Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 12, 2019

မႏၲေလးတြင္ မိန္းကေလးတစ္ဦးကို တရုတ္ဇနီးယားအျဖစ္တစ္ႏွစ္ေပါင္းသင္းလွ်င္ သိန္း(၅၀)ရမည္ ေျပာဆိုစည္းရံုး၍ ေရာင္းစားရန္ျပဳလုပ္သူမ်ားကို ဖမ္းဆီး


မႏၲလး ျပည္ႀကီးတံခြန္ၿမိဳ ႔နယ္တြင္ ၂၅ႏွစ္အရြယ္ မိန္းကေလးတစ္ဦးကို တ႐ုတ္ဇနီးမယားအျဖစ္ တစ္ႏွစ္ေပါင္းသင္းလ်ွင္ ေငြသိန္း၅၀ရမည္ဟု ေျပာဆိုစည္း႐ုံးၿပီး ေရာင္းစားရန္ ျပဳလုပ္ၾကသူမ်ားကို ဖမ္းဆီးအေရးယူထားသည္ဟု နယ္ေျမရဲစခန္းမွ သိရသည္။

မ×××× အသက္(၂၅)ႏွစ္သည္ facebook မွ ခင္မင္ရင္းႏွီးသူ စည္သူ ဆိုသူက တ႐ုတ္ဇနီးမယားအျဖစ္တစ္ႏွစ္ေပါင္းသင္းလ်ွင္ေငြသိန္း(၅၀)ရ႐ွိမည္ဟု ေျပာဆိုစည္း႐ုံးၿပီး တ႐ုတ္သို႔သြားေရာက္ရန္ ဇန္နဝါရီ(၉)ရက္ နံနက္(၈)နာရီအခ်ိန္က ျမဝတီမင္းႀကီးႏွင့္ သာယာဝတီမင္းႀကီးလမ္းၾကား၊ ၆၄လမ္းေနအိမ္သို႔ စည္သူ၊ ႏိုင္ႏိုင္ဦး၊ဇင္ေမာင္ေမာင္၊ ဇာနည္ေမာင္ေမာင္တို႔ ေလးဦးက ႀကိဳ တင္ေငြ(၃)သိန္းေပးခဲ့ေၾကာင္း၊ ဇန္နဝါရီ(၁၀)ရက္မနက္(၆)နာရီခြဲအခ်ိန္တြင္ မ×××× ကို မူဆယ္ ပို႔ေဆာင္ရန္ ဇင္ေမာင္ေမာင္ က တာဝန္ယူၿပီးပို႕ခ အျဖစ္ ေငြ(၁၀)သိန္းရယူမည္ျဖစ္ေၾကာင္း၊ မူဆယ္ေရာက္သည့္အခါ ႏိုင္ႏိုင္ဦး က တ႐ုတ္ျပည္သို႔ ျမန္မာေငြသိန္း(၅၀)ျဖင့္ ေရာင္းစားရန္စီစဥ္ေနစဥ္ တည္းခိုေနသည့္ဟိုတယ္မွ ထြက္ေျပးလာၿပီး သူယ္ခ်င္းျဖစ္သူမွတစ္ဆင့္ တိုင္းမႈခင္းအ
ကူဌာနသို႔ ေရာက္လာသျဖင့္ လူကုန္ကူးခံရသည္ဟုမသကၤာေသာေၾကာင့္ လူကုန္တားရဲတပ္ဖြဲ႕ အမွတ္(၁၁)တပ္ဖြဲ႕စုမွ ရဲအုပ္သိန္းေဇာ္ က စစ္ေဆးရာ တ႐ုတ္ျပည္သို႔ေရာင္းစားရန္ ျပဳလုပ္ျခင္းေပၚေပါက္သျဖင့္ လူကုန္တားရဲတပ္ဖြဲ႕မွ ရဲအုပ္သိန္းေဇာ္ က တရားလိုလုပ္ၿပီး တိုင္းတန္းခဲ့ျခင္း ျဖစ္ေၾကာင္း နယ္ေျမရဲစခန္းမွ သိရသည္။

ထိုသုိ႔ လူကုန္တားရဲတပ္ဖြဲ႕မွ တိုင္တန္းခဲ့မႈေၾကာင့္ ဇင္ေမာင္ေမာင္(၁၉)ႏွစ္၊ ဘုမၼဇင္းေက်းရြာ၊ ကနီၿမိဳ ႔နယ္ ေနထိုင္သူ ႏွင့္ ဇာနည္မင္းမင္း(၄၀)ႏွစ္၊ မဟာၿမိဳ င္(၂)ရပ္ကြက္ ေနထိုင္သူတို႕ ႏွစ္ဦးကို ျပည္ႀကီးတံခြန္ၿမိဳ ႔မရဲစခန္းမွ (ပ)၂၅/၂၀၁၉၊လူကုန္တား ပုဒ္မ-၂၄/၃၂ျဖင့္အမႈဖြင့္ အေရးယူထားၿပီး ႏိုင္ႏိုင္ဦးႏွင့္စည္သူ တို႕ ႏွစ္ဦးကိုလည္း ဖမ္းဆီးရမိေရးေဆာင္ ရြက္ေနၾကသည္။

By – မင္းသန္႔
MUNA

(Unicode)

ဇန်နဝါရီ ၁၁

မန္တလး ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၅နှစ်အရွယ် မိန်းကလေးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် တစ်နှစ်ပေါင်းသင်းလျှင် ငွေသိန်း၅၀ရမည်ဟု ပြောဆိုစည်းရုံးပြီး ရောင်းစားရန် ပြုလုပ်ကြသူများကို ဖမ်းဆီးအရေးယူထားသည်ဟု နယ်မြေရဲစခန်းမှ သိရသည်။

မ×××× အသက်(၂၅)နှစ်သည် facebook မှ ခင်မင်ရင်းနှီးသူ စည်သူ ဆိုသူက တရုတ်ဇနီးမယားအဖြစ်တစ်နှစ်ပေါင်းသင်းလျှင်ငွေသိန်း(၅၀)ရရှိမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်သို့သွားရောက်ရန် ဇန်နဝါရီ(၉)ရက် နံနက်(၈)နာရီအချိန်က မြဝတီမင်းကြီးနှင့် သာယာဝတီမင်းကြီးလမ်းကြား၊ ၆၄လမ်းနေအိမ်သို့ စည်သူ၊ နိုင်နိုင်ဦး၊ဇင်မောင်မောင်၊ ဇာနည်မောင်မောင်တို့ လေးဦးက ကြို တင်ငွေ(၃)သိန်းပေးခဲ့ကြောင်း၊ ဇန်နဝါရီ(၁၀)ရက်မနက်(၆)နာရီခွဲအချိန်တွင် မ×××× ကို မူဆယ် ပို့ဆောင်ရန် ဇင်မောင်မောင် က တာဝန်ယူပြီးပို့ခ အဖြစ် ငွေ(၁၀)သိန်းရယူမည်ဖြစ်ကြောင်း၊ မူဆယ်ရောက်သည့်အခါ နိုင်နိုင်ဦး က တရုတ်ပြည်သို့ မြန်မာငွေသိန်း(၅၀)ဖြင့် ရောင်းစားရန်စီစဉ်နေစဉ် တည်းခိုနေသည့်ဟိုတယ်မှ ထွက်ပြေးလာပြီး သူယ်ချင်းဖြစ်သူမှတစ်ဆင့် တိုင်းမှုခင်းအ
ကူဌာနသို့ ရောက်လာသဖြင့် လူကုန်ကူးခံရသည်ဟုမသင်္ကာသောကြောင့် လူကုန်တားရဲတပ်ဖွဲ့ အမှတ်(၁၁)တပ်ဖွဲ့စုမှ ရဲအုပ်သိန်းဇော် က စစ်ဆေးရာ တရုတ်ပြည်သို့ရောင်းစားရန် ပြုလုပ်ခြင်းပေါ်ပေါက်သဖြင့် လူကုန်တားရဲတပ်ဖွဲ့မှ ရဲအုပ်သိန်းဇော် က တရားလိုလုပ်ပြီး တိုင်းတန်းခဲ့ခြင်း ဖြစ်ကြောင်း နယ်မြေရဲစခန်းမှ သိရသည်။

ထိုသို့ လူကုန်တားရဲတပ်ဖွဲ့မှ တိုင်တန်းခဲ့မှုကြောင့် ဇင်မောင်မောင်(၁၉)နှစ်၊ ဘုမ္မဇင်းကျေးရွာ၊ ကနီမြို့နယ် နေထိုင်သူ နှင့် ဇာနည်မင်းမင်း(၄၀)နှစ်၊ မဟာမြို င်(၂)ရပ်ကွက် နေထိုင်သူတို့ နှစ်ဦးကို ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ (ပ)၂၅/၂၀၁၉၊လူကုန်တား ပုဒ်မ-၂၄/၃၂ဖြင့်အမှုဖွင့် အရေးယူထားပြီး နိုင်နိုင်ဦးနှင့်စည်သူ တို့ နှစ်ဦးကိုလည်း ဖမ်းဆီးရမိရေးဆောင် ရွက်နေကြသည်။

By – မင်းသန့်
MUNA

No comments:

Post a Comment