Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, January 15, 2019

ညအိပ္ယာမဝင္ခင္ ေသာက္ေပးၿပီး ဝမ္းဗိုက္အဆီေတြကို ဖယ္ရွားမယ္


က်န္တဲ့ေနရာမ၀ေပမဲ့ ဗိုက္မွာအဆီေတြစုေနတာ တကယ္ကို မအီမသာျဖစ္စရာပါ။ ေနရလည္းခက္လွပါတယ္။ ၀မ္းဗိုက္အဆီေတြကို ဖယ္ရွားဖို႔ တကယ္ကိုခက္ပါတယ္။ အဲဒီအတြက္ ကိုယ္လက္ေလ့က်င့္ခန္းေတြသာမက သဘာ၀ အဆီေတြကို ဖယ္ရွားေပးမယ့္ ေဖ်ာ္ရည္ကိုလည္း အိမ္မွာလုပ္ၿပီး ေသာက္သံုးေပးႏိုင္ပါတယ္။

၀မ္းဗိုက္အဆီပိုေတြကိုဖယ္ရွားႏိုင္ဖုိ႔အတြက္ ျပဳလုပ္ႏိုင္တဲ့ သဘာ၀အဆီက်ေဖ်ာ္ရည္ကို ညအိပ္ယာမ၀င္ခင္ ၁နာရီအလိုမွာ ေသာက္ေပးရမွာပါ။ ေဖ်ာ္ရည္လုပ္ဖို႔အတြက္ လိုအပ္တဲ့ ပစၥည္းေတြကေတာ့

သံပုယုိသီး ၁ လံုး (အရည္ညွစ္ပါ)
ဂ်င္းမႈန္႔ လက္ဖက္ရည္ဇြန္း ၁ ဇြန္း
ရွလကာရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
သစ္ၾကမ္းပိုးေခါက္မႈန္႔ အနည္းငယ္
ေရ လီတာ၀က္
နံနံပင္အနည္းငယ္

ျပဳလုပ္နည္း
ခြက္တစ္လံုးထဲမွာ ေရကိုဆူေအာင္သည္ၿပီး ပါ၀င္ပစၥည္းေတြအားလံုးကိုေရာလိုက္ပါ။ ၿပီးရင္ အပူခ်ိန္ေလွ်ာ့္ၿပီး ခဏေလာက္သည္ထားေပးပါ။ အဲဒီေနာက္ မီးဖိုေပၚကခ်ၿပီး ေသခ်ာေမႊေပးပါ။ ခြက္တစ္လံုးထဲေလာင္းထည့္ၿပီး ညအိပ္ယာမ၀င္ခင္ တစ္နာရီအလိုမွာေသာက္ေပးရမွာပါ။ ဇီ၀ျဖစ္စဥ္ကိုျမင့္တင္ေပးႏိုင္သလို အဆီလည္းက်ေစမွာပါ။
 MyStyle
....................
#Unicode Version#
ကျန်တဲ့နေရာမဝပေမဲ့ ဗိုက်မှာအဆီတွေစုနေတာ တကယ်ကို မအီမသာဖြစ်စရာပါ။ နေရလည်းခက်လှပါတယ်။ ဝမ်းဗိုက်အဆီတွေကို ဖယ်ရှားဖို့ တကယ်ကိုခက်ပါတယ်။ အဲဒီအတွက် ကိုယ်လက်လေ့ကျင့်ခန်းတွေသာမက သဘာ၀ အဆီတွေကို ဖယ်ရှားပေးမယ့် ဖျော်ရည်ကိုလည်း အိမ်မှာလုပ်ပြီး သောက်သုံးပေးနိုင်ပါတယ်။

ဝမ်းဗိုက်အဆီပိုတွေကိုဖယ်ရှားနိုင်ဖို့အတွက် ပြုလုပ်နိုင်တဲ့ သဘာဝအဆီကျဖျော်ရည်ကို ညအိပ်ယာမဝင်ခင် ၁နာရီအလိုမှာ သောက်ပေးရမှာပါ။ ဖျော်ရည်လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

သံပုယိုသီး ၁ လုံး (အရည်ညှစ်ပါ)

ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရှလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

သစ်ကြမ်းပိုးခေါက်မှုန့် အနည်းငယ်

ရေ လီတာဝက်

နံနံပင်အနည်းငယ်

ပြုလုပ်နည်း

ခွက်တစ်လုံးထဲမှာ ရေကိုဆူအောင်သည်ပြီး ပါဝင်ပစ္စည်းတွေအားလုံးကိုရောလိုက်ပါ။ ပြီးရင် အပူချိန်လျှော့်ပြီး ခဏလောက်သည်ထားပေးပါ။ အဲဒီနောက် မီးဖိုပေါ်ကချပြီး သေချာမွှေပေးပါ။ ခွက်တစ်လုံးထဲလောင်းထည့်ပြီး ညအိပ်ယာမဝင်ခင် တစ်နာရီအလိုမှာသောက်ပေးရမှာပါ။ ဇီဝဖြစ်စဉ်ကိုမြင့်တင်ပေးနိုင်သလို အဆီလည်းကျစေမှာပါ။
MyStyle

No comments:

Post a Comment