Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 23, 2019

မႏၲေလးတြင္ ပိုလီယိုေရာဂါရွိေသာဆြံ႔အနားမၾကား မိန္းကေလးကို မုဒိန္းက်င့္သူ ၂ဦးအား ဖမ္းဆီး


ေဖေဖာ္ဝါရီ ၂၃

မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ေဒါနဘြားရပ္ကြက္အကြက္(၉)တြင္ အသက္(၂၃)ႏွစ္အ႐ြယ္(ပိုလီယိုေရာဂါရွိသူဆြံ႕အနားမၾကား)မိန္းကေလးကို အဓမၼျပဳက်င့္သူ ႏွစ္ဦးကို ဖမ္းဆီးအေရးယူထားသည္ဟု အမွတ္(၁)နယ္ေျမရဲစခန္း တာဝန္က်ရဲဝန္ထမ္းထံမွ သိရသည္။

ေဖေဖာ္ဝါရီ(၁၉)ရက္၊ ည(၆)နာရီအခ်ိန္က မိခင္
ျဖစ္သူေဒၚ××××သည္ ေနအိမ္တြင္ရွိေနစဥ္ နယ္လုံဆိုင္ရာဓမၼာ႐ုံျမတ္စြာဘုရားပြဲတြင္ ရပ္ကြက္အလိုက္(ဧည့္ခံအျဖစ္သမီး ၂၃ႏွစ္အ႐ြယ္ ပိုလီယိုေရာဂါရွိသူ ဆြံ႕အနားမၾကားသူ မ×××× ကို ဝိုင္းဝန္းလုပ္ကိုင္ရန္ ဓမၼာ႐ုံသို႔ ပို႔ထားခဲ့ရာ ည(၁၀)နာရီခြဲအခ်ိန္တြင္ ေယာင္းမျဖစ္သူက မ×××× (၂၃)ႏွစ္ ကိုဓမၼာ႐ုံေရွ႕တြင္ ေတြ႕ရွိသျဖင့္ အိမ္ကို ျပန္လိုက္ပို႔ခဲ့ရျခင္းျဖစ္ေၾကာင္း ေျပာျပသျဖင့္ သမီးျဖစ္သူအား ၾကည့္ရႈ႕ရာ သမီးျဖစ္သူဝတ္ဆင္ထားေသာ အဝတ္အစားႏွင့္ဆံပင္တို႔မွာ ဖရိုဖရဲျဖစ္ေနၿပီး ထုံးမ်ားေပက်ံ ေနသျဖင့္ ကိုယ္ႏႈတ္အမူအရာျဖင့္ ေမးျမန္းရာ တစ္ရပ္ကြက္တည္းေန ဖိုးေဇာ္ႏွင့္ဆန္းဝင္းတို႔ ႏွစ္ဦးက ဓမၼာ႐ုံႏွင့္အုတ္တံတိုင္းၾကားတြင္ အဓမၼျပဳက်င့္ခဲ့ေၾကာင္း ကိုယ္ႏႈတ္အမူအယာျဖင့္ ျပန္ေျပာျပသျဖင့္ မိခင္ျဖစ္သူက ရဲစခန္းတြင္ တိုင္တန္းခဲ့ျခင္းျဖစ္သည္။

“သမီးကက်န္းမာေရးမေကာင္းဘူး၊ အဲ့ေန႕က ဘုရားပြဲရွိလို႔ ဓမၼာ႐ုံမွာ ဝတ္အသင္းထဲလည္းပါလို႔္၊ ဝိုင္းဝန္းလုပ္ကိုင္ဖို႔ ပို႔ထားရာကေန ခုလိုျဖစ္သြားတယ္။ ကြၽန္ေတာ္တို႔္ကေတာ့ ျပစ္မႈက်ဴးလြန္သူေတြကို ထိေရာက္တဲ့ျပစ္ဒဏ္မ်ိဳးက်ခံေစခ်င္ပါတယ္” ဟု မိသားစုဝင္မ်ားက ေျပာသည္။

ပိုလီယိုေရာဂါရွိေသာဆြံ႕အနားမၾကားသူကို အဓမၼျပဳက် င့္သူ ဆန္းဝင္း(၃၈)ႏွစ္ႏွင့္ ဖိုးေဇာ္(၃၃)ႏွစ္တို႔ ႏွစ္ဦးကို အမွတ္(၁)နယ္ေျမရဲစခန္းမွ၊ (ပ)၇၉/၂၀၁၉၊ ရာဇသတ္ဥပေဒပုဒ္မ၃၇၆၊ ၁၁၄တို႔ျဖင့္ ဖမ္းဆီးအေရးယူထားသည္။

By – မင္းသန႔္
MUNA

(Unicode)

ဖေဖော်ဝါရီ ၂၃

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်အကွက်(၉)တွင် အသက်(၂၃)နှစ်အရွယ်(ပိုလီယိုရောဂါရှိသူဆွံ့အနားမကြား)မိန်းကလေးကို အဓမ္မပြုကျင့်သူ နှစ်ဦးကို ဖမ်းဆီးအရေးယူထားသည်ဟု အမှတ်(၁)နယ်မြေရဲစခန်း တာဝန်ကျရဲဝန်ထမ်းထံမှ သိရသည်။

ဖေဖော်ဝါရီ(၁၉)ရက်၊ ည(၆)နာရီအချိန်က မိခင်
ဖြစ်သူဒေါ်××××သည် နေအိမ်တွင်ရှိနေစဉ် နယ်လုံဆိုင်ရာဓမ္မာရုံမြတ်စွာဘုရားပွဲတွင် ရပ်ကွက်အလိုက်(ဧည့်ခံအဖြစ်သမီး ၂၃နှစ်အရွယ် ပိုလီယိုရောဂါရှိသူ ဆွံ့အနားမကြားသူ မ×××× ကို ဝိုင်းဝန်းလုပ်ကိုင်ရန် ဓမ္မာရုံသို့ ပို့ထားခဲ့ရာ ည(၁၀)နာရီခွဲအချိန်တွင် ယောင်းမဖြစ်သူက မ×××× (၂၃)နှစ် ကိုဓမ္မာရုံရှေ့တွင် တွေ့ရှိသဖြင့် အိမ်ကို ပြန်လိုက်ပို့ခဲ့ရခြင်းဖြစ်ကြောင်း ပြောပြသဖြင့် သမီးဖြစ်သူအား ကြည့်ရှု့ရာ သမီးဖြစ်သူဝတ်ဆင်ထားသော အဝတ်အစားနှင့်ဆံပင်တို့မှာ ဖရိုဖရဲဖြစ်နေပြီး ထုံးများပေကျံ နေသဖြင့် ကိုယ်နှုတ်အမူအရာဖြင့် မေးမြန်းရာ တစ်ရပ်ကွက်တည်းနေ ဖိုးဇော်နှင့်ဆန်းဝင်းတို့ နှစ်ဦးက ဓမ္မာရုံနှင့်အုတ်တံတိုင်းကြားတွင် အဓမ္မပြုကျင့်ခဲ့ကြောင်း ကိုယ်နှုတ်အမူအယာဖြင့် ပြန်ပြောပြသဖြင့် မိခင်ဖြစ်သူက ရဲစခန်းတွင် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

“သမီးကကျန်းမာရေးမကောင်းဘူး၊ အဲ့နေ့က ဘုရားပွဲရှိလို့ ဓမ္မာရုံမှာ ဝတ်အသင်းထဲလည်းပါလို့်၊ ဝိုင်းဝန်းလုပ်ကိုင်ဖို့ ပို့ထားရာကနေ ခုလိုဖြစ်သွားတယ်။ ကျွန်တော်တို့်ကတော့ ပြစ်မှုကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်မျိုးကျခံစေချင်ပါတယ်” ဟု မိသားစုဝင်များက ပြောသည်။

ပိုလီယိုရောဂါရှိသောဆွံ့အနားမကြားသူကို အဓမ္မပြုကျ င့်သူ ဆန်းဝင်း(၃၈)နှစ်နှင့် ဖိုးဇော်(၃၃)နှစ်တို့ နှစ်ဦးကို အမှတ်(၁)နယ်မြေရဲစခန်းမှ၊ (ပ)၇၉/၂၀၁၉၊ ရာဇသတ်ဥပဒေပုဒ်မ၃၇၆၊ ၁၁၄တို့ဖြင့် ဖမ်းဆီးအရေးယူထားသည်။

By – မင်းသန့်
MUNA

No comments:

Post a Comment