Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, January 2, 2019

၂၀၁၉ ႏွစ္စမွာပဲ ၇ေလာင္းၿပိဳင္လူသတ္မွဳႀကီး ျဖစ္ပြား


2019 နွစ္စ (၇)ေလာင္းျပိဳင္ လူသတ္မွုျဖစ္ပြား ။ 1.January 2019 ထိုင္းနိုင္ငံ ခ်ြန္ဖုန္းခရိုင္အတြင္း ၂၀၁၉ နွစ္သစ္ၾကိဳေနၾကတဲ့ မိသားစု၀င္ေတြ အားလံုးကို ၉မမ ေသနတ္နဲ ့ တစ္ဦးခ်င္းကို ေသြးေအးေအးနဲ႔ ပစ္ခတ္ျပီး ေသနတ္သမားဟာ ကိုယ္တိုင္လည္း သတ္ေသသြားခဲ့ေၾကာင္း သိရပါတယ္။

ျဖစ္ပြားခဲ့တဲ့ အလွျပင္ဆိုင္က ပိုင္ရွင္ ၇၁ နွစ္နစ္အရြယ္အဖြားအို(ေသဆံုး)နဲ ့အတူ မိသားစု၀င္(၇)ဦး၀ိုင္းဖြဲ ့ျပီး စားေသာက္ေနတဲ့ခ်ိန္မွာ လူသတ္တရားခံ (ေသဆံုး) သားသမက္ျဖစ္တဲ့ စုန္ခ်ိဳင္း ၄၁ နွစ္ဟာ အရက္မူး ေရာက္လာျပီး တအိမ္လံုးမွာရွိတဲ့ မိသားစု၀င္ (၇)ဦးကို ပစ္သတ္ခဲ့တာပါ။
၀မ္းဗိုက္ကိုအပစ္ခံရတဲ့အမ်ိဳးသားတဦး(မယားညီအကို) သာ ေသဆံုးဟန္ေဆာင္ေနခဲ့လို ့အသက္ေဘးက လြတ္ေျမာက္သြားခဲ့ပါတယ္။
ေသဆံုးသူေတြမွာ အသက္ ၉ႏွစ္နဲ ့ ၆ နွစ္အရြယ္ ခေလးငယ္ေတြပါပါ၀င္ခဲ့ပါတယ္။တရားခံဟာ မူးယစ္ေဆးမွုနဲ ့ ေထာင္ကထြက္လာတာမၾကာေသးေၾကာင္း မိသားစုအေရး မေၾကနပ္ခ်က္ေတြ ေၾကာင့္ ခုလိုတမိသားစုလံုးကို လာေရာက္ ပစ္သတ္ခဲ့ျပီး ကိုယ္တိုင္လည္း သတ္ေသသြားခဲ့ပါတယ္။
Realnews



#Unicode Version#

2019 နှစ်စ (၇)လောင်းပြိုင် လူသတ်မှုဖြစ်ပွား ။ 1.January 2019 ထိုင်းနိုင်ငံ ချွန်ဖုန်းခရိုင်အတွင်း ၂၀၁၉ နှစ်သစ်ကြိုနေကြတဲ့ မိသားစုဝင်တွေ အားလုံးကို ၉မမ သေနတ်နဲ့ တစ်ဦးချင်းကို သွေးအေးအေးနဲ့ ပစ်ခတ်ပြီး သေနတ်သမားဟာ ကိုယ်တိုင်လည်း သတ်သေသွားခဲ့ကြောင်း သိရပါတယ်။

ဖြစ်ပွားခဲ့တဲ့ အလှပြင်ဆိုင်က ပိုင်ရှင် ၇၁ နှစ်နစ်အရွယ်အဖွားအို(သေဆုံး)နဲ့အတူ မိသားစုဝင်(၇)ဦးဝိုင်းဖွဲ့ပြီး စားသောက်နေတဲ့ချိန်မှာ လူသတ်တရားခံ (သေဆုံး) သားသမက်ဖြစ်တဲ့ စုန်ချိုင်း ၄၁ နှစ်ဟာ အရက်မူး ရောက်လာပြီး တအိမ်လုံးမှာရှိတဲ့ မိသားစုဝင် (၇)ဦးကို ပစ်သတ်ခဲ့တာပါ။

ဝမ်းဗိုက်ကိုအပစ်ခံရတဲ့အမျိုးသားတဦး(မယားညီအကို) သာ သေဆုံးဟန်ဆောင်နေခဲ့လို့အသက်ဘေးက လွတ်မြောက်သွားခဲ့ပါတယ်။

သေဆုံးသူတွေမှာ အသက် ၉နှစ်နဲ့ ၆ နှစ်အရွယ် ခလေးငယ်တွေပါပါဝင်ခဲ့ပါတယ်။တရားခံဟာ မူးယစ်ဆေးမှုနဲ့ ထောင်ကထွက်လာတာမကြာသေးကြောင်း မိသားစုအရေး မကြေနပ်ချက်တွေ ကြောင့် ခုလိုတမိသားစုလုံးကို လာရောက် ပစ်သတ်ခဲ့ပြီး ကိုယ်တိုင်လည်း သတ်သေသွားခဲ့ပါတယ်။

No comments:

Post a Comment