Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 26, 2019

ရခိုင္ျပည္နယ္က စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္မွာ ဗံုးေပါက္ကြဲလို႔ ဗုိလ္မွဴးကေတာ္တစ္ဦး ေသဆံုး


ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္က အမွတ္(၁၅) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္မွာ ဒီေန႔ အဂၤါေန႔မနက္က ဗံုးကြဲတာေၾကာင့္ တပ္မေတာ္အရာရိွတစ္ဦးရဲ႕ဇနီးေသဆံုးသြားပါတယ္။

ေသဆံုးတဲ့ အမ်ိဳးသမီးဟာ ေနျပည္ေတာ္ကေန ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕ကို ၿပီးခဲ့တဲ့ရက္ကမွ တာဝန္နဲ႔ ေျပာင္းေရႊ႕သြားတဲ့ ဗိုလ္မွဴးေက်ာ္စြာရဲ႕ဇနီး မနန္းမို႕မို႔ေဇာ္ ျဖစ္ပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္မင္းထြန္းက ေသဆံုးတယ္ဆိုတာကို အတည္ျပဳႏိုင္ေၾကာင္း ေျပာပါတယ္။ ဗုံးေပါက္ကြဲမႈနဲ႔ပတ္သက္တဲ့ အေသးစိတ္ အခ်က္အလက္ေတြကို ေမးျမန္းရာမွာေတာ့ ထုတ္ေဖာ္ေျပာဆိုျခင္း မရိွပါဘူး။

ေပါက္ကြဲမႈျဖစ္တယ္ဆိုတာကို အဲဒီေဒသအေျခစိုက္ တပ္မေတာ္အသိုင္းအဝိုင္းကလည္း အတည္ျပဳေပမယ့္ ဒီသတင္းနဲ႔ပတ္သက္လို႔ အျပင္ကို ေပါက္ၾကားမႈမရိွေအာင္ ေဆာင္ရြက္ေနတဲ့အတြက္ အေသးစိတ္မသိရဘူးလို႔ ေျပာပါတယ္။

အတည္မျပႏိုင္ေသးတဲ႔ နီးစပ္ရာ သတင္းအရကေတာ့
“ဗိုလ္ႀကီးတို႔ မဂၤလာေဆာင္က လက္ဖြဲ႕ပစၥည္းေတြကို Tripper နဲ႔လည္း ပို႔သလို ကားလမ္းကလည္းပို႔ခဲ့ၾကပါတယ္။လမ္းမွာ လက္ဖြဲ႕ပစၥည္းတင္တဲ့ကားကို တားခဲ့ၿပီး ဗိုလ္မႉးအတြက္လူၾကဳံပါးလိုက္ပါရေစ လို႔ေျပာၿပီး ပါဆယ္ဗုံးထည့္ေပး လိုက္ၾကတယ္။ အိမ္မွာ အမ်ိဳးသမီးျဖစ္သူက လက္ဖြဲ႕ေတြကို ဖြင့္ၾကည့္တဲ့အခ်ိန္မွာ ဗုံးကိုဖြင့္ၿပီး ထေပါက္ကာ ခ်က္ခ်င္းဆုံးပါးခဲ့ရတယ္” ဆိုျပီး Facebook မွာ တင္ထားတာေတြ ေတြ႔ရပါတယ္
RFA

Photo: Kyaw Swar FaceBook

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ ဒီနေ့ အင်္ဂါနေ့မနက်က ဗုံးကွဲတာကြောင့် တပ်မတော်အရာရှိတစ်ဦးရဲ့ဇနီးသေဆုံးသွားပါတယ်။

သေဆုံးတဲ့ အမျိုးသမီးဟာ နေပြည်တော်ကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ကို ပြီးခဲ့တဲ့ရက်ကမှ တာဝန်နဲ့ ပြောင်းရွှေ့သွားတဲ့ ဗိုလ်မှူးကျော်စွာရဲ့ဇနီး မနန်းမို့မို့ဇော် ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက သေဆုံးတယ်ဆိုတာကို အတည်ပြုနိုင်ကြောင်း ပြောပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မေးမြန်းရာမှာတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ပေါက်ကွဲမှုဖြစ်တယ်ဆိုတာကို အဲဒီဒေသအခြေစိုက် တပ်မတော်အသိုင်းအဝိုင်းကလည်း အတည်ပြုပေမယ့် ဒီသတင်းနဲ့ပတ်သက်လို့ အပြင်ကို ပေါက်ကြားမှုမရှိအောင် ဆောင်ရွက်နေတဲ့အတွက် အသေးစိတ်မသိရဘူးလို့ ပြောပါတယ်။

အတည်မပြနိုင်သေးတဲ့ နီးစပ်ရာ သတင်းအရကတော့

“ဗိုလ်ကြီးတို့ မင်္ဂလာဆောင်က လက်ဖွဲ့ပစ္စည်းတွေကို Tripper နဲ့လည်း ပို့သလို ကားလမ်းကလည်းပို့ခဲ့ကြပါတယ်။လမ်းမှာ လက်ဖွဲ့ပစ္စည်းတင်တဲ့ကားကို တားခဲ့ပြီး ဗိုလ်မှူးအတွက်လူကြုံပါးလိုက်ပါရစေ လို့ပြောပြီး ပါဆယ်ဗုံးထည့်ပေး လိုက်ကြတယ်။ အိမ်မှာ အမျိုးသမီးဖြစ်သူက လက်ဖွဲ့တွေကို ဖွင့်ကြည့်တဲ့အချိန်မှာ ဗုံးကိုဖွင့်ပြီး ထပေါက်ကာ ချက်ချင်းဆုံးပါးခဲ့ရတယ်” ဆိုပြီး Facebook မှာ တင်ထားတာတွေ တွေ့ရပါတယ်

Source : RFA
Photo: Kyaw Swar FaceBook

No comments:

Post a Comment