Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, January 12, 2019

ၿမိ႕ေတာ္ခန္းမၾကီးကိုတည္ေဆာက္ခဲ့သူ(သို႕မဟုတ္)ၿမန္မာဗိသုကာပညာရွင္စည္သူဦးတင္အေၾကာင္း


(ကိုးကား-ဆရာတင္ႏိုင္တိုးရဲ႕ၿမန္မာ့ဂုဏ္ေဆာင္ဗိသုကာပညာရွင္စည္သူဦးတင္စာအုပ္မွေကာက္ႏွဳတ္တင္ၿပပါသည္။)

ၾကီးမားက်ယ္ၿပန္႕လွေသာ၊ၿမန္မာဆန္လွေသာ၊ဗိသုကာလက္ရာေၿမာက္လွေသာ ၿမိဳ႕ေတာ္ခန္းမၾကီးကုိဘယ္သူတည္ေဆာက္ခဲ့ပါသလဲ။ၿခဴးပန္းၿခဴးႏြယ္မ်ားၿဖင့္ ၿမန္မာဆန္ဆန္အလွဆင္ထားေသာ၊ၿမန္မာတစ္မ်ိဳးသားလံုးဂုဏ္ယူရမည့္ အေဆာက္အဦးၾကီးကိုတည္ေဆာက္ခဲ့သူကေတာ့ အင္းစိန္ ေအဂ်ီတီအိုင္ေက်ာင္းဆင္းၿမန္မာဗိသုကာပညာရွင္စည္သူဦးတင္ပင္
ၿဖစ္ပါသည္။စည္သူဦးတင္ကားရန္ကုန္ၿမိဳ႕ေတာ္ခန္းမအေဆာက္အဦးၾကီးကိုသာမကရန္ကုန္ၿမိဳ႕မွ အၿခားအထင္ကရ အေဆာက္အဦးအခ်ိဳ႕ကိုလည္းပံုစံထုတ္ကာတည္ေဆာက္ခဲ့သည္။အဆိုပါတည္ေဆာက္ခဲ့ရသည့္အထင္ကရအေဆာက္အဦးမ်ားႏွင့္ အၾကံၿပဳခဲ့ရသည့္လုပ္ငန္းရပ္မ်ားမွာေအာက္ပါအတိုင္းၿဖစ္ပါသည္။

(၁)ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ
(၂)ေရႊတိဂံုေစတီေတာ္အေနာက္မုခ္(ႏွစ္ၿပားတန္ေဆာင္း)
(၃)ငလ်င္ဒဏ္ေၾကာင့္ၿပိဳက်ခဲ့ရသည့္ ဆူးေလေစတီေတာ္အားမူလပံုစံအတိုင္းၿပန္လည္တည္ေဆာက္ၿခင္း
(၄)ရန္ကုန္ဗဟုိမီးသတ္အေဆာက္အဦး
(၅)စမ္းေခ်ာင္းၿမိဳ႕နယ္မီးသတ္ရံု
(၆)ရန္ကုန္တကၠသိုလ္ဓမၼာရံု
(၇)ၿမိဳ႕မေက်ာင္း
(၈)ရန္ကုန္ဘူတာၾကီး
(၉)ႏိုင္ငံၿခားကုန္သြယ္မွဳဘဏ္(ရန္ကုန္)
(၁၀)ေကာ္မာရွယ္ဘဏ္(မႏၱေလး)
(၁၁)ေကာလိပ္ေက်ာင္းမ်ား(မႏၱေလး၊ေမာ္လၿမိဳင္၊ပုသိမ္၊ေတာင္ၾကီး)
တို႕ၿဖစ္ၾကသည္။

စည္သူဦးတင္သည္မႏၱေလးနန္းတြင္းအဆက္အႏြယ္မ်ားမွဆင္းသက္လာသူၿဖစ္ၿပီး ၁၈၉၀ၿပည့္ႏွစ္တြင္မႏၱေလးၿမိဳ႕ ပုလဲေငြေရာင္ရပ္တြင္ဖြားၿမင္ခဲ့သည္။မိဘမ်ားမွာ အင္စပက္ေတာ္ဦးတိုးႏွင့္ေဒၚၿမၾကီးတုိ႕ၿဖစ္ၾကကာဖခင္ဦးတိုးဘက္မွမိဘမ်ားမွာ
မႏၱေလးနန္းတြင္းမွ မင္းမွဳထမ္းမ်ားၿဖစ္ၾကသည္။ဦးတိုး၏ဖခင္ၿဖစ္သူဦးၾကင္သည္မင္းတုန္းမင္းလက္ထက္ႏိုင္ငံၿခားပညာေတာ္
သင္တစ္ဦးၿဖစ္ၿပီးအိမ္ေရွ႕စံကေနာင္မင္းသားၾကီး၏လက္ရံုးတစ္ဆူၿဖစ္ကာမႏၱေလးတြင္ဒဂၤါးစက္ရံု အေၿမာက္စက္ရံုမ်ားကိုဦးစီးခဲ့
သည့္ၿမန္မာအင္ဂ်င္နီယာၾကီးတစ္ဦးၿဖစ္သည္။ပန္းခ်ီဆရာဗိသုကာပညာရွင္ ဆရာခင္ေမာင္ရင္သည္ ဦးတင္၏တူေတာ္စပ္ပါသည္။

ယင္းကဲ့သို႕အင္ဂ်င္နီယာမ်ိဳးရိုးမွဆင္းသက္လာေသာဦးတင္အဖို႕လက္ေတြ႕လုပ္ေဆာင္ရေသာအင္ဂ်င္နီယာလုပ္ငန္းမ်ားကို၀ါသနာပါသူၿဖစ္သည္။ကိုယ္တိုင္ကိုယ္က်လက္ေတြ႕လုပ္ရမွေက်နပ္သူဦးတင္သည္မိမိပံုစံထုတ္ေရးဆြဲခဲ့ေသာအေဆာက္အဦးမ်ားတည္ေဆာက္ရာတြင္ကိုယ္တုိင္ကိုယ္က်ၾကီးၾကပ္ေပးခဲ့သည္။စည္သူဦးတင္သည္ ယခုအခါႏွစ္ေပါင္းတစ္ရာေက်ာ္သက္တမ္း
ၾကာၿမင့္ၿပီၿဖစ္ေသာဂ်ီတီအိုင္ေက်ာင္း(Government Technical Institute,G.T.I) အင္းစိန္မွာတက္ေရာက္ခဲ့သူတစ္ဦးၿဖစ္သည္။
အင္းစိန္ဂ်ီတီအိုင္ေက်ာင္းၾကီးသည္ တစ္ခ်ိန္ကအေရွ႕ေတာင္အာရွတိုင္းၿပည္မ်ား၏ ပိုလီတကၠနစ္ေက်ာင္းေတာ္ၾကီးၿဖစ္ခဲ့သည္။

စည္သူဦးတင္သည္မႏၱေလးၿမိဳ႕ ေအာင္ေၿမသာစံၿမိဳ႕နယ္ ၈၆လမ္းႏွင့္ ၂၄လမ္းေထာင့္ရွိနာမည္ေက်ာ္စိန္႕ပီတာအထက္တန္းေက်ာင္း(ယခုအခါ မႏၱေလးအမွတ္(၉)အစုိးရအထက္တန္းေက်ာင္း)မွ ဆယ္တန္းေအာင္ၿမင္ခဲ့ၿပီးရန္ကုန္သို႕ ေရာက္ရွိလာကာရန္ကုန္ေကာလိပ္တက္ေရာက္ခဲ့သည္။ထိုစဥ္ကရန္ကုန္ေကာလိပ္မွာကာ
လကတၱားတကၠသိုလ္လက္ေအာက္ခံအၿဖစ္ထားရွိခ်ိန္ၿဖစ္သည္။စည္သူဦးတင္သည္ ၁၉၀၉တြင္ရန္ကုန္ေကာလိပ္မွပညာဆံုးခန္း
တိုင္ေအာင္ၿပီးစီးခဲ့သည္။ဦးတင္သည္အၿခားသူမ်ားကဲ့သို႕ ကာလကတၱားသို႕လည္းဆက္လက္ပညာသြားေရာက္မသင္ၾကားလို၊
ၿမိဳ႕အုပ္ၿမိဳ႕ပိုင္၊နယ္ပိုင္၀န္ေထာက္မ်ားလည္းမလုပ္လုိဘဲလက္ေတြ႕လုပ္ငန္းမ်ားကိုသာ၀ါသနာပါသူတစ္ဦးၿဖစ္ေပရာကိုိတင္အဖို႕ပညာဆက္လက္ဆည္းပူးရန္လမ္းဆံုးသြားသကဲ့သို႕ၿဖစ္ေနသည္။

သို႕ေသာ္ကိုတင္အတြက္အားကိုးအားထားၿပဳစရာအစိုးရအင္ဂ်င္နီယာေက်ာင္းတစ္ေက်ာင္းရွိေနပါေသးသည္။ထိုေက်ာင္းကားၿမန္မာအင္ဂ်င္နီယာမ်ားကိုေမြးထုတ္ေပးေနရာအင္းစိန္ဂ်ီတီအုိင္ေက်ာင္းပင္ၿဖစ္ပါသည္။ကိုတင္တို႕အင္းစိန္ဂ်ီတီအိုင္တြင္အေဆာက္အဦးႏွင့္လမ္းတံတားဘာသာရပ္မ်ားကိုသင္ယူေနခ်ိန္တြင္ၿမန္မာၿပည္၌အင္ဂ်င္နီယာပညာရပ္ဆိုင္ရာေက်ာင္းဟူ၍မရွိေသးေပ။ထို႕ေၾကာင့္အင္းစိန္ဂ်ီတီအိုင္မွေက်ာင္းဆင္းလာလွ်င္ၿပည္သူ႕လုပ္ငန္းဌာန(Public Works Department)ကဲ့သို႕ေသာ
ၿဗိတိသွ်အစိုးရဌာနမ်ားကအလုပ္သင္အင္ဂ်င္နီယာမ်ားအၿဖစ္ၾကိဳဆိုေနၾကေလသည္။ကိုတင္သည္ ၁၉၁၂-၁၃ခုႏွစ္တြင္အင္းစိန္ဂ်ီတီအိုင္မွေက်ာင္းၿပီးခဲ့ၿပီးၿပည္သူ႕လုပ္ငန္းဌာနတြင္တံတားကေလးစိတၱဇေဆးရံုစီမံကိန္းလုပ္ငန္းခြင္သို႕၀င္ေရာက္ခဲ့သည္။

ဦးတင္ကအင္းစိန္ဂ်ီတီအိုင္မွသင္ယူခဲ့သည့္အင္ဂ်င္နီယာပညာရပ္မ်ားကိုလုပ္ငန္းခြင္တြင္လက္ေတြ႕အသံုးခ်သည္။ပရိုဖိုင္း(Profile)မ်ားရိုက္သည္မွစ၍ေၿမၾကီးလုပ္ငန္း၊ေအာက္ခံကြန္ကရစ္လုပ္ငန္း၊အုတ္စီလုပ္ငန္းမ်ားကိုကိုယ္တုိင္ၾကီးၾကပ္ကာစနစ္တက်လုပ္ေဆာင္ခဲ့သည္။အရည္အခ်င္းထက္ၿမက္ေသာဦးတင္ကိုအိႏၵိယသို႕ပညာေတာ္သင္အၿဖစ္ေရြးခ်ယ္ခဲ့ၿပီး ဘံုေဘၿမိဳ႕ရွိ Sir JamstedJiJee Bhoေက်ာင္းတြင္တစ္ႏွစ္ၾကာဗိသုကာပညာရပ္မ်ားကိုသင္ယူခဲ့သည္။ေက်ာင္းတက္ေနစဥ္တစ္ဖက္မွလည္း
လက္ေတြ႕လုပ္ငန္းခြင္အၿဖစ္ MessersEreeson,Brathy&Kihib ဗိသုကာကုမၸဏီတြင္၀င္ေရာက္လုပ္ကုိင္ကာတည္ေဆာက္ဆဲၿဖစ္ေသာအတြင္း၀န္ရံုးတည္ေဆာက္ေရးလုပ္ငန္းမ်ားကိုေလ့လာသင္ယူခဲ့သည္။

ဦးတင္သည္အိႏၵိယႏိုင္ငံမွ ၁၉၂၄တြင္ၿပန္လာခဲ့ၿပီးေနာက္ရန္ကုန္ၿမိဳ႕ေတာ္ၿမဴနီစီပယ္ရံုးၾကီးတြင္အေဆာက္အဦးအင္ဂ်င္နီယာ(Building Engineer)အၿဖစ္တာ၀န္ထမ္းေဆာင္ခဲ့ၿပီးတာ၀န္ထမ္းေဆာင္ေနစဥ္တစ္ဖက္မွလည္းဗိသုကာပညာရွင္အၿဖစ္အထင္ကရအေဆာက္အဦးအခ်ိဳ႕ကိုပံုစံထုတ္ၿခင္း၊ကိုယ္တိုင္ၾကီးၾကပ္တည္ေဆာက္ၿခင္းတို႕ကိုလုပ္ေဆာင္ခဲ့ပါသည္။

ၿမန္မာတိုင္းအတြက္ ေလးစားအားက်အတုယူရမည့္ ၿမန္မာအင္ဂ်င္နီယာဗိသုကာပညာရွင္စည္သူဦးတင္ကုိယခုစာစုၿဖင့္ဂုဏ္ၿပဳအပ္ပါသည္။

Unicode Version

(ကိုးကား-ဆရာတင်နိုင်တိုးရဲ့မြန်မာ့ဂုဏ်ဆောင်ဗိသုကာပညာရှင်စည်သူဦးတင်စာအုပ်မှကောက်နှုတ်တင်ပြပါသည်။)

ကြီးမားကျယ်ပြန့်လှသော၊မြန်မာဆန်လှသော၊ဗိသုကာလက်ရာမြောက်လှသော မြို့တော်ခန်းမကြီးကိုဘယ်သူတည်
ဆောက်ခဲ့ပါသလဲ။ခြူးပန်းခြူးနွယ်များဖြင့် မြန်မာဆန်ဆန်အလှဆင်ထားသော၊မြန်မာတစ်မျိုးသားလုံးဂုဏ်ယူရမည့် အဆောက်အဦးကြီးကိုတည်ဆောက်ခဲ့သူကတော့ အင်းစိန် အေဂျီတီအိုင်ကျောင်းဆင်းမြန်မာဗိသုကာပညာရှင်စည်သူဦးတင်ပင်
ဖြစ်ပါသည်။စည်သူဦးတင်ကားရန်ကုန်မြို့တော်ခန်းမအဆောက်အဦးကြီးကိုသာမကရန်ကုန်မြို့မှ အခြားအထင်ကရ အဆောက်အဦးအချို့ကိုလည်းပုံစံထုတ်ကာတည်ဆောက်ခဲ့သည်။အဆိုပါတည်ဆောက်ခဲ့ရသည့်အထင်ကရအဆောက်အဦးများနှင့် အကြံပြုခဲ့ရသည့်လုပ်ငန်းရပ်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

(၁)ရန်ကုန်မြို့တော်ခန်းမ
(၂)ရွှေတိဂုံစေတီတော်အနောက်မုခ်(နှစ်ပြားတန်ဆောင်း)
(၃)ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့ရသည့် ဆူးလေစေတီတော်အားမူလပုံစံအတိုင်းပြန်လည်တည်ဆောက်ခြင်း
(၄)ရန်ကုန်ဗဟိုမီးသတ်အဆောက်အဦး
(၅)စမ်းချောင်းမြို့နယ်မီးသတ်ရုံ
(၆)ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ
(၇)မြို့မကျောင်း
(၈)ရန်ကုန်ဘူတာကြီး
(၉)နိုင်ငံခြားကုန်သွယ်မှုဘဏ်(ရန်ကုန်)
(၁၀)ကော်မာရှယ်ဘဏ်(မန္တလေး)
(၁၁)ကောလိပ်ကျောင်းများ(မန္တလေး၊မော်လမြိုင်၊ပုသိမ်၊တောင်ကြီး)
တို့ဖြစ်ကြသည်။

စည်သူဦးတင်သည်မန္တလေးနန်းတွင်းအဆက်အနွယ်များမှဆင်းသက်လာသူဖြစ်ပြီး ၁၈၉၀ပြည့်နှစ်တွင်မန္တလေးမြို့ ပုလဲငွေရောင်ရပ်တွင်ဖွားမြင်ခဲ့သည်။မိဘများမှာ အင်စပက်တော်ဦးတိုးနှင့်ဒေါ်မြကြီးတို့ဖြစ်ကြကာဖခင်ဦးတိုးဘက်မှမိဘများမှာ
မန္တလေးနန်းတွင်းမှ မင်းမှုထမ်းများဖြစ်ကြသည်။ဦးတိုး၏ဖခင်ဖြစ်သူဦးကြင်သည်မင်းတုန်းမင်းလက်ထက်နိုင်ငံခြားပညာတော်
သင်တစ်ဦးဖြစ်ပြီးအိမ်ရှေ့စံကနောင်မင်းသားကြီး၏လက်ရုံးတစ်ဆူဖြစ်ကာမန္တလေးတွင်ဒင်္ဂါးစက်ရုံ အမြောက်စက်ရုံများကိုဦးစီးခဲ့
သည့်မြန်မာအင်ဂျင်နီယာကြီးတစ်ဦးဖြစ်သည်။ပန်းချီဆရာဗိသုကာပညာရှင် ဆရာခင်မောင်ရင်သည် ဦးတင်၏တူတော်စပ်ပါသည်။

ယင်းကဲ့သို့အင်ဂျင်နီယာမျိုးရိုးမှဆင်းသက်လာသောဦးတင်အဖို့လက်တွေ့လုပ်ဆောင်ရသောအင်ဂျင်နီယာလုပ်ငန်းများကိုဝါသနာပါသူဖြစ်သည်။ကိုယ်တိုင်ကိုယ်ကျလက်တွေ့လုပ်ရမှကျေနပ်သူဦးတင်သည်မိမိပုံစံထုတ်ရေးဆွဲခဲ့သောအဆောက်အဦးများတည်ဆောက်ရာတွင်ကိုယ်တိုင်ကိုယ်ကျကြီးကြပ်ပေးခဲ့သည်။စည်သူဦးတင်သည် ယခုအခါနှစ်ပေါင်းတစ်ရာကျော်သက်တမ်း
ကြာမြင့်ပြီဖြစ်သောဂျီတီအိုင်ကျောင်း(Government Technical Institute,G.T.I) အင်းစိန်မှာတက်ရောက်ခဲ့သူတစ်ဦးဖြစ်သည်။
အင်းစိန်ဂျီတီအိုင်ကျောင်းကြီးသည် တစ်ချိန်ကအရှေ့တောင်အာရှတိုင်းပြည်များ၏ ပိုလီတက္ကနစ်ကျောင်းတော်ကြီးဖြစ်ခဲ့သည်။

စည်သူဦးတင်သည်မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၆လမ်းနှင့် ၂၄လမ်းထောင့်ရှိနာမည်ကျော်စိန့်ပီတာအထက်တန်းကျောင်း(ယခုအခါ မန္တလေးအမှတ်(၉)အစိုးရအထက်တန်းကျောင်း)မှ ဆယ်တန်းအောင်မြင်ခဲ့ပြီးရန်ကုန်သို့ ရောက်ရှိလာကာရန်ကုန်ကောလိပ်တက်ရောက်ခဲ့သည်။ထိုစဉ်ကရန်ကုန်ကောလိပ်မှာကာ
လကတ္တားတက္ကသိုလ်လက်အောက်ခံအဖြစ်ထားရှိချိန်ဖြစ်သည်။စည်သူဦးတင်သည် ၁၉၀၉တွင်ရန်ကုန်ကောလိပ်မှပညာဆုံးခန်း
တိုင်အောင်ပြီးစီးခဲ့သည်။ဦးတင်သည်အခြားသူများကဲ့သို့ ကာလကတ္တားသို့လည်းဆက်လက်ပညာသွားရောက်မသင်ကြားလို၊
မြို့အုပ်မြို့ပိုင်၊နယ်ပိုင်ဝန်ထောက်များလည်းမလုပ်လိုဘဲလက်တွေ့လုပ်ငန်းများကိုသာဝါသနာပါသူတစ်ဦးဖြစ်ပေရာကိုတင်အဖို့ပညာဆက်လက်ဆည်းပူးရန်လမ်းဆုံးသွားသကဲ့သို့ဖြစ်နေသည်။

သို့သော်ကိုတင်အတွက်အားကိုးအားထားပြုစရာအစိုးရအင်ဂျင်နီယာကျောင်းတစ်ကျောင်းရှိနေပါသေးသည်။ထိုကျောင်းကားမြန်မာအင်ဂျင်နီယာများကိုမွေးထုတ်ပေးနေရာအင်းစိန်ဂျီတီအိုင်ကျောင်းပင်ဖြစ်ပါသည်။ကိုတင်တို့အင်းစိန်ဂျီတီအိုင်တွင်အဆောက်အဦးနှင့်လမ်းတံတားဘာသာရပ်များကိုသင်ယူနေချိန်တွင်မြန်မာပြည်၌အင်ဂျင်နီယာပညာရပ်ဆိုင်ရာကျောင်းဟူ၍မရှိသေးပေ။ထို့ကြောင့်အင်းစိန်ဂျီတီအိုင်မှကျောင်းဆင်းလာလျှင်ပြည်သူ့လုပ်ငန်းဌာန(Public Works Department)ကဲ့သို့သော
ဗြိတိသျှအစိုးရဌာနများကအလုပ်သင်အင်ဂျင်နီယာများအဖြစ်ကြိုဆိုနေကြလေသည်။ကိုတင်သည် ၁၉၁၂-၁၃ခုနှစ်တွင်အင်းစိန်ဂျီတီအိုင်မှကျောင်းပြီးခဲ့ပြီးပြည်သူ့လုပ်ငန်းဌာနတွင်တံတားကလေးစိတ္တဇဆေးရုံစီမံကိန်းလုပ်ငန်းခွင်သို့ဝင်ရောက်ခဲ့သည်။

ဦးတင်ကအင်းစိန်ဂျီတီအိုင်မှသင်ယူခဲ့သည့်အင်ဂျင်နီယာပညာရပ်များကိုလုပ်ငန်းခွင်တွင်လက်တွေ့အသုံးချသည်။ပရိုဖိုင်း(Profile)များရိုက်သည်မှစ၍မြေကြီးလုပ်ငန်း၊အောက်ခံကွန်ကရစ်လုပ်ငန်း၊အုတ်စီလုပ်ငန်းများကိုကိုယ်တိုင်ကြီးကြပ်ကာစနစ်တကျလုပ်ဆောင်ခဲ့သည်။အရည်အချင်းထက်မြက်သောဦးတင်ကိုအိန္ဒိယသို့ပညာတော်သင်အဖြစ်ရွေးချယ်ခဲ့ပြီး ဘုံဘေမြို့ရှိ Sir JamstedJiJee Bhoကျောင်းတွင်တစ်နှစ်ကြာဗိသုကာပညာရပ်များကိုသင်ယူခဲ့သည်။ကျောင်းတက်နေစဉ်တစ်ဖက်မှလည်း
လက်တွေ့လုပ်ငန်းခွင်အဖြစ် MessersEreeson,Brathy&Kihib ဗိသုကာကုမ္ပဏီတွင်ဝင်ရောက်လုပ်ကိုင်ကာတည်ဆောက်ဆဲဖြစ်သောအတွင်းဝန်ရုံးတည်ဆောက်ရေးလုပ်ငန်းများကိုလေ့လာသင်ယူခဲ့သည်။

ဦးတင်သည်အိန္ဒိယနိုင်ငံမှ ၁၉၂၄တွင်ပြန်လာခဲ့ပြီးနောက်ရန်ကုန်မြို့တော်မြူနီစီပယ်ရုံးကြီးတွင်အဆောက်အဦးအင်ဂျင်နီယာ(Building Engineer)အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတာဝန်ထမ်းဆောင်နေစဉ်တစ်ဖက်မှလည်းဗိသုကာပညာရှင်အဖြစ်အထင်ကရအဆောက်အဦးအချို့ကိုပုံစံထုတ်ခြင်း၊ကိုယ်တိုင်ကြီးကြပ်တည်ဆောက်ခြင်းတို့ကိုလုပ်ဆောင်ခဲ့ပါသည်။

မြန်မာတိုင်းအတွက် လေးစားအားကျအတုယူရမည့် မြန်မာအင်ဂျင်နီယာဗိသုကာပညာရှင်စည်သူဦးတင်ကိုယခုစာစုဖြင့်ဂုဏ်ပြုအပ်ပါသည်။

No comments:

Post a Comment