Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 2, 2019

နှစ်ဦးဓမ္မသဘင်ပွဲ ပါမောက္ခချုပ်ဆရာတော် Dr.အရှင်နန္ဒမာလာဘိဝံသဟောကြားတော်မူသောတရားတော်

Dr.အရှင်နန္ဒမာလာဘိဝံသနှစ်ဦးဓမ္မသဘင်ပွဲ
၂၊ ၁၊ ၂၀၁၉ နှစ်ဦးဓမ္မသဘင်ပွဲ
ပါမောက္ခချုပ်ဆရာတော် Dr.အရှင်နန္ဒမာလာဘိဝံသ၏

သတိ နဲ့ နေထိုင် ကြမယ် နှင့် အမုန်းတရားများ ဖယ်ရှားခြင်း

လှေကြီးတစ်စင်းနဲ့ လူအများ ခရီးသွားသည့် အခါ လှေမှာ အပေါက်ဖြစ်ပြီး ရေဝင်လာပြီဆိုရင် ဘယ်နေရာက ပေါက်ပေါက် အားလုံး ဝိုင်းပြီး ဖာရမယ်။ ရေခပ်ထုတ်ရမယ်။ မင်းနေရာကပေါက်တာ မင်းနဲ့ဆိုင်တယ်။ ငါနဲ့မဆိုင်ဘူး။ မင်းလုပ်ရမယ်ဆိုရင် လှေကြီးမှောက်ရင် အားလုံး သေမှာပဲ။
လှေပိုင်ရှင်နဲ့ ဆိုင်တယ် လှေသမားတွေ
ပြု ပြင်လိမ့်မယ်လို့ မသိသလိုနေရင် လှေမှောက်လျှင် အားလုံးသေမှာပါပဲ။
အားလုံးဝိုင်းပြီး ဆောင်ရွက်မှသာလျှင် အားလုံးနီးပါး အောင်မြင်မှာပါ။

Credit:

ဘယ်ကိစ္စ ဘယ်လူမျိုးပဲဖြစ်ဖြစ်
သတိရှိရှိ ဆင်ခြင်တုံ တရားရှိရှိနဲ့ နေထိုင်သွားကြဖို့

၂၀၁၉ ခုနှစ်ကစလို့
သတိသမ္မဇည ဖြင့်နေထိုင်ခြင်းဖြင့် လ့ကျင့်ခန်း
လုပ်သွားဖို့

သတိ ဆင်ခြင်တုံတရားနှင့်
၁။ရှေ့လှမ်းခြင်း နောက်ဆုတ်ခြင်း ပြုလုပ်ဖို့
၂။မြင်စရာအာရုံများကို ကြည့်ရမည်
၃။ကွေးခြင်း ဆန့်ခြင်း ပြုရမည်
၎။အများနဲ့ဆိုင်တဲ့နေရာ ဝတ်စားမှုသတိရှိဖို့
၅။အစားအစာ အသောက်အစား စားတဲ့အခါ
၆။အိမ်သာထဲ ကျင်ကြီး ကျင်ငယ်ဝင်တဲ့အခါ
၇။လျောင်းထိုင်ရပ်သွား တာတွေမှာ
သတိရှိဖို့ ဆင်ခြင်တုံတရားရှိရှိ နေထိုင်ကြဖို့

ပြီးတော့ ဒုတိယအချက်အနေနဲ့

"ရင်ထဲက အမုန်းတရားဖယ်ရှားဖို့"

ရင်ထဲက အမုန်းတရားတွေ ဖြစ်တည်လာရခြင်း
အကြောင်းတရား (၂)မျိုး
၁။ ဣဿာ = သူတစ်ပါးစည်းစိမ်ကို ငြူစူခြင်း
မနာလိုရှုစိမ့်ခြင်း
၂။မစ္ဆရိယ = မိမိစည်းစိမ်ကို လျှို့ဝှက်ခြင်း ၊ ဝန်တိုခြင်း

အထက်ပါတရား ၂ပါး ဖြစ်တဲ့
၁။ ဣဿာ ကို
မုဒိတာ= ဝမ်းမြောက်ခြင်း ဆိုတဲ့ တရားနဲ့ ဖယ်ရှားရှင်းလင်းဖို့

၂။ မစ္ဆရိယ ကို သဒ္ဓါ = ယုံကြည်ခြင်း ဆိုတဲ့ တရားနဲ့
ဖယ်ရှားရှင်းလင်းဖို့ ဟောကြား။

အချုပ်အားဖြင့် ဆိုရသော်
အထက်က သတိသမ္မဇည တရား (၇)ချက်ဖြင့်
နေထိုင်ပြီး ရင်ထဲက အမုန်းတရား (၂)ချက် ကို ဖယ်ရှားခြင်းဖြင့် ကျန်းမာ၊ စီးပွား၊ ပညာများ
တိုးတက်အောင်မြင် လာမည့်အကြောင်း ဟောကြား
ခဲ့သည်ကို တစ်ဆင့်မျှဝေ ဓမ္မဒါန********
****************************
*ဓမ္မဒါနအဖြစ်​ မျှ​ဝေသည်​*
©​မေတ္တာ​ဝေသီ (ဒိုက်​ဦး)


No comments:

Post a Comment