Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, January 25, 2019

လူမ်ိဳးတံုးသတ္​ျဖတ္​မႈအတြက္​ ျမန္​မာတပ္​ခ်ဳပ္​ကို စြဲခ်က္​တင္​သင္႔တယ္​​လို႔ ယန္​ဟီလီ​ေျပာ


ျမန္​မာတပ္​ခ်ဳပ္​ဟာ ဘဂၤါလီ(မူရင္​းတြင္​႐ိုဟင္​ဂ်ာဟု​ေဖာ္​ျပထား)​ေတြကိုလူမ်ိဳးတံုးသတ္​ျဖတ္​မႈအတြက္​ စြဲခ်က္​တင္​သင္​့တယ္​လို႔ ကုလသမဂၢရဲ႕ျမန္​မာႏိုင္​ငံလူ႔အခြင္​့အ​ေရးဆိုင္​ရာအထူးအစီရင္​ခံစာတင္​သြင္​းသူ ဟန္​ဟီလီက​ေျပာပါတယ္​။

ဒီ​ေန႔ည​ေနပိုင္​း ဘဂၤလား​ေဒ့႐ွ္​ႏိုင္​ငံၿမိဳ႕​ေတာ္​ဒါကာမွာျပဳလုပ္​တဲ့ သူ႔ရဲ႕အခုလအတြင္​း ထိုင္​းနဲ႔ဘဂၤလား​ေဒ့႐ွ္​ႏွစ္​ႏိုင္​ငံခရီးစဥ္ဆိုင္​ရာသတင္​းစာ႐ွင္​းလင္​းပြဲမွာ​ေျပာတာပါ။ျမန္​မာႏိုင္​ငံက​ေနထြက္​​ေျပးသြားသူ​ေတြျပန္​မလာခင္​ ျပစ္​မႈ​ေတြအတြက္​တာဝန္​႐ွိသူ​ေတြကို ထိန္​းသိမ္​းထားဖို႔လိုတယ္​လို႔လည္​း ဟန္​ဟီလီကျဖည့္စြက္​ပါတယ္​။

သူ႔ရဲ႕ခရီးစဥ္​အတြင္​း ထိုင္​းနဲ႔ဘဂၤလား​ေဒ့႐ွ္​ႏိုင္​ငံတို႔က (၂၀၁၇)ခုႏွစ္​၊ ျမန္​မာစစ္​တပ္​ရဲ႕ၿဖိဳခြင္​းမႈ​ေၾကာင္​့ထြက္​​ေျပးခဲ့တဲ့ ဘဂၤါလီ(မူရင္​းတြင္​႐ိုဟင္​ဂ်ာဟု​ေဖာ္​ျပထား)​ေတြနဲ႔ အာဏာပိုင္​​ေတြကို ​ေတြ႕ဆံုခဲ့တာပါ။

ျမန္​မာႏိုင္​ငံရဲ႕တပ္​မ​ေတာ္​ကာကြယ္​​ေရးဦးစီးခ်ဳပ္​​ဗိုလ္​ခ်ဳပ္​မွဴးႀကီးကိုရည္​ၫႊန္​းၿပီး “မင္​း​ေအာင္​လိႈင္​နဲ႔တျခားသူ​ေတြဟာ ရခိုင္​ျပည္​နယ္​က လူမ်ိဳးတံုးသတ္​ျဖတ္​မႈ​ေတြ၊ ျမန္မာနိုင္ငံရဲ႔​​လူသားမ်ိဳးႏြယ္​ကိုဆန္​႔က်င္​တဲ႔ရာဇဝတ္​မႈ​ေတြနဲ႔ စစ္​ရာဇဝတ္​မႈ​ေတြအတြက္​ တာဝန္​ခံခိုင္​းသင္​့တယ္​”လို႔ ျမန္​မာႏိုင္​ငံကိုျပည္​ဝင္​ခြင္​့ပိတ္​ခံထားရတဲ့ယန္​ဟီလီက​ေျပာပါတယ္​။

ျမန္​မာတပ္​ခ်ဳပ္​ကို လူမ်ိဳးတံုးသတ္​ျဖတ္​မႈနဲ႔စြဲခ်က္​တင္သင္​့တယ္​လို႔​ ယန္​ဟီလီက ပထမဆံုးအ​ေနနဲ႔​ေျပာခဲ့တာပါ။ၿပီးခဲ့တဲ့(၂၀၁၈)ခုႏွစ္​က ကုလသမဂၢအခ်က္​အလက္​႐ွာ​ေဖြ​ေရးမစ္​႐ွင္​ရဲ႕အစီရင္​ခံစာမွာ လူသတ္​မႈနဲ႔အဓမၼမႈ​ေတြအမ်ားႀကီးပါ​ေနတယ္​လို႔ ဒုကၡသည္​​ေတြ​ေျပာ​ေနတဲ့စစ္​ဆင္​​ေရး​ေတြဟာ လူမ်ိဳးတံုးသတ္​ျဖတ္​ဖို႔ရည္​ရြယ္​ခ်က္​​ေတြပူး​ေပါင္​းပါဝင္​​ေနၿပီး တပ္​ခ်ဳပ္​နဲ႔တျခား​ဗိုလ္​ခ်ဳပ္​ႀကီး(၅)ဦးကို ႏိုင္​ငံတကာဥပ​ေဒအရ အဆိုးရြားဆံုးရာဇဝတ္​မႈ​ေတြက်ဴးလြန္​ခဲ့တယ္​ဆိုၿပီး စြဲခ်က္​တင္​ဖို႔ပါဝင္​ပါတယ္​။

(၂၀၁၇)ျသဂုတ္​လကတည္​းက ဘဂၤါလီ(မူရင္​းတြင္​႐ိုဟင္​ဂ်ာဟု​ေဖာ္​ျပထား)(၇၃၀၀၀၀)​ေလာက္​ ဘဂၤလား​ေဒ့႐ွ္​ဘက္​ကိုထြက္​​ေျပးခဲ့ၿပီး အခု​ေတာ့ လူ​ေတြၾကပ္​ညပ္​​ေနတဲ့ဒုကၡသည္​စခန္​း​ေတြမွာ ​ေနထိုင္​​ေနပါတယ္​။

“​ေနရပ္​ျပန္​တာ​ေတြျဖစ္​ဖို႔ ျပစ္​မႈ​ေတြအတြက္​တာဝန္​႐ွိသူ​ေတြကို ထိန္​းသိမ္​းထားရမွာပါ။ ဘာ​ေျကာင့္လဲဆို​ေတာ့ ​တာဝန္​ခံမႈမ႐ွိဘဲ ​ဒုကၡသည္​​ေတြကိုျပန္​ပို႔တာက ​ပိုဆိုးသြား​ေစမွာ(ဒါမွမဟုတ္​) ျမန္​မာႏိုင္​ငံက​ေၾကာက္​စရာ​ေကာင္​းတဲ့အ​ေျခအ​ေန​ေတြကို ၾကာ႐ွည္​သြား​ေစမ​ွာပါ။ အဲဒီ​ေနာက္​မွာ နွင္ထုတ္တဲ့​​သံသရာတစ္​​ေက်ာ့ျပန္​လည္​တာကို ကြၽန္​မတို႔​ေတြ႔ရမွာပါ”ဆိုၿပီး ထိုင္​းႏိုင္​ငံမွာ ဇန္​နဝါရီ(၁၈)ရက္​က ႐ိုက္​တာသတင္​း​ေအဂ်င္​စီနဲ႔သီးသန္​႔​ေတြ႔ဆံုမႈမွာ ယန္​ဟီလီက​​ေျပာပါတယ္​။

ယန္​ဟီလီရဲ႕​ေျပာစကား​ေတြအတြက္​ ျမန္​မာအစိုးရနဲ႔စစ္​တပ္​တို႔ရဲ႕​ေျပာခြင္​့႐ွိသူ​ေတြကို ဆက္​သြယ္​မရခဲ့ပါဘူး။တပ္​ဖြဲ႔​ေတြကို ဒုကၡသည္​​ေတြကစြပ္​စြဲ​ေနတာ​ေတြအတြက္​ ျမန္​မာႏိုင္​ငံက အ​ေစာပိုင္​းမွာ ျငင္​းဆိုထားၿပီး တပ္​ဖြဲ႔​ေတြဟာ တရားဝင္​အၾကမ္​းဖက္​ႏွိမ္​ႏွင္​း​ေရးစစ္​ဆင္​​ေရးလုပ္​ခဲ့တာလို႔ ​ေျပာထားပါတယ္​။Source-Reuters ။ ဥကၠာ ။ TheFifthWaveNews

Unicode

မြန်​မာတပ်​ချုပ်​ဟာ ဘင်္ဂါလီ(မူရင်​းတွင်​ရိုဟင်​ဂျာဟု​ဖော်​ပြထား)​တွေကိုလူမျိုးတုံးသတ်​ဖြတ်​မှုအတွက်​ စွဲချက်​တင်​သင်​့တယ်​လို့ ကုလသမဂ္ဂရဲ့မြန်​မာနိုင်​ငံလူ့အခွင်​့အ​ရေးဆိုင်​ရာအထူးအစီရင်​ခံစာတင်​သွင်​းသူ ဟန်​ဟီလီက​ပြောပါတယ်​။

ဒီ​နေ့ည​နေပိုင်​း ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံမြို့​တော်​ဒါကာမှာပြုလုပ်​တဲ့ သူ့ရဲ့အခုလအတွင်​း ထိုင်​းနဲ့ဘင်္ဂလား​ဒေ့ရှ်​နှစ်​နိုင်​ငံခရီးစဉ်ဆိုင်​ရာသတင်​းစာရှင်​းလင်​းပွဲမှာ​ပြောတာပါ။မြန်​မာနိုင်​ငံက​နေထွက်​​ပြေးသွားသူ​တွေပြန်​မလာခင်​ ပြစ်​မှု​တွေအတွက်​တာဝန်​ရှိသူ​တွေကို ထိန်​းသိမ်​းထားဖို့လိုတယ်​လို့လည်​း ဟန်​ဟီလီကဖြည့်စွက်​ပါတယ်​။

သူ့ရဲ့ခရီးစဉ်​အတွင်​း ထိုင်​းနဲ့ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံတို့က (၂၀၁၇)ခုနှစ်​၊ မြန်​မာစစ်​တပ်​ရဲ့ဖြိုခွင်​းမှု​ကြောင်​့ထွက်​​ပြေးခဲ့တဲ့ ဘင်္ဂါလီ(မူရင်​းတွင်​ရိုဟင်​ဂျာဟု​ဖော်​ပြထား)​တွေနဲ့ အာဏာပိုင်​​တွေကို ​တွေ့ဆုံခဲ့တာပါ။

မြန်​မာနိုင်​ငံရဲ့တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​​ဗိုလ်​ချုပ်​မှူးကြီးကိုရည်​ညွှန်​းပြီး “မင်​း​အောင်​လှိုင်​နဲ့တခြားသူ​တွေဟာ ရခိုင်​ပြည်​နယ်​က လူမျိုးတုံးသတ်​ဖြတ်​မှု​တွေ၊ မြန်မာနိုင်ငံရဲ့​​လူသားမျိုးနွယ်​ကိုဆန်​့ကျင်​တဲ့ရာဇဝတ်​မှု​တွေနဲ့ စစ်​ရာဇဝတ်​မှု​တွေအတွက်​ တာဝန်​ခံခိုင်​းသင်​့တယ်​”လို့ မြန်​မာနိုင်​ငံကိုပြည်​ဝင်​ခွင်​့ပိတ်​ခံထားရတဲ့ယန်​ဟီလီက​ပြောပါတယ်​။

မြန်​မာတပ်​ချုပ်​ကို လူမျိုးတုံးသတ်​ဖြတ်​မှုနဲ့စွဲချက်​တင်သင်​့တယ်​လို့​ ယန်​ဟီလီက ပထမဆုံးအ​နေနဲ့​ပြောခဲ့တာပါ။ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်​က ကုလသမဂ္ဂအချက်​အလက်​ရှာ​ဖွေ​ရေးမစ်​ရှင်​ရဲ့အစီရင်​ခံစာမှာ လူသတ်​မှုနဲ့အဓမ္မမှု​တွေအများကြီးပါ​နေတယ်​လို့ ဒုက္ခသည်​​တွေ​ပြော​နေတဲ့စစ်​ဆင်​​ရေး​တွေဟာ လူမျိုးတုံးသတ်​ဖြတ်​ဖို့ရည်​ရွယ်​ချက်​​တွေပူး​ပေါင်​းပါဝင်​​နေပြီး တပ်​ချုပ်​နဲ့တခြား​ဗိုလ်​ချုပ်​ကြီး(၅)ဦးကို နိုင်​ငံတကာဥပ​ဒေအရ အဆိုးရွားဆုံးရာဇဝတ်​မှု​တွေကျူးလွန်​ခဲ့တယ်​ဆိုပြီး စွဲချက်​တင်​ဖို့ပါဝင်​ပါတယ်​။

(၂၀၁၇)သြဂုတ်​လကတည်​းက ဘင်္ဂါလီ(မူရင်​းတွင်​ရိုဟင်​ဂျာဟု​ဖော်​ပြထား)(၇၃၀ဝ၀ဝ)​လောက်​ ဘင်္ဂလား​ဒေ့ရှ်​ဘက်​ကိုထွက်​​ပြေးခဲ့ပြီး အခု​တော့ လူ​တွေကြပ်​ညပ်​​နေတဲ့ဒုက္ခသည်​စခန်​း​တွေမှာ ​နေထိုင်​​နေပါတယ်​။

“​နေရပ်​ပြန်​တာ​တွေဖြစ်​ဖို့ ပြစ်​မှု​တွေအတွက်​တာဝန်​ရှိသူ​တွေကို ထိန်​းသိမ်​းထားရမှာပါ။ ဘာ​ကြောင့်လဲဆို​တော့ ​တာဝန်​ခံမှုမရှိဘဲ ​ဒုက္ခသည်​​တွေကိုပြန်​ပို့တာက ​ပိုဆိုးသွား​စေမှာ(ဒါမှမဟုတ်​) မြန်​မာနိုင်​ငံက​ကြောက်​စရာ​ကောင်​းတဲ့အ​ခြေအ​နေ​တွေကို ကြာရှည်​သွား​စေမ​ှာပါ။ အဲဒီ​နောက်​မှာ နှင်ထုတ်တဲ့​​သံသရာတစ်​​ကျော့ပြန်​လည်​တာကို ကျွန်​မတို့​တွေ့ရမှာပါ”ဆိုပြီး ထိုင်​းနိုင်​ငံမှာ ဇန်​နဝါရီ(၁၈)ရက်​က ရိုက်​တာသတင်​း​အေဂျင်​စီနဲ့သီးသန်​့​တွေ့ဆုံမှုမှာ ယန်​ဟီလီက​​ပြောပါတယ်​။

ယန်​ဟီလီရဲ့​ပြောစကား​တွေအတွက်​ မြန်​မာအစိုးရနဲ့စစ်​တပ်​တို့ရဲ့​ပြောခွင်​့ရှိသူ​တွေကို ဆက်​သွယ်​မရခဲ့ပါဘူး။တပ်​ဖွဲ့​တွေကို ဒုက္ခသည်​​တွေကစွပ်​စွဲ​နေတာ​တွေအတွက်​ မြန်​မာနိုင်​ငံက အ​စောပိုင်​းမှာ ငြင်​းဆိုထားပြီး တပ်​ဖွဲ့​တွေဟာ တရားဝင်​အကြမ်​းဖက်​နှိမ်​နှင်​း​ရေးစစ်​ဆင်​​ရေးလုပ်​ခဲ့တာလို့ ​ပြောထားပါတယ်​။Source-Reuters ။ ဥက္ကာ ။ TheFifthWaveNews

No comments:

Post a Comment