CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, January 16, 2019
One Stop Mart စတိုးဆိုင္ကို ေသနတ္ျပဓားျပတိုက္တဲ့ ရုပ္သံ
မြန္ျပည္နယ္ က်ိဳက္ထိုျမိဳ႕ရွိ One Stop Mart စတိုးဆိုင္ကို ေသနတ္ျပဓားျပတိုက္ျပီး ဆိုင္ကယ္ပါလုယုသြား ။ မြန္ျပည္နယ္ က်ိဳက္္ထိုၿမိဳ႕ရွိ ေတာင္သူစုရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းရွိ One Stop Mart စတိုးဆိုင္တြင္ ၁၅.၁.၁၉ ည (၂၃၄၀)အခ်ိန္ခန္႔က ေသနတ္ျပ ဓားျပတိုက္ျပီး ဆိုင္ကယ္တစီးပါ လုယူသြားမႈ ျဖစ္ပြားခဲ႔ပါသည္။
AK-47 ေသနတ္ကိုင္ေဆာင္ထားျပီး အနက္ေရာင္ဝတ္ဆင္ထားေသာ လူငယ္ ၂ ဦးမွ စတိုးဆိုင္ထဲဝင္လာျပီး ေငြ သုံးသိန္း ေတာင္းခံေၾကာင္း အေရာင္းစာေရးမမွ ေငြ သုံးသိန္းမရွိေၾကာင္း ေျပာသျဖင္႔ ေကာင္တာထဲမွ ေစ်းေရာင္းရေငြမ်ားအား ႏႈိက္ယူခဲ႔ျပီး ဆိုင္ကယ္ေသာ႔ေတာင္းခံရာ ဆိုင္ကယ္ေသာ႔ မရွိေၾကာင္း ေျပာေနစဥ္ေနာက္အမ်ိဳးသားတစ္ဦးမွ ေစ်းဝယ္ရန္ ဆိုင္ထဲသို႔ ဝင္လာသျဖင္႔ ၄င္းအမ်ိဳးသားထံမွ ဆိုင္ကယ္ေသာ႔အား ေတာင္း၍ ေမာင္းယူသြားမႈျဖစ္ပြားခဲ႔ပါသည္။
ျဖစ္စဥ္ႏွင္႔ပတ္သတ္၍ က်ိဳက္ထိုရဲစခန္းသို႔ လာေရာက္ တိုင္းတန္းသျဖင္႔ က်ိဳက္ထိုစခန္းမွ အမႈဖြင္႔လက္ခံေဆာင္ရြက္ခဲ႔ျပီး အဆင္႔ဆင္႔သတင္းေပးပို႔ခ်က္ရရျခင္း သထုံခရိုင္ရဲတပ္ဖြဲ႔မႈး ဒုရဲမႈးႀကီးေက်ာ္ဝင္း ၏ ႀကီးၾကပ္မႈ က်ိဳက္ထို ျမိဳ႕နယ္ရဲတပ္ဖြဲ႔မႈး ရဲမႈးစိုးမင္းထြန္းမွ အနီးကပ္ၾကတ္မတ္၍ အဖြဲ႔ ၄ ဖြဲ႔ခြဲကာ ျမိဳ႕ဝင္ျမိဳ႕ထြက္ ဂိတ္မ်ားပိတ္ ဆို႔ထားျပီး
မရမ္းေခ်ာင္ဂိတ္တြင္ သိမ္ဇရပ္စခန္းမႈး ရဲအုပ္တင္ေအာင္စိုး ဦးစီး(၂+၅)ဦး၊ က်ိဳက္ထိုျမိဳ႕ဝင္ဘီးခြန္ဂိတ္တြင္ ဒုရဲအုပ္ ရတနာနန္းဦးစီး (၁+၅)ဦး၊ ျမိဳ႕တြင္းႏွင္႔ က်ိဳက္ထီးရိုး လမ္းခြဲထိ ဒုရဲအုပ္ေအာင္မ်ဳိးထြန္း ဦးစီး(၁+၄)ဦးက်ိဳက္ထို-ကင္မြန္းေခ်ာင္ ကားလမ္းတေလ်ွာက္ ကင္မြန္း ေခ်ာင္စခန္းမႈး ရဲအုပ္တင္႔လြင္ ဦးစီး(၂+၅)ဦးအဖြဲ႔တို႔မွ ပိုက္စိပ္တိုက္ လိုက္လံရွာေဖြစစ္ေဆးေနစဥ္
က်ိဳက္ထို-ကင္မြန္းေခ်ာင္သြားကားလမ္းေဘး ဦးညီညီ၏ ကြ်ဲေကာျခံအနီးတြင္ ဆိုင္ကယ္အရွိန္ျပင္းစြာ ေမာင္းႏွင္ သြားသည္႔ မသကၤာဖြယ္လူ ၂ဦးအား ဒုရဲအုပ္ေအာင္မ်ိဳးထြန္း ဦးစီးအဖြဲ႔မွ ေတြ႔ရွိသျဖင္႔ ရဲအုပ္တင္႔လြင္ ဦးစီးအဖြဲ႔ ႏွင္႔ ပူးေပါင္း၍ ရွာေဖြရာ ကင္မြန္းေခ်ာင္ေက်းရြာအနီး ဦးစိုးဝင္း ဇရပ္တြင္ မသကၤာဖြယ္ လူ၂ဦးအား ျပန္လည္ေတြ႔ရွိသျဖင္႔ စစ္ေမးရာ ျပစ္မႈက်ဴ းလြန္သူမ်ားျဖစ္ေၾကာင္း သိရ၍ ဖမ္းဆီးရမိခဲ႔ပါသည္။
ဖမ္းဆီးရမိသူမ်ားအား စစ္ေမးရာ ေရ ၄၇၃၄၃ တသ ၁၂/ရဲထက္၊ ၂၃ ႏွစ္၊ (ဘ)ဦးေသာင္းလွ၊အထူးကြၽမ္းက်င္သူ၊ ေရတပ္ဗ်ဴဟာစစ္ေရယာဥ္စု၊ ဗ်ဴဟာ(၁)သန္လ်င္၊ ကမ္းနားလမ္း၊ (၂)ရပ္ကြက္၊ဗိုလ္တေထာင္ၿမိဳ႕နယ္ ေနသူျဖစ္ၿပီး က်န္တစ္ဦးမွာ ေရ ၄၇၁၂၁ ပည/၃၅ ေအာင္ကိုကိုဦး၊ ၂ဝ ႏွစ္၊(ဘ)ဦးတင္ေမာင္ေအး၊ အထူးပညာသည္၊ ပစ္ခတ္မႈ၊ ကြပ္ကဲထိန္းသိမ္းေရး စနစ္(မစ္ဇိုင္း) ေရတပ္ေပါင္းစု၊ ဘုရားကုန္းလမ္း၊ သန္လ်င္ၿမိဳ႕ေနသူျဖစ္ေၾကာင္း၊ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လဆန္းတြင္ တပ္မွ ေျပးလာခဲ့သူမ်ားျဖစ္ေၾကာင္း သိရွိရၿပီး
အခင္းျဖစ္စဥ္က ေက်ာပိုးထားသည့္ ေျပာက္က်ားေက်ာပိုးအိတ္၊ ၎တို႔ဝတ္ဆင္ခဲ့သည့္ အဝတ္အစားမ်ား၊ ONE Stop Mart အေရာင္းဆိုင္မွ လုယက္ယူေဆာင္သြားသည့္ ျမန္မာက်ပ္ေငြေရာရာ (၂၂၃၆ဝဝိ/-)၊ AK-47 က်ည္ (၄၀)ေတာင့္၊ က်ည္အိမ္(၁)ခု တို႔အား ၎တို႔ႏွင့္အတူ ေတြ႕ရွိရ၍ သက္ေသခံပစၥည္းအျဖစ္ သိမ္းဆည္း ၿပီး
ထပ္မံရွာေဖြရာ ဇရပ္၏ ေနာက္ေက်ာဘက္ အုတ္ရိုး ေဘးတြင္ ျပစ္မႈက်ဴးလြန္စဥ္က ယူေဆာင္သြားခဲ့သည့္ဆိုင္ကယ္ ၆၄ယ/၆၄၈၇ Honda NCX Wave ဌက္ခါးေရာင္ဆိုင္ကယ္အား (နံပါတ္ျပားျဖဳတ္ထားလ်က္)ေတြ႕ရွိရၿပီး ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳ သည့္ AK-47 ေသနတ္ (လြယ္ႀကိဳးတပ္လ်က္)အား ဇရပ္ေနာက္ေက်ာ အုတ္ရိုးေဘးတြင္ သစ္သားေခ်ာင္း/ထင္းေခ်ာင္းမ်ားျဖင့္ဖုံးအုပ္ငွက္သိမ္းထားသည္ကို ေတြ႕ရွိရ၍ သက္ေသမ်ားေရွ႕တြင္ သိမ္းဆည္းခဲ႔ပါသည္။
ျပစ္မႈက်ဴးလြန္စဥ္က အသုံးျပဳသည့္ လက္နက္အားစိစစ္ရာ AK-47 ေသနတ္(ေခါက္ဒင္)အမ်ိဳးအစားျဖစ္ၿပီးေဟာင္သေရာ ျမစ္အနီး အမည္မသိ႐ြာမွ လူျမင္လွ်င္မွတ္မိသည့္ အသက္ႀကီးလူႀကီးတစ္ဦးထံမွ ေငြက်ပ္(၅) သိန္းျဖင့္ ဝယ္ယူခဲ့ဟုထြက္ဆိုခဲ႔ေၾကာင္းသိရွိရပါသည္။ျဖစ္စဥ္ႏွင္႔ ပတ္သတ္၍ က်ိဳက္ထိုရဲစခန္း(ပ)၄၃/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၉၂ နဲ႔ အမႈဖြင့္ထားရွိျပီး တရားခံတရားခံရဲထက္ ႏွင္႔ ေအာင္ကိုကိုဦးတို႔အား ဆက္လက္ စစ္ေဆးေဆာင္ရြက္လ်ွက္ရွိေၾကာင္း သိရွိရပါသည္။
Real News
#Unicode Version#
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ One Stop Mart စတိုးဆိုင်ကို သေနတ်ပြဓားပြတိုက်ပြီး ဆိုင်ကယ်ပါလုယုသွား ။ မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ တောင်သူစုရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ One Stop Mart စတိုးဆိုင်တွင် ၁၅.၁.၁၉ ည (၂၃၄၀)အချိန်ခန့်က သေနတ်ပြ ဓားပြတိုက်ပြီး ဆိုင်ကယ်တစီးပါ လုယူသွားမှု ဖြစ်ပွားခဲ့ပါသည်။
AK-47 သေနတ်ကိုင်ဆောင်ထားပြီး အနက်ရောင်ဝတ်ဆင်ထားသော လူငယ် ၂ ဦးမှ စတိုးဆိုင်ထဲဝင်လာပြီး ငွေ သုံးသိန်း တောင်းခံကြောင်း အရောင်းစာရေးမမှ ငွေ သုံးသိန်းမရှိကြောင်း ပြောသဖြင့် ကောင်တာထဲမှ ဈေးရောင်းရငွေများအား နှိုက်ယူခဲ့ပြီး ဆိုင်ကယ်သော့တောင်းခံရာ ဆိုင်ကယ်သော့ မရှိကြောင်း ပြောနေစဉ်နောက်အမျိုးသားတစ်ဦးမှ ဈေးဝယ်ရန် ဆိုင်ထဲသို့ ဝင်လာသဖြင့် ၎င်းအမျိုးသားထံမှ ဆိုင်ကယ်သော့အား တောင်း၍ မောင်းယူသွားမှုဖြစ်ပွားခဲ့ပါသည်။
ဖြစ်စဉ်နှင့်ပတ်သတ်၍ ကျိုက်ထိုရဲစခန်းသို့ လာရောက် တိုင်းတန်းသဖြင့် ကျိုက်ထိုစခန်းမှ အမှုဖွင့်လက်ခံဆောင်ရွက်ခဲ့ပြီး အဆင့်ဆင့်သတင်းပေးပို့ချက်ရရခြင်း သထုံခရိုင်ရဲတပ်ဖွဲ့မှုး ဒုရဲမှုးကြီးကျော်ဝင်း ၏ ကြီးကြပ်မှု ကျိုက်ထို မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးစိုးမင်းထွန်းမှ အနီးကပ်ကြတ်မတ်၍ အဖွဲ့ ၄ ဖွဲ့ခွဲကာ မြို့ဝင်မြို့ထွက် ဂိတ်များပိတ် ဆို့ထားပြီး
မရမ်းချောင်ဂိတ်တွင် သိမ်ဇရပ်စခန်းမှုး ရဲအုပ်တင်အောင်စိုး ဦးစီး(၂+၅)ဦး၊ ကျိုက်ထိုမြို့ဝင်ဘီးခွန်ဂိတ်တွင် ဒုရဲအုပ် ရတနာနန်းဦးစီး (၁+၅)ဦး၊ မြို့တွင်းနှင့် ကျိုက်ထီးရိုး လမ်းခွဲထိ ဒုရဲအုပ်အောင်မျိုးထွန်း ဦးစီး(၁+၄)ဦးကျိုက်ထို-ကင်မွန်းချောင် ကားလမ်းတလျှောက် ကင်မွန်း ချောင်စခန်းမှုး ရဲအုပ်တင့်လွင် ဦးစီး(၂+၅)ဦးအဖွဲ့တို့မှ ပိုက်စိပ်တိုက် လိုက်လံရှာဖွေစစ်ဆေးနေစဉ်
ကျိုက်ထို-ကင်မွန်းချောင်သွားကားလမ်းဘေး ဦးညီညီ၏ ကျွဲကောခြံအနီးတွင် ဆိုင်ကယ်အရှိန်ပြင်းစွာ မောင်းနှင် သွားသည့် မသင်္ကာဖွယ်လူ ၂ဦးအား ဒုရဲအုပ်အောင်မျိုးထွန်း ဦးစီးအဖွဲ့မှ တွေ့ရှိသဖြင့် ရဲအုပ်တင့်လွင် ဦးစီးအဖွဲ့ နှင့် ပူးပေါင်း၍ ရှာဖွေရာ ကင်မွန်းချောင်ကျေးရွာအနီး ဦးစိုးဝင်း ဇရပ်တွင် မသင်္ကာဖွယ် လူ၂ဦးအား ပြန်လည်တွေ့ရှိသဖြင့် စစ်မေးရာ ပြစ်မှုကျူ းလွန်သူများဖြစ်ကြောင်း သိရ၍ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူများအား စစ်မေးရာ ရေ ၄၇၃၄၃ တသ ၁၂/ရဲထက်၊ ၂၃ နှစ်၊ (ဘ)ဦးသောင်းလှ၊အထူးကျွမ်းကျင်သူ၊ ရေတပ်ဗျူဟာစစ်ရေယာဉ်စု၊ ဗျူဟာ(၁)သန်လျင်၊ ကမ်းနားလမ်း၊ (၂)ရပ်ကွက်၊ဗိုလ်တထောင်မြို့နယ် နေသူဖြစ်ပြီး ကျန်တစ်ဦးမှာ ရေ ၄၇၁၂၁ ပည/၃၅ အောင်ကိုကိုဦး၊ ၂ဝ နှစ်၊(ဘ)ဦးတင်မောင်အေး၊ အထူးပညာသည်၊ ပစ်ခတ်မှု၊ ကွပ်ကဲထိန်းသိမ်းရေး စနစ်(မစ်ဇိုင်း) ရေတပ်ပေါင်းစု၊ ဘုရားကုန်းလမ်း၊ သန်လျင်မြို့နေသူဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လဆန်းတွင် တပ်မှ ပြေးလာခဲ့သူများဖြစ်ကြောင်း သိရှိရပြီး
အခင်းဖြစ်စဉ်က ကျောပိုးထားသည့် ပြောက်ကျားကျောပိုးအိတ်၊ ၎င်းတို့ဝတ်ဆင်ခဲ့သည့် အဝတ်အစားများ၊ ONE Stop Mart အရောင်းဆိုင်မှ လုယက်ယူဆောင်သွားသည့် မြန်မာကျပ်ငွေရောရာ (၂၂၃၆ဝဝိ/-)၊ AK-47 ကျည် (၄၀)တောင့်၊ ကျည်အိမ်(၁)ခု တို့အား ၎င်းတို့နှင့်အတူ တွေ့ရှိရ၍ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်း ပြီး
ထပ်မံရှာဖွေရာ ဇရပ်၏ နောက်ကျောဘက် အုတ်ရိုး ဘေးတွင် ပြစ်မှုကျူးလွန်စဉ်က ယူဆောင်သွားခဲ့သည့်ဆိုင်ကယ် ၆၄ယ/၆၄၈၇ Honda NCX Wave ဌက်ခါးရောင်ဆိုင်ကယ်အား (နံပါတ်ပြားဖြုတ်ထားလျက်)တွေ့ရှိရပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြု သည့် AK-47 သေနတ် (လွယ်ကြိုးတပ်လျက်)အား ဇရပ်နောက်ကျော အုတ်ရိုးဘေးတွင် သစ်သားချောင်း/ထင်းချောင်းများဖြင့်ဖုံးအုပ်ငှက်သိမ်းထားသည်ကို တွေ့ရှိရ၍ သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ပါသည်။
ပြစ်မှုကျူးလွန်စဉ်က အသုံးပြုသည့် လက်နက်အားစိစစ်ရာ AK-47 သေနတ်(ခေါက်ဒင်)အမျိုးအစားဖြစ်ပြီးဟောင်သရော မြစ်အနီး အမည်မသိရွာမှ လူမြင်လျှင်မှတ်မိသည့် အသက်ကြီးလူကြီးတစ်ဦးထံမှ ငွေကျပ်(၅) သိန်းဖြင့် ဝယ်ယူခဲ့ဟုထွက်ဆိုခဲ့ကြောင်းသိရှိရပါသည်။ဖြစ်စဉ်နှင့် ပတ်သတ်၍ ကျိုက်ထိုရဲစခန်း(ပ)၄၃/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ နဲ့ အမှုဖွင့်ထားရှိပြီး တရားခံတရားခံရဲထက် နှင့် အောင်ကိုကိုဦးတို့အား ဆက်လက် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
One Stop Mart စတိုးဆိုင္ကို ေသနတ္ျပဓားျပတိုက္တဲ့ ရုပ္သံ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 16, 2019
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
January 16, 2019
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment