Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 16, 2019

အလုပ္လုပ္ဖို႔ ရန္ကုန္တက္လာတဲ့ အမ်ဳိးသမီးငယ္တစ္ဦး အသတ္ခံရ

 ဟသၤတတကၠသိုလ္မွာ ျမန္မာစာအထူးျပဳနဲ႔ တက္ေရာက္ေနတဲ႔ သူမဟာ ရန္ကုန္ျမိဳ႕မွာ အလုပ္လုပ္လိုတာေၾကာင္႔ မိဘေတြက သမီးျဖစ္သူရဲ႕ ဆႏၵကုိ ခြင္႔ျပဳျပီး အလုပ္ရွာခြင္႔ျပဳခဲ႔တာလို႔ ဆိုပါတယ္။
ေအာက္ဆုံးမွာ ဗီဒီယုိဖိုင္တင္ေပးထားပါတယ္။

ျမန္ေအာင္ျမိဳ႕ကေန ရန္ကုန္ကုိ ျပီးခဲ႔တဲ႔ ဒီဇင္ဘာလ ၂၀ရက္ေန႔က သူမထြက္လာခဲ႔တာပါ ။ရန္ကုန္ လွိဳင္သာယာကအေဆာင္မွာ သူငယ္ခ်င္းမိန္းကေလးတစ္ဦးနဲ႔ အတူေနထိုင္စဥ္မွာအထက္တန္းေက်ာင္းသူဘ၀က ငယ္သူငယ္ခ်င္းျဖစ္သူ မ်ိဳးျမတ္ေအာင္ဆိုသူက သူလက္ရွိလုပ္ကိုင္ေနတဲ႔အလုပ္မွာ လူလိုေနတာေၾကာင္႔ အလုပ္ရွင္နဲ႔ေတြ႔ေပးမယ္ဆိုျပီး ဇန္န၀ါရီလ ၃ရက္ေန႔ညက သူမတစ္ဦးတည္းကုိ လာေရာက္ေခၚေဆာင္သြားခဲ႔တာျဖစ္ပါတယ္။

ည၈နာရီထိုးတဲ႔အခါ သူငယ္ခ်င္းျဖစ္သူျပန္မလာေသးလို႔ အတူေနသူငယ္ခ်င္းမိန္းကေလးက ဖုန္းဆက္ခဲ႔ေပမယ္႔ အဆက္အသြယ္မရေတာ႔တဲ႔အတြက္ ေနာက္တစ္ေန႔မွာ မိဘေတြဆီ အေၾကာင္းၾကားခဲ႔တာျဖစ္ပါတယ္။

သမီးျဖစ္သူနဲ႔ အဆက္အသြယ္ျပတ္သြားျပီးေနာက္ ဇန္န၀ါရီလ ၅ရက္ေန႔မွာ ဖခင္ျဖစ္သူ ဦးေသာင္းညႊန္႕က ျမန္ေအာင္ကေန ရန္ကုန္ကုိ ညီျဖစ္သူနဲ႔အတူ လိုက္လာခဲ႔ပါတယ္။

ဇန္န၀ါရီ ၆ ရက္ေန႔မွာ ရဲစခန္းမွာ လူေပ်ာက္တိုင္ခ်က္ဖြင္႔လွစ္ခဲ႔ပါတယ္။လူေပ်ာက္မႈနဲ႔ တိုင္တဲ႔အခါမွာ ရဲစခန္းမွ မ်က္ျမင္သက္ေသရွိလားေမးတဲ႔ အခါ သူငယ္ခ်င္းျဖစ္သူက ဒီလူေခၚသြားပါတယ္ဆိုျပီး ဓါတ္ပုံနဲ႔ ျပခဲ႔ပါတယ္။ထြက္သြားတဲ႔ သမီးရဲ႕ အက်ီၤကုိလည္း ဓါတ္ပုံနဲ႔ ျပခဲ႔ပါတယ္။

ဒါေပမယ္႔ ရဲစခန္းက မယုံဘူး။ဘာလို႔မယုံတာလည္းဆိုေတာ႔ အသက္ ၂၀ေက်ာ္ေနျပီ ရည္းစားနဲ႔ သြားျပီးေတြ႔ခ်င္လည္းေတြ႔မယ္ ၊ လင္ေနာက္လိုက္သြားတာလည္းျဖစ္ခ်င္ျဖစ္မယ္ လို႔ေျပာျပီး အမႈက ၾကန္႔ၾကာေနခဲ႔တယ္လို႔ ေပ်ာက္ဆုံးသူရဲ႔ ဦးေလးျဖစ္သူက ေျပာပါတယ္။

ဇန္န၀ါရီလ ၇ရက္ေန႔မွာေတာ႔ ရထားသံလမ္းေဘးမွာ အမွိဳက္ေကာက္ေနတဲ႔ ကေလးငယ္ေတြက ေတာင္ဥကၠလာပျမိဳကနယ္အတြင္း ပါရမီဘူတာနဲ႔ ကံဘဲ႕ ဘူတာအၾကား ရထားသံလမ္းေဘးမွာ အမ်ိဳးသမီးတစ္ဦးအေလာင္းကုိ စေတြ႔ခဲ႔ပါတယ္။

ဒီအေလာင္းကုိေတာင္ဥကၠလာပ ရဲတပ္ဖြဲ႔က စံျပေဆးရံုကုိ ပို႔ေဆာင္ထားခဲ႔ပါတယ္။အမ်ိဳးသမီးငယ္တစ္ဦးအေလာင္းေတြကတယ္ၾကားေတာ႔ ဦးေသာင္းညြန္႔တစ္ေယာက္ စံျပေဆးရံုကုိ လိုက္သြားခဲ႔ျပီး သမီးျဖစ္သူ ဟုတ္မဟုတ္စစ္ေဆးခဲ႔ပါတယ္။

အ၀တ္အစားနဲ႔ သူရဲ႔ ေျခလက္အဂၤါေလးေတြ ၾကည္႔ျပီးသမီးလို႔သတ္မွတ္ျပီးေတာ႔ အဲဒီေတာ႔မွ ေသတယ္ဆိုတာ တစ္ထစ္ခ်သိရတာပါ လို႔ ဖခင္ျဖစ္သူကေျပာပါတယ္။

ရန္ကုန္လို တစ္နယ္တျခားမွာ တူမျဖစ္သူအသတ္ခံရမႈအတြက္ ေဆာင္ရြက္တဲ႔အခါမွာ အစစအရာရာအခက္အခဲ ရွိတဲ႔အျပင္ အမႈမွန္ေပၚေပါက္လိုတာေၾကာင္႔ ဦးေလးျဖစ္သူ ဦးမင္းလြင္က သူနဲ႔ အဆက္အသြယ္ရွိတဲ႔ ပင္လုံေသြးလူ႔အခြင္႔အေရးနဲ႔ျပည္သူ႕အေရးေဆာင္ရြက္သူမ်ား အဖြဲကကုိ ခ်ိတ္ဆက္အကူအညီေတာင္းခဲ႔ပါတယ္။

လက္ရွိမွာေတာ႔ သူမေသဆုံးမႈနဲ႔ပတ္သက္လို႔ လွိဳင္သာယာရဲစခန္းက လူေပ်ာက္မႈ ျဖားေယာင္းေသြးေဆာင္မႈ ေတြနဲ႔ အမႈဖြင္႔ထားျပီး ေတာင္ဥကၠလာပရဲစခန္းက လူေသမႈနဲ႔ အမႈနဲ႔ဖြင္႔ထားပါတယ္။သူမေသဆုံးမႈအတြက္ လိုက္ပါေဆာင္ရြက္ေပးေနတဲ႔ ပင္လုံေသြးလူ႔အခြင္႔အေရးနဲ႔ျပည္သူ႕အေရးေဆာင္ရြက္သူမ်ား အဖြဲ႔ ဒါရိုက္တာ ဦးနန္း၀င္းေအာင္က အဓမၼျပဳ႕က်င္႔ခံရျပီးအသတ္ခံရတဲ႔အမႈ ေျပာင္းလဲဖြင္႔လွစ္ဖို႔ လိုလားေနပါတယ္။

RFA က ဇန္န၀ါရီ ၁၃ရက္ေန႔က လွိဳင္သာယာရဲစခန္းကုိ သြားေရာက္သတင္းေမးျမန္းရာမွာ စခန္းမွဴးက ေမးလိုတဲ႔ အေၾကာင္းအရာေတြကုိ စာနဲ႔ တင္ျပဖို႔ အထက္ကုိ တင္ျပျပီးခြင္႔ျပဳခ်က္ရမွသာ ေျဖၾကားႏိုင္မွာျဖစ္တယ္လို႔ ေျပာခဲ႔ပါတယ္။

မိသားစု၀င္ေတြကုိေတာ႔ သံသယရွိသူ မ်ိဳးျမင္႔ေအာင္ကုိဖမ္းဆီးႏိုင္ဖို႔ ေဆာင္ရြက္ေနျပီး သူ႕ကုိဖမ္းမိမွသာ ပုဒ္မေျပာင္းလဲအမႈဖြင္႔ႏိုင္မွာျဖစ္ေၾကာင္း ရွင္းျပခဲ႔တာကုိၾကားခဲ႔ရပါတယ္။RFA Burmese

Unicode

ဟင်္သတတက္ကသိုလ်မှာ မြန်မာစာအထူးပြုနဲ့ တက်ရောက်နေတဲ့ သူမဟာ ရန်ကုန်မြို့မှာ အလုပ်လုပ်လိုတာကြောင့် မိဘတွေက သမီးဖြစ်သူရဲ့ ဆန္ဒကို ခွင့်ပြုပြီး အလုပ်ရှာခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။

မြန်အောင်မြို့ကနေ ရန်ကုန်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ရက်နေ့က သူမထွက်လာခဲ့တာပါ ။ရန်ကုန် လှိုင်သာယာကအဆောင်မှာ သူငယ်ချင်းမိန်းကလေးတစ်ဦးနဲ့ အတူနေထိုင်စဉ်မှာအထက်တန်းကျောင်းသူဘဝက ငယ်သူငယ်ချင်းဖြစ်သူ မျိုးမြတ်အောင်ဆိုသူက သူလက်ရှိလုပ်ကိုင်နေတဲ့အလုပ်မှာ လူလိုနေတာကြောင့် အလုပ်ရှင်နဲ့တွေ့ပေးမယ်ဆိုပြီး ဇန်နဝါရီလ ၃ရက်နေ့ညက သူမတစ်ဦးတည်းကို လာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

ည၈နာရီထိုးတဲ့အခါ သူငယ်ချင်းဖြစ်သူပြန်မလာသေးလို့ အတူနေသူငယ်ချင်းမိန်းကလေးက ဖုန်းဆက်ခဲ့ပေမယ့် အဆက်အသွယ်မရတော့တဲ့အတွက် နောက်တစ်နေ့မှာ မိဘတွေဆီ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

သမီးဖြစ်သူနဲ့ အဆက်အသွယ်ပြတ်သွားပြီးနောက် ဇန်နဝါရီလ ၅ရက်နေ့မှာ ဖခင်ဖြစ်သူ ဦးသောင်းညွှန့်က မြန်အောင်ကနေ ရန်ကုန်ကို ညီဖြစ်သူနဲ့အတူ လိုက်လာခဲ့ပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့မှာ ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်လှစ်ခဲ့ပါတယ်။လူပျောက်မှုနဲ့ တိုင်တဲ့အခါမှာ ရဲစခန်းမှ မျက်မြင်သက်သေရှိလားမေးတဲ့ အခါ သူငယ်ချင်းဖြစ်သူက ဒီလူခေါ်သွားပါတယ်ဆိုပြီး ဓါတ်ပုံနဲ့ ပြခဲ့ပါတယ်။ထွက်သွားတဲ့ သမီးရဲ့ အင်္ကျီကိုလည်း ဓါတ်ပုံနဲ့ ပြခဲ့ပါတယ်။

ဒါပေမယ့် ရဲစခန်းက မယုံဘူး။ဘာလို့မယုံတာလည်းဆိုတော့ အသက် ၂၀ကျော်နေပြီ ရည်းစားနဲ့ သွားပြီးတွေ့ချင်လည်းတွေ့မယ် ၊ လင်နောက်လိုက်သွားတာလည်းဖြစ်ချင်ဖြစ်မယ် လို့ပြောပြီး အမှုက ကြန့်ကြာနေခဲ့တယ်လို့ ပျောက်ဆုံးသူရဲ့ ဦးလေးဖြစ်သူက ပြောပါတယ်။

ဇန်နဝါရီလ ၇ရက်နေ့မှာတော့ ရထားသံလမ်းဘေးမှာ အမှိုက်ကောက်နေတဲ့ ကလေးငယ်တွေက တောင်ဥက္ကလာပမြိုကနယ်အတွင်း ပါရမီဘူတာနဲ့ ကံဘဲ့ ဘူတာအကြား ရထားသံလမ်းဘေးမှာ အမျိုးသမီးတစ်ဦးအလောင်းကို စတွေ့ခဲ့ပါတယ်။

ဒီအလောင်းကိုတောင်ဥက္ကလာပ ရဲတပ်ဖွဲ့က စံပြဆေးရုံကို ပို့ဆောင်ထားခဲ့ပါတယ်။အမျိုးသမီးငယ်တစ်ဦးအလောင်းတွေကတယ်ကြားတော့ ဦးသောင်းညွန့်တစ်ယောက် စံပြဆေးရုံကို လိုက်သွားခဲ့ပြီး သမီးဖြစ်သူ ဟုတ်မဟုတ်စစ်ဆေးခဲ့ပါတယ်။

အဝတ်အစားနဲ့ သူရဲ့ ခြေလက်အင်္ဂါလေးတွေ ကြည့်ပြီးသမီးလို့သတ်မှတ်ပြီးတော့ အဲဒီတော့မှ သေတယ်ဆိုတာ တစ်ထစ်ချသိရတာပါ လို့ ဖခင်ဖြစ်သူကပြောပါတယ်။

ရန်ကုန်လို တစ်နယ်တခြားမှာ တူမဖြစ်သူအသတ်ခံရမှုအတွက် ဆောင်ရွက်တဲ့အခါမှာ အစစအရာရာအခက်အခဲ ရှိတဲ့အပြင် အမှုမှန်ပေါ်ပေါက်လိုတာကြောင့် ဦးလေးဖြစ်သူ ဦးမင်းလွင်က သူနဲ့ အဆက်အသွယ်ရှိတဲ့ ပင်လုံသွေးလူ့အခွင့်အရေးနဲ့ပြည်သူ့အရေးဆောင်ရွက်သူများ အဖွဲကကို ချိတ်ဆက်အကူအညီတောင်းခဲ့ပါတယ်။

လက်ရှိမှာတော့ သူမသေဆုံးမှုနဲ့ပတ်သက်လို့ လှိုင်သာယာရဲစခန်းက လူပျောက်မှု ဖြားယောင်းသွေးဆောင်မှု တွေနဲ့ အမှုဖွင့်ထားပြီး တောင်ဥက္ကလာပရဲစခန်းက လူသေမှုနဲ့ အမှုနဲ့ဖွင့်ထားပါတယ်။သူမသေဆုံးမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ပင်လုံသွေးလူ့အခွင့်အရေးနဲ့ပြည်သူ့အရေးဆောင်ရွက်သူများ အဖွဲ့ ဒါရိုက်တာ ဦးနန်းဝင်းအောင်က အဓမ္မပြု့ကျင့်ခံရပြီးအသတ်ခံရတဲ့အမှု ပြောင်းလဲဖွင့်လှစ်ဖို့ လိုလား

No comments:

Post a Comment