Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 17, 2019

ရန်ကုန်မှာ ရုပ်ရှင်ရိုက်တဲ့ အဖွဲ့ ရှုတင်ပြီးတော့ လာကြည့်တဲ့သူတွေ ပြစ်သွားတဲ့ ဆေးလိပ်တိုကအစ အမှိုက်အစအနမကျန် ကောက်ပေးသွားတယ်


နိုင်ငံကြီးသား ပီသတာ လေးစား အတုယူစရာကောင်းလိုက်တာဗျာ…

Line Walker -2 ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် ရန်ကုန်မြို့တွင် ရိုက်ကူးနိုင်ရေး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ကြပါတယ်..။ ရန်ကုန်မြို့နေလူသူအများလည်း လာရောက်ကြည့်ရှုသူတွေ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်..။
ထူးခြားတာလေးတစ်ခု မြန်မာတွေ အတုယူစရာလေးတစ်ခု ထင်ထင်ရှားလုပ်သွားတဲ့ စရိုက်လေးကို လေးစားလွန်းလို့ မျှဝေပေးလိုက်ပါတယ်..။

ရန်ကုန်မှာ ရုပ်ရှင်လာရိုက်တဲ့ အဖွဲ့က ရှုတင်ပြီးသွားချိန်မှာ ရိုက်​ကွင်းတဝိုက်​က အမှိုက်​​တွေ အကုန်​​ကောက်​ တဲ့အပြင်​ ​ဘေးကကြည့်​​နေသူ​တွေပစ်​တဲ့ စီးကရက်​ တိုက အစ လိုက်​​ကောက်​​ပေးသွားတယ်​..
ကျတော်တို့ မြန်မာတွေ နမူနာ ယူထားကြပါ
Photo : Soe Myat Thu









Line Walker -2 ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် ရန်ကုန်မြို့တွင် ရိုက်ကူးနိုင်ရေး ကြိုတင်ပြင်ဆင်

တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့ရှိ Shaw Brother Pictures Internation Ltd rမှ Line Walker-2 ရုပ်ရှင်ကားကို ရိုက်ကူးနိုင်ရန် အတွက် ရန်ကုန်မြို့၊မဟာဗန္ဓုလပန်းခြံလမ်း(အလယ်ဘလောက်)တွင် ယနေ့(ဖေဖော်ဝါရီ ၁၇ရက်)နံနက်ပိုင်းက ကြိုတင်ပြင်ဆင်မှုများ စတင်နေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ Line Walker-2 ရုပ်ရှင်ကားအား ရန်ကုန် မြို့တွင် လာရောက်ရိုက်ကူးစဉ် လမ်းပိတ်/လွှဲများ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း ကိုလည်း ရန်ကုန်တိုင်းဒေသကြီး ယာဉ် စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ကြိုတင် အသိပေးထုတ်ပြန် ထားပြီး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စတင်ဆောင်ရွက်နေသည့် ယနေ့ (ဖေဖော်ဝါရီ ၁၇ရက်)တွင် နံနက် ၁၁နာရီမှ ညနေ ၄နာရီအထိ၊ မ ဟာဗန္ဓုလပန်းခြံလမ်းအား အနော်ရထာလမ်းမှ City Star ဟိုတယ်အထိ လမ်းပိတ်ထားကြောင်းသိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ ၊ နံနက် ၀၆း၀၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ကြားတောရလမ်းအား ရွှေတိဂုံဘုရား၊ အရှေ့ ဘက်မုဒ်မှ ရေ တာရှည် လမ်းအထိ လည်း ကောင်း၊ ရိုက်ကူးမည့် ဖေဖော်ဝါရီ ၂၁ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ၊ မဟာဗန္ဓုလပန်းခြံလမ်းအား အနော်ရထာလမ်းမှ



City Star ဟိုတယ်အထိ လည်းကောင်း၊ ဖေ ဖော် ၀ါရီ ၂၂ မှ ၂၆ ရက်နေ့အထိ၊ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဆူးလေဘုရား လမ်းအား အနော်ရထာလမ်း လူကူး ခုံး ကျော် တံတားမှ ဆူးလေဘုရား လူကူး မျဉ်းကျား (မီးသတ် ဘက်အခြမ်း)အထိ လည်း ကောင်း၊ လမ်းပိတ်/ရွက်မည် ဖြစ်၍ မော် တော်ယာဉ် မောင်းနှင်နေသူများအနေဖြင့် အခြားသင့်လျော် သည့်လမ်းများမှ မောင်းနှင် သွားလာ ကြရန် ယာဉ် စည်းကမ်း ထိန်း သိမ်းရေးကြီးကြပ်မှုကော်မတီမှ အသိပေးနှိုးဆော်ထားသည်။
သတင်း/ဓါတ်ပုံ – TCM – News Watch

No comments:

Post a Comment