Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 19, 2019

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးကိုခြိမ်းခြောက်ပြောဆိုသည့် ဖြစ်စဉ်အားစုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိ

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် Zarni Tike Account ဖြင့် လူမှုကွန်ရက်ပေါ်၌ "ဝှီးတက်နှင့် လိုင်စင်စစ်ရန် တောင်းခံသည့် ယာဉ်ထိန်းရဲအားခြိမ်းခြောက်၍ တပ်ထဲသို့ လိုက်ခဲ့ရန် ခေါ်ဆောင်သွားသောကားပိုင်ရှင်၏ ဗီဒီယိုဖိုင်သည် Facebook သုံးစွဲသူများအကြားပြန့်နှံ့နေကြောင်း၊အဆိုပါဖြစ်ရပ်သည် ရန်ကုန်မြို့၊ (၈)မိုင်မီးပွိုင့်နားတွင် ဖြစ်ခဲ့သည်ဟုသိရှိရကြောင်း"ဖော်ပြပါရှိမှုနှင့် ပတ်သက်၍ ဖြစ်စဉ်မှ ယာဉ်နံပါတ် 1K/×××× Crown အဖြူရောင်ယာဉ်အားရန်ကုန်တိုင်းဒေသကြီးနှင့် ဆက်စပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်းဒေသကြီးနယ်မြေများအတွင်းစုံစမ်းစစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့သည်။

ထိုသို့ စုံစမ်းရှာဖွေမှုများပြုလုပ်ခဲ့ရာပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် အမှတ်(၃)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ပဲခူး)မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ည ၆ နာရီခွဲအချိန်တွင် ယာဉ်အမှတ်1K/×××× Crown အဖြူရောင်ယာဉ်သည် ပဲခူးမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ JADE GARDEN HOTEL တွင် ရောက်ရှိနေကြောင်းစုံစမ်းသိရှိရသဖြင့် သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာအဆိုပါယာဉ်အားမောင်းနှင်သူမှာဦးဇော်ထူး(၅၄)နှစ်(ဘ)ဦးဟန်သွေးနောင်၊ ကန်တော်လေးရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းသည် JADE GARDEN HOTEL အခန်းနံပါတ်(၁၀၈)တွင် မွန်းတည့် ၁၂ နာရီအချိန်ခန့်က အမျိုးသမီးတစ်ဦးနှင့်အတူလာရောက်တည်းခိုနေထိုင်ခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကထိုအမျိုးသမီးနှင့်အတူ ယာဉ်အမှတ်1K/×××× Crown အဖြူရောင်ယာဉ်ဖြင့် ပဲခူးမြို့သို့ လာရောက်စဉ် ညနေ ၃ နာရီအချိန်ခန့်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၈)မိုင်လမ်းဆုံ၊ "ရွှေဘဲ"စားသောက်ဆိုင်အနီးတံတားအောက်အရောက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးမှယာဉ်အားတား၍ ယာဉ်မောင်းလိုင်စင်နှင့် ဝှီးတက်တို့ကိုစစ်ဆေးရန် တောင်းခံခဲ့ရာ ၎င်းမှ အဆိုပါယာဉ်ထိန်းရဲအား "တပ်ထဲလိုက်ခဲ့၊ ကားပေါ်တက်"ဟုပြောဆို၍ကားပေါ်သို့ရောက်သောအခါ တံတားအောက်တွင် လှည့်ပတ်မောင်းနှင်ခဲ့ပြီးမူလနေရာသို့ ပြန်ပို့ခဲ့ကြောင်းထွက်ဆိုအစစ်ခံချက်များအရသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးဇော်ထူးသည် တာဝန်ဝတ္တရားထမ်းဆောင်နေသောယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးအားတပ်မတော်သားမဟုတ်ဘဲတပ်ထဲသို့ လိုက်ခဲ့ဟုခြိမ်းခြောက်ပြောဆိုခြင်းနှင့်ယာဉ်လိုင်စင်စာအုပ်၊ ဝှီးတက်၊ ယာဉ်မောင်းလိုင်စင်တို့အားမှန်ကန်မှုရှိ/မရှိတို့ကိုဆက်လက်စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းကနဦးသတင်းရရှိသည်။

Source: ရဲဇာနည်

No comments:

Post a Comment