Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, February 3, 2019
ငွေစက္ကူရေတွက်တာကနေကာလသားရောဂါ ကူးစက်သွားတဲ့ အမျိုးသမီးတစ်ဦး
လေးစားစွာဖြင့်
Unicode
ငွေစက္ကူရေတွက်တာကနေကာလသားရောဂါ ကူးစက်နိုင်သလား
အိမ်ထောင်သက် ၄ နှစ်ရှိသည့်အမျိုးသမီးတစ်ဦးကသားဖွားမီးယပ်ဌာနမှာဆေးစစ်ခဲ့ပါတယ်။ အဖြေထွက်လာသည့်အချိန်မှာသူမမှာကာလသားရောဂါရနေတယ်လို့ အဖြေထွက်ရှိလာပါတယ်။ ဒီတော့ သူမက
သူ၏အမျိုးသားအပြင်မှာရူပ်ပွေ၍သူမကိုကူးသည်ဟုအထင်ဖြင့်သူမ၏အမျိုးသားကိုဆေးစစ်ဆေးခဲ့ပေမယ့် ဆေးစစ်ချက်ရလဒ်မှာကာလသားရောဂါကင်းစင်ကြောင်းအဖြေထွက်ခဲ့တဲ့ အတွက် ထူးဆန်းနေပါတယ်။ဒါ
ကြောင့် သားဖွားမီးယပ်ဆရာဝန်ကရောဂါ ဇစ်မြစ်ကိုလိုက်တဲ့အခါမှသူမဟာဘဏ်ဝန်ထမ်းတစ်ဦးဖြစ်ပြီးလုပ်ငန်းခွင်မှာ တာဝန်အရငွေများကိုစစ်ဆေးပြီးနောက်ပိုင်းလက်မဆေးပဲသန့်စင်ခန်းဝင်သည့်အလေ့အထရှိကြောင်းသိလာရပါတယ်။
ဆရာဝန်ကသူမကိုငွေများကိုစစ်ဆေးပြီး လက်မဆေးပဲသန့်စင်ခန်းဝင်တတ်သည့်အလေ့အထကြောင့်ကာလသားရောဂါကူးစက်ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကာလသားရောဂါဟာအများစုသိထားသလိုလိင်
ဆက်ဆံခြင်းကနေသာမကဘဲကြားနေအရာဝတ္တုများမှလည်းကူးစက်တတ်ပါတယ်။ဒီကာလသားရောဂါကိုဖြစ်စေတဲ့ ဂနိုနဲ့ ဆစ်ဖလစ်ဗိုင်းရပ်များဟာလူခန္ဓာကိုယ်ကနေထွက်ခွာပြီး ၂ နာရီမှာ ၃ နာရီအကြားထိ
အသက်ရှင်နိုင်ပြီးစိုစွတ်နေသည့်သဘက် ၊ စောင် ၊ အိပ်ရာခင်း နှင့်အိမ်သာအိုးများတွင်မှု လူ့ခန္ဓာကိုယ်ကနေထွက်ခွာပြီးနောက် ၁၀ နာရီမှ ၁၈ နာရီအထိအသက်ရှင်နိုင်ပါတယ်။
ထို့ကြောင့်လူတကာလက်ထဲရောက်နေတဲ့ ငွေစက္ကူအဟောင်းများဟာကာလသားရောဂါကူးစက်ခံရသူလက်ထဲရောက်ရှိသွားပြီးနောက် ကာလသားရောဂါပိုးမွားများအကြိုက်ဆုံးရှင်သန်ရာနေရာဖြစ်သွားပါတယ်။
၈၀%သစ်တဲ့ငွေစက္ကူတစ်ရွက်မှာတောင် အူလမ်းကြောင်းဆိုင်ရာရောဂါပိုးမွားများနှင့်ဘီပိုးများအစရှိသည့်ရောဂါပိုးမွားပေါင်း ၁၂ သိန်းကျော်တွေ့ရှိရပါတယ်။ငွေစက္ကူများနှင့်မကြာခဏထိတွေ့နေရသည့်ဝန်ထမ်း
များကတစ်နာရီကြာပြီးနောက်သူ၏လက်တွင် ရောဂါပိုးမွားပေါင်းသုံးသန်းကျော်တွေ့ရှိနိုင်ပါတယ်။သုတေသနပြုချက်များအရထိုသူများသည့်သာမန်သူများထက် အသည်းရောင်အသားဝါရောဂါကူးစက်နိုင်ခြေခြောက်ဆပိုမြှင့်မားပါတယ်။အချိန်ပိုကြာလေကူးစက်နိုင်မှုပိုမြှင့်မားလေဖြစ်ပါတယ်။
ထို့ကြောင့်ဆရာဝန်များကဘဏ်ဝန်ထမ်းတွေကို ရောဂါပိုးမွားများမကူးစက်ခံရလေအောင်သန့်စင်ခန်းမဝင်မီနှင့် ၀င်ပြီးလက်ဆေးဖို့ တိုက်တွန်းထားပါတယ်။
လေးစားစွာဖြင့်
Credit – ဖူးဖူး (China.com)
No comments:
Post a Comment