Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 11, 2019

အသက်​(၇၀)အရွယ်​အဘိုးအို က (၉)နှစ်​သမီး ဒုတိယတန်း​ကျောင်းသူအား အတင်းအဓမ္မသားမယားအဖြစ်​ပြုကျင့်


တိုက်​ကြီး ဇန်​နဝါရီ ၁၁

ရန်​ကုန်​တိုင်း​ဒေသကြီး၊ တိုက်​ကြီးမြို့နယ်​၊ဥက္ကံမြို့အပိုင်​၊​ချောင်း​စောက်​​ကျေးရွာအုပ်​စု၊​ချောင်း​စောက်​ ​အောက်​​​ကျေးရွာ၌ ဇန်​နဝါရီလ၁၀ ရက်​ ည(၉ )နာရီအချိန်​က
အသက်​(၇၀)အရွယ်​ အဘိုးအိုက (၉) နှစ်​သမီး ဒုတိယတန်း​​ကျောင်​သူအား အတင်းအဓမ္မ သားမယားအဖြစ်​ပြုကျင့်​​ကြောင်း ​ကျေးရွာအုပ်​ချုပ်​​ရေးမှုးထံမှသိရသည်​။

ဖြစ်​စဉ်​မှာချောင်း​စောက်​​အောက်​​ကျေးရွာ ဦးစိုးဝင်းသန်း ၏အိမ်​​ပေါ်တွင်​ ​ခေတ္တလာ​ရောက်​​နေထိုင်​သူ ဦးမြင့်​(၇၀)နှစ်​ ၊ဒီဒုတ်​ကွင်းရွာ ဖလုံဘူတာအုပ်​စု၊တိုက်​ကြီးမြို့ နယ် ​နေသူသည်​ 

ချောင်း​စောက်​​အောက်​​ကျေး​နေ ဦး-----၊​ဒေါ်-------တို၏သမီးဖြစ်​သူ(၉)နှစ်ဒုတိယတန်း​ကျောင်းသူ မ--------အားအတင်းအဓမ္မသားမယားအဖြစ်​ပြုကျင့်​​​ကြောင်း သတင်းရသဖြင့်​၊​ ချောင်း​စောက်​​ကျေး ရွာ အုပ်​ချုပ်​​ရေးမှူး ဦးကျော်​နိုင်​ဝင်း၊ရပ်​​ကျေးစာ​ရေး ဦးသိန်း​ဇော်​၊ ရာအိမ်​မှူး၊ဆယ်​အိမ်​မှူးများ၊​ကျေးရွာ​နေပြည်​သူများ ပြည်​သူ့စစ်​အဖွဲ့ဝင်​များ

ဥက္ကံရဲစခန်းမှ တကက ​နေမျိုး​အောင်​ပါ ၃ ဦးတို့နှင့်​ ဦးမြင့်​အား ဝိုင်းဝန်းဖမ်းဆီးရာ​ခေတ္တ​နေထိုင်​ရာအိမ်​မှ ထွက်​​ပြေးခဲ့၍ ဇန်​နဝါရီလ (၁၁) ရက်​ နံနက်​ ၀၁း၂၀ နာရီတွင်​ စမ်းရွာနယ်​​မြေအတွင်းရှိ ဥက္ကံ-တဘူးလှဆည်​ လမ်း​ပေါ်တွင်​ ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်​။

ဖြစ်စဉ်နှင့်ပတ်သက်၍ အဓမ္မသားမယားအဖြစ်​ပြုကျင့်​သူ ဦးမြင့်​ ကို ဥက္ကံရဲစခန်းမှ(ပ)၈/၂၀၁၉ ရာဇသတ်​ကြီးပုဒ်​မ ၃၇၆/၅၁၁ ဖြင့်​အ​ရေးယူဆောင်ရွက်လျှက်​ရှိ​ကြောင်းသတင်းရရှိသည်​။

ထွန်းလှိုင်​(မြိုင်​)

No comments:

Post a Comment