Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, February 6, 2019

ခ်က္ခ်င္းဆိုသလို သိသိသာသာ ေစ်းေရာင္းေကာင္းေစေသာ ယၾတာနည္း


တနဂၤေႏြေန႔တြင္ အေရာင္းအ၀ယ္ ေဆာင္ရြက္ေသာအခါ ေစ်းဦးမေပါက္ အေရာင္းအ၀ယ္ ပါးေနသည္။ အခါတိုင္းေလာက္ အေရာင္းအ၀ယ္မျဖစ္ဟု ထင္ပါက ငွက္ေပ်ာသီး တစ္လံုးကို သၾကားျဖဴး၍ စားလိုက္ပါ။ ခ်က္ခ်င္းလက္ငင္း ၀ယ္သူမ်ား တရုန္းရုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္းလာမည္။

တနလၤာေန႔တြင္ အေရာင္အ၀ယ္ ျပဳေသာအခါတြင္ ေရာင္းပန္း၀ယ္ပန္းမပြင့္ ၀ယ္သူက်ဲ၍ ငိုက္မ်ဥ္းေနရၿပီး ေစ်းဦးမေပါက္ပါက ပန္းကန္ျပား တစ္ခ်ပ္အတြင္း ဆီးယိုထည့္၍ စားလိုက္ပါ။ ဇီးသီလည္း စားႏိုင္ပါသည္။ ခ်က္ခ်င္းလက္ငင္း ၀ယ္သူမ်ား တရုန္းရုန္းႏွင့္ စည္ကား၍ ေရာင္းအား ေကာင္းလာမည္။

အဂၤါေန႔တြင္ ေစ်းေရာင္းေသာအခါ ဓာတ္ပြင္ေစရန္ ဆိုင္တြင္ ေရွာက္သီးသုပ္စားျခင္း ျဖစ္သည္။ အိမ္မွ ႀကိဳတင္ျပင္ဆင္ ယူလာျခင္း သို႔မဟုတ္ ေစ်းမွ၀ယ္ယူ စားသံုးျခင္း ျပဳႏိုင္ပါသည္။ ခ်က္ခ်င္းလက္ငင္း ၀ယ္သူမ်ား တရုန္းရုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္းလာမည္။

ဗုဒၶဟူးေန႔တြင္ ေစ်းအေရာင္း အ၀ယ္ေကာင္းေသာ လာဘ္ဖြင့္နည္းကား ပဲပင္ေပါက္ ပဲျပားေၾကာ္ စားျခင္းျဖစ္သည္။ ထမင္းခ်ိဳင့္ ၊ထမင္းဗူးအတြင္း ထည့္ယူလာျခင္းျဖစ္ေစ ေစ်းေရာက္မွ အျခားဆိုင္မွ ၀ယ္ယူျခင္းျဖစ္ေစ စားသံုးႏိုင္ပါသည္။ ခ်က္ခ်င္းလက္ငင္း ၀ယ္သူမ်ား တရုန္းရုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္းလာမည္။

ၾကာသပေတးေန႔တြင္ ေစ်းေရာင္းအ၀ယ္ျပဳစဥ္ ေစ်းေရာင္းမေကာင္းျခင္း ၊ မိမိေစ်းဆိုင္ လူ၀င္ပါးျခင္းျဖစ္ပါက သရက္သီးႏွင့္ လာဘ္ဖြင့္ရမည္။ သရက္သီးခ်ိန္ သရက္သီး ၊ သရက္ကင္းခ်ိန္ သရက္ကင္း၊ သရက္သီး မရွိပါက သရက္သီး ကုလားတည္ျဖင့္ ထမင္းစားလိုက္ပါ။ ခ်က္ခ်င္းလက္ငင္း ၀ယ္သူမ်ား တရုန္းရုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္းလာမည္။

ေသာၾကာေန႔တြင္ ေစ်းေရာင္းေကာင္းလိုပါက ႏို႔ႏွင့္ျပဳလုပ္ထားေသာ ႏို႔မလိုင္ကို စားသံုးလိုက္ပါ။ ႏို႔ႏွင့္ျပဳလုပ္ထားေသာ မည္သည့္ အစားအေသာက္ကို မဆို စားေသာက္ႏိုင္ပါသည္။ ခ်က္ခ်င္းလက္ငင္း ၀ယ္သူမ်ား တရုန္းရုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္းလာမည္။

စေနေန႔တြင္ အေရာင္းအ၀ယ္ေကာင္းေအာင္ လာဘ္ရႊင္ေအာင္ လူစည္ကားေအာင္ အေရာင္းအ၀ယ္ ျဖစ္ေအာင္ အုန္းသီးႏွင့္ ျပဳလုပ္ထားေသာ အစားအေသာက္ တစ္ခုခုျဖစ္ေစ ၊ အုန္းႏို႔ေခါက္ဆြဲျဖစ္ေစ ေစ်းေရာင္းေသာ ေနရာတြင္ စားေသာက္လုိက္ပါ။ ခ်က္ခ်င္းလက္ငင္း ၀ယ္သူမ်ား တရုန္းရုန္းႏွင့္ စည္ကား၍ ေရာင္းအားေကာင္းလာမည္။

အထက္ပါ ေစ်းေရာင္းေကာင္းေစေသာ ယၾတာကို အပတ္စဥ္လုပ္၍ ရသည္။ ေန႔စဥ္ ေဆာင္ရြက္လို႔ ရသည္။ ကံေကာင္း ကံမေကာင္း သိစရာမလို၊ ေမြးေန႔ ေမြးရက္ သိစရာမလို၊ မည္သည့္ ေန႔သားသမီးမ်ားမဆို ေဆာင္ရြက္ႏိုင္ပါသည္။ ခ်က္ခ်င္းဆိုသလို သိသာေစသည္။ ေအာင္ျမင္ေစသည္။ ပြင့္လန္းေစသည္။ ထို႔ေၾကာင့္ အေရာင္းအ၀ယ္ သမားမ်ားအေနႏွင့္ အထက္ပါယၾတာကို သင္တို႔၏ မွတ္စုစာအုပ္ထဲတြင္ ေန႔စဥ္ အဆင္သင့္ ေဆာင္ရြက္ရေစရန္အတြက္ ဇယားဆြဲၿပီး ကူးထားလိုက္ၾက ေပေတာ့ဟူ၍သာ ေလးနက္ေသာစိတ္ျဖင့္ တိုက္တြန္း လိုက္ရပါေတာ့သည္။
htoomyatlinn

#Unicode Version#
တနင်္ဂနွေနေ့တွင် အရောင်းအဝယ် ဆောင်ရွက်သောအခါ ဈေးဦးမပေါက် အရောင်းအဝယ် ပါးနေသည်။ အခါတိုင်းလောက် အရောင်းအဝယ်မဖြစ်ဟု ထင်ပါက ငှက်ပျောသီး တစ်လုံးကို သကြားဖြူး၍ စားလိုက်ပါ။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

တနင်္လာနေ့တွင် အရောင်အဝယ် ပြုသောအခါတွင် ရောင်းပန်းဝယ်ပန်းမပွင့် ဝယ်သူကျဲ၍ ငိုက်မျဉ်းနေရပြီး ဈေးဦးမပေါက်ပါက ပန်းကန်ပြား တစ်ချပ်အတွင်း ဆီးယိုထည့်၍ စားလိုက်ပါ။ ဇီးသီလည်း စားနိုင်ပါသည်။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအား ကောင်းလာမည်။

အင်္ဂါနေ့တွင် ဈေးရောင်းသောအခါ ဓာတ်ပွင်စေရန် ဆိုင်တွင် ရှောက်သီးသုပ်စားခြင်း ဖြစ်သည်။ အိမ်မှ ကြိုတင်ပြင်ဆင် ယူလာခြင်း သို့မဟုတ် ဈေးမှဝယ်ယူ စားသုံးခြင်း ပြုနိုင်ပါသည်။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

ဗုဒ္ဓဟူးနေ့တွင် ဈေးအရောင်း အဝယ်ကောင်းသော လာဘ်ဖွင့်နည်းကား ပဲပင်ပေါက် ပဲပြားကြော် စားခြင်းဖြစ်သည်။ ထမင်းချိုင့် ၊ထမင်းဗူးအတွင်း ထည့်ယူလာခြင်းဖြစ်စေ ဈေးရောက်မှ အခြားဆိုင်မှ ဝယ်ယူခြင်းဖြစ်စေ စားသုံးနိုင်ပါသည်။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

ကြာသပတေးနေ့တွင် ဈေးရောင်းအဝယ်ပြုစဉ် ဈေးရောင်းမကောင်းခြင်း ၊ မိမိဈေးဆိုင် လူဝင်ပါးခြင်းဖြစ်ပါက သရက်သီးနှင့် လာဘ်ဖွင့်ရမည်။ သရက်သီးချိန် သရက်သီး ၊ သရက်ကင်းချိန် သရက်ကင်း၊ သရက်သီး မရှိပါက သရက်သီး ကုလားတည်ဖြင့် ထမင်းစားလိုက်ပါ။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

သောကြာနေ့တွင် ဈေးရောင်းကောင်းလိုပါက နို့နှင့်ပြုလုပ်ထားသော နို့မလိုင်ကို စားသုံးလိုက်ပါ။ နို့နှင့်ပြုလုပ်ထားသော မည်သည့် အစားအသောက်ကို မဆို စားသောက်နိုင်ပါသည်။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

စနေနေ့တွင် အရောင်းအဝယ်ကောင်းအောင် လာဘ်ရွှင်အောင် လူစည်ကားအောင် အရောင်းအဝယ် ဖြစ်အောင် အုန်းသီးနှင့် ပြုလုပ်ထားသော အစားအသောက် တစ်ခုခုဖြစ်စေ ၊ အုန်းနို့ခေါက်ဆွဲဖြစ်စေ ဈေးရောင်းသော နေရာတွင် စားသောက်လိုက်ပါ။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

အထက်ပါ ဈေးရောင်းကောင်းစေသော ယတြာကို အပတ်စဉ်လုပ်၍ ရသည်။ နေ့စဉ် ဆောင်ရွက်လို့ ရသည်။ ကံကောင်း ကံမကောင်း သိစရာမလို၊ မွေးနေ့ မွေးရက် သိစရာမလို၊ မည်သည့် နေ့သားသမီးများမဆို ဆောင်ရွက်နိုင်ပါသည်။ ချက်ချင်းဆိုသလို သိသာစေသည်။ အောင်မြင်စေသည်။ ပွင့်လန်းစေသည်။ ထို့ကြောင့် အရောင်းအဝယ် သမားများအနေနှင့် အထက်ပါယတြာကို သင်တို့၏ မှတ်စုစာအုပ်ထဲတွင် နေ့စဉ် အဆင်သင့် ဆောင်ရွက်ရစေရန်အတွက် ဇယားဆွဲပြီး ကူးထားလိုက်ကြ ပေတော့ဟူ၍သာ လေးနက်သောစိတ်ဖြင့် တိုက်တွန်း လိုက်ရပါတော့သည်။

htoomyatlinn

No comments:

Post a Comment