Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 6, 2019

ကားထဲတြင္က်န္ေသာ ေရသန္႔ဘူးမွ ေရကို မေသာက္သင့္တဲ့အေျကာင္းအရင္း


အေနာက္တိုင္း ေဆးပညာရွင္မ်ားရဲ ႔ ေလ့လာေတြ႔ရွိခ်က္ျဖစ္ေၾကာင္း ဆုိပါတယ္။ ကားထဲမွာ အခ်ိန္အေတာ္ ၾကာ ထားရွိခဲ့တဲ့ ေရသန္႔ဘူး မွ ေရမ်ားကို ေသာက္သံုးျခင္းဟာ ကင္ဆာ ႏွင့္ အျခားေသာ ေရာဂါ မ်ားကို ပိုမိုျဖစ္လြယ္ေစေၾကာင္း သိရပါတယ္။

ကားအတြင္း အပူအခ်ိန္ဟာ ျပင္ပ အပူခ်ိန္ထက္ သိသိသာသာ ပုိေန တတ္ျပီး ယင္းထဲမွာ အၾကာၾကီးခ်န္ ထားတဲ့ ပလပ္စတစ္ နဲ႔ ျပဳလုပ္ေရ သန္႔ဘူး ဟာ Dioxins လုိ႔ေခၚတဲ့ ဓာတုေဗဒ ဓာတ္တစ္မ်ိဳးကို ထုတ္လုပ္ တယ္လို႔ ဆုိပါတယ္။ ယင္း ဓာတုေဗဒ ဓါတ္ဟာ အမ်ိဳးသမီးေတြ မွာ ရင္သားကင္ဆာ ျဖစ္ေစဖုိ႔အတြက္ အဓိက ေထာက္ပံ့ေပးတဲ့ ဓါတ္ ျဖစ္ျပီး အမ်ိဳးသမီးတင္မက၊ အမ်ိဳးသားမ်ားကိုပါ ကင္ဆာနဲ႔ ဆက္စပ္ေရာဂါ မ်ားကို ျဖစ္ပြားေစေၾကာင္း ဆုိပါတယ္။

Dioxin ေတြဟာ ေရနဲ႔ ေရာေႏွာသြားျပီး လူ႔ခႏၶာကိုယ္ကို ဆုိးက်ိဳးေပး တတ္တဲ့ ဓါတ္အသြင္ကို ေျပာင္းလဲ သြားပါတယ္။ အဓိကကေတာ့ အပူဒဏ္ပါ။ ေရသန္႔ဘူး ေတြဟာ သာမန္ အခန္း အပူခ်ိန္မွာထားလို႔ အဆင္ေျပေပမယ့္ ယင္းထက္ ပူေလာင္တဲ့ ဘယ္လို အပူခ်ိန္ မွာပဲ ထားထား ပလပ္စတစ္နဲ႔ ဓာတုေဗဒ ဓါတ္မ်ား ေလာင္ကြ်မ္းျပီး လူတို႔ရဲ ႔ က်န္းမာေရးကို ဆုိးရြားစြာ ထိခုိက္ ေစပါတယ္။

ဒါေၾကာင့္ ေရသန္႔ဘူးထဲကို ေရပူထည့္ျခင္း၊ အပူ လြန္ကဲေနေသာ ေနရာနဲ႔ ကားအတြင္းခန္းတို႔လို ေနရာမွာ ထားျခင္းတုိ႔ကို ေရွာင္ၾကဥ္ျပီး ေသာက္သံုး မွုကို မျပဳလုပ္ရန္ သတိေပး တားျမစ္ထားေၾကာင္း သိရပါတယ္။

ရိုးရာေလး
...................
အနောက်တိုင်း ဆေးပညာရှင်များရဲ ့ လေ့လာတွေ့ရှိချက်ဖြစ်ကြောင်း ဆိုပါတယ်။ ကားထဲမှာ အချိန်အတော် ကြာ ထားရှိခဲ့တဲ့ ရေသန့်ဘူး မှ ရေများကို သောက်သုံးခြင်းဟာ ကင်ဆာ နှင့် အခြားသော ရောဂါ များကို ပိုမိုဖြစ်လွယ်စေကြောင်း သိရပါတယ်။

ကားအတွင်း အပူအချိန်ဟာ ပြင်ပ အပူချိန်ထက် သိသိသာသာ ပိုနေ တတ်ပြီး ယင်းထဲမှာ အကြာကြီးချန် ထားတဲ့ ပလပ်စတစ် နဲ့ ပြုလုပ်ရေ သန့်ဘူး ဟာ Dioxins လို့ခေါ်တဲ့ ဓာတုဗေဒ ဓာတ်တစ်မျိုးကို ထုတ်လုပ် တယ်လို့ ဆိုပါတယ်။ ယင်း ဓာတုဗေဒ ဓါတ်ဟာ အမျိုးသမီးတွေ မှာ ရင်သားကင်ဆာ ဖြစ်စေဖို့အတွက် အဓိက ထောက်ပံ့ပေးတဲ့ ဓါတ် ဖြစ်ပြီး အမျိုးသမီးတင်မက၊ အမျိုးသားများကိုပါ ကင်ဆာနဲ့ ဆက်စပ်ရောဂါ များကို ဖြစ်ပွားစေကြောင်း ဆိုပါတယ်။

Dioxin တွေဟာ ရေနဲ့ ရောနှောသွားပြီး လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးပေး တတ်တဲ့ ဓါတ်အသွင်ကို ပြောင်းလဲ သွားပါတယ်။ အဓိကကတော့ အပူဒဏ်ပါ။ ရေသန့်ဘူး တွေဟာ သာမန် အခန်း အပူချိန်မှာထားလို့ အဆင်ပြေပေမယ့် ယင်းထက် ပူလောင်တဲ့ ဘယ်လို အပူချိန် မှာပဲ ထားထား ပလပ်စတစ်နဲ့ ဓာတုဗေဒ ဓါတ်များ လောင်ကျွမ်းပြီး လူတို့ရဲ ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေပါတယ်။

ဒါကြောင့် ရေသန့်ဘူးထဲကို ရေပူထည့်ခြင်း၊ အပူ လွန်ကဲနေသော နေရာနဲ့ ကားအတွင်းခန်းတို့လို နေရာမှာ ထားခြင်းတို့ကို ရှောင်ကြဉ်ပြီး သောက်သုံး မှုကို မပြုလုပ်ရန် သတိပေး တားမြစ်ထားကြောင်း သိရပါတယ်။

ရိုးရာလေး

No comments:

Post a Comment