Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 6, 2019

မိခင္ကို ဆိုင္းျဖင့္ထမ္း၍ မိုင္ ၂၀၀၀၀ ေက်ာ္အထိ ဘုရားဖူးခရီးပို႔ေပးခဲ့တဲ့ သားအလိမၼာ


အိႏၵိယႏိုင္ငံ မဒရာပရာဒက္႐ွ္ျပည္နယ္သား ကိုင္လာ့႐ွ္ဂီရိၿဗဟၼစာရီသည္ ဖခင္၊ အစ္ကို၊ ညီမတို႔ဆံုးပါးသြားၿပီးေနာက္ မိခင္ကို ႐ိုေသစြာ ေကြၽးေမြးျပဳစု ေစာင့္ေ႐ွာက္လာခဲ့သည္။ မိခင္၏ ေ၀ယ်ာ၀စၥမွန္သမွ် မၿငီးမျငဴ လုပ္ေပး သည္။ သို႔ေသာ္ မိခင္၏ ျပင္းျပေသာ ဆႏၵတစ္ခုကို ျဖည့္ဆည္းရန္မွာ သူ႔အဖို႔ အေတာ္ခက္ခဲေနရသည္။ မိခင္ ကထက္ေဒ၀ီသည္ အိႏၵိယျပည္ အႏွံ႔႐ွိ ဗာရာဏသီအပါအ၀င္ ဟိႏၵဴအထြတ္အျမတ္ေနရာမ်ား၊ ဘုရားေက်ာင္းမ်ားကို ေရာက္ဖူးလို သည္။ ေမြးကတည္းက စကၡဳႏွစ္ကြင္း အလင္းမရေသာ္လည္း ကထက္ေဒ၀ီသည္ ယင္းေနရာမ်ားသို႔ အေရာက္ သြားကာ အၾကားအာ႐ံု၊ မေနာအာ႐ံုတို႔ျဖင့္ ၀တ္ျပဳလိုလွသည္။

ကိုင္လာ့႐ွ္ဂီရိသည္ မိခင္ႀကီးကို ဘုရားဖူးပို႔ဖို႔ ေငြစုသည္။ အခ်ိန္သာ ေညာင္းလာသည္။ လက္ထဲတြင္ ေငြကမက်န္။ မိခင္က တျဖည္းျဖည္း အိုလာၿပီ၊ ေနာင္ဆိုလွ်င္ က်န္းမာေရး ခ်ဳိ႕တဲ့ဖို႔ပဲ ႐ွိသည္။ ဘယ္အခ်ိန္ လံုေလာက္မည္မွန္း မသိေသာ ေငြစုမိသည့္အခ်ိန္အထိေ ေစာင့္ေနလွ်င္ မိခင္ဘုရားဖူးထြက္ခ်င္မွ ထြက္ရေတာ့မည္။ ထို႔ေၾကာင့္ သူသည္ ရဲရင့္ျပတ္သား၍ သာမန္လူ မလုပ္ႏိုင္သည့္ အလုပ္ကိုလုပ္ရန္ ဆံုးျဖတ္ လိုက္ေတာ့သည္။ မိခင္ကို ေျခက်င္ခရီးျဖင့္ ႏိုင္ငံအႏွံ႔ဘုရားဖူးပို႔မည္။

ကထက္ေဒ၀ီႏွင့္ သားကိုင္လာ့႐ွ္ဂီရိတို႔သည္ ၁၉၉၆ ခုႏွစ္ ဇန္န၀ါရီလက ပီပါရီယားေက်း႐ြာမွ စတင္ ခရီးထြက္သည္။ မိခင္ ကထက္ေဒ၀ီသည္ မ်က္စိမျမင္သည့္အျပင္အသက္လည္းႀကီးၿပီျဖစ္၍ လမ္းၾကာၾကာမေလွ်ာက္ႏိုင္၊ ကိုင္လာ့႐ွ္ ဂီရိသည္ ေတာင္းႏွစ္လံုးကိုယူ၍ တစ္လံုးတြင္ ၀န္စည္စလယ္ အသံုးအေဆာင္တို႔ကို ထည့္ကာ ေနာက္တစ္လံုးတြင္ မိခင္ကိုထိုင္ေစ၍ အထမ္းျဖင့္ ခရီးႏွင္သည္။ သူသယ္လာသည့္ ပစၥည္းမ်ားမွာ မီးဖိုတစ္လံုး၊ အိုးခြက္ အနည္းငယ္၊ ေစာင္ႏွင့္ အ၀တ္အထည္မ်ား၊ ပန္ကန္ျပားတစ္ခ်ပ္ႏွင့္ မိုဘိုင္းဖုန္းတို႔ ျဖစ္သည္။

ခရီးထြက္စကေတာ့ ကိုင္လာဂီရိ၏ ပခံုးတြင္ အနာမ်ား၊ ပြန္းပဲ့ရာမ်ားႏွင့္ အေတာ္ခံရခက္သည္။ ေနာက္ပိုင္းတြင္ ေတာ့ အသားက်သြားသည္။ ကိုင္လာ့႐ွ္ဂါရီက “ေနမေကာင္း ျဖစ္မွာကို မပူပါဘူး၊ ေသသြားလည္း အေရးမႀကီးဘူး၊ အေရးႀကီးတာက ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ ေအာင္ၿပီး မိခင္ႀကီး ဘုရားစံုကို ေရာက္ဖို႔ပဲ” ဟု ေျပာသည္။

အစကေတာ့ သူ႔ကို မျဖစ္ႏိုင္သည့္အလုပ္ကို လုပ္လိုသည့္ အ႐ူးဟု ၀ိုင္းေျပာၾကသည္။ ဘယ္သူ ဘာေျပာေျပာ ကိုင္လာ့႐ွ္ဂီရိကဂ႐ုမစိုက္။ သူ႔ရည္႐ြယ္ခ်က္ကို သူမ်ားေျပာသည့္အတြက္ေၾကာင့္ေတာ့ အပ်က္မခံႏိုင္။ “ကြၽန္ေတာ္ ေျပာခ်င္တာက ႐ိုး႐ိုးကေလးပါ၊ မိဘမ်ားကို ဂ႐ုစိုက္ၾကပါ၊ ဂ႐ုမစိုက္ရင္ ခင္ဗ်ားတို႔ သားသမီးေတြကလည္း ခင္ဗ်ားတို႔ကို ပစ္ထားပါလိမ့္မယ္” ဟု ကိုင္လာ့႐ွ္ဂီရိက ေျပာသည္။

လမ္းတေလွ်ာက္႐ွိလူမ်ားက သူတို႔သားအမိကို ေငြႏွင့္အစားအစာမ်ား နားခိုရန္ေနရာမ်ား ေထာက္ပံ့ၾကသည္။ သူ၏ ဇြဲလံု႔လႏွင့္ေဘးမွကူပံ့မႈမ်ား ေၾကာင့္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ၌ မိုင္ ၂၂၀၀၀ ေက်ာ္ ခရီးေပါက္ခဲ့ၿပီ။ ျဖတ္ သန္းခဲ့ရာလမ္းတစ္ေလွ်ာက္၌ ဟိႏၵဴတို႔၏အထြတ္အျမတ္ေနရာမ်ားကို ၀င္ေရာက္ ဖူးေျမာ္ခဲ့သည္။

ခရီးစထြက္စဥ္က အသက္ ၃၀ မျပည့္ေသးေသာ ကိုင္လာ့႐ွ္ဂီရိၿဗဟၼစာရီ သည္ ယခု အသက္ ၅၀ နီးၿပီျဖစ္သည္။မိခင္ႀကီးကေတာ့ အသက္ ၈၀ ေက်ာ္အ႐ြယ္သို႔ေရာက္ၿပီ။ ၿဗဟၼသည္ ျမင့္ျမတ္ေသာ၊ စာရီသည္ ခရီး လွည့္လည္ ျခင္းဟု အဓိပၸာယ္ရရာ ကိုင္လာ့႐ွ္ဂီရိၿဗဟၼစာရီ၏ လုပ္ေဆာင္ခ်က္သည္ နာမည္ႏွင့္လိုက္ဖက္လွသည္။

ref ; Kyaw Oo

Unicode ျဖင့္ဖတ္ရန္

အိန္ဒိယနိုင်ငံ မဒရာပရာဒက်ရှ်ပြည်နယ်သား ကိုင်လာ့ရှ်ဂီရိဗြဟ္မစာရီသည် ဖခင်၊ အစ်ကို၊ ညီမတို့ဆုံးပါးသွားပြီးနောက် မိခင်ကို ရိုသေစွာ ကျွေးမွေးပြုစု စောင့်ရှောက်လာခဲ့သည်။ မိခင်၏ ေ၀ယျာ၀စ္စမှန်သမျှ

မငြီးမငြူ လုပ်ပေး သည်။ သို့သော် မိခင်၏ ပြင်းပြသော ဆန္ဒတစ်ခုကို ဖြည့်ဆည်းရန်မှာ သူ့အဖို့ အတော်ခက်ခဲနေရသည်။ မိခင် ကထက်ဒေ၀ီသည် အိန္ဒိယပြည် အနှံ့ရှိ ဗာရာဏသီအပါအ၀င် ဟိန္ဒူ

အထွတ်အမြတ်နေရာများ၊ ဘုရားကျောင်းများကို ရောက်ဖူးလို သည်။ မွေးကတည်းက စက္ခုနှစ်ကွင်း အလင်းမရသော်လည်း ကထက်ဒေ၀ီသည် ယင်းနေရာများသို့ အရောက် သွားကာ အကြားအာရုံ၊ မနောအာရုံတို့ဖြင့် ၀တ်ပြုလိုလှသည်။

ကိုင်လာ့ရှ်ဂီရိသည် မိခင်ကြီးကို ဘုရားဖူးပို့ဖို့ ငွေစုသည်။ အချိန်သာ ညောင်းလာသည်။ လက်ထဲတွင် ငွေကမကျန်။ မိခင်က တဖြည်းဖြည်း အိုလာပြီ၊ နောင်ဆိုလျှင် ကျန်းမာရေး ချို့တဲ့ဖို့ပဲ ရှိသည်။ ဘယ်

အချိန် လုံလောက်မည်မှန်း မသိသော ငွေစုမိသည့်အချိန်အထိေ စောင့်နေလျှင် မိခင်ဘုရားဖူးထွက်ချင်မှ ထွက်ရတော့မည်။ ထို့ကြောင့် သူသည် ရဲရင့်ပြတ်သား၍ သာမန်လူ မလုပ်နိုင်သည့် အလုပ်ကိုလုပ်ရန် ဆုံးဖြတ် လိုက်တော့သည်။ မိခင်ကို ခြေကျင်ခရီးဖြင့် နိုင်ငံအနှံ့ဘုရားဖူးပို့မည်။

ကထက်ဒေ၀ီနှင့် သားကိုင်လာ့ရှ်ဂီရိတို့သည် ၁၉၉၆ ခုနှစ် ဇန်နဝါရီလက ပီပါရီယားကျေးရွာမှ စတင် ခရီးထွက်သည်။ မိခင် ကထက်ဒေ၀ီသည် မျက်စိမမြင်သည့်အပြင်အသက်လည်းကြီးပြီဖြစ်၍ လမ်းကြာကြာ

မလျှောက်နိုင်၊ ကိုင်လာ့ရှ် ဂီရိသည် တောင်းနှစ်လုံးကိုယူ၍ တစ်လုံးတွင် ၀န်စည်စလယ် အသုံးအဆောင်တို့ကို ထည့်ကာ နောက်တစ်လုံးတွင် မိခင်ကိုထိုင်စေ၍ အထမ်းဖြင့် ခရီးနှင်သည်။ သူသယ်လာသည့် ပစ္စည်းများမှာ မီးဖိုတစ်လုံး၊ အိုးခွက် အနည်းငယ်၊ စောင်နှင့် အ၀တ်အထည်များ၊ ပန်ကန်ပြားတစ်ချပ်နှင့် မိုဘိုင်းဖုန်းတို့ ဖြစ်သည်။

ခရီးထွက်စကတော့ ကိုင်လာဂီရိ၏ ပခုံးတွင် အနာများ၊ ပွန်းပဲ့ရာများနှင့် အတော်ခံရခက်သည်။ နောက်ပိုင်းတွင် တော့ အသားကျသွားသည်။ ကိုင်လာ့ရှ်ဂါရီက “နေမကောင်း ဖြစ်မှာကို မပူပါဘူး၊ သေသွားလည်း အရေးမကြီးဘူး၊ အရေးကြီးတာက ကျွန်တော်တို့ရဲ့ ရည်မှန်းချက် အောင်ပြီး မိခင်ကြီး ဘုရားစုံကို ရောက်ဖို့ပဲ” ဟု ပြောသည်။

အစကတော့ သူ့ကို မဖြစ်နိုင်သည့်အလုပ်ကို လုပ်လိုသည့် အရူးဟု ၀ိုင်းပြောကြသည်။ ဘယ်သူ ဘာပြောပြော ကိုင်လာ့ရှ်ဂီရိကဂရုမစိုက်။ သူ့ရည်ရွယ်ချက်ကို သူများပြောသည့်အတွက်ကြောင့်တော့ အပျက်မခံ

နိုင်။ “ကျွန်တော် ပြောချင်တာက ရိုးရိုးကလေးပါ၊ မိဘများကို ဂရုစိုက်ကြပါ၊ ဂရုမစိုက်ရင် ခင်ဗျားတို့ သားသမီးတွေကလည်း ခင်ဗျားတို့ကို ပစ်ထားပါလိမ့်မယ်” ဟု ကိုင်လာ့ရှ်ဂီရိက ပြောသည်။

လမ်းတလျှောက်ရှိလူများက သူတို့သားအမိကို ငွေနှင့်အစားအစာများ နားခိုရန်နေရာများ ထောက်ပံ့ကြသည်။ သူ၏ ဇွဲလုံ့လနှင့်ဘေးမှကူပံ့မှုများ ကြောင့် ၂၀၁၈ ခုနှစ် သြဂုတ်လ၌ မိုင် ၂၂၀၀၀ ကျော် ခရီးပေါက်ခဲ့ပြီ။ ဖြတ် သန်းခဲ့ရာလမ်းတစ်လျှောက်၌ ဟိန္ဒူတို့၏အထွတ်အမြတ်နေရာများကို ၀င်ရောက် ဖူးမြော်ခဲ့သည်။

ခရီးစထွက်စဉ်က အသက် ၃၀ မပြည့်သေးသော ကိုင်လာ့ရှ်ဂီရိဗြဟ္မစာရီ သည် ယခု အသက် ၅၀ နီးပြီဖြစ်သည်။မိခင်ကြီးကတော့ အသက် ၈၀ ကျော်အရွယ်သို့ရောက်ပြီ။ ဗြဟ္မသည် မြင့်မြတ်သော၊ စာရီသည် ခရီး လှည့်လည် ခြင်းဟု အဓိပ္ပာယ်ရရာ ကိုင်လာ့ရှ်ဂီရိဗြဟ္မစာရီ၏ လုပ်ဆောင်ချက်သည် နာမည်နှင့်လိုက်ဖက်လှသည်။

ref ; Kyaw Oo

No comments:

Post a Comment