Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 29, 2019

မေ့ကျန်ခဲ့သည့် ငွေကျပ် သိန်း (၂၇၀ ) အား ရိုးသားစွာ ပြန်ပေးအပ်ခဲ့သည့် ဈေးသယ်တစ်ဦး



28- 1--2019 ညနေ..၄.နာရီခွဲခန့် မင်းဘူးမြို့ နဂါးပွက်တောင် (နွယ်)( ငြိမ်း)စားသောက်ဆိုင်တွင် ထမင်းစား နားရင်း ကျောပိုးအိတ်တစ်လုံး မေ့ကျန်ခဲ့ပါတယ်။

ဓါတ်ပုံပါသူ..ဒေါ်ဌေး.မှ မေ့ကျန် ကျောပိုးအိတ်အားဖွင့်ကြည့်ရာ
သိန်းနှစ်ရာ့ခုနှစ်ဆယ်ကျပ်...(27000000) သိန်းနှင့်.. အခြားအရေးကြီးစာရွက်စာတမ်းတွေ့ရှိခဲ့သဖြင့်
ကျောပိုးအိတ်အတွင်းမှ တွေ့ရှိတဲ့ဖုန်းနံပါတ်ဖြင့်ဆက်သွယ်အကြောင်းကြားပြီး
မေ့ကျန်ခဲ့သူ ရဲမူးကြီး ဦးဇော်မျိုးဝင်းမိသားစုအားနဂါးဗွက်တောင်သာယာလှပရေး ဥက္ကဌ ဦးအောင်ဝင်းရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးအေးလွင် နှင့်အသိသက်သေများရှေ့မှောက်တွင် (နွယ်) စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ဌေး မှ ပြန်လည်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
တကယ်လေးစားစရာပါ။
Aung Myo Naing
Photo - ကိုအောင်ဝင်း





No comments:

Post a Comment