခြင်းမျိုးစေ့ကို မရမကချပေးခဲ့လို့ အရောင်တွေတောက်ခဲ့တဲ့ စာရေးဆရာ ဒါရိုက်တာ လူရွှင်တော် ဦးချစ်စရာရဲ့ နာမဝိသေသအရောင်တွေထဲမှာ မင်းဆွဲခဲ့တဲ့ အရောင်တခု ပါသွားပြီ..
အဲဒါ မိဘကျေးဇူးဆပ်တာပဲ..

ငွေထုပ်ကြီးကို ကိုင်ပြီးတော့ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန် ကတုန်ကရင်နဲ့ ဆုံးဖြတ်ချက်တွေချဖို့ ဝေခွဲရခက်နေတဲ့ စိတ်လွန်ပွဲထဲက လူရွှင်တော်လေး စီးဖိန်ရဲ့ရုပ်ပုံလွှာကို ငါမြင်ယောင်ကြည့်နေမိတယ်...
ကိုသာတော်(ဖိုးသာအောင်ကုန်း)

ဖြစ်စဉ်လေးကတော့ အဲ့တာပါပဲ။

လူတွေ လူတွေ..
ကိုယ်က ရိုးသားပြန်တော့.. ကျေးဇူးဆပ်တရား က ခက်ခက်ရကြီးသေးဗျာ။

No comments:

Post a Comment