CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, January 29, 2019
စစ်ကိုင်းတံတား (အင်းဝ) ပေါ်မှခုန်ချတဲ့ သားအဖနှစ်ဦးကို ရှာဖွေဆဲ
ဒီပုံက လေးနှစ်အရွယ်သမီးလေးမျက်စိကင်ဆာဖြစ်တာ ဆေးကုစရိတ်မတက်နိုင်တော့လို့ ဖခင်က သမီးလေးကိုကျောပိုးပြီး စစ်ကိုင်းတံတားပေါ်ကခုန်ချသွားတာက ကျန်ခဲ့တဲ့ ဖိနပ်လေး။
............
ဇန်န၀ါရီ ၂၇ ရက်နေ့ မနက်ပိုင်းက ၄ နှစ်အရွယ် သမီးငယ်ကို ကျောပိုပြီး ဖခင်က ဧရာဝတီမြစ်ထဲ ခုန်ချခဲ့တာလို့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ် အသက် ၄ နှစ်သမီးငယ်မှာ မျက်လုံးကင်ဆာရောဂါ ဝေဒနာရှင်တဦးဖြစ်ပြီး မျက်လုံးကင်ဆာ ရောဂါခွဲစိတ်ဖို့ ၁ ရက်အလိုမှာ ဖခင်နဲ့ သမီးပါ ၂၇ ရက်နေ့က ပျောက်ဆုံးနေကြောင်းနဲ့ တွေ့ရှိပါက ဆက်သွယ်ပေးဖို့လည်း မိသားစုဝင်တွေက ကြေညာထားပါတယ်။
DVB
Unicode ဖြင့်ဖတ်ရန်
စစ်ကိုင်းမြို့၊ စစ်ကိုင်းတံတား (အင်းဝ) ပေါ်ကနေ ဖခင်ဖြစ်သူက အသက် ၄ နှစ်အရွယ် သမီးငယ်ကို ကျောပိုးပြီး ဧရာဝတီမြစ်အတွင်း ခုန်ချခဲ့မှု ဇန်နဝါရီ ၂၇ ရက် နေ့က ဖြစ်ပွားခဲ့ပါတယ်။
ဇန်နဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းက ၄ နှစ်အရွယ် သမီးငယ်ကို ကျောပိုပြီး ဖခင်က ဧရာ၀တီမြစ်ထဲ ခုန်ချခဲ့တာလို့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်ကို ကိုး
ကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ် အသက် ၄ နှစ်သမီးငယ်မှာ မျက်လုံးကင်ဆာရောဂါ ေ၀ဒနာရှင်တဦးဖြစ်ပြီး မျက်လုံးကင်ဆာ ရောဂါခွဲစိတ်ဖို့ ၁
ရက်အလိုမှာ ဖခင်နဲ့ သမီးပါ ၂၇ ရက်နေ့က ပျောက်ဆုံးနေကြောင်းနဲ့ တွေ့ရှိပါက ဆက်သွယ်ပေးဖို့လည်း မိသားစု၀င်တွေက ကြေညာထားပါတယ်။
ဖခင်ဖြစ်သူဟာ ဦးစိုးမင်းသိန်းဖြစ်ပြီး သမီးမဖြူစင်သွယ် ဖြစ်ပါတယ်။ သမီး မဖြူစင်သွယ် မျက်လုံးကင်ဆာရောဂါနဲ့ ခွဲစိတ်ရန်အလိုမှာ ဖခင်ဖြစ်သူမှာ သမီးဖြစ်သူနဲ့
အတူ (၂၇.၁.၂၀၁၉) မနက်ပိုင်းက နေအိမ်ကထွက်ခွာသွားပြီး စစ်ကိုင်းတံတားဟောင်းပေါ်က ခုန်ချသေကြောင်း ကြံသွားတယ်လို့လည်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
တကယ်လို့ ရုပ်အလောင်းဖြစ်စေ၊ လူကိုယ်တိုင်တွေ့ရှိသည်ဖြစ်စေ ဆက်သွယ်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ် အခုချိန်ထိ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေမှု
တွေ လုပ်ဆောင်နေတယ်လို့ မိသားစု၀င်တဦးက ပြောပါတယ် အခုချိန်ထိ မတွေ့သေးဘူးရှင့်။ ၂၇ ရက်နေ့ မနက်ခင်းကတည်းက ပျောက်နေတာလေ။ အခုလည်း ရှာဖွေနေတုန်းပဲ။ ”
ဒီသားအဖ နှစ်ဦးကို ရှာဖွေမှုတွေ လုပ်ဆောင်နေတဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့. စစ်ကိုင်း SERT အဖွဲ့မှ ကိုစိုးမိုးက “ဟုတ်ကဲ့၊ ကျေနာ်တို့ ဒီနေ့ လှေ ၂ စီးနဲ့
လူ ၁၁ ယောက်ပေါ့ ၊ နောက်မှန်ဘီလူးနဲ့ ရေပြင်မှာ၊ ရေငုပ်တာတော့ မဟုတ်တော့ဘူးခင်ဗျာ။ လှေနဲ့ပဲ ဧရာ၀တီမြစ် စစ်ကိုင်းကြောင်းကို စုန်ဆန်ရှာနေပါတယ်။ အခုချိန်ထိတော့ မတွေ့သေးပါဘူးဗျာ။
အဆိုပါသားအဖနှစ်ဦးဟာ မန္တလေးမြို့ ကန်ပတ်လမ်း ဝါဆိုကျောင်းတိုက်အနီးမှာ နေထိုင်တာဖြစ်ပါတယ် ဒီပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး မန္တလေး အရမပူရ ရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှု ဖွင့်ထားပါတယ်။
DVB
စစ်ကိုင်းတံတား (အင်းဝ) ပေါ်မှခုန်ချတဲ့ သားအဖနှစ်ဦးကို ရှာဖွေဆဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 29, 2019
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 29, 2019
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment